Forex Market for Myanmar People

Forex Market for Myanmar People Foreign Exchange Market

20/05/2014

Admiral Markets Group အနေဖြင့် ၄င်း၏ client များကို ဖုန်းနှင့် စကိုက်ချက်တင် များမှနေ၍လည်း နည်းပညာနှင့်အခြား ငွေကြေးရောင်း/၀ယ်မှုဆိုင်ရာ အခက်အခဲများကိုလည်း ကူညီဆောင်ရွက်ပေးပါသည်။

ဥရောပနှင့် သြစတြေးလျရုံးချိန်များအတွင်း တယ်တီဖုန်း (သို့) စကိုက်ချက်တင်များဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။ မေးမြန်းစုံစမ်းရာတွင်ဘာသာစကား (၂၂) မျိုးအထိ အသုံးပြု၍ ဆက်သွယ်မေးမြန်း နိုင်ပါသည်။ အင်္ဂလိပ်နှင့် ရုရှားဘာသာစကားများဖြင့် မေးမြန်းလိုပါက တနင်္လာမှ သောကြာနေ့အထိ ၂၄ နာရီ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Client များအနေဖြင့် ကမ္ဘာ့ငွေကြးဈေးကွက်အတွင်း လုံခြုံစိတ်ချအဆင်ပြေ စွာ ရောင်း/၀ယ်ဆောင်ရွက်နိုင်ရေးအတွက် Admiral Markets Group အနေဖြင့် အွန်လိုင်းလုံခြုံစိတ်ချရေး ၀န်ဆောင်မှု ဦးဆောင် ကုမ္ပဏီဖြစ်သည့် ESET LLC နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ကမ္ဘာ့ဦးဆောင် ဆော့ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် Meta Quotes Software Corp မှထုတ်လုပ်သည့် ယုံကြည်စိတ်ချရဆုံးနှင့် ပေါ်ပြူလာအဖြစ်ဆုံး ပလက်ဖောင်းဖြစ်သည့် Meta Trader 4 ဆော့ဝဲ ကိုလည်း Admiral Markets Group တွင် ဒေါင်းယူရရှိနိုင်ပြီး ၎င်းကိုအသုံးပြု၍ ငွေကြေး ရောင်း/ ၀ယ်မှု ပြုလုပ်နိုင်ပါသည်။

16/05/2014

Admiral Markets AS သည် ဥရောပနိုင်ငံများအတွက် Estonian Finacial Supervision Authority (EFSA) မှ ခွင့်ပြုထုတ်ပေးထားသော လိုင်စင်ရရှိထားပြီးဖြစ်ပါသည်။ Markets in Financial Instruments Directive (MiFID) အပါအ၀င် ဥရောပ ဘဏ္ဍရေးဥပဒေနှင့် ညွှန်ကြားချက်များ အားလုံးသည် ၄င်းလိုင်စင်အောက်တွင် အကျုံးဝင်ပါသည်။

သြစတြေးလျရှိ Admiral Markets PTY သည် သြစတြေးလျနှင့် အာရှငွေကြေး ရောင်းဝယ်သူများအတွက် ၀န်ဆောင်မှုဆောင်ရွက်ပေးပြီး ၄င်းသည် Austrailan Securities & Investments Commission (ASIC) မှ သြစတြေးလျ ငွေကြေးဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခွင့် တရားဝင်ခွင့်ပြုချက် ရရှိထားပါသည်။

ငွေကြေးရောင်း/၀ယ်သူများအတွက် အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်များချမှတ် ရောင်း/၀ယ်ပြီး အကျိုးအမြတ်များများရရှိစေရန် ကူညီဆောင်ရွက်ပေးရေးသည် Admiral Markets Group ၏ အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် webinars နှင့် seminars များအပါအ၀င် ပညာပေးအစီအစဉ်များကို အခမဲ့ကျင်းပပြုလုပ်ပေးပြီး ထိုသင်တန်းများတွင် ကုန်သွယ်မှုစွမ်းရည်၊ Forex နှင့် အခြားငွေကြေးဈေးကွက်များ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ ဗဟုသုတများကို သင်ကြားပေး ပါသည်။

Admiral Markets Group အနေဖြင့် ငွေကြေးရောင်း/၀ယ်မှုဆိုင်ရာ စာအုပ်များနှင့် လက်ကမ်းစာစောင်များကို ဘာသာစကားမျိုးစုံဖြင့် ပုံနှိပ်ပြီး နိုင်ငံအများအပြားသို့ဖြန့်ဝေပေးလျက်ရှိ ပါသည်။ Admiral Markets ၀က်ဆိုက်တွင် အထက်ဖော်ပြပါ ပညာပေးစာရွက်စာတမ်းများကို ရရှိနိုင်ပါသည်။

12/05/2014

Admiral Markets Group ဟာ Forex ငွေကြေးရောင်းဝယ်ရေးမှာ အွန်လိုင်းမှ တစ်ဆင့် ရောင်း/၀ယ်မှုပြု လုပ်သူများရဲ့ အခက်အခဲများကို ကူညီဖြည့်ဆည်းပေးရာမှ ထိပ်ဆုံးမှဦးဆောင်ရပ်တည်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ရောင်း/၀ယ်မှုပြုရာမှာ ငွေကြေးတစ်ခုတည်းမဟုတ်ဘဲ အဖိုးတန်သတ္တုများ၊ စတော့နှင့် ဓာတ်ငွေ့များ ရောင်းဝယ်ရာမှာလည်း Admiral Markets Group ဟာ ကြားခံအဖြစ် ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။ Admiral Markets Group မှတစ်ဆင့် ရောင်း/၀ယ်မှု ပြုကြသူများအနေနဲ့ အကောင်းဆုံး ၀န်ဆောင်မှု၊ အကောင်းဆုံးအသိပညာပေးမှုနဲ့ အကောင်းဆုံးသိသာရှင်းလင်းတဲ့အတွေ့အကြုံများ ရရှိ နိုင်မှာ ဖြစ်ပါတယ်။

Admiral Markets Group ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာအနှံ့ နိုင်ငံပေါင်း (၄၅) နိုင်ငံတွင် ရုံးခန်းများဖွင့်လှစ် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ဖွင့်လှစ်ထားသည့် ရုံးခန်းများမှ ၀န်ထမ်းများသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေး ဆောင်ရွက်လျက်ရှိပါတယ်။ Admiral Markets Group မှတစ်ဆင့် ငွေကြေးရောင်းဝယ်မှုပြုလုပ်လိုသူများအနေဖြင့် အကောင့်တစ်ခု သာဖွင့်ရန်လိုအပ်ပြီး အကောင့်ဖွင့်လှစ်သည့်နိုင်ငံ၏ ငွေကြေးဖြင့် ပေးချေနိုင်ပါသည်။ အဆိုပါငွေကြေးကို USD (သို့မဟုတ်) Euro ဖြင့်လှဲလှယ် ပြီးနောက် ရောင်းဝယ်မှုစတင်ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ အကယ်၍ ငွေကြေးတန်ဖိုးအတက်အကျဖြစ်မှုကို ရှောင်ရှားလိုပါက တစ်ချိန်တည်းတွင် အကောင့်အများဖွင့်လှစ်နိုင် ပါသည်။ အကောင့်တစ်ခုမှ အခြားတစ်ခုသို့ ငွေကြေးလွှဲပြောင်းမှုပြုလုပ်လိုပါက Admiral Markets Group ၏ Traders’ Room မှနေ၍ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

09/05/2014

၎) လေ့ကျင်!့ လေ့ကျင်!့ လေ့ကျင့်!
အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ငန်းကို သင်တန်းတက်ပြီးဖြစ်စေ၊ မိမိဘာသာလေ့လာ ပြီးဖြစ်စေ ပြည်စုံစွာလေ့လာပြီးရင်တော့ သင်ပထမဆုံးလုပ်ရမယ့် အလုပ်က စနစ်တကျ စီမံကိန်း ရေးဆွဲပြီး တကယ့်အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးဈေးကွက်ထဲမှာ တကယ်သင့်ရဲ့ငွေ အကုန်အကျမရှိသေးဘဲ မိမိကိုယ်ယုံကြည်မှု ရှိလာသည်အထိ အချိန် ယူကာ လေ့ကျင့်သွားဘို့ဖြစ်ပါတယ်။ လူတယောက်နဲ့တယောက်ဟာ စိတ်နေစိတ်ထား၊ စိတ်ရှည်မှု၊ စွန့်စားလိုမှု၊ အကျိုးအမြတ်ရလိုမှု၊ အဆုံးရှုံးခံနိုင်မှု၊ အချိန်ပေးနိုင်မှု စတာတွေ ဘယ်လိုမှ မတူညီနိုင်တဲ့ အတွက် မိမိကိုယ်တိုင်တည်ဆောက်ပြီးဖြစ်စေ၊ တခြားသူ တည်ဆောက်ထားတာကိုဖြစ်စေ အဲဒီရောင်း၊ဝယ်ရေး ဖေါ်မြူလာတွေကို တကယ့်ဈေးကွက်ထဲမှာ အကုန်အကျမရှိဘဲ လေ့ကျင့်ပြီး မိမိနဲ့အသင့်တော်ဆုံး ရောင်းဝယ်ရေးနည်းလမ်းကို အတည်ပြု ရယူသွားရမှာ ဖြစ်ပါတယ်၊ ၃ လခန့်လေ့ကျင့်ဘို့ အကြံပြုပါတယ်။ တခြားအကြံပြုချင်တာ တခုကတော့ ဒီလုပ်ငန်းဟာ သင့်ရဲ့ ဘဝတာနေထိုင်မှုကို တာဝန်ယူသွားနိုင်သလို စနစ်တကျနဲ့ အချိန်ယူရောင်းဝယ်ပြီး လူချမ်းသာတယောက်လဲ ဖြစ်စေနိုင်ပါတယ်၊ ဒါပေမယ့် လောဘကြီးမယ်ဆိုရင်တော့ ကုန်သွယ်ခြင်းကိုလုပ်နေတဲ့ တကယ့်ငွေကြေး ကုန်သည်တယောက်နဲ့ မတူတော့ဘဲ လောင်းကစားလုပ်တာနဲ့ တူသွားနိုင်တာပါပဲ။
ဒါကြောင့် ကုန်သည်တယောက်ရဲ့အမူအကျင့်တွေနဲ့ ကုန်သည်တယောက်ရဲ့ စိတ်မျိုးထားပြီး ငွေကြေးကုန်သည်တယောက် ဖြစ်လာအောင် မိမိကိုယ်ကို ပျိုးထောင်ဘို့ အကြံပေးပါရစေ။

Credit to - myanmarforextradingeducation

08/05/2014

ကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကို ဆက်တင်ပြုလုပ်ခြင်း Stop loss & Take profit

ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင် လုပ်ချိန်တွင် တပြိုင်နက်ထဲ မိမိကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကိုလဲ တွက်ချက်ကာ ဆက်တင် ပြုလုပ်ထားနိုင်ပါသည်၊

ထိုသို့ပြုလုပ်ထားလျှင် ဆက်တင်လုပ်ထားသော နှုန်းအရောက်တွင် စက်ကဝယ်ယူထားပေးပြီး လဲလှယ်နှုန်းထပ်မံပြောင်းလဲမှု အရ မိမိကျေနပ်သောအမြတ်သို့ရောက်လျှင် (သို့) အများဆုံးကျေနပ်သော အရှုံးသို့ ရောက်လျှင် သူ့အလိုအလျှောက် အရောင်းအဝယ်ရပ်သွားမည် ဖြစ်ပါသည်။

ဂ) ဆက်တင်တခု ဝယ်ရောင်းချိန်တွင် အခြားဆက်တင်တခုအား အလိုအလျှောက် ပျက်ပြယ်စေခြင်း One-Cancels-the-Other (OCO)

သင့်အနေဖြင့် လဲလှယ်နှုန်း တက်မည်၊ ကျမည်ကို မခန့်မှန်းနိုင်ခဲ့လျှင် ဆန့်ကျင်ဘက် ဆက်တင် ၂ ခုပြုလုပ်ထားပြီး ဆက်တင်တခုအား စက်မှ အလိုအလျှောက် ဝယ်ရောင်း လုပ်ချိန်တွင် အခြားဆက်တင်တခုအား အလိုအလျှောက် ပယ်ဖျက်ပေးသောနည်း ဖြစ်ပါသည်၊ သင်အနားတွင် ရှိနေစရာ မလိုအပ်ပါ။

ဒီနည်းကိုတော့ အရေးကြီးသော သတင်းများ ထွက်ပေါ်ခါနီးတွင် အသုံးပြုလေ့ရှိပါ သည်၊ ငွေလဲလှယ်နှုန်း အတက်အကျမှာ ထွက်လာမည့်သတင်းပေါ်လုံးဝမူတည်နေမယ်ဆိုရင် သင် မခန့်မှန်း နိုင်တဲ့အခါ အသုံးဝင်လှပါတယ်။

Credit to - myanmarforextradingeducation

07/05/2014

၃) အရောင်းအဝယ် အော်ဒါ အမျိုးအစားများ

က) လက်ရှိပေါက်ဈေးဖြင့် ရောင်းဝယ်ခြင်း Market order

လက်ရှိမြင်တွေ့နေရသော လဲလှယ်နှုန်းအတိုင်း ရောင်း SELL အောက်မှနှုန်း (သို့) ဝယ် BUY အောက်မှနှုန်းကို နှိပ် CLICK ကာ ဝယ်၊ရောင်း လုပ်ခြင်းဖြစ်ပါသည်။

ခ) မိမိနှစ်သက်သည့် နှုန်းတွင် အလိုအလျှောက် အရောင်းအဝယ်ပြုလုပ်စေခြင်း

ဝယ်၊ရောင်း ဆက်တင်ပြုလုပ်ခြင်း Limit Order ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင် လုပ်ထားပြီး ထိုနှုန်းအရောက်တွင် အလိုအလျှောက် အရောင်းအဝယ်ပြုလုပ်စေခြင်းဖြစ်ပါသည်၊ ဒီနည်းကတော့ အချိန်မရှိသူများနဲ့ အင်တာနက်လိုင်း မကောင်းတဲ့နေရာများမှာ အထူး အသုံးဝင်လှပါတယ်။

ကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကို ဆက်တင်ပြုလုပ်ခြင်း Stop loss & Take profit

ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင် လုပ်ချိန်ချိန်တွင် တပြိုင်နက်ထဲ မိမိကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကိုလဲ တွက်ချက်ကာ ဆက်တင် ပြုလုပ်ထားနိုင်ပါသည်။ ထိုသို့ပြုလုပ်ထားလျှင် ဆက်တင်လုပ် ထားသော နှုန်းအရောက်တွင် စက်ကဝယ်ယူထားပေးပြီး လဲလှယ်နှုန်းထပ်မံပြောင်း လဲမှုအရ မိမိကျေနပ်သောအမြတ် သို့ရောက်လျှင် (သို့) အများဆုံးကျေနပ်သော အရှုံးသို့ ရောက်လျှင် သူ့အလိုအလျှောက် အရောင်းအဝယ်ရပ်သွားမည် ဖြစ်ပါသည်။

Credit to - myanmarforextradingeducation

30/04/2014

အနှစ်ချုပ်အနေနဲ့တော့

1) ဝယ်ချင်တဲ့ အတွဲကို ရွေးတတ်ဖို့ ရယ်
2) ကိုယ့်ဝယ်ချင်တဲ့ ငွေလဲလှယ်နှုန်းမှာ ခလုတ်လေးနှိပ်ပြီး ဝယ်ယူတတ်ဖို့ရယ်
3) အကြမ်းမျဉ်းအားဖြင့် တသိန်းဘိုးလောက် ဝယ်ရောင်း လုပ်ရင် တပစ် pip ကို ဒေါ်လာ ၁၀ လောက် အကျိုးအမြတ်တန်ဖိုး ရှိတယ်ဆိုတာရယ် သိထားရင် အဆင်ပြေပါပြီ။

တသောင်းဘိုး ဝယ်ရောင်း --> တပစ် pip = တဒေါ်လာ ခန့်၊ တသိန်းဘိုး ဝယ်ရောင်း --> တပစ် pip = ဒေါ်လာ ၁၀ ခန်၊့ တသန်းဘိုး ဝယ်ရောင်း --> တပစ် pip = ဒေါ်လာ ၁၀၀ ခန့်

နိုင်ငံတွေရဲ့ ငွေကြေးအတက်အကျ ခန့်မှန်း ရာမှာတော့.........အဓိကအားဖြင့်.......

I) Fundamental Analysis

အဲဒီနိုင်ငံနဲ့ သူ့ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံများရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများအကြောင်း

II) Technical Analysis

ကမ္ဘာကျော် သင်္ချာံပညာရှင်၊ စိတ်ပညာရှင် ကြီးများရဲ့ အတတ်ပညာတွေနဲ့ လူတွေရဲ့ လက်တွေ့အမူအကျင့် ပြုမူချက်များကို နှစ်ပေါင်းများစွာ လေ့လာပြီး ဖေါ်ထုတ် ထားခဲ့တဲ့ သင်္ချာ၊ တိုင်းထွာနည်းပညာ ဖေါ်မြူလာတွေနဲ့ လက်ရှိငွေကြေးအတက်အကျ အဖြေအနေတွေကို လ့လာခြင်း

III) Sentimental Analysis

လက်ရှိ ရောင်းဝယ်နေကြတဲ့ ငွေကြေးကုန်သည်များရဲ့ တဒင်္ဂ စိတ်ခံစားမှုအခြေအနေ ကိုလေ့လာခြင်း ဆိုပြီး ၃ ပိုင်းရှိပါတယ်

Credit to - myanmarforextradingeducation

29/04/2014

၂) မာဂျင်၊ နေ့တိုး နှင့် အကျိုးအမြတ် တွက်ချက်ပုံ

Margin မာဂျင် (အနည်းဆုံး သင့်အကောင့်တွင် ကျန်ရှိရမည့်ငွေ) နှင့် Lots size ဝယ်ယူနိုင်သည့် ပမာဏများ

Margin မာဂျင်ငွေအဖြစ် သင်အရောင်း အဝယ်လုပ်သည့် ကုမ္ပဏီ Broker ပေါ်မူတည်ပြီး သင်ဝယ်ယူထားသည့်ငွေ ပမာဏ ၏ ၀.၀၅% မှ ၀.၅% အထိ သင့်အကောင့်တွင် လက်ကျန်ငွေ ရှိရပါတယ်။

Lots size ဝယ်ယူရမည့် ပမာဏများကတော့ သင်ဖွင့်တဲ့အကောင့်ပေါ်မူတည်ပြီး Micro အသေး၊ Mini အငယ် နဲ့ Standard ပုံမှန် အကောင့်တို့အတွက် အနည်းဆုံးဝယ်ယူရမယ့် ပမာဏအဖြစ် ၁၀၀၀ (တထောင်)၊ ၁၀၀၀၀ (တသောင်း) နဲ့ ၁၀၀၀၀၀ (တသိန်း) ဆီ အသီးသီး သတ်မှတ်ထားပါတယ်။

Rollover နေ့တိုး

Leverage "မြှင့်တင်ပေးငွေ" အနေနဲ့ သင်ရောင်းဝယ်ရာမှာ ကုမ္ပဏီ က ငွေများကို သင့်အတွက် စိုက်ထုတ်ပေးထားတာကြောင့် ကုမ္ပဏီ ရဲ့ငွေတွေကိုသုံးထားတဲ့ သင့်ရဲ့ရောင်းဝယ်မှုဟာ ဒီနေ့ ကနေ နောက်နေ့ကူးသွားမယ် ဆိုရင်တော့ နေ့စဉ်ဘဏ်တိုးအဖြစ် မပြော ပလောက်တဲ့ ငွေအနည်း ငယ်ပေးရ ပါမယ်၊ ရောင်းဝယ်မှု နေ့မကူးဘူးဆိုရင်တော့ ပေးစရာမလိုပါဘူး။
Leverage "မြှင့်တင်ပေးငွေ" အနေနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး သင့်လက်ရှိငွေရဲ့ အဆ ၅၀ လောက်ကနေ အဆ ၄၀၀ လောက်ထိ မြှင့်တင်ရောင်းဝယ်ခွင့် ပေးထားပါတယ်။

အကျိုးအမြတ်တွက်ချက်ပုံ Profit calculation

သင်ယူရို ကျမယ်ခန့်မှန်းပြီး ၁.၃၃၆၆ နှုန်းမှာရောင်းလိုက်တဲ့အတိုင်း ယူရိုငွေကြေးကျသွားပြီး သင့်ရဲ့ရောင်းဝယ်မှုကို ၁.၃၂၆၆ မှာ ရပ်လိုက်မယ်ဆိုရင် သင်ဟာ ၁.၃၃၆၆-၁.၃၂၆၆ = ၀.၀၁၀၀ = ၁၀၀ ပစ် pip မြတ်သွားပြီဖြစ်ပါတယ်၊

အလားတူဘဲ သင်ယူရို တက်မယ်ခန့်မှန်းပြီး ၁.၃၃၆၉ နှုန်းမှာဝယ်လိုက်တဲ့အတိုင်း ယူရိုငွေကြေးတက်သွားပြီး သင့်ရဲ့ရောင်းဝယ်မှုကို ၁.၃၄၆၉ မှာ ရပ်လိုက်မယ်ဆိုရင် သင်ဟာ ၁.၃၄၆၉-၁.၃၃၆၉ = ၀.၀၁၀၀ = ၁၀၀ ပစ် pip မြတ်သွားပြီဖြစ်ပါတယ်၊
သင် ငွေကြေးတသိန်းဘိုး ဝယ်ယူထားတဲ့အတွက် တပစ် pip အတက်အကျတန်ဘိုးဟာ ဒေါ်လာ ၁၀ ရှိတဲ့အတွက် သင်ဟာ ၁၀၀ ပစ် pip x ဒေါ်လာ ၁၀ = ဒေါ်လာ တထောင် အမြတ် ရရှိသွားပြီဖြစ်ပါတယ်။

Credit to - myanmarforextradingeducation

28/04/2014

အွန်လိုင်း ငွေကြေးအရောင်းအဝယ်ကို ဘယ်လို လုပ်၇မှာလဲ?

၁) ငွေကြေး အရောင်းအဝယ် အတွဲ၊ လဲလှယ်နှုန်းနဲ့ အခြေခံများ

ဒီဈေးကွက်မှာ သင်ဟာ တန်ဖိုးကျနိုင်တဲ့ငွေကိုရောင်းပြီး တန်ဘိုးတက်နိုင်တဲ့ငွေကို ဝယ်ခြင်း အားဖြင့် စီးပွားရှာရမှာဖြစ်ပါတယ်။ အဲဒီငွေကြေး ၂ခု လဲလှယ်နှုန်း ကွာခြားလာတာနဲ့အမျှ သင်ဟာ အကျိုးအမြတ် ရရှိလာမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ငွေကြေးအစုံနဲ့ ၄င်းတို့ရဲ့ လဲလှယ်မှုနှုန်းကို အောက်ပါအတိုင်း ဖေါ်ပြလေ့ရှိပါတယ်။

SELL / BID BUY / ASK
EUR/USD 1.3366 1.3369

အရှေ့ကငွေကြေး EUR ယူရိုကို "အခြေခံငွေကြေး" Base Currency လို့ခေါ်ပြီး အနောက်က ဖေါ်ပြထားတဲ့ USD အမေရိကန်ဒေါ်လာ ငွေကြေး ကိုတော့ "တွက်ချက် ထားတဲ့ ငွေကြေး" Quote Currency လို့ခေါ်ပါတယ်။ ရောင်းတာကို SELL (သို့) BID လို့ဖေါ်ပြလေ့ရှိပြီး ဆွေးနွေးတဲ့အခါ SHORT လို့ သုံးပါတယ်၊ ဝယ်တာကိုတော့ BUY (သို့) ASK လို့ဖေါ်ပြလေ့ရှိပြီး ဆွေးနွေး ကြတဲ့အခါ LONG လို့လဲ သုံးလေ့ရှိပါတယ်။

SELL = BID = SHORT
BUY = ASK = LONG

ဖေါ်ပြထားတဲ့ လဲလှယ်နှုန်းကတော့ အခြေခံငွေကြေး တယူနစ်မှာ တွက်ချက်ခံရတဲ့ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာပါဘဲ၊ ငွေကြေးအစုံတိုင်းဟာ အခြေခံငွေကြေး တယူနစ်ကို မူတည်ပြီး တွက်ချက်ဖေါ်ပြထားကြတာပါ၊ အပေါ်မှာကတော့ ၁ ယူရိုမှာ အမေရိကန် ၁.၃၃၆၆ ခန့် လဲလှယ်နှုန်း ရှိတယ်လို့ ဆိုလိုပါတယ်၊ အရောင်းနဲ့ အဝယ်နှုန်းမှာ မတူဘဲ အနည်းငယ် ၀.၀၀၀၃ ကွာခြားတာကို သတိထားမိပါလိမ့်မယ်၊ အဲဒီကွာခြားချက်က အွန်လိုင်း တိုက်ရိုက်ငွေလဲလှယ်ခပါ။ ၀.၀၀၀၁ ဖြစ်တဲ့ ၁ ပစ် pip ဟာ သင်ဝယ်တဲ့ ငွေပမာဏရဲ့ ၀.၀၁% နဲ့ ညီမျှပါတဲ့အတွက် ၀.၀၀၀၀၃ ဖြစ်တဲ့ ၃ ပစ် pip ဟာ သင်ဝယ်တဲ့ ငွေပမာဏရဲ့ ၀.၀၃% နဲ့ညီမျှမှာပါ။

အထက်ဥပမာအရဆိုရင် EUR ယူရို တသိန်း အွန်လိုင်းတိုက်ရိုက် ရောင်းဝယ်ဘို့အတွက် သင့်ဒေါ်လာအကောင့်မှာ ဒေါ်လာ ၁၃၄၀၀၀ တသိန်း ၃သောင်း လေးထောင်ခန့် ရှိရမှာဖြစ်ပြီး ရောင်းဝယ်ခအဖြစ် ကွာခြားချက် ၃ ပစ် pip ၀.၀၀၀၃ ဖြစ်တဲ့ ဒေါ်လာ ၃၀ (တသိန်းရဲ့ ၀.၀၃%) ပေးရမှာဖြစ်ပါတယ်၊ တကယ်တန်းကျတော့ သင့်ဒေါ်လာ အကောင့်မှာ ဒေါ်လာ ၅၀၀ ထည့်ထားရင် သင်ဟာ EUR ယူရို တသိန်းကို အွန်လိုင်း ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်၊ အဲဒါကို Leverage "မြှင့်တင်ပေးငွေ" လို့ခေါ်ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။

သင်တကယ်သိထားရမှာကတော့ အခြေခံငွေကြေး EUR ယူရိုကို ရောင်းချင်လျင် SELL အောက်မှာရှိတဲ့ နှုန်း (1.3366) ကို နှိပ်ရမှာဖြစ်သလို EUR ယူရိုကို ဝယ်ချင်လျင် BUY အောက်မှာ ဖေါ်ပြထားတဲ့ နှုန်း (1.3369)ကို နှိပ်ရမှာဖြစ်ပါတယ်၊ အခြေခံငွေကြေးကို ရောင်းရင် သူနဲ့တွဲနေတဲ့ ငွေကြေးကို ဝယ်ပြီးသားဖြစ်သွားပြီး အခြေခံငွေကြေးကို ဝယ်ရင် သူနဲ့တွဲနေတဲ့ ငွေကြေးကို အလိုလို ရောင်းပြီးသားဖြစ်သွားပါတယ်။ အဲဒီတော့ ကိုယ်အရောင်းအဝယ်လုပ်ခြင်တဲ့ ငွေကြေးအတွဲကို လိုက်ရှာပြီး ရောင်း (သို့) ဝယ် လုပ်ရုံပါဘဲ။

Credit to - myanmarforextradingeducation

25/04/2014

၅) တပတ်အတွင်း ငွေကြေးအရောင်းအဝယ်လုပ်ရန် အကောင်းဆုံးနေ့များ

တပတ်အတွင်းမှာ့ အလယ်ရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့ တွေဟာ ငွေကြေးအရောင်းအဝယ်လုပ်ဖို့အကောင်းဆုံးနေ့တွေ ဖြစ်ပါတယ်၊ တနင်္လာနေ့ရဲ့ ပထမနေ့ဝက်မှာ အတက်အကျလမ်းကြောင်းမှားတွေ ဖြစ်ပေါ်နိုင်သလို သောကြာနေ့ရဲ့ ဒုတိယနေ့ဝက်ဟာလဲ ပိတ်ရက်တွေနဲ့နီးလာတာကြောင့် အတက်အကျသိတ်မရှိတတ်ပါဘူး။
သင့်ရဲ့အချိန်တွေကို အမြော်အမျှင်ရှိရှိနဲ့ စီမံပါ အွန်လိုင်း ငွေကြေး အရောင်းအဝယ် ဈေးကွက်ဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄ နာရီ ကာလပတ်လုံး အရောင်းအဝယ် လုပ်နိုင်တာ ဖြစ်ပေမယ့် အမြဲသိသာစွာတက်ကျနေတာ မဟုတ်ပါဘူး။ သင့်ရဲ့ကျန်းမာရေးအတွက် အနားယူချိန်နဲ့ မိသားစုအတွက်အချိန် ပေးဘို့ဆိုတာလဲ သင့်ဘဝမှာ အရေးပါတယ်ဆိုတာ မမေ့ပါနဲ့၊ အဲဒါကြောင့်ဘယ်အချိန်တွေမှာ ငွေကြေးအရောင်းအဝယ်လုပ်သင့်ပြီး ဘယ်အချိန်တွေမှာ မလုပ်သင့်ဘူးဆိုတာ ကုန်သည်တိုင်း သိထားသင့်ပါတယ်။

အရောင်းအဝယ်လုပ်ရန် အကောင်းဆုံးအချိန်များ

က) လန်ဒန် - နယူးယောက် အရောင်းအဝယ်ထပ်ချိန် ၄ နာရီ ကာလအတွင်း
ခ) လန်ဒန် ရုံးဖွင့်ချိန် အတွင်း
ဂ) နေ့အားဖြင့် အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့များ

အရောင်းအဝယ်လုပ်ရန် မကောင်းဆုံးအချိန်များ

က) အဓိက နိုင်ငံတခုဧ။် ရုံးပိတ်ရက်နေ့များ
ခ) သောကြာနေ့ လန်ဒန်ရုံးပိတ်ချိန် နောက်ပိုင်း
ဂ) အရမ်းအရေးပါသောစီးပွားရေးသတင်းထွက်ပေါ်ချိန်များ (ထိုအချိန်များတွင်မိနစ်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျ ကြီးမားလျှင်မြန်စွာ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ကျွမ်းကျင်မှုမရှိပါက အရောင်းအဝယ်မလုပ်သင့်ပါ)

Credit to - myanmarforextradingeducation

24/04/2014

၎) ရုံးဖွင့်ချိန်ခြင်း ထပ်နေသော အချိန်ပိုင်းများ
တိုကျို - လန်ဒန် အချိန်ထပ်ခြင်း
အများအားဖြင့် အာရှအချိန်ပိုင်းမှာ ငွေကြေး အတက်အကျ သိတ်မကြမ်းတတ်သလို ဥရောပအနေနဲ့လဲ ရုံးစဖွင့်ချိန် ဖြစ်တာကြောင့် တိုကျို - လန်ဒန် အချိန်ထပ်တဲ့ ၁ နာရီ အတွင်းမှာ ငွေကြေး အတက်အကျ မကြမ်းတတ်ဘဲ အရောင်းအဝယ်အခွင့် အလမ်း ကာင်းတွေ များစွာ ပေါ်ပေါက်လေ့ မရှိပါဘူး။
တိုကျို - လန်ဒန် အချိန်ထပ်ချိန် --> မြန်မာစံတော်ချိန် ညနေ ၂:၃၀ မှ ၃:၃၀ အတွင်း

လန်ဒန် - နယူးယောက် အချိန်ထပ်ခြင်း
လန်ဒန် နဲ့ နယူးယောက် ရောင်းဝယ်ချိန်ခြင်းထပ်နေတဲ့ ၄ နာရီ ကာလကတော့ ကမ္ဘာ့အကြီးဆုံး ငွေကြေးအရောင်းအဝယ် စင်တာကြီး ၂ခု အပြိုင် ရောင်းဝယ်နေကြချိန် ဖြစ်တဲ့အတွက် တနေ့တာလုံးမှာ ငွေကြေး အတက်အကျ အကြမ်းဆုံး၊ ငွေကြေးကုန်သည်များအတွက် အလုပ်အရှုပ်ဆုံးဖြစ်သလို သင့်အတွက်လဲ အရောင်းအဝယ် အခွင့်အလမ်းကောင်းတွေ အများဆုံးရရှိနိုင်တဲ့ အချိန်ပိုင်းဖြစ်ပါတယ်။ ဒီအချိန်ပိုင်းအတွင်းမှာ အမေရိကနဲ့ကနေဒါက စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေညာချိန်လဲဖြစ်ပါတယ်။
အရှေ့က လန်ဒန်အချိန်ပိုင်းမှာ အတက်(သို့)အကျ လမ်းကြောင်းတွေ ဖြစ်ပေါ်ထားခဲ့တယ်ဆိုရင် ဒီအချိန်ပိုင်းအတွင်း တခြား စီးပွားရေးသတင်းတွေ မကြေညာခင်အချိန်ထိ အရှေ့ကလမ်းကြောင်းအတိုင်း ဆက်သွားလေ့ရှိပါတယ်။ အရေးကြီးတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေညာပြီးချိန်တွေမှာတော့ ငွေကြေးလဲလှယ်မှုနှုန်းတွေ သိသာစွာ ပြောင်းလဲနိုင်ပြီး အရှေ့ကဖြစ်ပေါ်နေတဲ့ တက်ကျလမ်းကြောင်းတွေလဲ ပြောင်းလဲနိုင်ပါတယ်။
လန်ဒန် - နယူးယောက် အချိန်ထပ်ချိန် --> မြန်မာစံတော်ချိန် ညနေ ၇:၃၀ မှ ၁၁:၃၀ အတွင်း

Credit to - myanmarforextradingeducation

23/04/2014

၃) နယူးယောက်ရုံးဖွင့်ချိန်

ဥရောပက ငွေကြေးရာင်းဝယ်နေကြတဲ့ သူတွေနေ့လည်ထမင်းစား ပြန်လာချိန် လောက်မှာ အမေရိကက ငွေကြေးရောင်းဝယ်မယ့် ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်၊ အမေရိကန်ဟာ လက်ရှိအနေအထား အရ ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံကြီးဖြစ်တာကြောင့် ဒီအချိန်ပိုင်းမှာ အမေရိကန်ဒေါ်လာ လဲလှယ်မှုပမာဏဟာ ငွေကြေးအားလုံးရဲ့ ၈၅% ခန့် ရှိပါတယ်။ တနေ့တာ ငွေကြေး အရောင်းအဝယ် ပမာဏရဲ့ ၅၀% လောက်ဟာ ဒီအချိန်ပိုင်း မှာ ရောင်းဝယ်လေ့ရှိပါတယ်။ ဒီအချိန်ပိုင်းမှာ အမေရိကန် နဲ့ ကနေဒါ နိုင်ငံများရဲ့ ငွေကြေး အတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကက ရုံးတွေ ၄ နာရီလောက် ရုံးဖွင့်ချိန်ထပ်နေတဲ့ အချိန်မှာ ငွေကြေးအတက်အကျ ကြမ်းတတ်ပြီး အရောင်းအဝယ်လုပ်ဖို့ အခွင့်ကောင်းတွေ ပေါ်လေ့ရှိပါတယ်။

Credit to - myanmarforextradingeducation

ที่อยู่

Bangkok
10100

เบอร์โทรศัพท์

0970032013

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Forex Market for Myanmar Peopleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Forex Market for Myanmar People:

แชร์