Myat & Associates - M&A

Myat & Associates - M&A Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat & Associates - M&A, Accountant, No. 345, 7 Floor, Pazungdaung Condo, 3 Ward, Lower Pazundaung Road, Pazundaung Township, Yangon.

Myat & Associates (M&A) is a multi-disciplinary consulting firm providing comprehensive services in business advisory, governance, risk and compliance, legal and corporate secretarial support, accounting, IFRS reporting, and business tax.

📢 NBFI License Application ServicesAre you planning to establish or operate a Non-Bank Financial Institution (NBFI) in M...
06/09/2026

📢 NBFI License Application Services

Are you planning to establish or operate a Non-Bank Financial Institution (NBFI) in Myanmar? Let MNA support you throughout the licensing and regulatory process.

Our NBFI License Application Services include:

✅ NBFI License Application & Documentation
✅ Regulatory & Compliance Advisory
✅ Business & Financial Plan Preparation
✅ Policies & Procedures Development
✅ Application Process Support
✅ Liaison & Regulatory Submission Support

We provide practical, end-to-end support to help ensure your NBFI license application is properly prepared, well documented, and aligned with regulatory requirements.

📩 Contact us to discuss your NBFI licensing requirements.

🌐 www.mna-assurance.com

📞 09 59444809689







&Associates

Dear Valued Clients,🌿 Happy Friday & Happy Weekend!Wishing you a relaxing, enjoyable, and wonderful weekend. Thank you f...
04/09/2026

Dear Valued Clients,

🌿 Happy Friday & Happy Weekend!

Wishing you a relaxing, enjoyable, and wonderful weekend. Thank you for your continued support! 🙏


&Associates

IFRS 18 မှာပါတဲ့ Management-defined Performance Measures (MPMs) ဆိုတာဘာလဲ ? ==================လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးအခြ...
04/09/2026

IFRS 18 မှာပါတဲ့ Management-defined Performance Measures (MPMs) ဆိုတာဘာလဲ ?

==================

လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေပြအစီရင်ခံစာများ ပြင်ဆင်ရာမှာ အရေးပါတဲ့ စာရင်းကိုင် စံနှုန်းသစ်တစ်ခုဖြစ်တဲ့ IFRS 18 (Presentation and Disclosure in Financial Statements)အောက်မှာ Management-defined Performance Measures (MPMs)ဆိုတဲ့ စကားရပ်ဟာ အဓိကကျတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။

လုပ်ငန်းအများစုဟာ IFRS Standard တွေအရ မဖြစ်မနေ ဖော်ပြရတဲ့ ဘဏ္ဍာရေးကိန်းဂဏန်းတွေအပြင်, မိမိတို့ ကုမ္ပဏီရဲ့ အမှန်တကယ် လုပ်ငန်းစွမ်းဆောင်ရည် (Operating Performance) ကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ Stakeholder တွေ ပိုမိုရှင်းလင်းစွာ နားလည်နိုင်စေဖို့ Adjusted EBITDA, Adjusted Operating Profit ဒါမှမဟုတ် Free Cash Flow စတဲ့ Non-GAAP / Non-IFRS ကိန်းဂဏန်းတွေကို သီးသန့် အသုံးပြုလေ့ရှိကြပါတယ်။

ဒီလို သီးသန့်တိုင်းတာချက်တွေကို IFRS 18 အောက်မှာ စနစ်တကျ မူဘောင်အတွင်း သွတ်သွင်းလိုက်ပြီး **MPMs** ဟု သတ်မှတ်ကာ စည်းမျဉ်းကျကျ ထုတ်ပြန်ကြေညာဖို့ လိုအပ်လာတာဖြစ်ပါတယ်။

---

MPMs ရဲ့ အဓိကလက္ခဏာများနှင့် လိုအပ်ချက်များ**

- Management’s View:** ကုမ္ပဏီ စီမံခန့်ခွဲသူများ (Management) က လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို သုံးသပ်ရာမှာ အမှန်တကယ် အသုံးပြုနေတဲ့ Subtotals များဖြစ်ရပါမယ်။

- Public Communication:** ဘဏ္ဍာရေးအစီရင်ခံစာ မဟုတ်သော အခြားသော အပြင်ဘက် ဆက်သွယ်ရေးလမ်းကြောင်းများ (ဥပမာ - Investor Presentations, Press Releases သို့မဟုတ် Annual Reports) မှာ အသုံးပြုဖော်ပြထားသည့် တိုင်းတာချက်များ ဖြစ်ရပါမယ်။

- Disclosure in Financial Statements:** အဆိုပါ MPMs များကို Financial Statements ရဲ့ Notes (ရှင်းလင်းချက်) အပိုင်းမှာ စနစ်တကျ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး၊ IFRS စံနှုန်းအရ တွက်ချက်ထားသော IFRS Subtotal များနှင့် မည်သို့မည်ပုံ ချိတ်ဆက်ညှိနှိုင်းထားသည် (Reconciliation) ကိုပါ ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရပါမယ်။

---

MPMs ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ**

- Transparency & Comparability:** ရင်းနှီးမြှုပ်နှံသူများအနေဖြင့် Management ၏ ရှုထောင့်မှ လုပ်ငန်းစွမ်းဆောင်ရည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်ရာတွင်လည်း ပိုမို တိကျခိုင်မာလာပါမည်။

- Auditability:** Notes များတွင် ထည့်သွင်းဖော်ပြရသည့်အတွက် စာရင်းစစ်ဆေးမှု (Audit Scope) အတွင်း ပါဝင်လာပြီး ကိန်းဂဏန်းများ၏ ယုံကြည်စိတ်ချရမှုကို ပိုမိုမြင့်မားစေပါတယ်။

---

IFRS 18 ကို စတင်ကျင့်သုံးမည့် စီးပွားရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ကုမ္ပဏီ၏ Performance Measures များကို မည်သို့ ပြင်ဆင်စစ်ဆေး ထုတ်ပြန်ရမည်ကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း နားလည်သလောက် မျှဝေ အပ်ပါသည်။





&Associates

Bank တွေမှာ IFRS - 9 အရ ECL တွက်ဖို့ Probability of Default  ကို စဉ်းစားရင် ဘယ်အချက်တွေ ပါရမလဲ ဘာနဲ့ Mapping လုပ်သင့်ပါလ...
04/09/2026

Bank တွေမှာ IFRS - 9 အရ ECL တွက်ဖို့ Probability of Default ကို စဉ်းစားရင် ဘယ်အချက်တွေ ပါရမလဲ ဘာနဲ့ Mapping လုပ်သင့်ပါလဲ ?

====================

IFRS 9 Standard အောက်မှာ Expected Credit Loss (ECL) ကို တွက်ချက်ရာမှာ **Probability of Default (PD)** ဟာ အရေးအကြီးဆုံး Variable တစ်ခု ဖြစ်ပါတယ်။ PD ဆိုတာ ချေးငွေယူထားသူ (သို့မဟုတ်) တာဝန်ရှိသူဘက်က သတ်မှတ်ကာလအတွင်း ငွေပြန်မဆပ်နိုင်ဘဲ Default ဖြစ်သွားနိုင်ခြေ ရာခိုင်နှုန်းကို ဆိုလိုတာပါ။

PD ကို Reasonably ခန့်မှန်းနိုင်ဖို့အတွက် ဘာတွေကို ထည့်သွင်းစဉ်းစားရမလဲနဲ့ ဘာတွေနဲ့ Mapping လုပ်သင့်သလဲဆိုတာကို အောက်ပါအတိုင်း ခွဲခြားလေ့လာနိုင်ပါတယ်။

-———————————————

၁။ PD စဉ်းစားရာမှာ မဖြစ်မနေ ပါဝင်ရမယ့် အချက်များ (Key Components)

IFRS 9 အရ PD ကို စဉ်းစားတဲ့အခါ Past Data/ Historical အချက်အလက်များတင်မကဘဲ Forward Looking အနာဂတ်မျှော်မှန်းချက်များပါ ပါဝင်ရပါမယ်။

Quantitative & Historical Data (အတိတ်မှ ကိန်းဂဏန်းအချက်အလက်များ):**

- Historical Default Rates:** အတိတ်က စာရင်းများအရ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ အိမ်ခြံမြေ စသည့် ကဏ္ဍအလိုက် Default ဖြစ်ခဲ့သည့် ရာခိုင်နှုန်းများ။

- Days Past Due (DPD):** ရက်လွန်နေသည့် ကာလ (ဥပမာ - 30 days, 60 days, 90 days past due)။

Qualitative & Borrower-Specific Factors (ချေးယူသူ၏ သီးသန့်အချက်အလက်များ):**

- Financial Health:** ချေးယူသူ၏ ဘဏ္ဍာရေး အခြေအနေ (Liquidity, Leverage ratio, Cash flow အခြေအနေများ)။

- Management & Governance:** လုပ်ငန်း၏ စီမံခန့်ခွဲမှု အရည်အသွေးနှင့် အုပ်ချုပ်မှု ပုံစံ။

- Behavioral Scoring:** ငွေပြန်ဆပ်သည့် အလေ့အထနှင့် ဘဏ်/အဖွဲ့အစည်းနှင့် ဆက်ဆံခဲ့သည့် မှတ်တမ်း။

Forward-Looking Information & Macroeconomic Factors (အနာဂတ် စီးပွားရေးဆိုင်ရာ အချက်အလက်များ):

- GDP Growth Rate:** စီးပွားရေး တိုးတက်မှု သို့မဟုတ် ဆုတ်ယုတ်မှု။

- Inflation & Interest Rates:** ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အတိုးနှုန်း ပြောင်းလဲမှုများ။

- Exchange Rates:** နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်မှု။

- Unemployment Rate:** အလုပ်လက်မဲ့နှုန်း။

-———————————————

၂။ PD ကို ဘာနဲ့ Mapping လုပ်သင့်သလဲ ?

PD ကို တိကျစွာ သတ်မှတ်နိုင်ရန်အတွက် Internal Scoring သို့မဟုတ် External Data များဖြင့် Mapping ပြုလုပ်ရပါတယ်။

Internal Credit Ratings (လုပ်ငန်းတွင်း ခရက်ဒစ် အဆင့်သတ်မှတ်ချက်များ):

- မိမိအဖွဲ့အစည်း၏ Internal Risk Rating Model (ဥပမာ- Grade 1 မှ Grade 10) အလိုက် တစ်ဆင့်ချင်းစီအတွက် သီးခြား PD% ကို Mapping လုပ်ပေးရပါမည်။

- DPD Buckets (ရက်လွန်ကာလအလိုက် စိစစ်ခြင်း):**
* `Current` / `0-30 days` / `31-60 days` / `61-90 days` / `>90 days` စသဖြင့် Bucket များခွဲ၍ Bucket တစ်ခုစီ၏ သမိုင်းဝင် Default မားကို အခြေခံကာ PD Mapping ဆွဲရပါမည်။

- External Credit Rating Agencies (ပြင်ပ အဆင့်သတ်မှတ်ချက်များ):**
* Corporate သို့မဟုတ် Financial Institution များဖြစ်ပါက S&P, Moody's, Fitch စသည့် ပြင်ပ Rating များ၏ **Global Migration Matrices & Default Rates** နှင့် Mapping တွဲစပ်အသုံးပြုနိုင်ပါသည်။

Macroeconomic Scenarios (စီးပွားရေး အခြေအနေ အဆိုးအကောင်း scenarios များ):

- Point-in-Time (PiT) PD ရရှိရန်အတွက် Base Case, Optimistic (Upside) နှင့် Pessimistic (Downside) ဆိုသည့် Scenario (၃) ခုဖြင့် Weight တပ်၍ Mapping လုပ်ပေးရပါမည်။

Illustrative Example Mapping လေးကို Comment Session မှာ ဖော်ပြပေးထားပါတယ်။

-———————————————

IFRS 9 အရ ECL ကို တွက်ချက်ရာတွင် PD သည် Historical Data အချက်အလက်တစ်ခုတည်းပေါ် မမူတည်ဘဲ၊ ချေးယူသူ၏ လက်ရှိ အခြေအနေ၊ Credit Quality နှင့် အနာဂတ်စီးပွားရေး အခြေအနေ (Forward-looking Macroeconomic overlays) များကို ပေါင်းစပ်၍ Internal Credit Rating သို့မဟုတ် DPD Buckets များဖြင့် စနစ်တကျ Mapping လုပ်ဆောင်ရန် လိုအပ်ပါကြောင်း နားလည်သလောက် မျှဝေအပ်ပါသည် ခင်ဗျာ။





&Associates

📌 IFRS 16 (Leases) နဲ့ Incremental Borrowing Rate (IBR) အကြောင်း IFRS 16 Standard အရ အငှားစာချုပ် (Lease Contract) များက...
02/09/2026

📌 IFRS 16 (Leases) နဲ့ Incremental Borrowing Rate (IBR) အကြောင်း

IFRS 16 Standard အရ အငှားစာချုပ် (Lease Contract) များကို ဘဏ္ဍာရေးရှင်းတမ်းမှာ စာရင်းရေးသွင်းတဲ့အခါါ Right-of-Use (ROU) Asset နဲ့ Lease Liability များကို Discount Factor သုံးပြီး Present Value (PV) တွက်ချက်ရပါတယ်။

ဒီလို Present Value တွက်ချက်ရာမှာ သုံးရမယ့် အဓိက Discount Rate ကတော့ Incremental Borrowing Rate (IBR) ဖြစ်ပါတယ်။

💡 IBR ဆိုတာ ဘာလဲ?

IFRS 16 Appendix A အရ IBR ဆိုတာ Lessee (အငှားရယူသူ) အနေနဲ့ -

- Similar Economic Environment: မိမိရဲ့ လုပ်ငန်းပတ်ဝန်းကျင်မှာ

- Similar Term: Lease သက်တမ်းနဲ့ အလားတူ ကာလအတွက်

- Similar Security: အလားတူ အာမခံချက် ပေးပြီး

- Similar Value: Lease အတွက် လိုအပ်တဲ့ ရန်ပုံငွေ (Funds) ကို ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးယူမည်ဆိုပါက ပေးချေရမယ့် Discount Rate (Interest Rate) ဖြစ်ပါတယ်။

🔑 IBR ကို ဘယ်အချိန်မှာ သုံးရသလဲ?

Lease Contract တော်တော်များများမှာ အငှားပေးသူ (Lessor) ရဲ့ စာချုပ်ထဲက တွက်ချက်ထားတဲ့ Rate Implicit in the Lease ကို အလွယ်တကူ ရှာမတွေ့နိုင်ပါဘူး။ ထိုသို့ ရှာမတွေ့သည့်အခါမျိုးတွင် IBR ကို မဖြစ်မနေ အသုံးပြုရပါတယ်။

🎯 IBR သတ်မှတ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်များ (Key Factors):

🏢 Company Specifics: ကုမ္ပဏီရဲ့ Credit Risk နဲ့ Financial Health

⏱️ Lease Term: စာချုပ်သက်တမ်း (ဥပမာ - ၃ နှစ်၊ ၅ နှစ် သို့မဟုတ် ၁၀ နှစ်)

💰 Amount & Collateral: ချေးငွေပမာဏနှင့် အာမခံပစ္စည်း အမျိုးအစား

🌏 Economic Environment: ချေးယူသည့် နိုင်ငံ/ဒေသ၏ စီးပွားရေး အခြေအနေနှင့် ငွေကြေးအမျိုးအစား (Currency)

⚠️ သတိပြုရန် အချက်

IBR သည် ဘဏ်တစ်ခုခု၏ Standard Bank Lending Rate သို့မဟုတ် Risk-Free Rate သက်သက်မဟုတ်ဘဲ Lessee ရဲ့ သီးခြား Risk profile နဲ့ Lease စာချုပ်၏ အချက်အလက်များပေါ် မူတည်ပြီး Adjust လုပ်ထားသည့် အတိုးနှုန်းဖြစ်ရပါမည်။

အတိုးနှုန်း သတ်မှတ်ချက် မှန်ကန်မှသာ Balance Sheet တွင် ဖော်ပြမည့် ROU Asset နှင့် Lease Liability ပမာဏများ သင့်တော်မှန်ကန်စေမည် ဖြစ်ပါကြောင်း မိတ်ဆွေ စာရင်းကိုင် စာရင်းစစ်များ ကို မျှေ၀ အပ်ပါတယ် ခင်ဗျာ။





&Associates

စာရင်းသမားတွေဟာ လုပ်ငန်းတွေရဲ့ Business Doctor တွေပါ=================ခန္ဓာကိုယ်မှာ သွေးကြောတွေ ကောင်းမွန်နေမှ ကျန်းမာနို...
01/09/2026

စာရင်းသမားတွေဟာ လုပ်ငန်းတွေရဲ့ Business Doctor တွေပါ

=================

ခန္ဓာကိုယ်မှာ သွေးကြောတွေ ကောင်းမွန်နေမှ ကျန်းမာနိုင်သလို၊ လုပ်ငန်းတစ်ခုရဲ့ ငွေကြေးစီးဆင်းမှုနဲ့ စာရင်းဇယားတွေဟာ အဲဒီသွေးကြောတွေလိုပါပဲ။ သွေးကြောတွေ ပိတ်ဆို့နေရင် ခန္ဓာကိုယ် အားနည်းသလို၊ စာရင်းဇယားတွေ မှားယွင်းနေရင်လည်း လုပ်ငန်းရဲ့ ရေတို ရေရှည် ဆုံးဖြတ်ချက်တွေ လွဲမှားသွားစေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင်တွေဟာ ဂဏန်းတွေကို ရိုးရိုးရှင်းရှင်း စာရင်းရေးသွင်းပေးတဲ့သူတွေ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။ သူတို့ဟာ လုပ်ငန်းရဲ့ Financial Health ကို စစ်ဆေးပေးနေတဲ့ Business Doctor တွေပါ။

---------------------------

စာရင်းပညာရှင် သို့မဟုတ် Business Doctor တွေက ဘယ်လိုနည်းတွေနဲ့ ကုသပေးသလဲ?

၁။ ရောဂါရှာဖွေခြင်း
ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင်တွေဟာ ဘဏ္ဍာရေးရှင်းတမ်းတွေကို ကြည့်ပြီး လုပ်ငန်းရဲ့ အားသာချက်၊ အားနည်းချက်နဲ့ မလိုအပ်ဘဲ ကုန်ကျနေတဲ့စရိတ်တွေကို အတိအကျ ဖော်ထုတ်ပေးပါတယ်။

၂။ ကာကွယ်ဆေးထိုးပေးခြင်း
ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင်တွေဟာ လုပ်ငန်းတွင်း ထိန်းချုပ်မှုစနစ်ကောင်းတွေ တည်ဆောက်ပေးပြီး ငွေကြေးယိုစိမ့်မှု၊ လိမ်လည်မှုတွေကို လုပ်ငန်းတွင်း မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးပါတယ်။

၃။ ဆေးညွှန်းနဲ့ ကုသခြင်း
ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင်တွေဟာ ဥပဒေ ဘောင်အတွင်းမှာ အခွန်သက်သာစေမယ့် စီမံကိန်းတွေ ရေးဆွဲပေးပါတယ်။ ငွေကြေးစီးဆင်းမှု ဟန်ချက်ညီအောင် စီမံပေးပါတယ်။ ပြီးတော့ အမြတ်ပိုရအောင် ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်ကောင်းတွေ ပေးပါတယ်။

၄။ ရေရှည်ကျန်းမာရေး စောင့်ရှောက်ခြင်း
ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင်တွေဟာ အနာဂတ်စီးပွားရေး စီမံကိန်းတွေအတွက် တိကျတဲ့အချက်အလက်တွေ ပံ့ပိုးပေးပြီး လုပ်ငန်းရေရှည်ခိုင်မာဖို့ လမ်းညွှန်ပေးပါတယ်။

ဆရာဝန်ရဲ့ ဓာတ်မှန်အဖြေမရှိဘဲ ကုသဖို့ ခက်သလို၊ ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင် တွေရဲ့ စာရင်းအချက်အလက်မရှိဘဲ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ရေရှည်မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ကျွန်တော်တို့ စာရင်းကိုင်နဲ့ စာရင်းပညာရှင်တွေဟာ လုပ်ငန်းတိုင်းရဲ့ နောက်ကွယ်မှာ ရပ်တည်ပေးတဲ့ တန်ဖိုးရှိလှတဲ့ "Business Doctors" တွေ ဖြစ်ပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါတယ် ခင်ဗျာ။





&Associates

“New Monday, New Goals, New Opportunities. Let’s make this week count!” 💼🚀     &Associates
31/08/2026

“New Monday, New Goals, New Opportunities. Let’s make this week count!” 💼🚀


&Associates

မနေ့က ပြုလုပ်ခဲ့တဲ့ IFRS Q&A Session Webinar လေးကို လူဦးရေ ၁၀၀ နီးပါး တက်ရောက်ပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...
30/08/2026

မနေ့က ပြုလုပ်ခဲ့တဲ့ IFRS Q&A Session Webinar လေးကို လူဦးရေ ၁၀၀ နီးပါး တက်ရောက်ပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

IFRS 1, IFRS 9, IFRS 15, IFRS 16, IFRS 18, IAS 8, IAS 21 စတဲ့ အရေးပါလှတဲ့ IFRS တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် မေးခွန်းမျိုးစုံကို အပြန်အလှန် ဆွေးနွေးခွင့်ရခဲ့လို့ (၂) နာရီဆိုတဲ့ အချိန်လေး ဘယ်လိုကုန်သွားမှန်းတောင် မသိလောက်အောင် တကယ့်ကို Enjoy ဖြစ်ပြီး ထိရောက်တဲ့ Quality Time လေးတစ်ခု ရရှိခဲ့ပါတယ်။

တက်ရောက်သူများအားလုံးအတွက်ရော ကျွန်တော့်အတွက်ပါ တကယ့်ကို အကျိုးရှိစေမယ့် အသိပညာမျှဝေပွဲလေး ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အသုံးဝင်မယ့် အသိပညာပေး Session လေးတွေကို ဆက်လက်မျှဝေပေးသွားပါဦးမယ် ခင်ဗျာ။



အများပြည်သူသို့ Share ရောင်းချခြင်း Public Offering & Prospectus တွင် ပါဝင်ရမည့် အချက်များ ======================Public ...
30/08/2026

အများပြည်သူသို့ Share ရောင်းချခြင်း Public Offering & Prospectus တွင် ပါဝင်ရမည့် အချက်များ

======================

Public Offering (အများပြည်သူသို့ ရှယ်ယာ ရောင်းချခြင်း) ပြုလုပ်ရန်အတွက် ထုတ်ပြန်ရသည့် Prospectus (အစုရှယ်ယာဖိတ်ခေါ်လွှာ အစီရင်ခံစာ) တွင် ရင်းနှီးမြှုပ်နှံသူများ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန် အောက်ပါ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ရပါမည်။

၁။ စာချုပ်စာတမ်း အကဲဖြတ်မှုဆိုင်ရာ အချက်အလက်များ (General & Legal Information)

Cover Page (မျက်နှာဖုံး စာမျက်နှာ): ကုမ္ပဏီအမည်၊ ရှယ်ယာအမျိုးအစား၊ ရှယ်ယာ အရေအတွက်၊ ရောင်းချမည့် ဈေးနှုန်း၊ နှင့် ခေါ်ယူမည့် စုစုပေါင်း ပမာဏ။

Important Dates (အဓိက ရက်စွဲများ): ရှယ်ယာ စတင်လျှောက်ထားနိုင်သည့်ရက်၊ ပိတ်မည့်ရက်၊ နှင့် ရှယ်ယာ ခွဲဝေမည့် ရက်စွဲများ။

Advisors & Intermediaries: ဥပဒေအကြံပေး (Legal Advisor)၊ အာမခံသူ (Underwriter)၊ နှင့် စာရင်းစစ် (External Auditor) တို့၏ အမည်နှင့် အသေးစိတ် အချက်အလက်များ။

--------------------------------

၂။ ကုမ္ပဏီအကြောင်းနှင့် စီးပွားရေးလုပ်ငန်းပုံစံ (Company Profile & Business Model)

Company History & Structure: ကုမ္ပဏီ နောက်ကြောင်းသမိုင်း၊ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ၊ နှင့် လက်အောက်ခံ ကုမ္ပဏီများ (Subsidiaries)။

Business Operations: ဆောင်ရွက်နေသော ပင်မ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်/ဝန်ဆောင်မှုများ၊ နှင့် ဈေးကွက်ဝေစု (Market Share)။

Use of Proceeds (ရရှိလာသော ရင်းနှီးမြှုပ်နှံမှုများကို သုံးစွဲမည့် အစီအစဉ်): ရှယ်ယာ ရောင်းချ၍ ရရှိလာမည့် ငွေကြေးများကို မည်သည့်နေရာတွင် သုံးစွဲမည်ဟူသော အသေးစိတ် အချက်အလက် (ဥပမာ - စက်ရုံသစ် ဆောက်ရန်၊ အကြွေးဆပ်ရန် သို့မဟုတ် R&D သုတေသန ပြုလုပ်ရန်)။

--------------------------------

၃။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ (Financial Information)

Audited Financial Statements: လွန်ခဲ့သည့် (၃) နှစ်စာ စာရင်းစစ်ပြီး ဘဏ္ဍာရေး အစီရင်ခံစာများ (ဝင်ငွေရှင်းတမ်း၊ အမြတ်/အရှုံး ရှင်းတမ်း၊ နှင့် ငွေသားစီးဆင်းမှု ရှင်းတမ်း)။

Capital Structure: ကုမ္ပဏီ၏ မတည်ရင်းနှီးမြှုပ်နှံမှု ဖွဲ့စည်းပုံ၊ လက်ရှိ ရယူထားသော ချေးငွေ/ကြွေးမြီ အခြေအနေနှင့် ထုတ်ဝေထားပြီး ရှယ်ယာ အရေအတွက်။

Dividend Policy (အမြတ်ဝေစု ပေးအပ်ခြင်းဆိုင်ရာ မူဝါဒ): အမြတ်ဝေစု ခွဲဝေပေးမည့် ရာခိုင်နှုန်းနှင့် စည်းမျဉ်းများ။

--------------------------------

၄။ စီမံခန့်ခွဲမှု အဖွဲ့ (Management & Governance)

Board of Directors & Key Executives: ဒါရိုက်တာအဖွဲ့ဝင်များနှင့် အထက်တန်း စီမံခန့်ခွဲသူများ၏ ရာထူး၊ အတွေ့အကြုံ၊ နှင့် ပညာအရည်အချင်း။

Executive Compensation: ဒါရိုက်တာများနှင့် အဓိက တာဝန်ရှိသူများ၏ လုပ်ခလစာနှင့် အကျိုးခံစားခွင့်များ။

Conflict of Interest: စီမံခန့်ခွဲသူများနှင့် ကုမ္ပဏီအကြား အကျိုးစီးပွား ပဋိပက္ခ ရှိ/မရှိ ထုတ်ဖော်ပြသခြင်း။

--------------------------------

၅။ ဆုံးရှုံးနိုင်ခြေအန္တရာယ်နှင့် စိန်ခေါ်မှုများ (Risk Factors)

ရင်းနှီးမြှုပ်နှံသူများ သတိပြုရမည့် အဓိက ဆုံးရှုံးနိုင်ခြေအန္တရာယ် (Risk) များကို ပွင့်လင်းမြင်သာစွာ ဖော်ပြရပါမည် -

Internal Risks: ကုမ္ပဏီတွင်း လုပ်ငန်းဆိုင်ရာ သို့မဟုတ် ငွေသားစီးဆင်းမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ။

External Risks: စီးပွားရေး အခြေအနေ၊ မူဝါဒနှင့် ဥပဒေ ပြောင်းလဲမှု အန္တရာယ်များ၊ နှင့် ပြိုင်ဆိုင်မှု အရှိန်အဟုန်။

--------------------------------

၆။ ဥပဒေနှင့် ညီညွတ်ကြောင်း ကြေညာချက် (Declarations & Signatures)

Regulatory Approval: သက်ဆိုင်ရာ စာချုပ်စာတမ်းများ နှင့် အာဏာပိုင် (SECM) တွင် မှတ်ပုံတင်ပြီးကြောင်း ဖော်ပြချက်။

Directors' Declaration: Prospectus တွင် ပါဝင်သော အချက်အလက်များသည် မှန်ကန်ကြောင်းနှင့် ထိခိုက်စေနိုင်သည့် အချက်အလက်များကို ဖုံးကွယ်ထားခြင်း မရှိကြောင်း ဒါရိုက်တာများ၏ လက်မှတ်ရေးထိုးချက်
စသည်တို့ ပါဝင်ရမည် ဖြစ်ကြောင်း ကျွန်တော်တို့ စာရင်းကိုင် စာရင်းစစ်များ အတွက် နားလည် သိရှိထားသလောက် မျှေ၀ အပ်ပါတယ် ခင်ဗျာ။


&Associates

📢 IFRS 1 First-Time Adoption of IFRS Implementation ServicesWe are pleased to provide IFRS 1 First-Time Adoption of IFRS...
30/08/2026

📢 IFRS 1 First-Time Adoption of IFRS Implementation Services

We are pleased to provide IFRS 1 First-Time Adoption of IFRS Implementation Services to companies transitioning to IFRS, helping ensure a smooth and effective transition to IFRS-compliant financial reporting.

Our services include:

✅ IFRS Transition Assessment & Planning
✅ Preparation of Opening IFRS Statement of Financial Position
✅ Identification of IFRS Adjustments & Reconciliations
✅ Preparation of Transition & Equity Reconciliation
✅ IFRS 1 Exemptions & Exceptions Assessment
✅ First-Time Adoption Disclosures
✅ IFRS Financial Statements Preparation Support
✅ Training & Implementation Support

📩 Contact us to discuss your IFRS 1 First-Time Adoption requirements.

📞 09-444809689
📧 [email protected]





&Associates

Address

No. 345, 7 Floor, Pazungdaung Condo, 3 Ward, Lower Pazundaung Road, Pazundaung Township
Yangon

Alerts

Be the first to know and let us send you an email when Myat & Associates - M&A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat & Associates - M&A:

Shortcuts

Share