03/18/2024
Why past due return filing is important?
ကျွန်တော်တို့ တတွေ ဒီနိုင်ငံ ပြောင်းရွေ့ အခြေချရတာ မလွယ်ပါဘူး။ အချိန်ရှိတိုင်းကို ဘာလုပ်ရမလဲ ချည်း တွေးနေကြရပါတယ်။ Day-shift ဆင်းလိုက် Night-shift ဆင်းလိုက် Uber လေး Door-dash လေး ပြေးဆွဲလိုက်နဲ့ အားရတဲ့ အချိန်ကို မရှိပါဘူး။
အချိန်က အားအားယားယား မရှိတော့ တစ်ချို့ ကိစ္စတွေဆို နောက်မှ ပြောတော့မယ် နောက်မှ လုပ်တော့မယ် နောက်မှသွားတော့မယ်..... နောက်မှ နောက်မှ နဲ့ နောက်ချန် ပစ်လိုက်တော့တယ်၊ ဖြစ်ချင်တော့ နောက်ချန်တဲ့ ကိစ္စကြီးငယ်ထဲမှာ ဒီ tax return filing ပါ ပါသွားတတ်ပါတယ်
ဒီမှာ ပြောချင်တာက ဒီ အိုင်အာအက်စ် ဆိုတဲ့ အသုံးလုံး ဟာ သူပေးရမယ်ဆိုရင်သာ သူမှာ စာရင်း record မရှိလို့ပါ ဆိုပြီး နဝေတိမ်တောင် အချင်ယောင် ဆောင်တာ သူသာ ရ ရမယ့် အခွန် ဆိုလို့ကတော့ ဘယ်တော့မှ ပြေးမလွတ်အောင် နောက်က တကောက်ကောက်လိုက်လေ့ရှိပါတယ်၊
Self employed 1099, 1065 , Dividends စသဖြင့် ကိုယ်ပိုင်အလုပ်လုပ်ကြသူတွေရော အရင်းအနှီးနဲ့ passive income ရှာတဲ့ သူတွေပါမကျန် ဒေါင့်စုံ နေရာစုံအောင် အခွန် လက်တံက ရှည်လွန်းပါတယ်၊
မျိုးမျိုးမြတ်မြတ်ကျန်အောင် ဆိုပြီး ကိုယ်ပိုင်အလုပ်ကို ကံအား ညာဏ်အား ဝိရိယအားတွေ အကုန်မကျန်သုံးပြီးခါမှ အရင်းအနှီးအားလိုလို့ loan လျှောက်တဲ့အခါ pending ဖြစ်နေတာတွေ
အိမ်ဝယ်မယ်ဟေ့ ဆိုပြီး ချစ်ချုပ်ငွေစု ဒေါင်းတောင်ချနိုင်ပြီးကါမှ Home Loan က pending ဖြစ်နေတာတွေဟာ တကယ်တော့ Tax Return နှစ်စဉ် မလုပ်လို့ပါ။
ဝမ်းသာစရာ ကောင်းတာက အိုင်အာအက်စ်က အဲသလို နှစ်လွန် နှစ်ကျန် Tax Return တွေကို filing လုပ်ခွင့်လမ်းဖွင့်ပေးထားပါတယ်၊ တစ်ချို့နှစ်တွေ ဆို e-file တောင် တင်ခွင့်ပေးထားပါသေးတယ်။
ကြော်ငြာဝင်ပါမယ်၊
ဆူချီဘောစ့်တွေ ကိုယ်ပိုင်လုပ်ငန်း small business , self employed (Uber, Lyft etc) သမားတွေ Tax ပြဿနာ ကူညီဖြေရှင်းပေးပါတယ်၊ နောက်ကျ Tax Return တွေ တင်ပေးပါတယ်။
ကျေးဇူးတင်ပါတယ်။