Lifestyle Blog by Thurein Phone Sett

Lifestyle Blog by Thurein Phone Sett "Elevate Your Lifestyle"

07/18/2023

Think Outside the Box!

ဘာဘဲလုပ်လုပ် အများနဲ့မတူအောင်လုပ်ပါ၊ မတူအောင်တွေးပါ၊
မတူအောင်ကြိုးစားပါ၊ သူများနဲ့မတူအောင် အောင်မြင်ကြီးပွား
ပါမယ်။

ယခုပေ့ချ်အသစ်ကိုလဲ Like, Follow, Share, လုပ်ပြီးအားပေး
လို့ရပါတယ်။

www.facebook.com/lifestylencers

အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် "Blended Marketing"
07/13/2023

အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် "Blended Marketing"

“Blended Marketing”
======================================
Certified High-Ticket Closer & Coach တစ်ယောက်
အနေနဲ့ ယနေ့မျှဝေပေးချင်တာက………။

ကမ္ဘာတဝှမ်းမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်မျိုးစုံ၊ ဝန်
ဆောင်မှုမျိုးစုံကို ရိုးရာယဉ်ကျေးမှုဘာသာစကားမတူ
ညီတဲ့ နိုင်ငံအကြားကူးသန်းရောင်းဝယ်ဖြန့်ဖြူးကြတဲ့
အခါ နေရာ၊ဒေသ၊တော၊တောင်၊ ရာသီဥတုပေါ်မူတည်
ပြီး universal system ကိုစံထားပြီး၊ အတတ်နိုင်ဆုံးနီး
ကပ်စွာ ချဉ်းကပ်လုပ်ဆောင်ရပါတယ်။

ဥပမာ- တရုတ်ရိုးရာအစားအစာကို အနောက်ဥရောပ
နိုင်ငံတွေမှာ စျေးကွက်ချဲ့ထွင်တဲ့အခါ တရုတ်အရသာ
နဲ့ အနောက်ဥရောပအရသာကို သင့်တင့်မျှတစွာ ရော
စပ်စဉ်းစားပြီး ရိုးရာအရသာမပျက်အောင် ချိန်ဆချက်
ပြုတ်ပြီး ရောင်းချနိုင်မှသာ စီးပွါးဖြစ်ရပ်တည်နိုင်ပါ
မယ်။

ကျနော်တို့ ဘိုးဘွားမိဘစဉ်ဆက် ခေတ်တစ်ခုနဲ့တစ်ခု
ကြား အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု မတူညီတဲ့အခါ
“Blended Marketing” ကအဓိကထည့်တွက် စဉ်းစားရမဲ့
အထဲပါလာပါတယ်။

ကမ္ဘာ့အမှတ်တံဆိပ်တွေ နိုင်ငံတကာကိုထိုးဖောက်ဝင်
ရောက်တဲ့အခါ ဘာကြောင့်အချိန်တိုတိုနဲ့ စျေးကွက်
နံပါတ် (၁) ဖြစ်လာပြီး၊ ပြည်တွင်းလုပ်ငန်းရှင်တွေ အ
ချိန်၊ ငွေအရင်းအနှီး၊ အတွေ့အကြုံ၊ နှစ်ရှည်တည်
ဆောက်ထားတဲ့ အမှတ်တံဆိပ်တွေက စျေးကွက်ထဲ
ကအလျှိုလျှိုပျောက်ကွယ်သွားရတာလဲ………။

အဖြေကရိုးရှင်းပါတယ်….ကိုယ်ထုတ်လုပ်ရောင်းချတဲ့
ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုပေးတဲ့အခါ ယေဘု
ယျအားဖြင့် business model နဲ့ plan ရေးဆွဲတဲ့အခါ
ကွာတားအလိုက်၊ နှစ်အလိုက်၊ ရေရှည်စီမံကိန်းရေးဆွဲ
ကြပေမဲ့ “ပြည်တွင်း”ကိုအဓိကဦးစားပေးပြီးစဉ်းစား
တာများပါတယ်။ အနာဂတ်မှာ ဝင်ရောက်လာနိုင်တဲ့
ပြည်ပမိသားစုတွေအတွက် ကာလအပိုင်းအခြားသတ်
မှတ်ရေးဆွဲဖို့၊ အစီအစဉ်ချလုပ်ဆောင်ဖို့ အတွေ့အကြုံ
မရှိသလို မသိတာလဲဖြစ်နိုင်ပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်အများစုက မိသားစုစီးပွါးရေး
လုပ်ငန်းကရင် တိုးတက်ပြောင်းလဲလာတဲ့ခေတ်အ
လိုက်သာ ကုမ္ပဏီအဖြစ်ပြောင်းလဲဦးဆောင်ကြပေမဲ့
ပြည်ပအတွေ့အကြုံနဲ့ ခေတ်ပညာ၊ နည်းပညာလေ့လာလိုက်စားမှုမှာ အချိန်ပေးမမြှုပ်နှံကြသလို၊ ဝန်ထမ်း ရာ
ထူးအလိုက် မြှုပ်နှံရမှာ အမြှော်အမြင်နည်းတဲ့အတွက်
ဂျာအေးသူ့အမေရိုက်နေပါတယ်။

ယနေ့ကမ္ဘာတလွှားက မီလျံနာ၊ ဘီလျံနာတွေကိုလေ့လာ
ကြည့်ရင် ရုံးချိန်ပြီးရင် ပကာသနတွေထုံမွှန်းနေတဲ့ ပွဲ
တွေအလီလီတက်ရောက်တာ၊ အသောက်အစား၊ အပျော်
အပါးနဲ့ လောင်းကစားလုပ်တာတွေကို ဆိုရှယ်မီဒီယာ
ပေါ်မှာပို့စ်တွေတင်ကြတာထက်၊ တိတ်ဆိတ်စွာ အိမ်စာ
ဖတ်ခန်းမှာ စာဖတ်၊ နည်းပညာသစ်/မြင့်တွေလေ့လာ၊
အချင်းချင်းမျှဝေပြီး မီလျံ၊ ဘီလျံစာချုပ်တွေထိုးကာ
ပိုကြီးပွါးချမ်းသာလာကြပါတယ်။

နိုင်ငံတကာက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက သူ့ထက်
ငါအပြိုင် “Blend Marketing & Communication” လုပ်
နေကြတဲ့ခေတ်မှာ ကျနော်တို့က ပြည်ပအမှတ်တံဆိပ်
နဲ့ ဝန်ဆောင်မှုတွေကို ပြည်တွင်းနဲ့ ရောစပ်ဖို့ပဲ အာရုံစိုက်
နေမလား သို့မဟုတ် ပြည်တွင်းအမှတ်တံဆိပ်နဲ့ ဝန်
ဆောင်မှုတွေကို ပြည်ပကအာရုံစိုက်ခံရဖို့ Industry အ
လိုက် ကဏ္ဍအလိုက်တက်ညီလက်ညီတောင့်ခံဆောင်
ရွက်ကြမလားဆိုတာ စဉ်းစားသုံးသပ်နိုင်အောင်မျှဝေ
လိုက်ရပါတယ်။

****အသစ်တွေဘယ်လောက်ကောင်းကောင်း အဟောင်း
သံသရာလည်နေရအုံးမှာပဲဆိုရိုးစကားကို နှလုံးမူပြီး နေ
ရာမမှန်၊ အသုံးချမမှန်ခဲ့ရင် ကမ္ဘာ့အနောက်ကျဆုံးနိုင်ငံ
အဖြစ် ဂင်းနစ်စာရင်းဝင်သွားမည်သာ….။




07/08/2023

မင်္ဂလာပါ…။

မြန်မာရွှေ့ပြောင်းအခြေချသူများနှင့် မိသားစုဝင်များ
၏ အမေရိကန်လူနေမှုဘဝတိုးတက်စေရန် ရည်ရွယ်
တည်ထောင်ထားတဲ့ Lifestylencers by Phil & Zac
ကကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။

အမေရိကကို ရွှေ့ပြောင်းအခြေချသူများနှင့် မိသားစု
ဝင်များ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ၊ နေထိုင်ရပ်
တည်နိုင်ရေးနဲ့ ရည်ရွယ်ချက်ပန်းတိုင်များ အချိန်နဲ့တ
ပြေးညီပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ကယ်
လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့ကရင် အခြေ
ပြုပြီး ကူညီမျှဝေပေးသွားမှာဖြစ်ပါတယ်။

အမေရိကန်၏ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊
စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်
အကိုင်ရှာဖွေရေး၊ ခရီးသွားစတဲ့ အခြေခံအကြောင်းအ
ရာတွေကို အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းမှုသက်သာ
အောင်၊ လူမျိုးခြားတွေနဲ့ ယှဉ်တွဲနေထိုင်လုပ်ကိုင်နိုင်
အောင်၊ မိမိခြေထောက်ပေါ်ရပ်တည်နိုင်အောင် အကြံ
ဥာဏ်ကောင်းများ မျှဝေပေးသွားပါမယ်။

မိတ်ဆွေတို့ရဲ့ လူနေမှုဘဝ အချိန်နဲ့တပြေးညီ ပြောင်း
လဲတိုးတက်ပြီး၊ ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်ကြီး
ပွါးချင်သူများအားလုံးပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါ
တယ်။

“အတူတကွ တိုးတက်ကြရအောင်နော်”

Welcome to Elevate Your American Lifestyle, which brought you Lifestylencers by Phil & Zac!

We’re based in San Francisco Bay Area, California, and are dedicated to helping Burmese immigrant individuals and families across the United States enhance their lives and achieve their goals.

Discover expert advice, transformative programs, and a supportive community that will empower you to unlock your full potential.

Join us on this transformative journey and elevate yourself to new heights of success and happiness. Let’s rise together!

Please Like, Share, and Comment;
www.facebook.com/lifestylencers

အိပ်မက်တွေက....စျေးကြီးတယ်။အပိုင်း (၄)လက်တလော ကမ္ဘာတလွှားမှာ အရမ်းကိုခေတ်စားနေတဲ့လူတို့ဥာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဥ်တု...
02/13/2023

အိပ်မက်တွေက....စျေးကြီးတယ်။

အပိုင်း (၄)

လက်တလော ကမ္ဘာတလွှားမှာ အရမ်းကိုခေတ်စားနေတဲ့
လူတို့ဥာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဥ်တုပနိုင်တဲ့ (AI)
တွေပေါ်ပေါက်လာတဲ့အချိန်မှာ လူသားအရင်းအမြစ်ထက်
စက်ရုပ်တွေက မကြာခင် အခြေခံလုပ်ငန်း၊ ဝန်ထမ်းနဲ့ အ
လုပ်သမားနေရာတွေမှာ အစားထိုးဝင်ရောက်တော့မှာဖြစ်
လို့ အခြေခံဝန်ထမ်း၊ အလုပ်သမားကရင်စပြီး အလယ်အ
ဆင့်၊ ၎င်းကရင်စပြီး အပေါ်အဆင့်တွေထိ စိုးရိမ်ပူပန်မှု
တွေရှိလာနေကြပါတယ်။

ပြည်တွင်းက လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ကုမ္ပ
ဏီဌာနအသီးသီးက ဝန်ထမ်းလူငယ်များ၊ အောက်ခြေစက်
ရုံအလုပ်ရုံဝန်ထမ်းများ၊ အလုပ်သမားများလဲ အသင့်ပြင်
ဆင်ထားကြဖို့ လိုနေပါပြီ။

လက်ရှိနိုင်ငံရေးအခြေအနေမည်မျှပင် ယိမ်းယိုင်နေစေကာ
မူ မိမိကိုယ်ပိုင်အရည်အချင်းတွေကို ခေတ်စနစ်နဲ့အညီမြှင့်
တင်ဖို့လိုအပ်နေပါပြီ။

တစ်သက်လုံး မိရိုးဖလာစီးပွားရေးလုပ်ငန်း၊ မိရိုးဖလာအ
တွေးအခေါ်အကြံအစည်၊ အရည်အချင်းနဲ့ ပြည်ပကနာမည်
ရအမှတ်တံဆိပ်၊ ဝန်ဆောင်မှုတွေကို သူ့ထက်ငါအပြိုင်သွင်း
ရောင်းတဲ့ခေတ်၊ ကိုယ်စားလှယ်ယူရောင်းတဲ့ခေတ်မရှိတော့
ပါဘူး။

ယခုအချိန်က မိမိကိုယ်ပိုင်အမှတ်တံဆိပ်၊ ထုတ်ကုန်ပစ္စည်း၊
ဝန်ဆောင်မှုတွေကို ဖန်တီးတည်ဆောက်ပြီး စျေးကွက်ထဲမှာ
သူ့ထက်ငါအပြိုင်စျေးကွက်ဖောက်ပြီး ရပ်တည်ရမဲ့အချိန်
ဖြစ်သလို အိမ်နီးခြင်းနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ဖို့ နည်း
စနစ်ကျနစွာ ကြိုးစားပြင်ဆင်ရမဲ့အချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးမွေးမြူရေးကို အဓိကအားထား
ရတဲ့ ဗီယက်နမ်နိုင်ငံတောင် စက်မှုစီးပွားရေးဖက်ကို အဓိ
ကဦးတည်လုပ်ကိုင်နေကြပြီး ကမ္ဘာတလွှားက နာမည်ကြီး
ထုတ်ကုန်တွေ၊ ကိုယ်ပိုင်ထုတ်ကုန်တွေထုတ်လုပ်ပြီး အာရှ
နိုင်ငံတွေကို တင်ပို့ရောင်းချနိုင်လို့ စက်ရုံအလုပ်ရုံအလုပ်
သမားကရင်စပြီး အပေါ်စီမံခန့်ခွဲရေးတွေအထိ ဘဝတိုး
တက်မြင့်မားနေကြပါပြီ။

လက်ရှိပြည်ပနိုင်ငံတွေရဲ့ စက်ရုံအလုပ်ရုံအသီးသီးမှာ အ
လုပ်လုပ်နေကြတဲ့ လူငယ်တွေအနေနဲ့ အလုပ်သမားစိတ်
နဲ့ အလုပ်လုပ်နေကြမဲ့အစား လုပ်ငန်းရှင်စိတ်ထားပြီး မိမိ
လုပ်ကိုင်နေရတဲ့ စက်ရုံအလုပ်ရုံတွေနဲ့ပတ်သက်တဲ့ လုပ်
ငန်းခွင်ပညာ၊ စက်ပစ္စည်း၊ ပြည်တွင်းပြည်ပစျေးကွက်၊
ကုန်ကြမ်း၊ ထုတ်ပိုးမှု၊ သယ်ယူပို့ဆောင်ရေးစတာတွေ
ကို တဖက်တလမ်းက သင်ယူလေ့လာပြီး မြန်မာပြည်
တွင်းက လုပ်ငန်းရှင်တွေနဲ့ဆက်သွယ်၍ဖြစ်စေ၊ တတ်
မြောက်ကျွမ်းကျင်နေတဲ့ပညာတူ၊ စိတ်တူကိုယ်တူ၊ အ
လုပ်သမားအချင်းချင်းပေါင်းစည်း၍ အိမ်တွင်းစက်မှု
လက်မှုလုပ်ငန်းတည်ထောင်နိုင်အောင် သင်ယူလေ့လာ
ထားကြဖို့ တိုက်တွန်းလိုပါတယ်။

ပြည်တွင်းမှာ အလုပ်ရှာရခက်လို့ စားဝတ်နေရေးမပြေ
လည်လို့ ညီအစ်ကိုမောင်နှမနဲ့ မိသားစုတွေကို ပြန်လည်
ကြည့်ရှုစောင့်ရှောက်ဖို့ ရည်ရွယ်ချက်အပြင် မိမိဘဝရေ
ရှည်အာမခံချက်ရအောင် ရည်ရွယ်ချက်ထားပြီး လုပ်
ကိုင်နိုင်လျှင် ပိုအကျိုးရှိပါမယ်။

ပြည်ပမှာ ဆယ်စုနှစ်တစ်ခုကြာ သွားရောက်လုပ်ကိုင်ခဲ့
ပြီး နေရပ်မိခင်နိုင်ငံပြန်လာတဲ့အခါ မိခင်နိုင်ငံနဲ့အံဝင်
ခွင်ကျမဖြစ်တော့လို့ ပါလာသမျှစုဆောင်းငွေနဲ့ ရှေ့မှာ
ပို့ထားတဲ့ငွေကို ဆက်လက်တိုးပွားအောင်မလုပ်တတ်
တော့ပဲ နေ့စဥ်မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပျော်အပါး
အသောက်အစားနဲ့ အချိန်ကုန်လုံးပါးပါးသွားကြသူတွေ
အများကြီးတွေ့မြင်ဖူးကြမှာပါ။

ပြည်ပမှာ နှစ်ပေါင်းများစွာ စျေးကြီးကြီးပေးပြီး မက်ခဲ့
တဲ့ ရွှေရောင်အိပ်မက်တွေကို မိမိဘဝနဲ့မိသားစုအတွက်
တစ်သက်စာအကျိုးရှိအောင် ရင်းနှီးမြှုပ်နှံတတ်တဲ့ အ
ရည်အချင်း၊ အမြှောင်အမြင်၊ စီးပွားရေးပညာ၊ အသိသ
တိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ ဗဟုသုတ၊ ဘာသာ
စကား၊ အတွေ့အကြုံစတာတွေကို စဥ်ဆက်မပြတ်လေ့
လာသင်ယူနေပြီး လက်တွေ့အသုံးချတတ်တဲ့သူတွေသာ
အောင်မြင်တိုးတက်ကြပြီး ရေရှည်ရပ်တည်နိုင်ကြပါ
တယ်။

သူရိန်ဘုန်းဆက် (Lifestyle Blogger)

Please Like, Follow, Comment, & Share
https://www.facebook.com/thureinphonesett

#အိမ်မက်တွေကစျေးကြီးတယ်

ပုံသေအတွေးအခေါ် ဆိုးကျိုးများ (Stereotype Threats)အပိုင်း (၆)မနေ့က ကျနော့် ပရိုဖိုင်က Feed မှာတက်လာတဲ့ မီဒီယာနှစ်ခုက အင်...
02/10/2023

ပုံသေအတွေးအခေါ် ဆိုးကျိုးများ (Stereotype Threats)

အပိုင်း (၆)

မနေ့က ကျနော့် ပရိုဖိုင်က Feed မှာတက်လာတဲ့
မီဒီယာနှစ်ခုက အင်တာဗျူးနှစ်ခုကို တဆက်တည်း
ကြည့်မိတဲ့အချိန်မှာ ပြည်တွင်းက တစ်ချို့သော
ဝေဖန်ရေးနဲ့ လေကန်ရေးသမားတွေက တပါးသူ
ရဲ့မွေးရာပါအားနည်းချက်ကို မျိုးစုံပြောဆိုဝေဖန်
ကြလို့ မိဘဖြစ်သူက ဝမ်းနည်းပက်လက်ဖြေဆိုနေ
တာကြည့်ပြီး မိဘခြင်း ကိုယ်ချင်းစာသလို၊ ကာယ
ကံရှင်အတွက်လဲ စိတ်မကောင်းဖြစ်ရပါတယ်။

ဒီမိုကရေစီထွန်းကားတဲ့ အနောက်နိုင်ငံတွေမှာ ယခု
လိုမျိုးဖြစ်ရပ်မျိုးတွေနဲ့ပတ်သက်ပြီး တင်းတင်း
ကြပ်ကြပ် ဥပဒေတွေပြဌာန်းထားပြီး၊ ဒဏ်ငွေနဲ့
ထောင်ချတဲ့အထိတောင် ပြစ်ဒဏ်ပေးပြီး အကာအ
ကွယ်အပြည့်ပေးထားသလို သာမန်လူတွေထက်
အခွင့်အထူးရရှိပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

ဒုတိယအင်တာဗျူးတစ်ခုမှာ ပရောဖက်ရှင်နယ်တစ်
ယောက်ကို အပေါ်ယံအမြင်နဲ့ကြည့်ပြီး ဝေဖန်လေ
ကန်ထားတာကို ကာယကံရှင်ဖြစ်သူက စိတ်ရှည်လက်
ရှည်ပြန်ရှင်းပြထားတာလေးပါ။

ကျနော်ကိုယ်တိုင်လဲ ငယ်စဥ်ကဝေဖန်ရေးနဲ့ လေကန်ရေး
သမားတစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်။ ၎င်းအကျင့်ဆိုးနဲ့
ဆိုးကျိုးတွေက အသက် ၁၈နှစ်အရွယ် အမေရိကန်ပြည်
ထောင်စုကိုပြောင်းရွှေ့နေထိုင်ချိန်ကရင်စပြီး ပတ်ဝန်း
ကျင်၊ အသိုင်းအဝိုင်း၊ နိုင်ငံပြောင်းလဲသွားတဲ့အတွက်
အမေရိကန်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကြားထဲမှာ
တဖြည်းဖြည်းနဲ့ပြောင်းလဲ ပျော်ဝင်ခဲ့ပြီး သင်ခန်းစာ
များစွာရရှိကာ အယုတ်အလတ်အမြတ်မရွေး လူလူချင်း
ကိုယ်ချင်းစာတရားနဲ့ လေးစားတန်ဖိုးထားဆက်ဆံတတ်
လာခဲ့ပါတယ်။

American System ဆိုတာ ဖာသိဖာသာ၊ မသိကျိုးကျွံ
ပြုပြီး တကိုယ်ကောင်းဆန်တတ်အောင်၊ ကိုယ်ချင်းစာ
တရားခေါင်းပါးပြီး လူမျိုးကြီးဝါဒစိတ်ထားကာ ကြီးနိုင်
ငယ်ညှင်း၊ ရှိသမျိုးမရှိသမျိုးလုပ်တတ်တဲ့ လူတွေရဲ့တိမ်
ဖျင်းတဲ့စိတ်ဓါတ်တွေကိုမြှင့်တင်ပြောင်းလဲနိုင်ဖို့ လူအချင်း
ချင်း လေးစားတန်ဖိုးထားတတ်ဖို့၊ ဆင်းရဲချမ်းသာ အယုတ်
အလတ်အမြတ်မရွေး ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်ခြေ
ထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် အမှန်ကိုအမှန်၊ အမှား
ကိုအမှား ခွဲခြားသိမြင်ပြီး ရဲရဲဝံ့ဝံ့ပြောဆိုလုပ်ကိုင်ရဲအောင်
ကိုယ်ပိုင်အခွင့်အရေးကို သိရှိနားလည်ပြီး အခြားသူတွေရဲ့
ကိုယ်ပိုင်တန်ဖိုးနဲ့ အခွင့်အရေးကို အပျက်သဘောဆောင်
ပြောဆိုဝေဖန်တာတွေမဖြစ်အောင်၊ အားကြီးသူက အား
နည်းသူကို ဗိုလ်ကျအနိုင်ကျင့်လို့မရအောင်၊ အထင်သေး
အမြင်သေးဆက်ဆံမခံရအောင်၊ လူမျိုးပေါင်းစုံ အတူတ
ကွပေါင်းသင်းနေထိုင်နိုင်အောင် တင်းကြပ်တဲ့ဥပဒေများ
ချမှတ်ရေးဆွဲပြီး ဖောက်ဖျက်သူတွေကို တကယ်အရေး
ယူတဲ့ system ဖြစ်ပါတယ်။

အထက်ကဖြစ်ရပ်မျိုး အမေရိကန်ပြည်ထောင်စုမှာ ဖြစ်
ခဲ့ရင် တရားစွဲခံရပြီး လျော်ကြေးငွေအ​မြှောက်အမြားပေး
လျော်ရလို့ ရှိသမျှ စည်းစိမ်ပြောင်သွားနိုင်ပါတယ်။

လူငယ်တွေထဲမှာ အဆိုးမြင်စိတ်နဲ့ အမြဲဝေဖန်လေကန်တဲ့
သူတွေရှိခဲ့ရင် အမြန်ဆုံးပြင်ဆင်ပြီး အရာရာကိုအကောင်း
မြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့ သူတပါးရဲ့ဘဝကိုထိ
ခိုက်နစ်နာနစ်မွန်းစေမဲ့ အဆိပ်အတောက်ဖြစ်စေမဲ့ ဝေဖန်
​ပြစ်တင်ပြောဆိုတာတွေကိုရှောင်ရှားပြီး သူတပါးအား
နည်းချက် အမှားတွေကို မိမိရဲ့ကိုယ်ပိုင်အားနည်းချက်၊
အမှားတွေနဲ့တိုက်ဆိုင်ပြီး မိမိကိုယ်တိုင်အမှန်ဖြစ်အောင်
လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

နေ့စဥ်လူ့လောကမှာ သင်စရာ၊ ကြားစရာ၊ မြင်စရာတွေက
ကိုယ့်အနီးနားပတ်ဝန်းကျင်မှာရှိနေတာမို့ ငွေကုန်ကြေးကျ
ခံပြီး သင်ယူစရာမလိုပါဘူး။ အရာရာအားလုံးကယူတတ်
ရင် ဆေးဖြစ်သလို မယူတတ်ရင် ဘေးဖြစ်သွားတာပါပဲ။

ကျနော်ကတော့ ဘာလုပ်လုပ်သိအောင်ကြိုးစားသလို အ
တတ်နိုင်ဆုံး သတိစွဲပြီးနေပါတယ်။ လူတိုင်းရဲ့ကောင်းတဲ့
အချက်တွေကို သင်ယူသလို မကောင်းတဲ့အချက်တွေကို
လဲ အတုယူပြီး သူတို့လိုအလားတူအမှားမျိုးမဖြစ်ရအောင်
ရှောင်ကြည်ပါတယ်။ ဘဝကိုအောက်ခြေကရင်စပြီး လော
ကကြီးကို အရှုံးမပေးပဲ ရင်ဆိုင်ကျော်ဖြတ်နေသူတိုင်း
(ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး) လေးစား
တန်ဖိုးထားပါတယ်။ မိမိဘဝကိုတန်ဖိုးမထားပဲ ပေါ့ပေါ့နေ
ပေါ့ပေါ့စား အောက်ခြေလွတ်ဘဝင်မြင့်သူတွေ၊ လူပေါ်လူ
ကျော်လုပ်သူတွေ၊ ကြီးနိုင်ငယ်ညှင်းပြီး သွေးနားထင်ရောက်
နေသူတွေ (ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး)
လုံးဝအထင်မကြီးသလို လေးစားတန်ဖိုးမထားတတ်သလို
လူမှုရေးအရ ကိုယ်ပေါင်းစိတ်ခွာဆက်ဆံပါတယ်။

တန်ဖိုးဆိုတာ လူတိုင်းကိုထားလို့မရပါဘူး။ ရုပ်ဝတ္ထုပစ္စည်း
ဂုဏ်ပကာသန၊ ငွေကြေးကြွယ်ဝချမ်းသာမှုကြောင့်ဆိုရင်
မိမိကိုတန်ဖိုးထားတာမဟုတ်ပါဘူး။ ၎င်းအရာတွေကြောင့်
ဆိုတာ လူငယ်တွေခွဲခြားသိမြင်ဖို့လိုပါတယ်။ ရန်သူမျိုးငါး
ပါးခိုးယူလို့မရတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊
ဘာသာစကား၊ ဗဟုသုတ၊ အရည်အချင်း၊ ကိုယ်ချင်းစာ
တရား၊ ​အပြန်အလှန်လေးစားတန်ဖိုးထားတတ်တာတွေ
ပိုင်ဆိုင်ထားသူတွေကိုသာ လူတိုင်းက အမှန်တကယ်လေး
စားတန်ဖိုးထားကြပါတယ်။

လူငယ်တွေ မိမိကိုတန်ဖိုးထားစေချင်ရင် သူများကိုအရင်
တန်ဖိုးထားတတ်သူဖြစ်ရမှာဖြစ်သလို မိမိကိုယ်တန်ဖိုး
ထားခံရအောင် ကိုယ်တိုင်ကကြိုးစားပြုပြင်ပြောင်းလဲ
ရမှာဖြစ်ပါတယ်။

အပိုင်း (၇) ဆက်ရန်။

သူရိန်ဘုန်းဆက် (Lifestyle Blogger)

Please Like, Follow, Comment, & Share
https://www.facebook.com/thureinphonesett


အိပ်မက်တွေက.....စျေးကြီးတယ်။အပိုင်း (၃)လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မြန်မာပြည်မှာ ကမ္ဘာ့ကုန်အမှတ်တံဆိပ်ကြီးတွေဖြစ်တဲ့ Coca Co...
02/08/2023

အိပ်မက်တွေက.....စျေးကြီးတယ်။

အပိုင်း (၃)

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မြန်မာပြည်မှာ ကမ္ဘာ့ကုန်အ
မှတ်တံဆိပ်ကြီးတွေဖြစ်တဲ့ Coca Cola, Pepsi, Unilever,
P&G နဲ့ Colgate-Palmolive တို့အပြိုင်ဝင်ရောက်လာ
တဲ့အခါ မိတ်ဖက်ပါတနာ (Joint Venture) လုပ်ဖို့၊ ပြည်
တွင်းက နိုင်ငံတကာအဆင့်မီစီမံခန့်ခွဲမှုကောင်းတဲ့၊ လူသိ
များပြီး၊ မြန်မာပြည်တလွှား ဖြန့်ချိရေးကွန်ယက်ကောင်း
တဲ့၊ ဘဏ္ဍာရေးနဲ့ လူသားအရင်းအမြစ်ပြည့်စုံတဲ့၊ အကြီး
စားလုပ်ငန်း (Large Enterprise) တွေကို ဇကာစစ်ပြီး
၎င်းတို့ရဲ့နိုင်ငံတကာစည်းမျဥ်းသတ်မှတ်ချက်တွေနဲ့နီး
စပ်တဲ့ ကုမ္ပဏီကြီးတွေနဲ့ မိတ်ဖက်ပူးပေါင်းပြီး၊ ပြည်တွင်း
ကုမ္ပဏီကြီးတွေရဲ့ နာမည်ရအမှတ်တံဆိပ်နဲ့ ကုမ္ပဏီကို
ဒေါ်လာသန်းပေါင်း ဆယ်ဂဏန်းကရင် ရာဂဏန်းထိပေး
ဝယ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်နေတာ လူတိုင်းသိကြ
မယ်ထင်ပါတယ်။

အသေးစား၊ အလတ်စား ကုမ္ပဏီတွေတည်ထောင်ပြီး အ
ကြီးစားဖြစ်ဖို့ တာစူနေတဲ့လုပ်ငန်းတွေကို ကမ္ဘာ့အမှတ်တံ
ဆိပ်ကုမ္ပဏီကြီးတွေက ဘာကြောင့်ပူးပေါင်းဖို့ အသေးစား
အလတ်စားတွေရဲ့အမှတ်တံဆိပ်တွေ၊ ကုမ္ပဏီတွေကို ဒေါ်
လာသန်းပေါင်းများစွာပေးပြီး ဝယ်ယူဖို့ မစဥ်းစားကြတာ
လဲ ဘာကြောင့်လို့ထင်ပါသ....လဲ။

ပထမအပိုဒ်မှာပြောခဲ့သလို နိုင်ငံတကာအဆင့်မီစီမံခန့်ခွဲ
ပြီး စနစ်တကျ၊ စည်းကမ်းတကျ၊ နိုင်ငံတကာကုမ္ပဏီ၊
ကော်ပိုရေးရှင်းစနစ်တွေနဲ့ အောက်ခြေဝန်ထမ်းကရင်၊
ဦးဆောင်ညွှန်ကြားရေးမှူး (MD or CEO)၊ Board of
Directors တွေထိစနစ်တကျဖွဲ့စည်းတည်ထောင်ထား
တဲ့ကုမ္ပဏီတွေဖြစ်မှသာ လက်ခံစဥ်းစားကြပါတယ်။

၂၁ရာစုခေတ်မှာ ကမ္ဘာတစ်လွှားနာမည်ကြီးတဲ့အမှတ်တံ
ဆိပ်တွေ၊ အဖိုးအခထိုက်တန်တဲ့ ပုဂ္ဂိုလ်တွေ၊ တန်ဖိုးကြီး
ကုမ္ပဏီတွေအကုန်လုံးက အသေးစားလုပ်ငန်းကရင် စ
တင်ခဲ့ကြပြီး၊ အသေးစားမှ အလတ်စား၊ အလတ်စားမှ
အကြီးစားလုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေမှ ပြည်သူ
ပိုင်ကုမ္ပဏီကြီး (Public Company) တွေအထိတစ်
ဆင့်ပြီးတစ်ဆင့်ပြောင်းလဲတိုးတက်သွားတာ အားလုံး
သိရှိပြီးဖြစ်ပါလိမ့်မယ်။

အသေးစားလုပ်ငန်းလုပ်နေကြတဲ့ ပြည်တွင်းကလူငယ်
တွေရဲ့အိပ်မက်နဲ့ ပြည်ပကလူငယ်တွေရဲ့အိပ်မက်နှစ်ခု
ကြားမှာ ဘာတွေကွာဟနေလဲ။

လူတိုင်းလုပ်ငန်းစလုပ်ရင် အကြီးကရင် စလုပ်ချင်ကြ
သူကြီးပါပဲ။ လုပ်ငန်းကြီးရင် ကြီးသလောက်ထည့်ရမဲ့
ငွေအရင်းအနှီးကလဲကြီးပါတယ်။ မိမိနောက်မှာ ငွေပုံ
ကြီးရှိနေရင်တောင် အသေးကရင်စလုပ်တာ ကိုယ့်အ
တွက် အန္တရာယ်ကင်းပါတယ်။ အဓိကက လုပ်ငန်း
ကြီးခြင်း၊ သေးခြင်းထက် ဝင်ငွေ၊ ထွက်ငွေမျှတပြီး ရေ
ရှည်ရပ်တည်နိုင်ဖို့ ဖောက်သည်တွေရဲ့လိုအပ်ချက်တွေ
ကို တာဝန်ယူတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ပြီး
အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို အာရုံစိုက်
တင်သွင်းရောင်းချပေးနိုင်ဖို့ ဝန်ဆောင်မှုကောင်းဖို့၊
ကိုယ်တိုင်၊ ဝန်ထမ်းနဲ့ လုပ်ငန်းကို စနစ်တကျ၊ စည်း
ကမ်းတကျ၊ စာရွက်စာတမ်းပြုလုပ်သိမ်းဆည်းတတ်ဖို့၊
ကိုယ်တိုင်နဲ့ ဝန်ထမ်းတွေရဲ့အရည်အချင်း၊ အသိပညာ
ဗဟုသုတ၊ လုပ်ငန်းခွင်နည်းပညာ၊ အတတ်ပညာတွေ
ကို ခေတ်နဲ့လျော်ညီစွာ ပြောင်းလဲလုပ်ကိုင်ပြီး၊ အမြဲ
Up to date ဖြစ်နေဖို့ လေ့လာသင်ယူသင့်ပါတယ်။

ပြည်ပကလူငယ်တွေရဲ့အိပ်မက်က စီးပွားရေးမလုပ်
ခင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲပြဿနာတွေအ
ပြင်၊ မမြင်ရတဲ့ အခက်အခဲပြဿနာတွေကို စေ့စေ့
စပ်စပ်ပြင်ဆင်လေ့လာကြသလို၊ စလုပ်တဲ့အချိန်က
စပြီး စဥ်ဆက်မပြတ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စီး
ပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အိုင်တီနည်းပညာ
တွေကိုတွဲဖက်လေ့လာကြသလို၊ စီးပွားရေးစီမံခန့်ခွဲ
မှုပညာ ရက်တို၊ ရက်ရှည်၊ လပြတ်၊ နှစ်ပြတ်သင်တန်း
တွေ၊ စီးပွားရေးဆွေးနွေးပွဲ (seminar)၊ အလုပ်ရုံဆွေး
နွေးပွဲ (workshop)၊ ကုန်စည်ပြပွဲ (trade show) တွေ
တက်ရောက်ပြီး မိတ်ဖက်ပါတနာ၊ ကုန်ထုတ်လုပ်သူ
တွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ပြီး ရေရှည်အကျိုးစီးပွားအတူတ
ကွတည်ထောင်လုပ်ကိုင်နိုင်ဖို့ အချိန်ပေးဆောင်ရွက်ကြ
လို့ အများထက်ရှေ့ပိုရောက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အ
ခက်အခဲပြဿနာတွေကို အတွေ့အကြုံဥာဏ်ပညာနဲ့ယှဥ်
ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ကြလို့ အမှားနည်းပြီး
အဆုံးအရှုံးနည်းပါးကြပြီး တဆင့်ပြီးတဆင့် တိုးတက်
အောင်မြင်လာကြပါတယ်။

ပြည်တွင်းပြည်ပမှာ တကယ်အောင်မြင်တိုးတက်နေသူ
တွေ၊ စဥ်ဆက်မပြတ်ကြိုးစားသူတွေ၊ လေ့လာသူတွေ
သတိထားကြည့်ရင် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်
မှာ အချိန်ပြည့် အချိန်ဖြုန်းသူတွေထက်၊ မိမိဘဝအ
တွက်၊ မိမိလုပ်ငန်းအတွက်၊ မိမိမိသားစုအတွက်၊ ပတ်
ဝန်းကျင်အတွက်၊ နိုင်ငံတော်အတွက် နှစ်ရှည်ရည်မှန်း
ချက်များချမှတ်ပြီး တန်ဖိုးရှိတဲ့အချိန်ကို အကျိုးရှိရှိ
အသုံးချပြီး မျှတစွာလုပ်ကိုင်ဆောင်ရွက်နေကြတာ
လက်တွေ့ဖြစ်ပါတယ်။

အပိုင်း (၄) ဆက်ရန်။

သူရိန်ဘုန်းဆက် (Lifestyle Bloggers)

Please Like, Follow, Comment, & Share
https://www.facebook.com/thureinphonesett

#အိမ်မက်တွေကစျေးကြီးတယ်

အိမ်မက်တွေက.....စျေးကြီးတယ်။အပိုင်း (၂)ပြည်ပနိုင်ငံက အသေးစား၊ အလတ်စား စီးပွားရေးအိမ်မက်တွေက ဥပမာ- ကုမ္ပဏီအသေးကရင် ကုမ္ပဏ...
02/07/2023

အိမ်မက်တွေက.....စျေးကြီးတယ်။

အပိုင်း (၂)

ပြည်ပနိုင်ငံက အသေးစား၊ အလတ်စား စီးပွားရေးအိမ်မက်
တွေက ဥပမာ- ကုမ္ပဏီအသေးကရင် ကုမ္ပဏီအလတ်ထိ
ရောက်ဖို့ စီးပွားရေးပုံစံ (Business Model)၊ စီးပွားရေးအ
စီအစဥ် (Business Plan)၊ စီးပွားရေးဗျူဟာ (Business
Strategies)၊ စီးပွားရေးရည်ရွယ်ချက်များ (Business
Objections)၊ ဌာနအလိုက် စီးပွားရေးစီမံခန့်ခွဲမှုများ
(Business Management) ရေရှည်အတွက်ချမှတ်ရေးဆွဲ
တွက်ချက်ပြီး အချိန်နဲ့တပြေးညီ ပြီးစီးအောင်မြင်အောင်လုပ်
ဆောင်ကြတယ်။ ၎င်းတို့ရဲ့အဓိကအိမ်မက်က ကုမ္ပဏီနာမည်
ရပြီး တိုးတက်အောင်မြင်လာတာနဲ့အမျှ ကုမ္ပဏီတန်ဖိုးတက်
လာဖို့ပါ။ ကုမ္ပဏီတန်ဖိုးတက်လာမှ အကြီစားလုပ်ငန်း (Large
Enterprise) ကိုသွားဖို့ နိုင်ငံတကာကရင်းနှီးမြှုပ်နှံသူတွေ (Venture Capitalists) ကိုဆွဲဆောင်နိုင်အောင်ပါ။ မိမိ
ကိုယ်တိုင်က စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ကုမ္ပဏီက စွန့်ဦးတီ
ထွင်ကုမ္ပဏီ၊ စွန့်ဦးတီထွင် အမှတ်တံဆပ် သို့မဟုတ် ဝန်ဆောင်
မှုဖြစ်ဖို့လိုပါမယ်။

မြန်မာပြည်တွင်း အသေးစား၊ အလတ်စား၊ အကြီးစားတွေ
ရဲ့အိမ်မက်က မိမိပိုင်အရင်းအနှီးငွေပမာဏကိုမူတည်ပြီး
တစ်နိုင်တစ်ပိုင်စီးပွားရေးတည်ထောင်ကြတယ်။ ပြည်ပက
နာမည်ကြီးအမှတ်တံဆိပ် (Flagship) တွေကို ပြည်တွင်း
မှာတင်သွင်းပြီး အကျိုးအမြတ်ကောင်းရင် ကိုယ်စားလှယ်
ယူပြီး ဖြန့်ချိကြတာများတယ်။ ပြည်တွင်းဘဏ်ချေးငွေနဲ့
အစိုးရရဲ့ထောက်ပံ့မှုရဖို့ခက်ခဲလို့ အပြင်ကအတိုးနှုန်း အ
နည်းဆုံး တစ်နှစ်ကို ၃၆% နဲ့ချေးပြီးရပ်တည်ရလို့ အကျိုး
အမြတ်နည်းနည်းနဲ့ အရေအတွက်များများရောင်းနိုင်ဖို့၊
လစဥ်စရိပ်​ကျေဖို့ အခက်အခဲမျိုးစုံ၊ အတိုက်အခိုက်မျိုးစုံ
အပြိုင်အဆိုင်မျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားရတယ်။

လုပ်ငန်းစတင်တည်ထောင်ကတည်းက တစ်နိုင်တစ်ပိုင်
သို့မဟုတ် မိသားစုစီးပွားရေးပုံစံ၊ အစီအစဥ်၊ ဗျူဟာ၊
ရည်ရွယ်ချက်၊ စီမံခန့်ခွဲမှု၊ ရေတိုရေရှည်စတဲ့ အခြေခံ
နည်းစနစ်၊ ဖွဲ့စည်းပုံပဲစဥ်းစားတွေးခေါ်ပြီး "သူဌေး" ဖြစ်
ချင်စိတ်နဲ့ လွယ်လွယ်စဥ်းစား လွယ်လွယ်လုပ်ကြလို့ ရေ
တိုနဲ့တင်ရပ်တန့်သွားတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်။
အဓိကက အရင်းအနှီးမလုံလောက်တာ၊ မှန်းချက်နဲ့နှမ်းထွက်
မကိုက်တာ ရသမျှအမြတ်က အတိုးနဲ့စရိပ်ထဲပါသွားပြီး၊
ရောင်းရတဲ့အရေအတွက်၊ အမြတ်များတဲ့ အရေအတွက်က
နည်းပြီး၊ လက်ကျန်ပစ္စည်းများတာ၊ ပျက်တာ၊ ဒိတ်လွန်သွား
တာတွေက အမြတ်ထဲပါသွားတဲ့အတွက် သမင်မွေးရင်း၊ ကျား
စားရင်းနဲ့ အနှစ်ချုပ်တော့ နှစ်ပေါင်းများစွာရှာထား၊ စုဆောင်း
ငွေတွေက တန်ဖိုးကျသေးသွားပြီး တိုက် ၂လုံး၊ ကား ၂စီး
လက်ဝယ်အကြွေးကင်း၊ အတိုးကင်းပိုင်ဆိုင်နိုင်ပြီး အသက်
ကြီးလာတာပဲ အဖတ်တင်သွားတယ်။

လူငယ်တွေမှာ စီးပွားရေးလုပ်ဖို့ အိမ်မက်တွေရှိကြတယ်ဆိုရင်
စွန့်ဦးတီထွင်လုပ်ငန်းရှင်ကရင် စကြဖို့တိုက်တွန်းလိုပါတယ်။
မိမိမှာတီထွင်ကြံဆနိုင်တဲ့စွမ်းရည်၊ ကိုယ်ပိုင်ထုတ်ကုန်ပစ္စည်း
အမှတ်တံဆိပ်နဲ့ ဝန်ဆောင်မှုတွေကို ပြည်ပ သို့မဟုတ် ပြည်
တွင်းမှာထုတ်လုပ်ဖြန့်ချိကြပါ။

၂၁ရာစုခေတ်မှာ လူငယ်တွေ အမှန်တကယ်ကြီးပွားချမ်းသာ
ချင်ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ဆက်သွယ်ပြီး ကိုယ်တိုင်တင်
သွင်းရောင်းချဖို့ အကြံပြုချင်ပါတယ်။ ပြည်တွင်းက ကုမ္ပဏီ
ပစ္စည်းဝယ်ရောင်းလဲ ရင်းရတာပဲ၊ လက်ကားဒိုင်ကဝယ်ရောင်း
လဲ ရင်းရတာပဲ၊ မိမိကိုယ်တိုင်လုပ်ငန်းအကြောင်း၊ ပစ္စည်းအ
ကြောင်းနားလည်လို့ ကိုယ်တိုင်သွင်းရောင်းလဲ ရင်းရတာပဲ၊
ရင်းချင်းရင်း ကိုယ့်ပစ္စည်း၊ ကိုယ့်တံဆိပ်ပဲရင်းမှာပေါ့၊ မြတ်
လဲစံ၊ ရှုံးလဲခံပေါ့။ အဓိကက ကိုယ့်မှာလုံလောက်တဲ့ ငွေအရင်း
အနှီး၊ စီမံခန့်ခွဲမှုပညာ၊ အရည်အချင်း၊ အတွေးအခေါ်၊ အဆက်
အသွယ်၊ စျေးကွက်ပညာရှိပြီဆိုရင် ရဲရဲဝံ့ဝံ့လုပ်စေချင်ပါတယ်။

ကျနော်ကိုယ်တိုင်လဲ ၁၆နှစ်သားကထဲက စီးပွားရေးလုပ်လာတာ
ကိုယ်တိုင်ပြည်ပကပစ္စည်းပဲ တိုက်ရိုက်တင်သွင်းရောင်းချတယ်
ဖြန့်ချိတယ်၊ လွန်ခဲ့တဲ့ ၅နှစ်ကရင်စပြီး ပြည်ပစက်ရုံတွေမှာ
ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်လုပ်ဖြန့်ချိတယ်။ ပြည်တွင်း
ကုမ္ပဏီတွေကရင် ပြန်လက်ကားယူ၊ ပြန်ဖြန့်တာတွေမလုပ်ဘူး။
ပရိုမိုးရှင်းလဲမမက်ဘူး၊ လက်ဆောင် ကား၊ ဆိုင်ကယ်၊ ရွှေစတာ
တွေ ဘာမှမမက်ဘူး။ မိမိမှာအထက်ပါအရည်အချင်းတွေပြည့်
စုံနေရင် ဘယ်သူ့မှမှီခိုစရာမလိုဘူး၊ အကြွေးပဲရရ၊ အလကားပဲ
ရရ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက်ပေါ်၊ ကိုယ်
လျှောက်နိုင်ဖို့ အရေးကြီးတယ်။

အဓိကက ကိုယ့်နာမည်၊ အမှတ်တံဆိပ်၊ ပစ္စည်းအရည်အသွေး၊
စျေးနှုန်း၊ ဝန်ဆောင်မှု၊ တာဝန်ယူမှုတာဝန်ခံမှု၊ ကတိစတာတွေ
ကစျေးကွက်ထဲကတံဆိပ်တွေနဲ့ ယှဥ်ရောင်းနိုင်ရင် သူ့မိတ်၊
ကိုယ့်မိတ်နဲ့ကိုယ်ရောင်းနိုင်ဖို့ပဲ။ မြန်မာစျေးကွက်မှာက တံဆိပ်
စွဲသမားတွေနည်းတဲ့အတွက် စျေးကွက်ဖောက်ဖို့ မခက်ပါဘူး၊
အများက အချင်းချင်းလက်တို့ (Peer to Peer Recommend)
နဲ့ဝယ်ကြတာများပါတယ်။ ကုမ္ပဏီပစ္စည်းရောင်းရင် ဘယ်နေ
ရာဝယ်ဝယ် ဒီတံဆိပ်ပဲမို့ ယခုလိုကုန်စျေးနှုန်းတွေတက်၊ ဓါတ်
ဆီစရိပ်တွေတက်တဲ့အတွက် ကိုယ့်မိတ်ကကိုယ့်ဆီတကူးတက
လာမဝယ်တော့ပဲ နီးစပ်ရာမှာဝယ်တဲ့အတွက် ကိုယ့်မိတ်ကသူ့
မိတ်ဖြစ်သွားပါတယ်။ ကိုယ့်ပစ္စည်းကကောင်းရင်၊ စျေးနှုန်း
သင့်ရင် ကိုယ့်ထံမှာပဲဝယ်လို့ရလို့ ကိုယ့်ထံကိုရောက်အောင်
လာမှာပါ။ မလာနိုင်ရင်လဲ ဝန်ဆောင်မှုအနေနဲ့ အလကားပို့ပေး
လိုက်ပါ။ ကိုယ့်ပစ္စည်းမို့ အမြတ်နည်းသွားပေမဲ့ ကုမ္ပဏီကပေး
တဲ့အမြတ်လောက်တော့ မနစ်နာပါဘူး။

အပိုင်း (၃) ဆက်ရန်။

လေးစားချစ်ခင်ရတဲ့ Followers တွေထဲမှာ စွန့်ဦးတီထွင်လုပ်
ငန်းရှင်တွေပါခဲ့ရင်၊ ပြည်ပကိုတင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံတကာ
အဆင့်မီ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်တွေ ရောင်းချဖြန့်ချိ
နေတဲ့သူများရှိခဲ့ရင် CB မှာလာရောက်ဆက်သွယ်ပါ။ ပြည်ပမှာ
စျေးကွက်တင်ရောင်းပေးပြီး ဝင်ငွေတိုးပွားအောင်ကူညီပေးပါ
မယ်။

သူရိန်ဘုန်းဆက် (Lifestyle Blogger)

Please Like, Follow, Comment, & Share
https://www.facebook.com/thureinphonesett

#အိမ်မက်တွေကစျေးကြီးတယ်

အိမ်မက်တွေက....စျေးကြီးတယ်။အပိုင်း (၁)ကျနော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့အိမ်မက်ကအိမ်နီးချင်းနိုင်ငံတွေနဲ့ယှဥ်ရင် အလွန်...
02/07/2023

အိမ်မက်တွေက....စျေးကြီးတယ်။

အပိုင်း (၁)

ကျနော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့အိမ်မက်က
အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဥ်ရင် အလွန်စျေးကြီးတာလက်
တွေ့ပါပဲ။

ပြည်ပထွက်ပြီး ကျောင်းသွားတက်တဲ့ ကျောင်းသူကျောင်း
သားချင်းတူရင်တောင်၊ ၎င်းတို့သင်ကြားရတဲ့ ပညာချင်းတူ
ရင်တောင် ပေးရတဲ့ကျောင်းစရိပ်၊ နေစရိပ်၊ စားစရိပ်စတဲ့
အခြေခံစရိပ်တွေက နိုင်ငံခြားငွေလဲနှုန်းအတက်အကျပေါ်
မူတည်ပြီး ကွာဟချက်များစွာရှိပါတယ်။ (ယနေ့ခေတ်မှာ မိ
ဘဖြစ်ခွင့်ရတဲ့ မိဘတွေရဲ့တာဝန်ပေါ့။)

ပြည်ပထွက်ပြီး အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား
ချင်းတူရင်တောင်၊ အောက်ခြေအလုပ်လုပ်ရတာချင်းတူရင်
၎င်းတို့ နိုင်ငံသူနိုင်ငံသားတွေက အခြေခံတာဝန်နဲ့ လစာပိုရ
ကြပြီး ရှာသမျှက အဖတ်တင်တယ်။ လူတန်းစေ့ နေ၊ စား၊
ဝတ်နိုင်သေးတယ်။ ဒို့ပြည်သူတွေက အရာရာချိုးခြံချွေတာ
ပြီး၊ ပုန်းရှိုးခွက်ရှိုးနဲ့ နေထိုင်စားသောက်ရပြီး၊ နေရပ်မှာကျန်
ခဲ့တဲ့ မိသားစုကို ပြန်ထောက်ပံ့ရသေးတယ်။ (ယနေ့ခေတ်မှာ
မိသားစုကို ကျေးဇူးဆပ်ခွင့်ရတဲ့ သားသမီးတွေရဲ့ တာဝန်
ပေါ့။)

ပြည်ပမှာ ရာထူးကောင်း၊ လစာကောင်း၊ ကျန်းမာရေးအာမခံ
ဘဝအာမခံချက်ရှိတဲ့ ရုံးဝန်ထမ်းဖြစ်ခွင့်ရှိဖို့ ဘာသာစကားနဲ့
အရည်အချင်းပြည့်မီရင်တောင် ပြည်တွင်းဘွဲ့လက်မှတ်နဲ့ အ
ခြားပြည်တွင်းသင်တန်းဆင်းလက်မှတ်တွေက နိုင်ငံတကာအ
ဆင့်မမီလို့ လျှောက်လွှာတွေ အမှိုက်ပုံးထဲမှာ အပြည့်ပဲ။
(ခေတ်အဆက်ဆက် တက္ကသိုလ်ကျောင်းတွေကို မြို့ပြင်ပို့ခဲ့
ကြတဲ့ ရွှေဥာဏ်တော်စူးရောက်သူတွေရဲ့ စေတနာတွေပေါ့။)

ပြည်တွင်းမှာ ဘာလုပ်လုပ်၊ ဘာစားစား၊ ဘာဝယ်ဝယ်၊ ပစ္စည်း
ချင်း၊ ဝန်ဆောင်မှုချင်းတူရင်တောင် ပြည်တွင်းငွေကြေးစနစ်
တန်ဖိုးမရှိလို့ သူများ ၁ကျပ်က ကိုယ့်အတွက် ၂၈၅၀ကျပ်
(ဒေါ်လာ ငွေလဲနှုန်း)။ သူများနိုင်ငံနဲ့ယှဥ်ရင် တန်ဖိုးက ၂၈၅၀
ဆကွာဟလို့ သူများ ၁ကျပ်ရှာရင် မိမိက ၂၈၅၀ဆရှာမှ တန်း
တူသုံးစွဲလို့ရပါမယ်။

ပြည်တွင်းမှာ ကုန်စျေးနှုန်းက နှစ်ဆတက်သွားတဲ့အတွက်အ
ရင် ၁ကျပ်တန်က ၂ကျပ်ဖြစ်သွားတဲ့အတွက် လုပ်ခလစာ ၂
ဆရခဲ့ရင်တောင် ကုန်စျေးနှုန်း ၂ဆဖြစ်သွားပြီး ငွေတန်ဖိုးကျ
သွားတဲ့အတွက် ကုလားကြီးနဲ့ အရာကြီးတူတူပါပဲ။

ပြည်တွင်းဘွဲ့ရပညာတတ်လူငယ်တွေ သတိပြုဖို့လိုတာက
ဘွဲ့ရပြီးတာနဲ့ ပညာစုံပြီ၊ အတောင်ပံတပ်လို့ရပြီ၊ ပျံလို့ရပြီလို့
တွေးထင်ပြီး ဆက်လေ့ကျင့်မသင်ကြား၊ မလေ့လာပဲ၊ ရပ်တန့်
လိုက်လို့မရပါဘူးနော်။ လုပ်ငန်းခွင်နဲ့ပတ်သက်စပ်လျဥ်းတဲ့
ဘာသာရပ်၊ ဘာသာစကား၊ ကွန်ပျူတာနည်းပညာသင်တန်း
တွေ ဆက်လက်လေ့လာဆည်းပူးဖို့လိုပါမယ်။

ဘွဲ့တစ်ခုနဲ့ အလုပ်လျှောက်တဲ့အခါ အလုပ်အတွေ့အကြုံရှိဖို့
လိုပါမယ်။ ဘွဲ့ရတာနဲ့ အလုပ်တန်းရတာ၊ ရာထူးတန်းရပြီး၊ လ
စာကောင်းဖို့ တထစ်ချယုံကြည်ထားလို့မရပါဘူးနော်။ ပြည်
တွင်းမှာ အဝေးသင်တက်ပြီး၊ လုပ်ငန်းခွင်ကြိုဝင်ထားသူတွေ
အနေနဲ့ ဘွဲ့ရတဲ့အခါ ရာထူးတိုး၊ လစာတိုးဖို့ ရာခိုင်နှုန်းများပါ
တယ်။

ရာထူးတိုး၊ လစာတိုးပြီးရင်လဲ လက်ရှိနေရာမြဲဖို့ ဆက်လက်
လေ့လာသင်ယူရမှာဖြစ်သလို၊ တဖက်ကလည်း ကိုယ်ပိုင်စီး
ပွားရေးလုပ်ဖို့ လေ့လာပြင်ဆင်ပြီး၊ ငွေစုဖို့လိုပါမယ်။

စီးပွားရေးလုပ်နေတဲ့ လူငယ်တွေလဲ မိမိလုပ်ငန်းအောင်မြင်သ
ထက်အောင်မြင်အောင် စီမံခန့်ခွဲရမှာဖြစ်သလို စဥ်ဆက်မပြတ်
လေ့လာသင်ယူရင်း လက်အောက်ဝန်ထမ်းတွေကို လက်တွဲခေါ်
ပြီး၊ စိတ်ချယုံကြည်ရသူများမွေးထုတ်ပြီး ဖြည်းဖြည်းချင်းလက်
လွှဲလုပ်ကိုင်နိုင်မှသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပါမယ်။
ယခုခေတ်က လုပ်ငန်းတစ်ခုထဲကို မှီခိုပြီး မကြီးပွားနိုင်လို့၊ အ
ခြား လုပ်ငန်းဝင်ငွေတိုးတက်နိုင်မဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံ
နိုင်မှ ရေရှည်တိုးတက်အောင်မြင်ပါမယ်။

အပိုင်း (၂) ဆက်ရန်

သူရိန်ဘုန်းဆက် (Lifestyle Bloggers)

Please Like, Follow, Comment, & Share
https://www.facebook.com/thureinphonesett

#အိမ်မက်တွေကစျေးကြီးတယ်

Address

San Francisco, CA
94122

Alerts

Be the first to know and let us send you an email when Lifestyle Blog by Thurein Phone Sett posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lifestyle Blog by Thurein Phone Sett:

Share