Commercers - Accounting & Management

Commercers - Accounting & Management Commercers is organized with the aim of providing Business Accounting & Management knowledges

Correction penနဲ့ဖျက်လည်းအဆင်မှမ​ပြေတာ Journal ရိုက်ရမှာ​ပေါ့လို့ 🥺🫶
05/11/2025

Correction penနဲ့ဖျက်လည်းအဆင်မှမ​ပြေတာ Journal ရိုက်ရမှာ​ပေါ့လို့ 🥺🫶

ဂျာကြီး - Audit လာရင်​ကျွေးဖို့ ဝယ်ထားတဲ့ ကိတ်မုန့်နဲ့ အသီး​တွေကဘယ်​ရောက်သွားတာလဲ? 😕မလာဘူးထင်ပြီးကြိတ်ထား​သော မိမိတို့ ရ...
21/08/2025

ဂျာကြီး - Audit လာရင်​ကျွေးဖို့ ဝယ်ထားတဲ့ ကိတ်မုန့်နဲ့ အသီး​တွေကဘယ်​ရောက်သွားတာလဲ? 😕
မလာဘူးထင်ပြီးကြိတ်ထား​သော မိမိတို့ ရုံးအုပ်စု-

ရှင်းစရာက​တော့ရှိကိုရှိပါတယ်။ ဆရာ​ရေ LCCI Class ​လေးလုပ်​ပေးပါ။ ​စျေးအများကြီးကျလည်း မတတ်နိုင်လို့ပါ။ ဟုတ်ပါပြီ ၃၅၀၀၀ + ...
27/07/2025

ရှင်းစရာက​တော့ရှိကိုရှိပါတယ်။ ဆရာ​ရေ LCCI Class ​လေးလုပ်​ပေးပါ။ ​စျေးအများကြီးကျလည်း မတတ်နိုင်လို့ပါ။ ဟုတ်ပါပြီ ၃၅၀၀၀ + စာအုပ်​လေးလည်းပါမယ်။ မရပါဘူးဆရာ​ရေ။ ​လျှော့ပါအုံး။ 15000 ဟုတ်ပါပြီ။ စာအုပ်​လေးက​တော့ ဖြုတ်လိုက်ပါပြီ။ Ebook ​လေး​ပေးပါမယ်။

၁၅၀၀၀ ဆို​တော့ အစစ်လား၊ ကျားဖြန့်လား၊ မယုံရင် "အပ်မယ်​သေချာရင်" telegram link ​လေး​ပေးပါ့မယ်။ အရင် Join ပါခင်ဗျာ ဆိုလို့ Join တယ်။ ပြီးရင်စာမပြန်​တော့ဘူး။ Video ​တွေ ​ဒေါင်းတယ်ဖြန့်တယ်။ ပြီးမှ မအပ်ဖြစ်​တော့ဘူးဆိုပြီးလုပ်​​ရော။ အဲ့လို​​တွေဆိုလည်း သည်းမခံနိုင်ပါဘူးခင်ဗျာ။ Commercers တို့ဟာ ၂၀၂၀ ခုနှစ်ကတည်းက ဗဟုသုတ မျှ​ဝေပြီး ​Seminar ​ပေါင်းများစွာ Job Partners +200 (လုပ်ငန်းကြီးများအပါအဝင်) ရှိပါတယ်။ ​နောင်ပိုင်းတကယ်​လေ့လာလိုမှ သင်တန်း​လေးကို Join ​ပေးလိုပါ​ကြောင်း၊ မဟုတ်ပါက Blacklist ​ဖော်ပြမည်ဖြစ်ပါ​ကြောင်း​ပြောဆိုလိုက်ရပါသည်။ မိမိတို့ Page Admins များကိုလည်း ​နောက်​နောင်စကားလုံးမကြမ်း​စေရန်ထိန်းသိမ်းသွားပါမည်။

မြန်မာနိုင်ငံလွတ်လပ်​ရေးနှင့် မြန်မာ့အ​ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့​သော အာဇာနည်​ခေါင်း​ဆောင်များနှင့်တကွ အာဇာနည်လူငယ်မ...
19/07/2025

မြန်မာနိုင်ငံလွတ်လပ်​ရေးနှင့် မြန်မာ့အ​ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့​သော အာဇာနည်​ခေါင်း​ဆောင်များနှင့်တကွ အာဇာနည်လူငယ်များကို အစဥ်အမြဲသတိရလျက် ...

မင်္ဂလာပါနော် အက်မင်တို့ အလုပ်တွေများနေတာကြောင့် Content လေးတွေသိပ်မတင်ဖြစ်တာကြာပါပြီခင်ဗျ။ ဒီနေ့မှာတော့ ငွေစာရင်းလောကကိ...
12/07/2025

မင်္ဂလာပါနော် အက်မင်တို့ အလုပ်တွေများနေတာကြောင့် Content လေးတွေသိပ်မတင်ဖြစ်တာကြာပါပြီခင်ဗျ။ ဒီနေ့မှာတော့ ငွေစာရင်းလောကကို စဝင်သူတိုင်းအမှတ်မှားနေတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်ခင်ဗျ။ ဒါကတော့ Excel accounting နဲ့ပတ်သက်လို့ အကြောင်းအရာလေးပါခင်ဗျ။

အဲ့တော့တော်တော်များများမှတ်ကြတာက Excel accounting ကသက်သက်၊ LCCI-ACCA တို့ပို့ချတဲ့ Accounting ကသက်သက်ဆိုပြီးအမှတ်မှားနေကြတာရှိပါတယ်။ Excel accounting တက်လိုက်ရင် ရပြီဆိုပြီးထင်ကြတာမှားပါတယ်။

What is Excel accounting?
- Excel accounting ဆိုတာကတော့ ကျွန်တော်တို့ ငွေစာရင်းအချက်အလက်တွေရေးဆွဲစာရင်းသွင်းကြတဲ့အခါမှာ Computerised system ကိုဘယ်လိုအသုံးပြုရတယ်၊ Excel မှာဘယ်လို ဖော်မျူလာတွေချိတ်ပြီးသုံးကြတာဆိုတာကို သင်ရပါတယ်။ အဲ့ဒါသင်ဖို့အတွက်မိမိမှာ Basic accounting knowledge ရှိဖို့လိုပါတယ်။ Excel accounting မှာ Excel အသုံးပြုပြီးစာရင်းတွေဘယ်လိုသွင်းတယ်၊ စာရင်းဘယ်လိုချိတ်တယ်၊ Table ဘယ်လိုတွေဆွဲတာကိုပဲသင်ပေးတာဖြစ်ပြီး Accounting ရဲ့ Concepts, ဗဟုသုတများကို ပြန်လည်အသေးစိတ်သင်ပေးတာမျိုးမဟုတ်ပါဘူးခင်ဗျာ။ အဲ့တော့ မိမိတို့အနေနဲ့ ငွေစာရင်းလောကထဲစဝင်မယ်ဆိုရင် LCCI/ACCA/AAT တို့ကပို့ချတဲ့ ထိုက်သင့်တဲ့ Level တစ်ခုပြီးမြောက်သင့်ပါတယ်ခင်ဗျ။

ဒါကြောင့်မလို့ Excel accounting တန်းတက်လိုက်ရုံနဲ့တော့မပြီးသေးပါဘူးခင်ဗျာ။ Excel accounting တက်ဖို့ မိမိမှာ စာရင်းဗဟုသုတနဲ့အခြေခံတွေရှိဖို့လိုပါသေးတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ




ယ​နေ့ June 19 ရက်​​နေ့ မှာ ပြည်သူပြည်သားများအားလုံး စိတ်ရွှင်လန်းချမ်းသာ၍ လုပ်သမျှ​အောင်မြင်ကြပါ​စေ​ကြောင်း Commercers မ...
19/06/2025

ယ​နေ့ June 19 ရက်​​နေ့ မှာ ပြည်သူပြည်သားများအားလုံး စိတ်ရွှင်လန်းချမ်းသာ၍ လုပ်သမျှ​အောင်မြင်ကြပါ​စေ​ကြောင်း Commercers မှ ဂုဏ်ပြုဆုမွန်​ကောင်း​တောင်းလိုက်ရပါသည်။ 💗

Trial Balance အဲ့ပုံစံအတိုင်းဆို Suspense Account ဘယ်ဘက် Side မှာ​ပေါ်မလဲ​ပြောပြ​ပေးပါခင်ဗျ 🥹
22/05/2025

Trial Balance အဲ့ပုံစံအတိုင်းဆို Suspense Account ဘယ်ဘက် Side မှာ​ပေါ်မလဲ​ပြောပြ​ပေးပါခင်ဗျ 🥹

မဂင်္ဂါသာ ဇာတ်သိမ်းသွားတယ် Acca ကအခုထိတက်လို့ကို မပြီးဆုံးနိုင်​သေး​သော ☺️
07/05/2025

မဂင်္ဂါသာ ဇာတ်သိမ်းသွားတယ် Acca ကအခုထိတက်လို့ကို မပြီးဆုံးနိုင်​သေး​သော ☺️

Company Law ​တွေကို ​သေချာလည်းကျွမ်းရမယ်၊ လုပ်သက်လည်း 10နှစ်အထက်လည်းရှိရမယ်၊ အသက်လည်း 20​ကျော်​လေးဖြစ်ရမယ်ဆိုလို့ ​​မွေး...
29/04/2025

Company Law ​တွေကို ​သေချာလည်းကျွမ်းရမယ်၊ လုပ်သက်လည်း 10နှစ်အထက်လည်းရှိရမယ်၊ အသက်လည်း 20​ကျော်​လေးဖြစ်ရမယ်ဆိုလို့ ​​မွေးလာကတည်းက ​သေချာ Train ​ပေးထားပါတယ် ☺️

2020 ခုနှစ် ကိုဗစ်ကာလတွင် မိဘပြည်သူ​မောင်နှမများအား စီးပွားစီမံခန့်ခွဲမှုနှင့် ​ငွေစာရင်းကိုင်ပညာရပ်ဆိုင်ရာ ဗဟုသုတ၊ရသ ​ဆ...
17/04/2025

2020 ခုနှစ် ကိုဗစ်ကာလတွင် မိဘပြည်သူ​မောင်နှမများအား စီးပွားစီမံခန့်ခွဲမှုနှင့် ​ငွေစာရင်းကိုင်ပညာရပ်ဆိုင်ရာ ဗဟုသုတ၊ရသ ​ဆောင်းပါးများကို အားသွန်ခွန်စိုက် ပို့ချပံ့ပိုးလာသည်မှာ ယ​နေ့ April 17 ရက်​နေ့တွင် 5နှစ်တိတိပြည့်တင်းခဲ့ပါပြီ။

ယခုမြန်မာ့နှစ်သစ်ကူးမှစတင်ကာ ပြည်သူပြည်သားများအားလုံး ​ဘေးရန်ခပ်သိမ်းကင်း​ဝေးကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လွတ်လပ်ခြင်းအစစ်အမှန်ရရှိကာ ​နေထိုင်နိုင်ကြပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်းလိုက်ရပါသည်။ 💗

Subscription account တို့ဘာတို့မှတ်မိပါ​သေးသလားခင်ဗျာ 🫣Non profit organization တို့ရဲ့ Founder ​​တွေကမတည်ထားတဲ့ Capital ...
10/04/2025

Subscription account တို့ဘာတို့မှတ်မိပါ​သေးသလားခင်ဗျာ 🫣

Non profit organization တို့ရဲ့ Founder ​​တွေကမတည်ထားတဲ့ Capital ကိုမည်သို့​ခေါ်ဆိုပါသလဲ?

Profit business ​တွေမှာ​​တော့ Equity လို့​ခေါ်ဆိုပါတယ်။

တစ်ဦးတည်းအားဖြင့် မကြိုးပမ်းနိုင်ပါ၍ တတ်နိုင်သည့်နည်းလမ်း​လေးနဲ့​ထောက်ပံ့ချင်တဲ့အတွက် ပိုစ့်တင်လိုက်ရပါတယ်။Commercers တ...
31/03/2025

တစ်ဦးတည်းအားဖြင့် မကြိုးပမ်းနိုင်ပါ၍ တတ်နိုင်သည့်နည်းလမ်း​လေးနဲ့​ထောက်ပံ့ချင်တဲ့အတွက် ပိုစ့်တင်လိုက်ရပါတယ်။
Commercers တို့ကပို့ချထားတဲ့ LCCI Fundamental Accounting Course များကို 15000 ကျပ်ဖြင့်သာဝယ်ယူပြီး Lecture Videos များရယူလိုက်ပါ။ ရရှိလာသည့်​ငွေ​ကြေးများကို ငလျင်ဒဏ်ကူညီ​ထောက်ပံ့​ရေးအတွက် အသုံးချသွားနိုင်ရန်ရည်ရွယ်ပါသည်။

သင်တန်းလေးမှာဆိုရင် စုစုပေါင်း သင်ခန်းစာ ၁၅ ခန်းရှိပါတယ်။
အခြေခံမပါလို့လည်းစိတ်ပူစရာမလိုပါဘူးခင်ဗျ။ Accounting သင်တန်းဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေရဲ့ သဘောတရား၊ ပတ်ဝန်းကျင်အကြောင်းအရာတွေကိုအရင်ဆုံးသင်ကြားပေးတာမလို့ ကိုယ့်အနေနဲ့ စာရင်းအခြေခံမပါဘူးဆိုလည်း စိုးရိမ်စရာမလိုပါဘူးခင်ဗျာ။

သင်ကြားပေးမယ့် သင်ခန်းစာတွေကတော့
အခန်း ၁ - စာရင်းကိုင်ပညာ နိဒါန်း
အခန်း ၂ - စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ
အခန်း ၃ - စာရင်းကိုင်ပညာ၏ အရေးပါမှု
အခန်း ၄ - စာရင်းရေးသွင်းခြင်းခေါ် Bookkeeping
အခန်း ၅ - Assets, Liabilities & capital
အခန်း ၆ - နှစ်ဖက်စာရင်းရေးသွင်းခြင်းစနစ်/ Double Entry System
အခန်း ၇ - ကနဦးစာရင်းရေးသွင်းသည့်စာအုပ်များ/ Books of original entry
အခန်း ၈ - ၂ ကော်လံငွေစာရင်းစာအုပ်၊ 2column cash book
အခန်း ၉ - ၃ ကော်လံငွေစာရင်းစာအုပ်၊ 3column cash book
အခန်း ၁၀ - အသေးသုံးငွေစာရင်းစာအုပ်၊ Petty Cash book
အခန်း ၁၁ - ကြွေးဆုံးနှင့်ကြွေးဆုံးလျာထားချက်များ
အခန်း ၁၂ - တန်ဖိုးလျှော့စရိတ်များ
အခန်း ၁၃ - Expense & Income Adjustments
အခန်း ၁၄ - အရှုံးအမြတ်စာရင်းရေးဆွဲခြင်း၊ Statement of Profit or Loss
အခန်း ၁၅ - စာရင်းအမှားများကိုပြင်ဆင်ခြင်း (Correction of Errors) စတဲ့သင်ခန်းစာ ၁၅ခန်းကို မြန်မာ​ငွေ ၁၅၀၀၀ ကျပ်နဲ့သာ သင်ကြားရမှာဖြစ်ပါတယ်။

ထို့​ကြောင့်စိတ်ဝင်စားပါက Page messenger သို့ဖြစ်​စေ 00428355771 သို့ဖြစ်​စေ ဆက်သွယ်နိုင်ပါသည်။

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Commercers - Accounting & Managementผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Commercers - Accounting & Management:

แชร์

Commercers

1. Commercers ဆိုတာ ဘာလဲ??

Commercers ဆိုတာ မြန်မာနိုင်ငံကလူငယ်​​တွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက​​​နေအ​ထောက်အကူပြု​ပေးမယ့် ရန်ကုန်စီးပွား​ရေးတက္ကသိုလ်မှ ​ကျောင်းသား​ကျောင်း​သူ​များစု​ပေါင်းပြီး ​တည်ထောင်ထားတဲ့ အဖွဲ့​လေးပဲဖြစ်ပါတယ်။

2. လက်ရှိမှာ Commercers အ​နေနဲ့ ဘာ​​ ​​တွေလုပ်​နေပါလဲ?

လက်ရှိမှာ​တော့ ​ကျောင်းပိတ်ရက်ကာလအတွင်း Community အကျိုးပြု Business articles ​​​​တွေဖြစ်တဲ့ Business Accounting and management articles ​တွေကိုရေးနေပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွား​ရေးတက္ကသိုလ်မှကျောင်းသား​ကျောင်းသူ​​များအတွက် အ​ထောက်အပံ့ဖြစ်​စေမယ့် Programs ​များကိုလည်းလက်ရှိမှာ ပြင်ဆင်​နေပါတယ်။