23/06/2026
31 March 2026 တွင် Work Permit သက်တမ်းကုန်ပြီး လက်ရှိသက်တမ်းတိုးထားသူများ မဖြစ်မနေဖတ်ရှုရန်
31 Mar 2026 ရက်နေ့က Work Permit သက်တမ်းကုန်လို့ လက်ရှိမှာ သက်တမ်းတိုးလုပ်ငန်းစဉ် ဆောင်ရွက်နေကြတဲ့ အလုပ်သမားများအနေနဲ့ Passport သို့မဟုတ် CI စာအုပ် လုံးဝမရှိသေးဘူးဆိုရင် သတ်မှတ်ထားတဲ့ ရက်မတိုင်မီ CI စာအုပ် အမြန်ဆုံးပြုလုပ်ထားကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။
📌 17 Aug 2026 (နောက်ဆုံးရက်) : ဤရက်ထက် နောက်မကျဘဲ CI စာအုပ် ကို အပြီးပြုလုပ်ရပါမည်။
📌28 Sep 2026 (နောက်ဆုံးရက်) : ဤရက်ထက် နောက်မကျဘဲ စာအုပ်ထဲတွင် 31 Mar 2027 အထိ သက်တမ်းရှိမည့် Visa ကို မဖြစ်မနေ ထည့်သွင်းရပါမည်။
🚨 သတ်မှတ်ရက်ကျော်လွန်ပါက ဘာဖြစ်နိုင်လဲ?
အကယ်၍ သတ်မှတ်ထားတဲ့ရက်အတွင်းမှာ —
❌ CI / Passport စာအုပ် မရှိသေးရင်
❌ စာအုပ်ထဲမှာ ဗီဇာ (Visa) အပြီးမထည့်ရသေးရင်
မိမိတို့ရဲ့ သက်တမ်းတိုးလုပ်ငန်းစဉ် ပြီးမြောက်မှာမဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်းနှင့် တရားမဝင်အလုပ်လုပ်ကိုင်ခြင်း အခြေအနေသို့ ရောက်ရှိသွားနိုင်ပြီး ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။
💡 အကြံပြုချက်
သက်တမ်းတိုးထားသူများအနေဖြင့် အချိန်မီ CI စာအုပ် ပြုလုပ်ပြီး ဗီဇာ (Visa) ထည့်သွင်းခြင်းကို မပျက်မကွက် အမြန်ဆုံး ဆောင်ရွက်ထားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မိမိတို့ရဲ့ သက်တမ်းတိုးလုပ်ငန်းစဉ်ကို အဆင့်စုံ ပြီးပြည့်စုံစွာ ဆောင်ရွက်ထားမှသာ ထိုင်းနိုင်ငံမှာ စိတ်အေးချမ်းသာစွာနဲ့ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
✅Ci စာအုပ်ထုတ်ချင်တာပဲဖြစ်ဖြစ် စာရွက်စာတမ်းနဲ့ပတ်သက်၍သိချင်တဲ့အကြောင်းရာများကိုTop Mega မှာမေးမြန်နိုင်ပါတယ်ခင်ဗျာ။
#ท็อปส์เมกะ ာအုပ် #ထိုင်းရောက်ရွှေမြန်မာ