Kyaw Swar Peter ကမ္ဘာ့ရွှေ Daily Blog

Kyaw Swar Peter ကမ္ဘာ့ရွှေ Daily Blog Carpe Diam

07/08/2026

ယနေ့ ဩဂုတ်လ၈ရက်စနေနေ့နံနက်က ကမ္ဘာ့ရွှေစျေး4340စျေးတန်းမှာဩဂုတ်လပထမအပတ်
တစ်ပတ်တာစျေးပိတ်သွားခဲ့ပါသည်

07/08/2026

နည်းပညာပိုင်းအရ ဒီနေ့ဩဂုတ်၇ရက် သောကြာနေ့ညကမ္ဘာ့ရွှေတစ်ပတ်တာ
အပိတ်စျေးသာ 4396အထက်ပိတ်နိုင်ခဲ့ပါကစျေးပြန်ကျဖို့မလွယ်တော့ပါ

06/08/2026

လက်ရှိကမ္ဘာ့ရွှေစျေးအနေအထားက ဒီနှစ်အစတုန်းကလို အတက်လားရာလုံးဝအားကောင်းဖို့အတွက်ဆိုရင် (1)အမေရိကန်-အီရန်စစ်ပွဲလုံးဝပြီးဆုံးဖို့လိုအပ်ပါသည် (2) အမေရိကန်ဗဟိုဘဏ်အနေနဲ့ဘဏ်တိုးနှုန်းလျှော့ချဖို့ ဦးစားပေးအနေအထားရှိရပါ့မည် အဲ့နှစ်ချက်နဲ့မပြည့်စုံမချင်း ကမ္ဘာ့ရွှေစျေးပြန်တက်လည်း ရေတိုခဏတာပါပဲ အဲ့ဒါကြောင့်အခုတက်နေတဲ့စျေးအတက်ဟာ အမြင့်စျေးမှာရောင်းဖို့အတွက်တက်ပေးနေတယ်လို့ယူဆနိုင်ပါတယ် လက်ရှိကမ္ဘာ့ရွှေစျေးကမနက်ဖြန်ဩဂုတ်၇ရက်ညအမေရိကန်အရေးကြီးအလုပ်အကိုင်သတင်းတွေထွက်အပြီးမှာစျေးပြန်ကျရင်ကျ ဒါမှမဟုတ် နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့ ဩဂုတ်လ၁၂ရက်နေ့ည အမေရိကန်ငွေကြေးဖောင်းပွမှုသတင်းတွေထွက်အပြီးမှာစျေးပြန်ကျနိုင်ခြေရှိတယ်လို့
ယေဘုယျသုံးသပ်ထားပါတယ်

04/08/2026

နည်းပညာပိုင်းအရ ဩဂုတ်၅ရက် အင်္ဂါနေ့ ဒီနေ့ညတစ်ရက်တာအပိတ်စျေးသာ 4105စျေးတန်းအထက်ပိတ်နိုင်ပါကမနက်ဖြန်စျေးဆက်တက်မည်

03/08/2026

လက်ရှိကမ္ဘာ့ရွှေစျေးအနေအထားက 4170စျေးတန်းအထက်မှာတစ်ရက်တာစျေးမပိတ်နိုင်မချင်း စျေးအကျဘက်ပဲတရွေ့ရွေ့နဲ့ဦးတည်နေပါလိမ့်မယ် တအိအိနဲ့စျေးကျမလား အရှိန်အဟုန်နဲ့ကျမလားပဲဆိုတာစောင့်ကြည့်ရမှာပါ ကျွန်တော့်အမြင်အရတော့ ဒီတစ်ပတ်သောကြာနေ့ည အမေရိကန်နိုင်ငံရဲ့ဇူလိုင်လအရေးကြီးအလုပ်အကိုင်သတင်းတွေထွက်အပြီးမှာအရှိန်အဟုန်နဲ့စျေးကျမည်လို့အကြမ်းဖျင်းသုံးသပ်ထားပါသည်
အမြင်တူ အကြိုက်တူမှယုံကြည်ပါ

01/08/2026

ဒီနေ့ဩဂုတ်လ၁ရက်စနေနေ့နံနက်က ကမ္ဘာ့ရွှေစျေး 4043စျေးတန်းတွင်ဇူလိုင်လတစ်လတာစျေးပိတ်သွားခဲ့ပါသည်

31/07/2026

Facebookက 24 hour banခံထားရလို့ postမတင်နိုင်တာပါ Telegramမှာတော့တင်ဖြစ်ပါတယ်
ဒီနေ့ဇူလိုင်၃၁ရက် ကမ္ဘာ့ရွှေစျေးကိုလိုရင်းတိုရှင်း သုံးသပ်ပြရရင် 4100စျေးတန်းအထက်စျေးတက်တိုင်းရောင်းပါ 4140စျေးတန်းအထက်မှာအချိန်တစ်နာရီအတိုင်းအတာအပိတ်စျေးနဲ့စျေးမပိတ်မချင်းအထိပါ
ဒီနေ့တစ်လတာစျေးပိတ်မည့်နေ့ဖြစ်တာကြောင့် စျေးအတက်အကျကြီးကြီးမားမားလာနိုင်ပါသည်

29/07/2026

ဒီနေ့ည ဇူလိုင်လအမေရိကန်ဘဏ်တိုးနှုန်းဆုံးဖြတ်ချက် အရင်လကအတိုင်း 3.75%ပဲဆက်လက်ထားရှိပြီးကမ္ဘာ့ရွှေစျေး4086အထိထိုးတက်ခဲ့သည်

ဒီနေ့ညအမေရိကန်ဘဏ်တိုးနှုန်းဆုံးဖြတ်ချက်ထွက်အပြီး ကမ္ဘာ့ရွှေစျေးအနေအထားကိုသုံးသပ်ရမည်ဆိုရင် ကျွန်တော့်အမြင်အရ စျေးအကျအားဆ...
29/07/2026

ဒီနေ့ညအမေရိကန်ဘဏ်တိုးနှုန်းဆုံးဖြတ်ချက်ထွက်အပြီး ကမ္ဘာ့ရွှေစျေးအနေအထားကိုသုံးသပ်ရမည်ဆိုရင် ကျွန်တော့်အမြင်အရ စျေးအကျအားဆက်ကောင်းမည်လို့သုံးသပ်ထားပါသည် စျေးတောက်လျှောက်ကျမလား? တစ်ချက်ပြန်အတက်ပြပြီးမှထိုးကျမလား?ဆိုတာပဲစောင့်ကြည့်ရမည်လို့မြင်ပါတယ် အကယ်၍ နည်းပညာပိုင်းအရ ဒီနေ့ ဇူလိုင်၂၉ရက် ဗုဒ္ဓဟူးနေ့ကမ္ဘာ့ရွှေတစ်ရက်တာ
အပိတ်စျေးသာ 4170အထက်သာပိတ်ခဲ့ရင်တော့ ကျွန်တော့်သုံးသပ်ချက်မှားပြီလို့သာယူဆလိုက်ပါ

စျေးပြန်ကျနေတဲ့လက်ရှိကမ္ဘာ့ရွှေစျေးကိုဒီနေ့တစ်ရက်တာအတွက်ဘယ်လိုအရောင်းအဝယ်လုပ်ရမလဲ?ဒီနေ့ဇူလိုင်၂၈ရက်နေ့ အင်္ဂါနေ့ တစ်ရက်တ...
28/07/2026

စျေးပြန်ကျနေတဲ့လက်ရှိကမ္ဘာ့ရွှေစျေးကိုဒီနေ့တစ်ရက်တာအတွက်ဘယ်လိုအရောင်းအဝယ်လုပ်ရမလဲ?

ဒီနေ့ဇူလိုင်၂၈ရက်နေ့ အင်္ဂါနေ့ တစ်ရက်တာ

နည်းပညာပိုင်းအရသုံးသပ်ချက်

မြန်မာစံတော်ချိန်နေ့လည်၁နာရီ
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

-မနက်ဖြန်ညသန်းခေါင်မှာအမေရိကန်ဘဏ်တိုးနှုန်းဆုံးဖြတ်ချက်ထွက်ဖို့ရှိတာကြောင့် ဒီနေ့ကမ္ဘာ့ရွှေစျေးကိုစျေးအတက်အကျကြမ်းကြမ်းမမှန်းသင့်သေးပါ

-စျေးနှုန်းသဘောတရားအရဒီနေ့ကမ္ဘာ့ရွှေစျေး အလွန်ဆုံးစျေးတက်4120စျေးတန်း အလွန်ဆုံးစျေးကျ 3990စျေးတန်းအထိပဲလို့သုံးသပ်ထားပါသည်

-ဒီနေ့ကမ္ဘာ့ရွှေစျေးအတွက်သတိထားစောင့်ကြည့်ရမည့်စျေးတန်းတွေကတော့ 4090(စျေးအတက်အဓိကအဟန့်အတားစျေးတန်း)နှင့် 4010(စျေးအကျအဓိကအဟန့်အတားစျေးတန်း)ပါ

-ဒီနေ့ကမ္ဘာ့ရွှေစျေးကို 4090စျေးတန်းနားနဲ့အထက်မှာနည်းပညာပိုင်းအရရေတိုရောင်းဖို့စျေးတန်းရှာနိုင်ပြီး 4030စျေးတန်းနဲ့အောက်မှာရေတိုဝယ်ဖို့စျေးတန်းရှာနိုင်ပါသည်

ที่อยู่

Bangkok
05032

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyaw Swar Peter ကမ္ဘာ့ရွှေ Daily Blogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์