Bright Life Insurance

Directions

Bright Life Insurance No One Can Save You But You.....

02/11/2026

အမျိုးသားတွေအတွက် ကျန်းမာရေး အသိပညာမြှင့်တင်ရေးလဖြစ်တဲ့ နိုဝင်ဘာလမှာတော့ မိမိအတွက် အကာအကွယ်ကိုရယူရင်း ကိုယ်ချစ်ရသူကိုပါ မျှဝေပေးနိုင်မဲ့ "ကာကွယ်မျှဝေ ချစ်ခြင်းပိုစေ" ကမ်ပိန်းကို AIA Myanmar က ယူဆောင်လာပါပြီ။

ကမ်ပိန်းမှာ အကျုံးဝင်တဲ့ AIA Critical Illness Care အာမခံပေါ်လစီကို နိုဝင်ဘာလအတွင်း ဝယ်ယူရုံနဲ့ ၆ လတာ ပြင်းထန်ရောဂါအကာအကွယ်ကို ချစ်ရသူတစ်ဦးထံ အခမဲ့ မျှဝေပေးနိုင်မှာဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်တဲ့ နည်းလမ်းများစွာရှိပေမဲ့ ကျန်းမာရေးနဲ့ အနာဂတ်အတွက် ကြိုတင်ကာကွယ်ပေးမဲ့ လက်ဆောင်ကတော့ အချိန်နဲ့အမျှ ပိုပြီး တန်ဖိုးရှိစေမှာ အသေအချာပါပဲ။ ကမ်ပိန်းအကြောင်း အသေးစိတ်သိရှိလိုပါက AIA Myanmar ရဲ့ ငွေကြေးအတိုင်ပင်ခံများထံ ဆက်သွယ်၊ မေးမြန်းနိုင်ပါတယ်။

This November, as part of the Movember movement to raise awareness of men’s health, AIA Myanmar is proud to launch the "KarKwal-HmyaWai ChitChin-PoSay" Campaign, giving you the opportunity to secure protection for yourself while also sharing it with someone you love.

Through the campaign, when you purchase an eligible AIA Critical Illness Care policy during November, you can nominate a loved one to receive six months of Complimentary Critical Illness Coverage as a meaningful gift.

Love can be expressed in many ways, but helping to protect the health and future of those who matter most is one of the most meaningful gifts of all. For more information about the campaign, please contact an AIA Myanmar Financial Advisor.

23/10/2026
ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေရှင်❤️ချစ်ရသူများနှင့်အတူ ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးနိုင်မဲ့ သီတင်းကျွတ် အခါသမ...
23/10/2026

ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေရှင်❤️
ချစ်ရသူများနှင့်အတူ ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးနိုင်မဲ့ သီတင်းကျွတ် အခါသမယကို ရောက်ရှိလို့လာခဲ့ပါပြီ။
ဆီမီးရောင်များ လင်းလက်နေသော သီတင်းကျွတ်အခါတွင် ချစ်ရသူများနှင့်အတူ နွေးထွေးပြီး ကြည်နူးဖွယ်ရာ အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AIA Myanmar က ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Happy Thadingyut to you all.
It’s time for you to create meaningful moments with your loved ones!
On this occasion of Thadingyut, as candles shine brightly, we wish you warmth and meaningful moments together.
Best regards,
AIA Myanmar

22/10/2026

အလင်းရောင်တွေ အတောက်ပဆုံး ထွန်းလင်းနေတဲ့ သီတင်းကျွတ်ညဆိုတာ ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့အချိန်လေးပဲ မဟုတ်လား...

ဒီလိုနွေးထွေးတဲ့ သီတင်းကျွတ်အချိန်အခါမှာ ချစ်ရသူတွေနဲ့ ပျော်ရွှင်၊ ကျန်းမာစွာဖြတ်သန်းနိုင်စေဖို့နဲ့ အမြဲအမှတ်တရဖြစ်နေစေဖို့ AIA Myanmar ရဲ့ RUBY Club Member များနဲ့ မိတ်ဖက်များအတွက် လက်ဆောင်တစ်ခုထက်သာလွန်တဲ့ အမှတ်တရလက်‌ဆောင်လေးတွေကို ဖန်တီး၊ ပြုလုပ်ထားပါတယ်။

လက်ဆောင်ဘူးထဲမှာပါတဲ့ မြေအိုးဆီမီးခွက်လေးဟာ ရှမ်းပြည်နယ်၊ အင်းလေးဒေသအနီးက လက်မှုပညာရှင်တွေရဲ့ လက်ရာမြောက်တဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ လက်မှုအနုပညာရဲ့ တန်ဖိုးနဲ့ အလှတရားကို ထင်ဟပ်စေတဲ့အပြင် ဒေသခံလက်မှုပညာရှင်များရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူဖြစ်စေပါတယ်။

သဘာဝပစ္စည်းများနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ရနံ့သင်းသင်း ဖယောင်းတိုင်လေးတွေကတော့ သီတင်းကျွတ်ညရဲ့ နွေးထွေးမှုအငွေ့အသက်ကို ပိုမိုပြည့်စုံစေပြီး မိသားစုနဲ့အတူ စိတ်အပန်းဖြေ အနားယူနိုင်စေမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး... ချစ်ရသူတွေနဲ့အတူ ကျန်းမာ၊ ပျော်ရွှင်ဖွယ်အချိန်လေးတွေ ဖန်တီးနိုင်ဖို့ RETHINK HEALTHY Fun Challenge ကတ်ဂိမ်းကိုလည်း ထည့်သွင်းပေးထားတာကြောင့် ပိတ်ရက်မှာ ဂိမ်းကစားရင်း ကျန်းမာတဲ့ အလေ့အကျင့်ကောင်းများနဲ့အတူ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မှာပါ။

AIA Myanmar အနေနဲ့ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ရရှိစေဖို့ ဖော်ဆောင်ရာမှာ တစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းများအထိ အစဉ်အမြဲ ဦးစားပေး၊ လုပ်ဆောင်လျက်ရှိတာကြောင့် ဒီသီတင်းကျွတ်မှာလည်း ချစ်ရသူတွေနဲ့အတူ ဆီမီးအလင်းရောင်ရဲ့ နွေးထွေးမှုကို ခံစားရင်း ပျော်ရွှင်မှုတွေ မျှဝေကာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

When the lights of Thadingyut shine their brightest, isn't it the perfect time to celebrate and create happy memories with loved ones?

To make these warm moments even more meaningful, AIA Myanmar has prepared thoughtful gifts for our valued RUBY Club Members and business partners, encouraging them to enjoy the festive season with happier and healthier choices.

Handcrafted clay oil lamps made by artisans near the Inle region in Shan State reflect the beauty and value of Myanmar's traditional craftsmanship, while also supporting local livelihoods and community development.

Complementing them are delicately scented organic candles that add warmth to the Thadingyut atmosphere and create a sense of calm and relaxation.

To complete the experience, we have also created the RETHINK HEALTHY Fun Challenge Game, encouraging healthy habits and creating more joyful moments with loved ones during the Thadingyut holidays.

As part of our commitment to helping people live Healthier, Longer, Better Lives, AIA Myanmar focuses not only on the wellbeing of individual members, but also on their families and communities as a whole. With the warm glow of Thadingyut lights, may happiness and warmth be shared with those who matter most.

19/10/2026
18/10/2026

သံဓာတ်အားဆေး သောက်ဆေးများအကြောင်း 🩸💉💊🩸
"ကိုယ်ဝန်ဆောင်နေလို့၊ သွေးအားနည်းလို့၊ ခဏခဏ မူးဝေပြီး ပင်ပန်းနွမ်းနယ်နေလို့" ဆိုပြီး သံဓာတ်အားဆေး (Iron Supplements) တွေကို သောက်ဖူးကြပါလိမ့်မယ်။ သံဓာတ်အားဆေးတွေဟာ ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းနဲ့ ဘေးထွက်ဆိုးကျိုး မတူညီတဲ့အပေါ် မူတည်ပြီး အမျိုးအစား အများကြီး ကွဲပြားပါတယ်။
ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ သံဓာတ်အားဆေး အမျိုးအစားတွေနဲ့ သောက်သုံးတဲ့အခါ သိထားသင့်တဲ့ အချက်တွေကို ရှင်းပြပေးချင်ပါတယ်။
💊 သံဓာတ်အားဆေး အမျိုးအစားများ
သံဓာတ်အားဆေးတွေကို ပါဝင်ဖွဲ့စည်းမှုပုံစံပေါ်မူတည်ပြီး အဓိကအားဖြင့် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်-
၁။ Ferrous Sulfate (ဖာရပ်စ် ဆာလဖိတ်):
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ် (Elemental Iron) မြင့်မားစွာပါဝင်ပြီး ဈေးနှုန်းအသက်သာဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ဘေးထွက်ဆိုးကျိုးတွေ အဖြစ်များတတ်ပါတယ်။
၂။ Ferrous Gluconate (ဖာရပ်စ် ဂလူကိုနိတ်):
သံဓာတ်ပါဝင်မှု နည်းပါတယ်။ Ferrous Sulfate နဲ့ သောက်ရတာ အဆင်မပြေသူ (မတိုးသူ) တွေအတွက် သင့်တော်ပြီး အစာအိမ်ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးပါတယ်။
၃။ Ferrous Fumarate (ဖာရပ်စ် ဖျူမာရိတ်):
သံဓာတ်ပါဝင်မှု မြင့်မားပါတယ်။ အချို့လူနာတွေမှာ Sulfate ပုံစံထက် ပိုမိုခံနိုင်ရည်ရှိတာ (အစာအိမ်ပြဿနာ သက်သာတာ) တွေ့ရပါတယ်။
၄။ Ferric Citrate / Ferric Sulfate:
အစာအိမ်ဘေးထွက်ဆိုးကျိုး (ဝမ်းချုပ်ခြင်း) ကို သက်သာစေပါတယ်။ ဝမ်းချုပ်လေ့ရှိသူတွေနဲ့ နာတာရှည် ကျောက်ကပ်ဝေဒနာရှင်တွေမှာ ပေးလေ့ရှိပြီး အခြားသံဓာတ်တွေထက် ဈေးနှုန်းပိုကြီးပါတယ်။
၅။ Ferrous Ascorbate:
သံဓာတ်နဲ့ ဗီတာမင်စီ (Ascorbic Acid) တို့ ပေါင်းစပ်ထားတာဖြစ်လို့ ခန္ဓာကိုယ်က စုပ်ယူမှု (Bioavailability) အရမ်းကောင်းပြီး အစာအိမ်ဒဏ်လည်း အတော်ခံနိုင်ရည်ရှိပါတယ်။
၆။ Heme Iron Polypeptide:
တိရစ္ဆာန်တွေရဲ့ သွေးနီဥ (Animal Hemoglobin) ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အစာအိမ်ဘေးထွက်ဆိုးကျိုး အလွန်နည်းပေမယ့် သံဓာတ်ပါဝင်မှုနည်းပြီး ဈေးနှုန်းကြီးမားပါတယ်။
၇။ Lactoferrin (လက်တိုဖာရင်):
နို့ကနေရရှိတဲ့ သံဓာတ်စုပ်ယူမှုကို အားပေးတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားမြှင့်တင်ပေးကာ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ အစာအိမ်ဒဏ် သက်သာပြီး ခန္ဓာကိုယ်က သဘာဝအတိုင်း စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။
၈။ Iron Bisglycinate:
ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း အကောင်းဆုံးနဲ့ အစာအိမ်ဒဏ် အခံနိုင်ဆုံး ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး အလွန်နည်းပေမယ့် ဈေးနှုန်းအလွန်ကြီးမားပါတယ်။
💡 (မှတ်ချက် - ကလေးငယ်များအတွက် Liquid (အရည်) နှင့် Gummy (ဂျယ်လီ) သံဓာတ်အားဆေးများ ရနိုင်သော်လည်း ပြင်းထန်သွေးအားနည်းရောဂါ (IDA) အတွက်မူ ထိရောက်စွာ ကုသနိုင်စွမ်း မရှိပါ)
🎯 ဘယ်လိုလူတွေ သံဓာတ်အားဆေး သောက်ဖို့ လိုအပ်လဲ?
သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါ ကာကွယ်ရန်နှင့် ကုသရန်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ (သွေးအားကောင်းစေရန်)။
နာတာရှည် ကျောက်ကပ်ဝေဒနာရှင်များ (သံဓာတ်လျော့နည်းခြင်းအတွက်)။
သံဓာတ်အားနည်းခြင်းကြောင့် ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခမ်းနေသူများ။
(လူနာများ၏ လိုအပ်ချက်ပေါ်မူတည်၍ သွေးအားပိုကောင်းစေရန် Vitamin B9 (Folate/Folic acid)၊ Vitamin B12 (Methylcobalamin) တို့နှင့် တွဲဖက်ပေးလေ့ရှိပါတယ်)
⚠️ သံဓာတ်အားဆေးသောက်ရင် ဒါတွေ သတိထားပါ!
သောက်ရမည့်အချိန်: သံဓာတ်အားဆေးကို အစာနဲ့ အချိန်ခြားသောက်တာ အကောင်းဆုံးပါ။ အစာမစားခင် ၁ နာရီအလို (သို့မဟုတ်) အစာစားပြီး ၂ နာရီခြား သောက်ပေးနိုင်ပါတယ်။
စုပ်ယူမှု အားကောင်းစေရန်: ဗီတာမင်စီ (Vitamin C) ပါဝင်တဲ့ အချိုရည်၊ သစ်သီးရည် သို့မဟုတ် အားဆေးနဲ့ တွဲသောက်ပါက ဆေးအာနိသင်ကို ပိုမိုစုပ်ယူစေပါတယ်။
🚫 အတူတူတွဲမသောက်ရမည့်အရာများ: နို့နှင့် နို့ထွက်ပစ္စည်းများ၊ လက်ဖက်ရည်၊ ကော်ဖီ၊ Calcium၊ Magnesium ပါသောဆေးများ၊ Antacids (အစာအိမ်/လေဆေးများ) နှင့် တွဲဖောက်သောက်ပါက ဆေးအာနိသင် စုပ်ယူမှုကို ကျဆင်းစေပါတယ်။
💩 ဝမ်းအရောင်ပြောင်းလဲခြင်း: သံဓာတ်အားဆေး သောက်နေချိန်အတွင်း ဝမ်းအရောင် ညိုမဲသွားခြင်း ဟာ သဘာဝဖြစ်လို့ မစိုးရိမ်ပါနဲ့။
သံဓာတ်အားနည်းနေသူတစ်ဦး သံဓာတ်ပြန်လည်ပြည့်တင်းဖို့အတွက် ဆေးကို အချိန်ကာလတစ်ခုအထိ (ဆရာဝန်ညွှန်ကြားချက်အတိုင်း) စွဲသောက်ရတတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ သံဓာတ်လိုအပ်မှုပမာဏ မတူညီနိုင်တဲ့အတွက် မိမိသဘောဖြင့် မဝယ်သောက်ဘဲ သက်ဆိုင်ရာ ဆရာဝန်၊ ဆေးဝါးပညာရှင်များရဲ့ ညွှန်ကြားချက်အတိုင်း စနစ်တကျ သောက်သုံးဖို့ တိုက်တွန်းပါရစေ။
ကျန်းမာအေးချမ်းကြပါစေ။ 🩸
(Wendi Lei - Pharmacist)
#မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်း

16/10/2026

🤷‍♀️ ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်သင့်ရဲ့လား?
🧏‍♀️ ဝမ်းပိတ်ဆေးဆိုတာ ဘယ်အချိန်မှာသုံးရတာလဲ?
🙋🏻‍♀️ ဝမ်းပိတ်ဆေး အမျိုးအစားတွေကရော ဘာတွေလဲ?
အစားမှားလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် "ဝမ်းပိတ်ဆေး မြန်မြန်သောက်လိုက်မှ ဖြစ်မယ်" ဆိုပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်သောက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း ဘေးကင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ ဝမ်းပိတ်ဆေးတွေအကြောင်း သေချာရှင်းပြပေးချင်ပါတယ်။
🛑 ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်သင့်ရဲ့လား?
လုံးဝ မသောက်သင့်ပါဘူး။
တကယ်လို့ ဝမ်းလျှောရတဲ့အကြောင်းရင်းဟာ ဘက်တီးရီးယားပိုးဝင်လို့ (သို့မဟုတ်) အစာဆိပ်သင့်လို့ ဖြစ်ခဲ့ရင် ခန္ဓာကိုယ်က အဆိုပါ အဆိပ်အတောက်တွေနဲ့ ပိုးမွှားတွေကို အပြင်ထုတ်ဖို့အတွက် ဝမ်းအဖြစ် သွားနေရတာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ဝမ်းပိတ်ဆေးသောက်ပြီး အတင်းပိတ်လိုက်မယ်ဆိုရင် ပိုးမွှားတွေနဲ့ အဆိပ်အတောက်တွေဟာ အပြင်မထွက်နိုင်ဘဲ အူလမ်းကြောင်းထဲမှာပဲ ဆက်ရှိနေပြီး ခန္ဓာကိုယ်အနှံ့ ပိုးဝင်ရောက်မှု ပြင်းထန်ခြင်း (Systemic Toxicity) ဖြစ်ကာ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
🧏‍♀️ ဝမ်းပိတ်ဆေးကို ဘယ်အချိန်မှာ သုံးရတာလဲ?
ဝမ်းပျက်ဝမ်းလျှောပျောက်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေကို အောက်ပါအခြေအနေတွေမှာသာ ဘေးကင်းစွာ အသုံးပြုနိုင်ပါတယ် -
အန္တရာယ်မရှိသော၊ ရုတ်တရက်ဖြစ်ပွားသည့် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါများ။
အူလမ်းကြောင်း ဂနာမငြိမ်ဖြစ်ပြီး ရောင်ရမ်းသည့်ရောဂါ (IBS) ကဲ့သို့သော အခြေအနေများကြောင့် ဖြစ်ပွားသည့် နာတာရှည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိန်းချုပ်ရန်။
⚠️ ဘယ်လိုအခြေအနေမျိုးမှာ ဝမ်းပိတ်ဆေး လုံးဝ (လုံးဝ) မသုံးရဘူးလဲ?
အဖျားကြီးနေခြင်း။
ဝမ်းထဲတွင် သွေး (သို့မဟုတ်) ပြည် ပါနေခြင်း။
ဘက်တီးရီးယားပိုး (သို့မဟုတ်) ကပ်ပါးပိုး ပြင်းထန်စွာ ဝင်ရောက်နေခြင်း။
အူလမ်းကြောင်း ရောင်ရမ်းနာ (Ulcerative Colitis) ရှိသူများ။
ရေဓာတ်ပြင်းထန်စွာ ခန်းခြောက်နေချိန်နှင့် ဓာတ်မတည့်မှု ဖြစ်နေချိန်။
🙋🏻‍♀️ ဝမ်းပိတ်ဆေး (ဝမ်းပျက်ပျောက်ဆေး) အမျိုးအစားတွေက ဘာတွေလဲ?
ဆေးဝါးတွေရဲ့ လုပ်ဆောင်ပုံအပေါ် မူတည်ပြီး အုပ်စုများစွာ ကွဲပြားပါတယ် -
၁။ အူလှုပ်ရှားမှုကို လျှော့ချပေးသောဆေးများ (Antimotility/Opioid Receptor Agonists):
အူလမ်းကြောင်း လှုပ်ရှားမှုကို နှေးကွေးစေပြီး ဝမ်းသွားသည့်အကြိမ်ရေကို လျှော့ချပေးပါတယ်။
ဥပမာ - Loperamide (Imodium), Diphenoxylate, Difenoxin, Codeine။
၂။ အရည်ထွက်မှုကို လျှော့ချပေးသောဆေးများ (Antisecretory Agents):
အူလမ်းကြောင်းထဲသို့ ရေနှင့် ဓာတ်ဆားများ စီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ဥပမာ - Bismuth Subsalicylate, Racecadotril။
၃။ အဆိပ်အတောက်များကို စုပ်ယူပေးသောဆေးများ (Adsorbents):
ဝမ်းပျက်စေတဲ့ ဘက်တီးရီးယားနဲ့ အဆိပ်အတောက်တွေကို စုပ်ယူပေးပြီး ဝမ်းကို အပျစ်အဖြစ် ပုံမှန်ပြန်ဖြစ်စေပါတယ်။
ဥပမာ - Kaolin, Activated Charcoal။
၄။ အကျိုးပြု ဘက်တီးရီးယားများ (Probiotics):
အူလမ်းကြောင်းထဲက ဆုံးရှုံးသွားတဲ့ အကျိုးပြုပိုးမွှားတွေကို ပြန်လည်ဖြည့်တင်းပေးပြီး ပိုးဝင်မှုကို နှိမ်နင်းပေးပါတယ်။
ဥပမာ - Lactobacillus, Bifidobacterium။
🤢 ဝမ်းပျက်ဝမ်းလျှော ပျောက်ဆေးများကြောင့် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ
ဒီဆေးတွေကြောင့် ဝမ်းချုပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဆေးသောက်နေစဉ် ဝမ်းလျှောခြင်း ပိုဆိုးလာပါက ဆေးသောက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရပါမယ်။
💡 ဆေးဝါးပညာရှင်၏ အကြံပြုချက်
၁။ ရေဓာတ်ဖြည့်တင်းခြင်းက အဓိကပါ: ဝမ်းလျှောလျှင် ဆေးသောက်ဖို့ထက် ချွေးနဲ့ဝမ်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ဖို့ ဓာတ်ဆားရည် (ORS)၊ သန့်ရှင်းသော သောက်သုံးရေ၊ အုန်းစိမ်းရည်တို့ကို အရင်ဆုံး မပြတ်သောက်ပေးရပါမယ်။
၂။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ: ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ အစားမစားခင်နှင့် အပေါ့အပါးသွားပြီးတိုင်း လက်ကို စနစ်တကျ ဆေးပါ။
၃။ ဆေးဝါးကို စနစ်တကျသုံးပါ: ဝမ်းပျက်ပျောက်ဆေးများကို မိမိသဘောဖြင့် မသောက်ပါနှင့်။ အရင်းခံရောဂါလက္ခဏာများကို ဖုံးကွယ်ထားနိုင်ခြင်း သို့မဟုတ် ပိုးဝင်ရောက်မှုကို ပိုမိုဆိုးရွားစေနိုင်ခြင်းတို့ကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်များနှင့်သာ အမြဲတိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးပါ။
ကျန်းမာအေးချမ်းကြပါစေ။ 💙
(Wendi Lei - Pharmacist)
#မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်း

Address

22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon
11143

Website

Alerts

Be the first to know and let us send you an email when Bright Life Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share