GHI Management

GHI Management We are management company mainly we advise on business collaboration and knowledge sharing to help people. We manage to plant about 150,000 trees.

We are planting a lot of trees to save our mother earth and we welcome anyone to plant more trees with us.

02/10/2023

ဂရန်မြေ တရားဝင် ဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း..။

ဂရန်မြေ ဝယ်ယူလျှင် အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်...

1။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။

2။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ စရန်ချပါ။

3။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုးရမှ ငွေအ​ပြေချေပါ။
1။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်။
2။ မူရင်းဂရန် အမည်ပေါက်ထံမှ SP။
3။ မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
4။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။
1။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2။ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်သလဲ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက် ပေးဆောင်ရသလဲဆိုတာ သိထားသင့်ပါတယ်။

အခွန်ဆောင်ဖို့အတွက် မြေတန်ဘိုးကို သတ်မှတ်တဲ့အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ်။ ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတုရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။
လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဘိုးများကို ပြုစု ထားရပါတယ်။ ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူထားရပါတယ်။ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ ​အိုးအိမ်ဦးစီး ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။ ဘာကြောင့် မြေတန်ဘိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့် ကာလတန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။ ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကို ဖော်ပြပေးပါမယ်။ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့်....
⏩ (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
⏩ (၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
⏩ အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
⏩ ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
⏩ ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
⏩ ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
⏩ တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။
အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အရင်က ဒီထက်ပိုပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း သင့်မှာ “ငွေဖြူ” ရှိရင် သက်သာပါမယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ဆိုလိုပါတယ်။ ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာ ပြဌာန်းထားပါကြောင်း.....။

Crd U Myo Min Htun
#ဒေါ်နိုင်နိုင်ဝင်း

09262677793
09795678993

18/09/2023
15/09/2023

🏡 #ဂရံမြေဆိုရင်
သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်

🏡 #ဘိုးဘွားပိုင်မြေဆိုရင်
သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲပါတယ်

🏡 #အစိုးရမြေဆိုရင်
သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲပါတယ်

🏡 #ရွာမြေဆိုရင်
လိမ္မော်ရောင်နဲ့ ဆွဲပြီး
သာသနာ့မြေဆိုရင်
အစိမ်းရောင်နှင့် ဆွဲပါတယ်

🏡🏡🏡
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။

🙋🙋🙋
တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ 💚မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM

၅ ။ မူရင်းလယ်မြေဆိုရင် M/MY

၆ ။ ချောင်းရေဝင်မြေဆိုရင် C

၇ ။ ယာမြေဆိုရင် Y

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉ ။ တောင်ယာမြေဆိုရင် TY/YY

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃ ။ ဓနိမြေဆိုရင် D

၁၄ ။ အပိုင်ရမြေဆိုရင် O

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G

၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။🏡🏡🏡

မူရင်း ရေးသားသူအား
Credit ပေးပါတယ်ခင်ဗျာ

15/08/2023
02/08/2023

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက်နည်းလမ်း
__________________________________
၁။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် ပုံစံ-၃ လျောက်လွှာတင်ပြီး ၊အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်
မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျောက်ထားကူးယူပါ။
၂။အဆိုပါ ၁၀၅/၁၀၆မြေပုံရလျင် မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံဆိပ်ခေါင်းခွန်
ထမ်းဆောင်ရန်အတွက် ဇုံအလိုက်သတ်မှတ်နုန်းထား ဘယ်လောက်သတ်မှတ်တယ်ဆိုဒါ သွားရောက်
ကြည့်ရူ့ပါ။
၃။ သတ်မှတ်နုန်းထားသိပြီဆိုရင် တန်ဖိုးပေါ်တွင် ၂% အတွက်ကျသင့်သော တံဆိပ်ခေါင်းခွန် အား
မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတွင် သွားရောက်ဝယ်ယူပါ။
၄။တံဆိပ်ခေါင်းများရလျင် အရောင်းအဝယ်စာချုပ်ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သောလည်/စီ
အရှေ့မှောက်တွင်စာချုပ်ချုပ်ဆိုရပါမည်။
၅။အဆိုပါစာချုပ်အား ရက်ပေါင်း ၁၂၀ အတွင်းမြို့နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်
မှတ်ပုံတင်ရပါမည်။မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ဝ၅%ပေးသွင်းရပါမည်။
၆။ အဆိုပါမှတ်ပုံတင်စာချုပ်ရပါက စာချုပ်အားအထောက်ထားပြုပြီး ဝယ်သူအမည်ပြောင်းလဲပေးပါရန် အဆိုပါဌာနတွင် ထပ်မံလျောက်ထားရပါမည်။
လိုအပ်သောစာရွက်စာတမ်းများစာရင်း
၁. ပုံစံ-၇ မူရင်း
၂- ၁၀၅/၁၀၆ မူရင်း
၃-ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း နှင့် ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း
၄-ရောင်းသူ/ဝယ်သူမှတ်ပုံတင် သန်ခေါင်စာရင်း
အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။


တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

27/07/2023

မြို့မြေမှာ နေအိမ်ခြံစည်းရိုးကို မှားယွင်းပြီး တိုင်းတာခဲ့လို့ဖြစ်စေ ၊ ကျူး ကျော်ကာရံတာဖြစ်စေ ၊ ဒီလိုအခြေ အနေမျိုး ရှိခဲ့မယ်ဆိုရင် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါရစေ

ဖြစ်ခဲတယ်လို့ ဆိုနိုင်သလို ဖြစ်လေ့ ဖြစ်တတ်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ မြို့မြေကွက်တွေ မှာ ဂရန်လျှောက်လျှင်၊ ခြံစည်းရိုးကာရံလျှင်၊ မြေကွက်လွှဲပြောင်း ရောင်းဝယ်မှုပြုလျှင်၊ အိမ်သစ် ဆောက်လုပ်လျှင်၊ မြေကွက်ခွဲစိတ်လျှင် မိမိ၏ မြေနယ်နိမိတ်နှင့် ဆက်စပ်နေသည့် တစ်ဖက်ခြံ မြေကွက်နှင့် နယ်နိမိတ်ပြဿနာ တွေ့ရတတ်ပါတယ်။

ထိုကိစ္စရပ်မျိုး ဖြစ်သည့်အခါ ကိစ္စရပ်အလိုက် ပိုင်းခြားဖြေရှင်းရမှာ ဖြစ်ပါတယ်။ မိမိပိုင်နက် မြေအတွင်း ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏ မြေသည် တစ်ဖက်သို့ ပါသွားခြင်းတို့အတွက် လတ် တလော ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ဆိုလျှင် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ အစီအမံဖြင့် ဖြေရှင်းလို့ အဆင်ပြေတတ်ပါတယ်။ ယခုမှ ခြံစည်းရိုး ကာရံခြင်း၊ မြေတိုင်းတာခွဲစိပ်ခြင်း၊ ဖေါင်ဒေးရှင်း တူးခြင်း၊ နယ်နိမိတ်တိုင် စိုက်ထူခြင်းများမှာ မိမိ၏ ခြံမြေနှင့် တစ်ဖက်ခြံ၏ နယ်နိမိတ် အငြင်းပွား မှု ဖြစ်ပါက သက်ဆိုင်ရာ ဌာနများ၏ အဆုံးအဖြတ် ကွင်းဆင်းတိုင်းတာ ဖြေရှင်းမှုဖြင့် ပြေလည် သွားတတ်ပါသည်။

အရင်ကပင် သူ့မြေ ကိုယ့်မြေ နယ်ခြား သေသေချာချာ ခွဲခြားမှှု မရှိခဲ့၊ သူ့နယ် ကိုယ့်နယ် နယ်နိ မိတ် မစစ်ဆေးမိဘဲ ကြာမြင့်စွာ အသုံးပြုလာခဲ့ပြီးမှ မိမိဂရန်မြေကွက်အရ ဧရိယာ သို့မဟုတ် မိမိ ဝယ်ယူစဉ်က မြေပုံပါ ဧရိယာနှင့် လက်ရှိအသုံးပြုနေရမှုအပေါ် မသင်္ကာရာမှ စစ်ဆေး တွေ့ ရှိလာရသော ဖြစ်ရပ်နှင့် မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြေနှင့် အဆက်ပြတ်နေစဉ် တစ်ဖက်ခြံမှ မိမိမြေကို တိုးချဲ့ ဖဲ့ယူထားမှု..စသည့် ဖြစ်ရပ်များကို ဖြေရှင်းရန်အတွက်မူ လက်ရှိ မိမိမြေကို တစ်ဖက်မှ ဆန့် ကျင်လက်ရှိထား အသုံးပြုနေမှု. .မိမိမြေ တစ်ဖက်သို့ ပါဝင်နေ သည်ကို သိရှိလာပြီးနောက်ပိုင်း မိမိမှ ဆောင်ရွက်မှုတို့သည် ကာလစည်းကမ်း သတ် ကာလများ မကျော်လွန်ရန် သတိပြုရပါမည်။

မြေနယ်နိမိတ် ကျူးကျော်မှု အတွက် ဖြေရှင်းလေ့ရှိသော နည်းလမ်းများ ရှိပါတယ်။

ပထမ နည်းမှာ လိုင်စင်ရ မြေတိုင်းစာရေးအား ခေါ်ယူ၍ ပုဂ္ဂလိက မြေ တိုင်းတာခြင်းဖြင့် နယ်နိမိတ် အမှန် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ကြေးတိုင်နှင့် မြေစာရင်းဌာနမှ လိုင်စင်မြေတိုင်းစာရေးများ ခန့်ထားမှု မပြုတော့သည့်အတွက် လိုင်စင်ရ မြေ တိုင်းစာရေးဖြင့် ပုဂ္ဂလိက မြေတိုင်းတာခြင်း ဆောင်ရွက်ဖြေရှင်းခြင်း မပြုနိုင်တော့ပါ။

ဒုတိယနည်းလမ်းမှာ ကြေးတိုင်နှငိ့မြေစာရင်းဌာန (ယခု လယ်စီအင်းဌာန) သို့ ပုဂ္ဂလိက မြေ တိုင်း တာမှု လျှောက်ထား ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာန၏ အမြဲအ မိန့် ၁၂၂ အရ ပုဂ္ဂလိက တိုင်းတာခြင်း ဆောင်ရွက်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား ပါက တိုင်းတာရန် တာဝန်ပေးအပ်မှုနှင့်အတူ ခွင့်ပြုမိန့် ချမှတ် ဆောင် ရွက်ပေး ပါသည်။ ထိုအခါ အငြင်းပွား နယ်နိမိတ်ကို အမှန် ရရှိလာနိုင်ပါတယ်။

တတိယနည်းလမ်းမှာ သက်ဆိုင်ရာ တရားရုံး၏ မြေတိုင်းကော်မရှင်ဖြင့် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ ပုဂ္ဂလိကများ၏ မြေပိုင်နက် နယ်နိမိတ် အငြင်းပွားပါက မိမိ၏ ဦးပိုင်ပေါက် မြေကွက် မူလဧရိယာအတိုင်း လက် ရှိဖြစ်ကြောင်း ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာပေး စေလိုမှု၊ မိမိ ပိုင်နက် မြေအမှန် ဖြစ်ကြောင်း ကြေညာပေးစေလိုမှု၊ မိမိပိုင်နက်မြေအတွင်း ကျူး ကျော် ဝင် ရောက်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မိမိမြေကို လက်ရောက် ပေးအပ်စေလိုမှု စသည်ဖြင့် တရားမမှု စွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအခါ တရားရုံးမှ အချင်း ဖြစ်နေရာတွင်သာ ရနိုင်သော အချက် အလက်များကို စိစစ်ရှာဖွေရန်အတွက် တရားမကျင့်ထုံး ဥပဒေ Code of Civil procedure အမိန့် ၂၆၊ နည်း ၉ အရ local investigation ခေါ် ဒေသန္တရ စုံစမ်းစစ် ဆေးခြင်းပြုရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်း ဆောင် ရွက်ရပါတယ်။ ဒေသန္တရစုံစမ်းစစ်ဆေးရေး ကော်မရှင် ဟု ဆိုသော်လည်း အရပ်ခေါ်အရ မြေတိုင်းကော်မရှင် ပင် ဖြစ်ပါတယ်။ ယင်းမြေတိုင်း ကော် မရှင်က နှစ်ဖက် နယ်နိမိတ်များအား စစ်ဆေး ပိုင်းခြား သတ်မှတ် တွေ့ရှိမှုကို တရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားရုံးမှ သင့်လျော်သည် ထင်မြင် သည့်အတိုင်း အမိန့်ချမှတ်မည် ဖြစ်ပါ တယ်။ အဆိုပါ မြေတိုင်းကော်မရှင် ဖွဲ့စည်း တာဝန် ပေး မှုအား တရားရုံးလက်စွဲ ပုဒ်မ ၂၉၂ အရ ကြေး/မြေ ရုံးချုပ်သို့ တရားရုံးမှ ပေးပို့ရပြီး ညွှန်ကြားရေးမှူးချုပ်၏ အခွင့်ရမှသာ မြေစာရင်း အရာရှိများအနေဖြင့် မြေတိုင်းကော်မရှင် တွင် ပါဝင် ဆောင် ရွက်ခွင့် ရှိပါတယ်။

မေးခွန်းရှင် အနေဖြင့် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လို လုပ်ရမလဲဟု နယ်နိမိတ် ပြန်တောင်းခြင်း ဆိုပါက မိမိအစီအစဉ်ဖြင့် ရေးကူးထားသော မိမိထံတွင်ရှိသည့် ပုံစံ ၁၀၅ မြေပုံကို အမှီပြုတောင်းခံခြင်း ဖြစ်ပါက အခက်အခဲ ရှိနိုင်ပါတယ်။ ၁၀၅ သည် အဆိုပါ ပုံစံ တွင် ဖေါ်ပြထားသည့် မြေကွက်၏အချက်အလက်များ (ဥပမာ- ကွင်း၊ ဦးပိုင်၊ ဧက၊ မြေမျိုး၊ မြေအ တန်း အစား၊ အခွန်စည်းကြပ်ခံရသူအမည်၊ စသည်.) ကိုသာ သက် သေခံခြင်း ဖြစ်ပြီး ပိုင်ရှင်ဖြစ် ကြောင်း သက်သေခံ လက်မှတ် မဟုတ်ပါ။ တရားဝင် အသုံးပြုခွင့် ပေးထားသည့် ဂရန်၊ သို့မဟုတ် တရားဝင် အသုံပြုခွင့်အမိန့် တစ်ရပ်ရပ်အရ တောင်းခံခြင်းက ပိုအဆင်ပြေနိုင်ပါတယ် ။ ဒါ့အပြင် မြေကျူးကျော်ခံရသည်ဟု တင်ပြသော အပိုင်းသည် မိမိ ကြာ ရှည်စွာ လက်ရှိ မထား လက်မဲ့ဖြစ်နေသော မြေအစိတ်အပိုင်း ဖြစ်နေပါက လည်းကောင်း၊ မိမိလက်လွတ် ဆုံးရှုံးနေ သည့် ကာလသည် ကာလ စည်းကမ်းသတ် မကျော်လွန်ရန်စေရန်လည်းကောင်း၊ သတိပြုစေလိုပါတယ်။

Credit By: DVBLawLab
Photo crd

13/07/2023

ဂရန်ကတုံး ဖြစ်သော်လည်း အမွေဆက်ခံမည့်သူ ရှာဖွေ၍ အမည်ပြောင်းနည်း
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

မြေနှင့်အိမ်ဝယ်လျှင် ဝယ်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း ၊ ခြံစည်းရိုးကာခြင်း ၊ ဘဏ်ငွေချေးခြင်း ပြုလုပ်ရန် အတွက် အိုးအိမ်/စည်ပင်မြေပုံကူးနိုင်သည်။ မြေကွက်မှာ မိမိဝယ်ထားသည်မှာ မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက် မဟုတ်လျှင် အဆိုပါ ကိစ္စများလုပ်ဆောင်ခြင်း မပြုနိုင်ပါ။
သို့သော် မူလဂရန်ပိုင်ရှင် က မှတ်ပုံတင် General Power/ Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

မူလဂရန်ပိုင်ရှင် သေသွားလျင် ဝယ်သူအမည်ပြောင်းဖို့အဆင့်များ
===========================================
အကယ်၍ မိမိဝယ်ယူခဲ့သည့်၊ ဂရန်အမည်ပေါက် / မြေအမည်ပေါက်များက သေဆုံးသွား၍ ကျန်ရစ်သူ သားသမီးများထံမှ အမွေဆက်ခံသည့် မြေနှင့်အိမ်ကို ဝယ်ယူထားသော သူများမှာ ဥပဒေနှင့် အညီ မိမိအမည်ပေါက် ဂရန်မြေရရှိရေးအတွက် ဆောင်ရွက်ရသည့်အခါ အချိုအချောင် ဟု ထင်ခဲ့သော မြေနှင့်အိမ်မှာ သူများအပူကိုယ့်အပူဖြစ်တော့သည်။ သူများ ဒုက္ခကိုဝယ်ယူသူ ဖြစ်သွားသည်။

အိုးအိမ်ဂရန်လား ၊ စည်ပင်ဂရန်လား ခွဲခြားစုံစမ်းပါ
===========================================
အိမ်ကလည်း အသစ်ဆောက်ချင်သည်၊ ခြံစည်းရိုးကာဖို့လည်းလိုသည်။ သည်တော့ မိမိအမည်ပေါက် မြေငှါးဂရန် ရရန် ဘာတွေလုပ်ရမည်နည်း။ သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေ စီမံခန့်ခွဲမှုဌါန နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မြို့မြေစာရင်းတွင် သွားရောက်စုံစမ်းရသည်။

အလာကောင်းမှ အနှောင်းသေချာဖို့ အကူအညီယူပါ
===========================================
ဂရန်ကတုံးဝယ်မိပါက မြေအမည်ပေါက် မိသားစုထံသွား၍ အကူအညီတောင်းရသည်။ သေဆုံးသူ၏ သေစာရင်းမူရင်းပြ၍ ကျန်ရစ်သူများက တရားသူကြီးထံတွင် မြေအမည်ပေါက် မိခင်/ ဖခင်သေဆုံး၍ မိမိတို့မှာ အမွေဆက်ခံပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျမ်းကျိန်တင်ပြရသည်။ အိမ်နီးနားချင်းနှစ်ဦးကလည်း သေဆုံးသူများမှာ လျှောက်ထားသည့်မြေနှင့်အိမ်ကို ပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျန်ရစ်သည့် သားသမီးများက အမွေဆက်ခံပိုင်ဆိုင်သည်မှာ မှန်ကန်ပါကြောင်း ဘေးက ဝိုင်းကူ၍ ကျမ်းကျိန်ပေးရသည်။

သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း လျှောက်ရန်
===========================================
ကျမ်းကျိန်(၃) စောင် ဂရန်မူရင်း ၊ သေစာရင်း၊ သားသမီးများ၏ မှတ်ပုံတင်မူရင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်များယူဆောင်၍ ကျန်ရစ်သူသားသမီးများ ကိုခေါ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန (သို့) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ သွားရောက်ပြီး ပိုင်ဆိုင်ကြောင်း မြေပုံကူးလျှောက်ထားရသည်။ ထို့အတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်ကိုပါ တပါတည်းလျှောက်ထားရသည်။ သို့မှသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးသည့်နှင့် တဆက်တည်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုနိုင်သည်။

ပိုင်ဆိုင်သူများဖြစ်ကြောင်း သားသမီးများက မှတ်ပုံတင်ထားရမယ်
===========================================
မြို့တော်စည်ပင်မှ တစ်လခန့်ကြာပြီး မြေပုံ မြေရာဇဝင် ရလာသည်နှင့် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကျန်ရစ်သူသားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရသည်။ နှစ်ပတ်ခန့်အကြာ စာချုပ်ရုံးက ပိုင်ဆိုင်ကြောင်း စာချုပ်ရလာသည့်အခါ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မချုပ်မီ၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ သွားရသည်။

ဝင်ငွေခွန်ဥပဒေအရ တန်ဖိုးဖြတ်ပေးဖို့ အခွန်ရုံးကို တင်ပြရန်ပြန်
===========================================
မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်သည့်အတွက် မိမိဝယ်ယူထားသည့် မြေနှင့်အိမ်ကိုတန်ဖိုးပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့သို့ တင်ပြရသည်။ ယင်း ဘုတ်အဖွဲ့ကလည်း ဆက်စပ်သက်ဆိုင်သည့် စာရွက်စာတမ်းများပြည့်စုံမှ လက်ခံသည်။ ဥပမာ- ဂရန်/ စာချုပ် ပိုင်ဆိုင်ကြောင်း စာချုပ်၊ မြေပုံမြေရာဇဝင် ၊ ဝယ်သူ၏မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း၊ စသည်တို့ကို (၆)စုံစီတွဲ၍တင်ပြရသည်။ ယင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်တန်ဖိုးကို မြေနှင့်အိမ်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနတွင် သွားရောက်ပေးဆောင်ရသည်။

နှစ်ထပ်ရှိမှ မှတ်မိဆိုသလို စာချုပ်ရုံးကို သွားရပြန်ပြီ
===========================================
ရန်ကုန်တိုင်း အခွန်ရုံးမှ အခွန်တံဆိပ်ခေါင်းနှင့်ငွေသွင်းပြီး ချလန်စာရွက်များရရှိပါက အထက်တွင်ဖော်ပြခဲ့သည့် စာရွက်စာတမ်းတင်ပြ၍ အမွေဆက်ခံသူတို့နှင့် မြေဝယ်ထားသူတို့ ရန်ကုန်မြို့စာချုပ်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရပြန်သည်။ စာချုပ်ပြီး ချက်ခြင်းမရ။ (၁၄) ရက်ခန့်အကြာမှ မှတ်ပုံတင်စာချုပ်ထုတ်ယူ၍ရသည်။

မိမိအမည်ပြောင်းဖို့ မြို့တော်ခန်းမသို့ နောက်တစ်ခါက်
===========================================
စာချုပ်စာတမ်းရုံးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ရရှိသည်နှင့် ဝယ်သူအမည်ပေါက်ရရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၄၆)လမ်းရုံး ခန်းမ သို့သွား၍ အရောင်းအဝယ်စာချုပ် (မူရင်း) ဂရန် (မူရင်း) မှတ်ပုံတင် (မူရင်း) ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်တို့ကို တင်ပြ၍ မြို့နယ်အလိုက် အမည်ပြောင်းခ ပေးသွင်းရသည်။ ကန့်ကွက်ရန်ရှိမရှိ မြို့ပြ မြေစီမံခန့်ခွဲမှုဌါန မှ ကွင်းဆင်းစစ်ဆေးသည်။ ကန့်ကွက်သူမရှိမှသာ တစ်လခန့်အကြာ၌ မိမိဝယ်ယူထားသည့် ဂရန်(သို့) မြေပိုင်မြေ စာချုပ်ပေါ်တွင် မိမိအမည်ပြောင်းပေးတော့သည်။
Credit: လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
=========================
ရောင်းမှား၊ ဝယ်မှားမဖြစ်ရလေေအောင်ဈေးနှုန်းနဲ့ ပိုင်ဆိုင်မှုအား စိုင်းခွန်နောင် ကုမ္ပဏီနဲ့ တိုင်ပင်ပါ။
=========================
09-400 919125, 09-4431 65656

26/06/2023

📜ပုံစံ(ပုံစံ၇) မဖြစ်မနေ လျှောက်ကြပါ📜
ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ မိမိမြေ ပိုင်ဖြစ်ပြီလား

HL- 222

ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ လယ်ယာမြေပေါ်မှာ အိမ် ဆောက်ခြင်း၊ ဆိုင်ဆောက်ခြင်း၊ ဓါတ်ဆီဆိုင်ဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း၊ အကွက်ရိုက်ခြင်း စတဲ့အခြားနည်းလမ်းများ အသုံးပြုခွင့်မရှိပါဘူး။ အခြားနည်း အသုံးပြုရင် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂(ဆ) ပါ စည်းကမ်းကို ဖေါက်ဖျက်ရာ ကျရောက်တဲ့အတွက် ပုဒ်မ ၁၉ ပါ စီမံခန့်ခွဲရေးပြစ်ဒက်များ၊ ပုဒ်မ ၃၅ ပါ တရားရုံး ပြစ်ဒဏ်များ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သတိပေးထားပါတယ် ။

" အခုလက်ရှိဖြစ်နေတာက ဝယ်တုန်းက ပုံစံ (၇) ရှိတယ် ၊ ၁၀၅ ပေါက်တယ် ဆိုပြီး နားမလည်ပဲ လယ် ယာမြေမှာ အိမ်တွေဆောက် ၊ ဆိုင်တွေဆောက်လုပ်နေကြတာပေါ့ အစိုးရက နို့တစ် စာလာကပ်တော့မှ ပြဿနာတွေတက် နေ ကြတာကိုတွေ့နေရပါတယ်၊ ဒါတွေက ဖြေရှင်းလို့ရပါတယ် ။ ဥပဒေကြောင်းအရသွားရင် မိမိမြေလဲ ဆုံးရှုံးစရာမရှိပါဘူး " လို့ ဥပဒေပညာရှင်တစ်ဦးကပြောပါတယ် ။

ပုံစံ (၇) နဲ့ မြေပိုင်ဆိုင်ခွင့် ။

၂၀၁၂ လယ်ယာမြေ ဥပဒေပုဒ်မ ၃(ဃ) အရ လယ်ယာမြေသည် နိုင်ငံတော်ပိုင် ဖြစ်ပြီးတနည်းအားဖြင့် အစိုးရပိုင် ဖြစ်ပါတယ် ။ လယ်ယာမြေလုပ်ပိုင်ခွင့် လျောက်ထားသော တောင်သူကို လယ်ယာမြေ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပေးခြင်းသာ ဖြစ်ပါတယ် ။

ပုံစံ (၇) တရားဝင် ဝယ်ယူလွဲပြောင်းခွင့်ရရှိထားပေမယ့် လယ် ယာမြေကို ပိုင်ဆိုင်ခွင့် (Legal Title) မရပါဘူး ။ လက်ရှိထား စိုက်ပျိုးလုပ်ကိုင်ခွင့် (Possessory Title) သာရရှိပြီး ထိုမြေပေါ်မှာ ပုံစံ ၇ ပါ သတ်မှတ်ထားတဲ့ နည်းလမ်းပါ သီးနှံကို စိုက်ပျိုးခွင့်ရှိတာဖြစ်ပါတယ် ။ နည်းလမ်းပြောင်း စိုက်ပျိုးခွင့်တောင်မရှိပါဘူး ၊ သီးနှံပြောင်းလဲ စိုက်ပျိုးလိုရင် လယ်ယာမြေဥပဒေ နည်း ဥပဒေအရ ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ စိုက် ပျိုးရမှာဖြစ်ပါတယ် ။

"ဆိုလိုတာက ပုံစံ ၇ ရှိပြီးသားမြေကို ဝယ်ယူထားတဲ့သူတွေ ဆိုတာကလည်း အဲ့ဒီမြေကို ပိုင်ဆိုင်ခွင့် ရသွားတာမဟုတ်ဘူး ၊ အဲ့မြေက အစိုးရမြေ ၊လယ်ယာမြေ ဖြစ်နေသေးတဲ့အတွက် ပိုင်ဆိုင်ခွင့်မရသေးပဲ လုပ်ပိုင်ခွင့်ကိုသာ ဆက်လက်ရရှိခြင်းဖြစ်ပါတယ် "

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) မှာသတ်မှတ်ပေးထားတဲ့ သီးနှံစိုက်ပျိုးခွင့် ကို ဆက် လက် လုပ်ကိုင်ခွင့်ရှိတယ်လို့ဆိုလိုတာပါ ၊ လယ်ယာမြေကို လက်ရှိထား စိုက်ပျိုးခွင့် (Possessory Title) ရရှိပါမယ် ။ ပိုင်ဆိုင်ခွင့် မဟုတ်သေးပါဘူး ။

ပုံစံ (၇) ရရှိသူ တစ်ဦးအနေနဲ့ လယ်ယာစိုက်ပျိုးခြင်း မလုပ်လိုတော့ဘဲ လယ်မြေပေါ်မှာ အိမ်ဆောက် ဆိုင်ဆောက် စသဖြင့် အခြားနည်းသုံးစွဲလိုပါက ပုံစံ(၇)ရရှိသူသည် သက်သေခံမြေပုံ (၂)ပုံ ကူးယူ၍ လယ်ယာမြေ ဥပဒေပါ ပုံစံ(၁၄)ဖြင့် မြိုနယ်မြေစာရင်း ဦးစီးဌာနကို လျှောက်ထားရပါတယ် ။

အထက်အဖွဲ့အစည်းအဆင့်ဆင့်တင်ပြ စီစစ်ပြီးနောက် အခြားနည်းသုံးစွဲခွင့်အမိန့်ကို လယ်မြေအတွက်ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုံစံ(၁၅)နဲ့ လည်းကောင်း ၊ လယ်မြေမဟုတ်သော လယ်ယာမြေ(ဥယဥ်စသည်) အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ က ပုံစံ(၁၅-က)ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးပါတယ် ။

ထိုပုံစံများဟာ လက်ရှိ အသုံးပြုခွင့် အမိန့်များသာ ဖြစ်တဲ့အတွက် မြေပိုင်ဆိုင်ခွင့်( Title Deed) မဟုတ်သေးပါဘူး။ ထိုမြေကို လယ်ယာမြေမှတစ်ပါး သတ်မှတ်ပေးတဲ့အခြားနည်း လုပ်ကိုင်ခွင့်သာ ဖြစ်ပါသည်။ ပုံစံ (၁၅)၊ ပုံစံ ၁၅(က)ဖြင့် မြေငှားဂရန် ဆက်လက် လျှောက်ထားရ ပါတယ် ၊ လျောက်ထားပါက ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) များမှ လယ်မြေအခြေခံဖြစ်၍ စက်မှု/စီးပွါးဂရန် (မြေငှားစာချုပ်)များနဲ့ ချပေးပါတယ် ။

မြို့မြေမဟုတ်ရင်တော့ လူနေအိမ်ယာဂရန်လိုမျိုး ချပေးမှာတော့မဟုတ်ဘူး ။ စက်မှု/စီးပွါးဂရန်လိုမျိုးချပေးတာတွေရှိပါတယ် ။ အဲ့ဒါတွေရရှိပြီးရင် အမည်ပေါက် မြေပိုင်ဆိုင်မှု (Title Deed) ဖြစ်လာပြီး မြေငှားဂရန် ရရှိမှသာ မြေကိုပိုင်ဆိုင်ခွင့် ဖြစ်လာတာပါ ။

ပုံစံ (၇) မရှိသေးတဲ့ သူကတော့လယ်ယာမြေ လုပ်ပိုင်ခွင့်ပင်တရားဝင် မရသေးသူ ဖြစ်ပါတယ် ၊ တရားဝင် လုပ်ပိုင်ခွင့် မရှိသူက လယ်ယာမြေကို အရောင်းအဝယ် ပြုလုပ်ခွင့် မရှိပါ။ ပြုလုပ်လျှင် ရောင်းချပိုင်ခွင့် မရှိသောသူထံမှ ရောင်းချခွင့် မရှိသောမြေကို ဝယ်ယူဖြင်းဖြစ်သည့်အတွက်ထိုအ ရောင်းအဝယ်စာချုပ်သည် ပဋိညာဉ် ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ပါတယ် ၊ ဥပဒေကြောင်းအရ အ တည်မဖြစ်ပါ။ ပုံစံ ၁၀၅ ရှိနေတာဘဲဆိုသော် လည်း မြေစာရင်းပုံစံ ၁၀၅ (မြေပုံ)သည် မြေပိုင် ဆိုင်ခွင့် မဟုတ်ပါ။

ပုံစံ ၁၀၅ ဆိုတာ ။

" အခုမြေအရောင်းအဝယ် လုပ်နေကြတာတွေက ရှင်း ရှင်းပြောရရင် တရားမဝင်ဘူး ဘာလို့လဲဆိုရင် လယ်ယာမြေတွေကိုတရားဝင် လုပ်ပိုင်ခွင့် လျောက် ထားရယူခြင်း မရှိပဲ မြေခွန်ပြေစာနဲ့ မြေစာရင်းပုံစံ ၁၀၅ တွေပြပြီရောင်း ချနေတာတွေကိုတွေ့နေရတယ် အဲ့ဒီလိုလုပ်ပြီး လယ် ယာမြေတွေအရောင်း ဝယ်လုပ်လို့ မရပါဘူး တရား မဝင်ပါဘူး " လို့ဥပဒေပညာရှင် တွေကပြောပါတယ် ။

ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့ ပုံစံ တစ်ခုသာဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ် ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီး ဌာနအပိုင်နယ်နိမိတ်အတွင်း မှာရှိတဲ့မြေတို့ရဲ့အ ကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

လယ်ယာမြေကိုတရားဝင်အရောင်းအဝယ်လုပ်နိုင်ဖို့

၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃(ဃ)အရ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါတယ် ။

ပုံစံ ၇ ကို အရောင်းအဝယ်ပြုလုပ်ရာမှာ ရောင်းသူဝယ်သူကြည်ဖြူပြီး နှစ်ဦးသဘောတူ အရပ်ကတိ စာချုပ် ချုပ်ဆိုယုံဖြင့် မလုံလောက်ပါဘူး။ လယ် ယာမြေ ဥပဒေပါ နည်းလမ်းများအတိုင်း ဆောင် ရွက်မှ တရားဝင်ပြီး အမည်ပြောင်းလဲခွင့် ရရှိပါတယ် ။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ နှင့် နည်း ဥပဒေ ၂၄(က) နှင့် (ခ) အရ လယ်ယာမြေ အရောင်း အဝယ် ပြုလုပ်ရာမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ သတ် မှတ်ထားတဲ့ မြေတန်ဘိုးအတိုင်း တံဆိပ်ခေါင်းကပ်ပြီးအခွန်ဆောင် စာချုပ်ချုပ်ဆိုရပါတယ် ။ စာချုပ်ချုပ်ဆိုတဲ့နေ့မှစပြီးရက်ပေါင်း (၁၂၀) အတွင်း မြိုနယ် မြေစာ ရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးမှသာဥပဒေနဲ့ အညီ တရားဝင် လွှဲပြောင်းခွင့် ရရှိမှာဖြစ်ပါတယ် ။

လယ်ယာမြေကို ဥပဒေနှင့်အညီ မဟုတ်ဘဲ ဝယ်ယူသူများ၊ အကွက်ရိုက်ရောင်းသူများ၊ အခြားနည်း သုံးသူများ၊ အိမ်ဆောက်သူများသည် အရေးယူခံရနိုင်ခြင်း၊ မြေယာပြဿနာများ ရင်ဆိုင်ရခြင်း၊ မြေနှင့်အိမ်ကို သိမ်းဆည်းခံရနိုင်ခြင်း၊ ဖယ်ရှားခံရနိုင်ခြင်းတို့အပြင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရနိုင်ခြင်းများဖြစ်လာနိုင်ပါတယ် ။

ဒါ့ကြောင့် လယ်ယာမြေကို ဥပဒေနဲ့အညီ အသုံးပြု ရောင်းဝယ်ကြစေလိုပါတယ် ။ တောင်သူများအနေနဲ့လယ်ယာမြေ ရှိရင်၊ အသုံးပြုနေရင် တရားဝင်ဖြစ်စေရေးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထား ရယူကြစေလိုပါတယ် ။ တရားဝင် လုပ်ပိုင်ခွင့် ရရှိထားတဲ့ လယ်ယာမြေများကိုသာ ဥပဒေနဲ့အညီ ရောင်း ဝယ်လုပ်ကိုင်ခြင်းအားဖြင့် အရှုပ် အရှင်းပြဿနာများနဲ့အရေးယူခံရခြင်းများမှ လွတ်ကင်းနိုင်မှာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တွေက အကြံပြုထားပါတယ် ။


-222
- 24
#လယ်ယာမြေ
#ဒေါ်နိုင်နိုင်ဝင်း

Address

Singapore
600227

Alerts

Be the first to know and let us send you an email when GHI Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GHI Management:

Share