27/04/2026
Accrual Basis vs Cash Basis Accounting
ဘာကိုရွေးသင့်လဲ? 🙋♀️📕
📌 Accounting အခြေခံသဘောတရားများကို
နားလည်ချင်သူတွေအတွက် sharing လေးလုပ်
ပေးထားပါတယ်ရှင့်
ဘဏ္ဍာရေးမှတ်တမ်းစာရင်းများကို မှန်ကန်စွာ
သိမ်းဆည်းချင်တယ်၊ Accrual Basis
နဲ့ Cash Basis ဘယ်လိုကွာခြားလဲ? ☺️
ဒီ post လေးမှာ နှစ်မျိုးလုံးရဲ့ အဓိပ္ပာယ်များ
ကောင်းကျိုးများ မိမိလုပ်ငန်းအတွက် ဘယ်
ဟာပိုသင့်တော်လဲ ဆိုတာကို ရှင်းပြပေးမှာပါ။
📌 1.Accrual Basis Accounting ဆိုတာဘာလဲ?
➡ လုပ်ငန်းအတွက် တစ်ကယ် ဖြစ်ပွားသည့်
အချိန်တွင် ဝင်ငွေ (Revenue) & ကုန်ကျစရိတ် (Expenses) တို့ကိုမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်
➡ ငွေကို မရရှိသေး/မပေးရသေးလျှင်လဲ
စာရင်းမှတ်တမ်းတင်ထားမည်။
✅ ဥပမာ:
• Company A သည် မတ်လ ၁ ရက်နေ့တွင်
ဝန်ဆောင်မှုပေးပြီး၊ ဧပြီလ ၁ ရက်နေ့မှသာ
ငွေရှင်းမည်။
• Accrual Basis အရ မတ်လတွင် Revenue
မှတ်မည် (ငွေမရသေးပေမဲ့ အရောင်း ဖြစ်ပေါ်
သည့်အချိန်မှတ်တမ်းတင်သည်)။
🟢 အကျိုးကျေးဇူး:
✔ Financial Statements များကို မှန်ကန်စွာ
ထားရှိနိုင်မည်။
✔ အမြတ်/အရှုံးကို တိကျစွာ ခန့်မှန်းနိုင်သည်။
✔ GAAP & IFRS Standards များနှင့်လဲ
ကိုက်ညီသည်
🔴 အားနည်းချက်:
✖ ငွေကြေးစီးဆင်းမှု (Cash Flow) ကိုခန့်မှန်း
ရခက်သည်။
✖ အနည်းငယ် complex ဖြစ်ပြီး သင့်လျော်သော တတ်ကျွမ်းသော စာရင်းကိုင်များ လိုအပ်သည်။
📌 2.Cash Basis Accounting ဆိုတာဘာလဲ?
➡ ငွေလက်ခံ/ငွေပေးချေသည့်အချိန်တွင်သာ
ဝင်ငွေ နှင့် ထွက်ငွေများကို မှတ်တမ်းတင်
စာရင်းရေးသွင်းပါသည်။
➡ လုပ်ငန်းအတွက် ငွေသား စီးဆင်းမှုဖြစ်တဲ့
(Cash Flow) ကိုအဓိက စဉ်းစားသည်။
✅ ဥပမာ:
• Company B သည် မတ်လ ၁ ရက်နေ့တွင်
ဝန်ဆောင်မှုပေးပြီး၊ ဧပြီ ၁ ရက်နေ့မှငွေရှင်းမည်။
• Cash Basis အရ ဧပြီလတွင် Revenue
မှတ်မည် (ငွေကို လက်ခံသည့်အချိန်မှသာ
မှတ်တမ်းတင်သည်)။
🟢 အကျိုးကျေးဇူး:
✔ လွယ်ကူပြီး စီမံခန့်ခွဲရလွယ်ကူသည်။
✔ Small Business & Freelancers များ
အတွက် သင့်တော်သည်။
🔴 အားနည်းချက်:
✖ Financial Statements များမှန်ကန်မှု မရှိနိုင်။
✖ ငွေမရသေးသော ဝင်ငွေများကို တိုင်းတာ၍
မရနိုင်။
📌 3.သင့်လုပ်ငန်းအတွက် ဘယ် System က
ပိုကောင်းမလဲ?
✔ Small Business, Freelancer များအတွက် - Cash Basis
✔ Medium to Large Businesses, Corporate Accounting - Accrual Basis
✔ Financial Statements မှန်ကန်စေရန် - Accrual Basis💡
===============================
🙋♀️လက်ရှိဖွင့်လှစ်ထားသော လုပ်ငန်းခွင်သုံး
𝝖𝗰𝗰𝝾𝘂𝗻𝘁𝗶𝗻𝗴 စာရင်းကိုင်အတန်းများ 𝘂𝗽𝗱𝗮𝘁𝗲
ပါရှင့် ❤
1.Advanced Construction Accountant Class
2.Chief Accountant On Job Class
3.Senior Accountant On Job Class
4.Junior Accountant On Job Class
5.Accounting Basic Class
6.SQL Accounting Software Class
7.Taxation Class for Accountants
8.Zoho Books Accounting Software Class
9.Advanced Excel for Accountants Class
10.Business Owner Accounting Class
11.Singapore Accountant On Job Class
12.NGO Accountants On Job Class
13.Hotel & Restaurant Accountants
On Job Class
14.Agricultural Accountants On Job Class
𝐕𝐢𝐝𝐞𝐨 𝐋𝐞𝐬𝐬𝐨𝐧 𝐂𝐥𝐚𝐬𝐬 / 𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬
နှစ်မျိုးဖွင့်လှစ်ထားပါတယ်ရှင့် ✅
မိမိအားလပ်ချိန်မှ လေ့လာချင်တာဆိုရင်
𝐕𝐢𝐝𝐞𝐨 𝐋𝐞𝐬𝐬𝐨𝐧 𝐂𝐥𝐚𝐬𝐬 လေးတက်ပါရှင့် ✨
𝐋𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬 ကိုပဲတက်ချင်သူများအတွက်
𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬 လေးရှိပါတယ်ရှင်
အသေးစိတ်သိလိုတာလေးကို Messenger or
Viber 09783358739 မှ စာပို့၍ ဆက်သွယ်
မေးမြန်းနိုင်ပါတယ်ရှင် 💛
Essential English & Accounting School
Viber 09783358739