Lewis Aung Taxes & Financial

Hi I’m Lewis Aung, the founder of Lewis Aung Taxes & Financial.I'm a Tax Practitioner who is holding the IRS Enrolled Agent license.I'm one of the youngest professionals in the record with EA Credential granted by the US Department of the Treasury.

Supalai Parc Ekkamai-PattanakarnStarting Price : From $83000 (Thai Baht 2.63 M)Property Type : High-rise Condominium Bui...
08/27/2026

Supalai Parc Ekkamai-Pattanakarn

Starting Price : From $83000 (Thai Baht 2.63 M)
Property Type : High-rise Condominium
Building: 2 buildings
Floors : 30FL (Tower-A) , 27 FL (Tower-B)
Total Units : 1607 units
Installment plan : Yes (50% downpayment + 2 years installment)

ဒီ Bangkok Condominium Project information detail ကို အောက်မှာ တစ်ပုံချင်းထောက်ပြီး ဖတ်ကြည့်ပါ ခင်ဗျ။

ဒီ project နှင့် ပတ်သက်ပြီး တစ်ခုခု မေးချင်တာ ရှိပါ က ကျတော့် page message box ကို အချိန်မရွေး ဆက်သွယ်၊ မေးမြန်း စုံစမ်း နိုင်ပါတယ် ခင်ဗျ။

𝐃𝐨𝐰𝐧𝐩𝐚𝐲𝐦𝐞𝐧𝐭 𝟑𝟎% ပေးသွင်းပြီး တာနဲ့ အသင့်တက်နေ/ ချက်ချင်း ငှါးစားလို့ ရမယ့်အပြင် ကျန်ငွေကို 𝟓 နှစ် အတိုးမဲ့ အရစ်ကျစနစ်နဲ့...
07/01/2026

𝐃𝐨𝐰𝐧𝐩𝐚𝐲𝐦𝐞𝐧𝐭 𝟑𝟎% ပေးသွင်းပြီး တာနဲ့ အသင့်တက်နေ/ ချက်ချင်း ငှါးစားလို့ ရမယ့်အပြင် ကျန်ငွေကို 𝟓 နှစ် အတိုးမဲ့ အရစ်ကျစနစ်နဲ့ ပေးချေလို့ရမယ့် 𝐁𝐚𝐧𝐠𝐤𝐨𝐤 ကျောက်ဖုရားမြစ်ဘေးက အတန်ဆုံး 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦
(ဒီ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 က 𝐉𝐮𝐥𝐲 လကုန် အထိပဲရပါမယ် ခင်ဗျ)

𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐍𝐚𝐦𝐞 : 𝐒𝐚𝐩𝐩𝐡𝐢𝐫𝐞 𝐑𝐀𝐌𝐀 𝟑 𝐋𝐮𝐱𝐮𝐫𝐢𝐨𝐮𝐬 𝐂𝐨𝐧𝐝𝐨
𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐏𝐫𝐢𝐜𝐞 : 𝐅𝐫𝐨𝐦 ဒေါ်လာ $𝟗𝟎𝟎𝟎𝟎 (𝐓𝐡𝐚𝐢 𝐁𝐚𝐡𝐭 𝟐.𝟗𝐌)
𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 : 𝐉 𝐑 𝐘 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝
𝐓𝐨𝐭𝐚𝐥 𝐔𝐧𝐢𝐭𝐬 : 𝟔𝟓𝟖 (𝟒𝟒𝐅𝐋)

𝐒𝐀𝐏𝐏𝐇𝐈𝐑𝐄 𝐑𝐀𝐌𝐀 𝟑 𝐏𝐫𝐨𝐣𝐞𝐜𝐭 ဟာဆိုရင် 𝟐𝟎𝟐𝟒 ခုနှစ်မှာ ဆောက်လုပ်ပြီးစီးထားပြီး ဘန်ကောက်ရဲ့ သူဌေးရပ်ကွက်ဖြစ်တဲ့ 𝐒𝐚𝐭𝐡𝐨𝐫𝐧 𝐚𝐫𝐞𝐚 - 𝐑𝐚𝐦𝐚 𝟑 ရဲ့ အချက်အချာကျတဲ့ 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 မှာတည်ရှိကာ 𝐂𝐡𝐚𝐨 𝐏𝐡𝐫𝐚𝐲𝐚 𝐑𝐢𝐯𝐞𝐫 𝐕𝐢𝐞𝐰 ကို နေ့တိုင်းခံစားနိုင်တဲ့ 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ဖြစ်ပါတယ်။

𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 တွေအနေနဲ့ 𝐒𝐤𝐲 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥, 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫, 𝐆𝐨𝐥𝐟 𝐒𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫, 𝐂𝐨-𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐒𝐩𝐚𝐜𝐞, 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞, 𝐋𝐢𝐛𝐫𝐚𝐫𝐲, 𝐘𝐨𝐠𝐚 𝐑𝐨𝐨𝐦, 𝐒𝐚𝐮𝐧𝐚 နဲ့ 𝐊𝐢𝐝𝐬 𝐂𝐥𝐮𝐛 စသည်ဖြင့် 𝐓𝐨𝐭𝐚𝐥 𝐋𝐮𝐱𝐮𝐫𝐲 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 𝟏𝟒 မျိုးပါရှိပါတယ်။

ဒါ့အပြင် 𝐏𝐫𝐨𝐣𝐞𝐜𝐭 တစ်ခုလုံး (𝟒𝟒 ထပ်) မှာမှ 𝟔𝟓𝟖 ခန်းသာရှိတာကြောင့် 𝐏𝐫𝐢𝐯𝐚𝐭𝐞 ကျကျ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ချင်သူတွေအတွက် တကယ်အဆင်ပြေစေမှာပါ။

အခုဝယ်ယူမယ်ဆိုရင် (𝐉𝐮𝐥𝐲 လမကုန်ခင် အထိ)
👉𝟑𝟎% 𝐃𝐨𝐰𝐧 𝐏𝐚𝐲𝐦𝐞𝐧𝐭 ချပြီး တာနဲ့ စတင်နေထိုင်/အငှါးတင်နိုင်ပြီး ကျန်ငွေ 𝟕𝟎% ကို 𝟓နှစ် အတိုးမဲ့ အရစ်ကျစနစ်နဲ့ ပေးသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဥပမာ- လက်ရှိ စျေးအနည်းဆုံးအခန်း ဖြစ်တဲ့ ဒေါ်လာ$𝟗𝟎𝟎𝟎𝟎 (𝐓𝐇𝐁 𝟐.𝟗𝐌)တန် အခန်းကို 𝟑𝟎% 𝐝𝐨𝐰𝐧𝐩𝐚𝐲𝐦𝐞𝐧𝐭 ဒေါ်လာ $𝟐𝟕𝟎𝟎𝟎 ချပြီး ကျန်ငွေကို တစ်လ ဒေါ်လာ $𝟏𝟎𝟎𝟎 ဝန်းကျင်သာ 𝟓 နှစ်ပေးသွင်းရမှာဖြစ်ပါတယ်။

လောလောဆယ် 𝐁𝐚𝐧𝐠𝐤𝐨𝐤 မှာ တွေ့ဖူးသမျှ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေထဲမှာတော့ ဒီ𝐏𝐫𝐨𝐣𝐞𝐜𝐭 ဟာ အကောင်းဆုံး 𝐃𝐞𝐚𝐥 လို့ ပြောလို့ရနိုင်ပါတယ်။

𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 အတွက် ထိုင်းမှာ ပြောင်း​ရွှေ့ အ​ခြေချဖို့ စဉ်းစား​နေသူ​တွေ၊ 𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐢𝐧𝐜𝐨𝐦𝐞 အတွက် 𝐁𝐚𝐧𝐠𝐤𝐨𝐤 မှာ 𝐂𝐨𝐧𝐝𝐨 တွေဝယ်ပြီး ပြန်ငှါးစားချင်သူ​တွေ အတွက် 𝐁𝐚𝐧𝐠𝐤𝐨𝐤 မှာရှိတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 များစွာထဲက 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 လုပ်ဖို့အတွက် အ​ကောင်းဆုံးဖြစ်မယ့် 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေကို ကျ​တော့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 👉( https://www.lewisaung.com/s-projects-basic) မှာ သေ​သေချာချာ 𝐒𝐞𝐥𝐞𝐜𝐭𝐢𝐨𝐧 ရွေးထုတ်ထား​ပေးပါတယ်။

မိတ်ဆွေတို့ စိတ်ဝင်စားတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ရှိပါက ကျ​တော့် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 က​နေ​သော်လည်း​ကောင်း၊ ဖုန်းနံပါတ် +𝟏(𝟔𝟓𝟎)𝟒𝟓𝟓-𝟗𝟕𝟎𝟒 ကို​သော်လည်း​ကောင်း ဆက်သွယ်၊မေးမြန်း၊ စုံစမ်းနိုင်ပါတယ် ခင်ဗျ။ 😎

Cozi Onnut 46 (Srinakarin 38) Bangkokရဲ့ အချက်အချာကျတဲ့ Onnut Area ထဲက စျေးအတန်ဆုံး Pet-Friendly Condo Starting Price - ...
06/08/2026

Cozi Onnut 46 (Srinakarin 38)
Bangkokရဲ့ အချက်အချာကျတဲ့ Onnut Area ထဲက စျေးအတန်ဆုံး Pet-Friendly Condo

Starting Price - ဒေါ်လာ $55000 (Thai Baht 1.79m)
2 bedroom Price - ဒေါ်လာ $100,000 (Thai Baht 3.5m)

Bangkok ရဲ့ အချက်အချာကျတဲ့ Onnut Area ထဲမှာ Location ကောင်းကောင်း၊ စျေးတန်တန်နဲ့ Facilities စုံလင်ပြီး၊ Pet-Friendly ဖြစ်တဲ့ Condo မျိုးကိုရှာနေသူတွေအတွက် ဆိုရင် Cozi Onnut 46 က ကိုယ်တိုင်နေဖို့ရော ၊ Investment အတွက်ပါ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပါ ။

🏠 Fully Furnished ဖြစ်တာကြောင့် Condo ပြီးတာနဲ့ အထုပ်ဆွဲပြီး အသင့်တက်နေရုံပဲ ဖြစ်ပါတယ်။

🌿 ထူးထူးခြားခြား Pet-Friendly Condo ဖြစ်ပြီး Pet Park လည်း သီးသန့်စီမံပေးထားပါတယ်။

🏡 အိမ်ငှားရမ်း နေထိုင်သူတွေ အလွန်အကြိုက်တွေ့တဲ့ On Nut 46 လမ်းမကြီးလို နေရာမျိုးမှာ တည်ရှိတာကြောင့် Investment အနေနဲ့ ဝယ်ပြီး ပြန်ငှါးစားချင်သူတွေအတွက် အိမ်ငှားဘယ်တော့မှ မပြတ်တဲ့ Condo ဖြစ်လာမှာတော့ သေချာပါတယ်။

💳 ငွေပေးချေရမယ့် ပုံစံလေးတွေကတော့ -
• စရန်ငွေ (Booking fee) ကတော့ ဘတ် တစ်သိန်း ဖြစ်ပါတယ်။ (Around $3000)
• စရန်ပေးပြီး (၁) လအတွင်းမှာ ပထမအဆင့် Down Payment 20% ချရပါမယ်။
• (၃) လပြည့်တဲ့အခါမှာ ဒုတိယအဆင့် ငွေပေးချေမှု 20% ကို ထပ်ချရပါမယ်။
• ကျန်တဲ့ 60% ကိုတော့ အခန်းလွှဲပြောင်းရယူမယ့်အချိန် (2027 Q-2) မှ ပေးချေရမှာ ဖြစ်ပါတယ်။

ရွေးချယ်စရာအခန်းပုံစံတွေ အနေနဲ့ ကတော့
✅ 𝟏 𝐁𝐞𝐝𝐫𝐨𝐨𝐦 𝐓𝐲𝐩𝐞 𝐀 (𝟐𝟐-𝟐𝟐.𝟓𝟎 𝐬𝐪.𝐦.)
✅ 𝟏 𝐁𝐞𝐝𝐫𝐨𝐨𝐦 𝐓𝐲𝐩𝐞 𝐁𝟏, B2 (𝟐𝟒-𝟐𝟒.𝟓𝟎 𝐬𝐪.𝐦.)
✅ 𝟏 𝐁𝐞𝐝𝐫𝐨𝐨𝐦 𝐏𝐥𝐮𝐬 𝐓𝐲𝐩𝐞 𝐂 (𝟑𝟒.𝟓𝟎 𝐬𝐪.𝐦.)
✅ 2 bedroom, 2 bath (48 sq.m.)

Condo မှာရရှိမယ့် 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 တွေကတော့
▪️ Fitness (24hrs open)
▪️ 𝗦𝘄𝗶𝗺𝗺𝗶𝗻𝗴 𝗣𝗼𝗼𝗹 (𝟮𝟰 𝗵𝗿𝘀)
▪️ 𝗖𝗼-𝗪𝗼𝗿𝗸𝗶𝗻𝗴 𝗦𝗽𝗮𝗰𝗲 (𝟮𝟰 𝗵𝗿𝘀)
▪️ 𝗣𝗲𝘁 𝗣𝗮𝗿𝗸
▪️ 𝗟𝗮𝘂𝗻𝗱𝗿𝘆 𝗥𝗼𝗼𝗺
▪️ 𝗝𝘂𝗿𝗶𝘀𝘁𝗶𝗰 𝗥𝗼𝗼𝗺 / 𝗙𝗶𝗿𝘀𝘁 𝗔𝗶𝗱 𝗥𝗼𝗼𝗺 / 𝗩-𝗠𝗼𝘃𝗲
▪️Garden
▪️Lobby

Retirement အတွက် ထိုင်းမှာ ပြောင်း​ရွှေ့ အ​ခြေချဖို့ စဉ်းစား​နေသူ​တွေ၊ Passive income အတွက် Bangkok မှာ Condo ဝယ်ပြီး ပြန်ငှါးစားချင်သူ​တွေ အတွက် Bangkok မှာရှိတဲ့ Project များစွာထဲက Investment လုပ်ဖို့အတွက် အ​ကောင်းဆုံးဖြစ်မယ့် Project တွေကို ကျ​တော့် Website 👉( https://www.lewisaung.com/s-projects-basic) မှာ သေ​သေချာချာ Selection ရွေးထုတ်ထား​ပေးပါတယ်။

မိတ်ဆွေတို့ စိတ်ဝင်စားတဲ့ Project ရှိပါက ကျ​တော့် Page Messenger က​နေ​သော်လည်း​ကောင်း၊ ဖုန်းနံပါတ် +1(650)455-9704 ကို​သော်လည်း​ကောင်း ဆက်သွယ်၊မေးမြန်း၊ စုံစမ်းနိုင်ပါတယ် ခင်ဗျ။ 😎

05/27/2026

🚨🇺🇸 အမေရိကန်လွှတ်တော်မှာ လပေါင်းများစွာ အကြိတ်အနယ် ဆွေးနွေးခဲ့ "Crypto အခွန်ဥပဒေကြမ်းသစ်" က ဒီနေ့ အောင်မြင်စွာနဲ့ တရားဝင် မိတ်ဆက်လိုက်ပြီ

📜🔥 ဒီဥပဒေကြမ်းရဲ့ နာမည်က Digital Asset PARITY Act လို့ ခေါ်ပါတယ်။

🤝💡 ဒီဥပဒေက နိုင်ငံရေးအယူအဆ မတူညီတဲ့ ရီပတ်ဘလီကန်က ကိုယ်စားလှယ် မက်စ် မီလာ (Rep. Max Miller) နဲ့ ဒီမိုကရက်က ကိုယ်စားလှယ် စတီဗင် ဟော့စ်ဖို့ဒ် (Rep. Steven Horsford) တို့ နှစ်ယောက်က ပါတီအစွဲတွေ ခဏဘေးဖယ်ပြီး Crypto အနာဂတ်အတွက် ပူးပေါင်းဦးဆောင် တင်သွင်းခဲ့တာပါ

☕💸 ဒီဥပဒေမှာ အခွန်လိုက်တွက်နေရတဲ့ ဒုက္ခတွေ ကင်းဝေးသွားအောင် $200 အောက် နေ့စဉ်သုံး Crypto ဝယ်ယူမှုတွေ၊ Payment တွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးတော့မှာပါ

🛒🌍 ဒါက Crypto ကို "ရင်းနှီးမြှုပ်နှံမှု" သက်သက်ကနေ နေ့စဉ်သုံး "တကယ့်ငွေကြေး" အဖြစ် အသွင်ကူးပြောင်းဖို့ အကြီးမားဆုံး ခြေလှမ်းဖြစ်နေတာပါ

⛏️📊 အရင်က ဘယ်လိုအခွန်ကောက်ရမှန်းမသိဘဲ အစိုးရရော Traders တွေပါ ရှုပ်ထွေးနေတဲ့ Staking Rewards တွေနဲ့ Mining ကရတဲ့ "Phantom Income" (မထုတ်ရသေးဘဲ စာရင်းထဲရှိနေလို့ အခွန်ဆောင်ရတဲ့ငွေ) ပြဿနာတွေကိုပါ ရှင်းပေးသွားမှာပါ။

⏳✅ Reward တွေကို မထုတ်သရွေ့ အခွန်ပေးဖို့ မလိုဘူး။ တကယ်ထုတ်ရောင်းချမယ့်အချိန်ကျမှ အခွန်ဆောင်ပေးရမှာပါ။

🏦📈 တစ်ပြိုင်နက်တည်းမှာပဲ အမေရိကန် Crypto ဈေးကွက်ထဲမှာ အခွန်ဥပဒေတွေ ရှင်းလင်းသွားတာနဲ့အမျှ ငွေကြေးအဖွဲ့အစည်းကြီးတွေက ဈေးကွက်ထဲကို ရဲရဲဝံ့ဝံ့နဲ့ တရားဝင် ဝင်လာနိုင်ပြီဖြစ်လို့ ဈေးကွက်အတွက် အကြီးမားဆုံး ယုံကြည်မှုနဲ့ တည်ငြိမ်မှုကို ရရှိစေမှာပါ။

⚖️🇺🇸 အမေရိကန်လို ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီးမှာ Crypto ကို ရိုးရိုးရှင်းရှင်းနဲ့ မျှတစွာ အခွန်ချမှတ်နိုင်ဖို့ ရှည်ရှည်ဝေးဝေး ဆွေးနွေးခဲ့ကြတာတွေ အခုတော့ အဆုံးသတ်သွားပါပြီ။

🎯🤝 အစိုးရက Crypto ကို တရားမဝင်ဘူးလို့ ငြင်းဆန်နေမယ့်အစား၊ စနစ်တကျ အခွန်ကောက်ဖို့ ကြိုးစားလာတာဟာ လုပ်ငန်းခွင်ထဲကို တရားဝင် လက်ခံလိုက်တဲ့ သဘောပါပဲ။

🚀💰 ဒီ "Digital Asset PARITY Act" သာ လွှတ်တော် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ရင် ကမ္ဘာ့ Crypto ဈေးကွက်ထဲကို ဒေါ်လာဘီလီယံပေါင်းများစွာ အဟန့်အတားမရှိ စီးဝင်လာဖို့ လမ်းစပွင့်သွားပြီဖြစ်ပါတယ်။

💎🙌 ဒါက ရေရှည် (Long-term) ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဆွေတို့အတွက်တော့ တကယ့် အဖိုးဖြတ်လို့မရတဲ့ သတင်းကောင်းကြီးပါ

💬👇 ဒီဥပဒေကြမ်းသာ ပြည့်ပြည့်ဝဝလည်ပတ်ရင် ဈေး အတော်လေး တက်နိုင်ဖွယ်ရှိပါတယ်။ မိတ်ဆဆွတို့ရော Bitcoin ဈေး ဘယ်လောက်ထိ တက်မယ်လို့ထင်လဲ ဆိုတာ အောက်က Comments မှာ ရေးခဲ့ပေးပါဦး

05/02/2026

TRON (TRX) Coin Review

TRX ဆိုတာ ဘာပါလဲ။ TRON ဟာ အကြောင်း အရာ မျှဝေခြင်း၊ dApps၊ စမတ်စာချုပ်တွေ၊ အထူးသဖြင့် Stablecoin အခြေပြု ငွေပေးချေမှုတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာတဲ့ Layer-1 ဘလောက်ချိန်းတစ်ခုဖြစ်ပါတယ်။ TRX ကတော့ အဲဒီကွန်ရက်ရဲ့ မူရင်း cryptocurrency တစ်ခုဖြစ်ပြီး ကိုယ်ပိုင် Mainnet ရှိတဲ့ Native Coin တစ်ခုဖြစ်ပါတယ်။ TRON ရဲ့ အဓိက ရည်မှန်းချက်ကတော့ အင်တာနက်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး အကြောင်းအရာ ဖန်တီးသူတွေကို တိုက်ရိုက်အကျိုးခံစားခွင့်ပေးဖို့ ဖြစ်ပါတယ်။

TRX ဈေးနှုန်းဟာ တစ်ကြောင်းကို အမေရိကန်ဒေါ်လာ (၀.၃၂၂) ကနေ (၀.၃၂၄) ဝန်းကျင်မှာ ရှိပြီး အနည်းငယ် အတက်အကျရှိပါတယ်။ (၂၄) နာရီအတွင်း အရောင်းအဝယ်ပမာဏဟာ ဒေါ်လာ သန်း (၄၅၀) ကနေ (၆၆၅) သန်းအထိရှိကာ ငွေဖြစ်လွယ်မှု ကောင်းမွန်ပါတယ်။ စျေးကွက်တန်ဖိုးက ဒေါ်လာ (၃၀.၆) ဘီလီယံကနေ (၃၀.၇) ဘီလီယံဝန်းကျင်ရှိပြီး ထိပ်တန်း cryptocurrency (၈) ခုမှ (၁၀) ခုအတွင်း အမြဲပါဝင်ပါတယ်။ လက်ရှိမှာ TRX အကြောင်း (၉၄.၈) ဘီလီယံ လည်ပတ်နေပြီး အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ ပမာဏကတော့ အကန့်အသတ်မရှိပါဘူး။

TRON ကို Justin Sun က (၂၀၁၇) ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကနဦး ICO မှာ အမေရိကန်ဒေါ်လာ သန်း (၇၀) စုဆောင်းနိုင်ခဲ့ပါတယ်။ အစပိုင်းမှာ TRX ကို Ethereum ကွန်ရက်ပေါ်မှာ ERC-20 Token အဖြစ် ထုတ်ခဲ့ပေမယ့် (၂၀၁၈) ခုနှစ် ဇွန်လမှာ ကိုယ်ပိုင် Mainnet ကို စတင်ခဲ့ပြီး TRX ကို ကိုယ်ပိုင်ကွန်ရက်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ BitTorrent ကို ဝယ်ယူခြင်းအားဖြင့် ဖိုင်မျှဝေခြင်းနယ်ပယ်ကိုပါ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

(၂၀၂၁) ခုနှစ်မှာ TRON Foundation ကို TRON DAO အဖြစ် ပြောင်းလဲခဲ့ပြီး ဆုံးဖြတ်ချက်ချခြင်းကို လူထုဆီသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီပြောင်းလဲမှုက TRON ကို ပိုမိုဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ ဦးတည်ချက်ကို ရောက်ရှိစေခဲ့ပါတယ်။ အဲဒီကတည်းက TRON ဟာ Stablecoin အသုံးပြုမှု၊ DeFi နဲ့ dApps တွေအတွက် အဓိကနေရာမှာ ရှိနေခဲ့ပါတယ်။ ယနေ့အချိန်အထိ TRON ဟာ ကမ္ဘာ့ထိပ်တန်း blockchain ကွန်ရက်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

TRX ရဲ့ ကနဦး ထုတ်ပေးခဲ့တဲ့ အရေအတွက်က (၁၀၀) ဘီလီယံဖြစ်ပြီး ICO ကနေ (၄၀%) ရောင်းချခဲ့ပါတယ်။ လက်ရှိမှာ TRX အကြောင်း (၉၄.၈) ဘီလီယံ လည်ပတ်နေပြီး အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ ပမာဏကတော့ အကန့်အသတ်မရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်းဟာ အလွန်နိမ့်ပြီး (၀.၄%) ဝန်းကျင်သာ ရှိပါတယ်။ TRX ရဲ့ အဓိက အသုံးပြုပုံတွေကတော့ Network အခကြေးငွေ ပေးချေခြင်း၊ Staking လုပ်ခြင်းနဲ့ Governance (အုပ်ချုပ်ရေးပိုင်း) မှာ ပါဝင်ခြင်းတို့ ဖြစ်ပါတယ်။

TRX ရဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတစ်ခုက အရောင်း အဝယ်လုပ်တိုင်း TRX အနည်းငယ်ကို ဖျက်ဆီးပစ်တဲ့ စနစ် (Burning) ဖြစ်ပါတယ်။ ဒုတိယက Block Reward နဲ့ Staking Reward တွေကို လျှော့ချခြင်းဖြစ်ပြီး တတိယကတော့ အသုံးပြုသူတွေ TRX ကို Staking လုပ်ခြင်းအားဖြင့် စျေးကွက်ထဲ လည်ပတ်နေတဲ့ TRX ပမာဏကို လျှော့ချပေးတာ ဖြစ်ပါတယ်။ ဒီစနစ်တွေကြောင့် TRX ဟာ ငွေကြေးဖောင်းပွမှုအန္တရာယ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။

TRON ဟာ Stablecoin အတွက် အဓိကကွန်ရက်တစ်ခု ဖြစ်လာပြီး USDT ပမာဏ ဒေါ်လာ (၈၆.၇) ဘီလီယံအထိ ရှိကာ ကမ္ဘာ့ Stablecoin စျေးကွက်ရဲ့ (၂၇%) ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ နေ့စဉ် အသုံးပြုသူ (၃) သန်းကျော်ရှိပြီး အရောင်းအဝယ်‌တွေ အားကောင်းနေပါတယ်။

(၂၀၂၆) ခုနှစ်မှာ Quantum-Resistant လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုကို စတင်ဖို့ကိုလည်းစီစဉ်ထားပါတယ်။ဒါ့အပြင် Staking လုပ်ထားသူတွေအတွက် reward နည်းပါးအောင် ချိန်ညှိထားပြီး၊ ဖျက်ဆီးပစ်တဲ့စနစ်ကြောင့်လည်း ငွေကြေးဖောင်းပွမှုနှုန်းဟာ (၀.၄%) ဝန်းကျင်သာ ရှိနေတာပါ။

ဒါဆိုရင် TRX က ဘယ်လို cryptocurrency လဲဆိုတာကို နိဂုံးချုပ်ရရင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ပြောင်းလဲစေနိုင်တဲ့၊ အလားအလာရှိတဲ့ cryptocurrency တစ်ခုဖြစ်တာ မှန်ပေမယ့် စျေးနှုန်းအတက်အကျ မြင့်မားခြင်းက တည်ငြိမ်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုတော့ မဖြစ်‌စေပါဘူး။ Trade တဲ့အခါ ဈေးအတက်အကျကို သုံးသပ်နိုင်စွမ်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရင်းနှီး မြှုပ်နှံမှုတိုင်းမှာ Risk ရှိတာမို့ D.Y.O.R ပြုလုပ်ပြီးမှ ဆုံးဖြတ်ကြပါလို့ အကြံပြုလိုက်ရပါတယ်။

-Jack(MCM)

Address

South San Francisco, CA
94080

Opening Hours

Monday 9am - 8pm
Tuesday 9am - 8pm
Wednesday 9am - 8pm
Thursday 9am - 8pm
Friday 9am - 8pm
Saturday 9am - 8pm
Sunday 9am - 9pm

Alerts

Be the first to know and let us send you an email when Lewis Aung Taxes & Financial posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lewis Aung Taxes & Financial:

Shortcuts

Share