Bagan Akari Advisory Co., Ltd

Bagan Akari Advisory Co., Ltd Our Services -1.Accounting System Design, Development & implementation. 2. Tax consultancy, Tax filling & Tax Calculation.3.Internal Audit.

ပြည်ထောင်စုနယ်မြေလိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အခွန်ထမ်းကုမ္ပဏီများအတွက် အသိပေးကြေညာချက်၁။ ပြည်တွင်းအခွန်များဦးစီး...
01/09/2026

ပြည်ထောင်စုနယ်မြေလိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အခွန်ထမ်းကုမ္ပဏီများအတွက် အသိပေးကြေညာချက်

၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အတွင်း ထိရောက်ကောင်းမွန်သော အခွန်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် အခွန်ရုံးအသီးသီးတွင် ထမ်းဆောင်ရမည့် အခွန်ထမ်းကုမ္ပဏီများအား စံသတ်မှတ်ချက်များနှင့်အညီ ခွဲဝေ၍ အခွန်စည်းကြပ်မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။ စံသတ်မှတ်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေလိပ်စာဖြင့် မှတ်ပုံတင်ထားသော ကုမ္ပဏီများအားလုံးနှင့် အဆိုပါဒေသများတွင် ထပ်မံဖွဲ့စည်းတည်ထောင်မည့် ကုမ္ပဏီအသစ်များအားလုံးကို လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅)တွင် အခွန် စည်းကြပ်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။ ယခုအခါ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေလိပ်စာဖြင့် ကုမ္ပဏီမှတ်ပုံတင်

ထားသော ကုမ္ပဏီများအားလုံးနှင့် အဆိုပါလိပ်စာဖြင့် ထပ်မံဖွဲ့စည်းတည်ထောင်

မည့် ကုမ္ပဏီအသစ်များ၏ အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များ လွယ်ကူအဆင်ပြေ

စေရန်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) (ယာဉ်ရပ်နားဝင်း)၊

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅) နေပြည်တော် (ရုံးခွဲ)တွင် ၁-၉-

၂၀၂၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၄။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၅၀၈၄၀၀၈၊ ၀၉-၂၅၀၀၀၀၇၁၈ နှင့် ၀၉-၅၁၉၈၅၃၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန)

ကုမ္ပဏီများသို့ အသိပေးကြေညာချက်၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၁၄၁ ပုဒ်မခွဲ (က) အရ ကုမ္ပဏီ တစ်ခုသည် စတင်တည် ထောင်သ...
27/08/2026

ကုမ္ပဏီများသို့ အသိပေးကြေညာချက်

၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၁၄၁ ပုဒ်မခွဲ (က) အရ ကုမ္ပဏီ တစ်ခုသည် စတင်တည် ထောင်သည့်နေ့မှစ၍ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်မှုများ၊ အကြောင်းကြားမှုများအတွက် မှတ်ပုံတင်ထားသော ရုံးခန်းတစ်ခု ထားရှိရမည်ဖြစ်ရာ ထိုသို့ထားရှိသည့် ရုံးခန်းအား ပြောင်းလဲခဲ့ လျှင် ရုံးခန်းလိပ်စာအသစ်အား ပုဒ်မ ၁၄၁ ပုဒ်မခွဲ (ဂ) အရ မှတ်ပုံတင်အရာရှိထံ အကြောင်းကြား ရမည် ဖြစ်ပါသည်။

ال အီလက်ထရောနစ် မှတ်ပုံတင်စာရင်းတွင် တင်သွင်းထားသော ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်း လိပ်စာသည် မြေပြင်တွင် အမှန်တကယ် တည်ရှိစေရန်အတွက် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင် ပြီးနောက် နှစ်လအတွင်း တင်ပြရမည့် နှစ်စဉ်အစီရင်ခံစာ တင်ပြချိန်တွင် အောက်ပါအချက် အလက်များပူးတွဲ တင်ပြစေရန် ကြေညာချက်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်-

(က) ဒါရိုက်တာများအား အလွယ်တကူဆက်သွယ်ရရှိစေရန်အတွက် MyCO စနစ်တွင် တင်ပြထားသော ဒါရိုက်တာ၏ လိပ်စာတွင် အမှန်တကယ် နေထိုင်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံ ချက် ပူးတွဲတင်ပြစေခြင်းနှင့် အကယ်၍ ဒါရိုက်တာသည် နိုင်ငံခြားသား ဖြစ်ပါက Immigration Form C အား တင်ပြစေခြင်း၊

(ခ) MyCO ၌ ကုမ္ပဏီ၏ ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ် တည်ရှိ ကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သက်ဆိုင် ရာမြို့နယ်ရဲတပ်ဖွဲ့ (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပူးတွဲတင်ပြစေခြင်း။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီများနှင့် ဒါရိုက်တာများ၊ ကုမ္ပဏီတွင်ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၁၄၁ ကို လိုက်နာမှုမရှိကြောင်း မှတ်ပုံတင်အရာရှိ၏ စစ်ဆေးတွေ့ရှိချက် အရလည်းကောင်း၊ တစ်စုံတစ်ဦး၏ အသိပေး အကြောင်းကြားမှုကြောင့် လည်းကောင်း စိစစ်တွေ့ရှိ ပါက ဥပဒေအရ သတ်မှတ်ထားသော ဒဏ်ကြေးငွေ ချမှတ်ခြင်းနှင့် အခြားသော အရေးယူ ဆောင်ရွက်မှုများအား ပြုလုပ်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

13-07-2026 နှင့် 14-07-2026ရက်နေ့တွင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်ခဲ့သောငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကိုငွေက...
26/08/2026

13-07-2026 နှင့် 14-07-2026ရက်နေ့တွင်
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်ခဲ့သော
ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ
ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ
ဆုံးဖြတ်ချက်အမှတ် SC/16432 နှင့် SC/16433အား
အောက်ဖော်ပြပါ link address များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://press.un.org/en/2026/sc16432.doc.htm
https://press.un.org/en/2026/sc16433.doc.htm

On 14 August 2026, the Security Council Committee pursuant to resolutions 1267 (1999), 1989 (2011) and 2253 (2015) concerning ISIL (Da’esh), Al‑Qaida and associated individuals, groups, undertakings and entities enacted the amendments specified with strikethrough and underline in the entries bel...

"အသိပေးကြေညာချက်"၁။ အခြေပစ္စည်းများဖြစ်သော အိမ်ခြံမြေ၊ အဆောက်အအုံ၊ တိုက်ခန်းများ ဝယ်ယူ/ရောင်းချသည့် ကိစ္စရပ်များအတွက် စာ...
21/08/2026

"အသိပေးကြေညာချက်"

၁။ အခြေပစ္စည်းများဖြစ်သော အိမ်ခြံမြေ၊ အဆောက်အအုံ၊ တိုက်ခန်းများ ဝယ်ယူ/ရောင်းချသည့် ကိစ္စရပ်များအတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့တွင် အမည်ပြောင်းလျှောက်ထားခြင်းများ ဆောင်ရွက်မည်ဆိုပါက ဝယ်ယူသူ၏ ဝင်ငွေခွန်စည်းကြပ်ပြီးစီးမှု အထောက်အထားများအပြင် အခြေပစ္စည်းရောင်းချသူများအနေဖြင့် အခြေပစ္စည်းမှမြတ်စွန်းငွေနှင့်စပ်လျဉ်း၍ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံ တင်ပြနိုင်မှသာလျှင် ဝယ်ယူသူ အား အမည်ပြောင်းမှတ်ပုံတင်ပေးမည့် လုပ်ငန်းစဉ်ကို (၁-၉-၂ဝ၂၆) ရက်နေ့မှ စတင်၍ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍အိမ်ခြံမြေ၊ အဆောက်အအုံ၊ တိုက်ခန်းများ ဝယ်ယူ/ရောင်းချသူများအနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ် ပြီး၍ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်းစိစစ်မှုခံယူ၍ စည်းကြပ်မှုဆောင်ရွက်သည့်အချိန်တွင် ရောင်းချသူများသည်လည်း ရောင်းချခြင်းအတွက် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်ခြင်း ရှိ/မရှိ စိစစ်မှုခံယူ၍ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်များ ရယူထားပါရန် ကြိုတင်အသိပေးအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

အိမ်ခြံမြေ၊ အဆောက်အအုံ၊ တိုက်ခန်းများ ရောင်းချသူများအတွက် အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ်ဝင်ငွေခွန်ပေးဆောင်ခြင်းအတွက် သိရ...
21/08/2026

အိမ်ခြံမြေ၊ အဆောက်အအုံ၊ တိုက်ခန်းများ ရောင်းချသူများအတွက် အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ်ဝင်ငွေခွန်ပေးဆောင်ခြင်းအတွက် သိရှိဆောင်ရွက်ကြရမည့်အချက်များ

အခြေပစ္စည်းဆိုသည်မှာ -

မြေ၊အဆောက်အအုံနှင့်ယင်းတို့၏အခန်းများ၊ ယာဉ်နှင့်လုပ်ငန်း ဆိုင်ရာမ-တည်ပစ္စည်း၊ အစုရှယ်ယာနှင့် ကတိခံဝန်ချုပ်၊ငွေချေးသက်သေခံ လက်မှတ်များနှင့် အလားတူစာချုပ်စာတမ်းများကိုဆိုလိုပါသည်။

အခြေပစ္စည်းမှမြတ်စွန်းငွေဆိုသည်မှာ-

အခြေပစ္စည်းကိုရောင်းချခြင်း၊ လဲလှယ်ခြင်း(သို့မဟုတ်)လွှဲပြောင်း ခြင်းပြုလုပ်၍ရရှိသောမြတ်စွန်းငွေကိုဆိုပါသည်။(လွှဲပြောင်းခြင်းဆိုရာ၌ အမွေဆက်ခံခြင်းနှင့် အဖိုးစားနားမပါဘဲ မေတ္တာဖြင့် ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့ မပါဝင်စေရ)

ရောင်းချသူ၏ အခွန်တာဝန်

နှစ်တစ်နှစ်အတွင်းအခြေပစ္စည်းတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း(သို့မဟုတ်) အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်း (၁၀၀) ထက်ပိုမိုသည့်အပြင် မြတ်စွန်းငွေလည်းရှိပါက ရောင်းချခြင်း၊ လဲလှယ်ခြင်း၊လွှဲပြောင်းခြင်း ပြုလုပ်သည့်နေ့မှရက်ပေါင်း (၃၀)အတွင်း သက်ဆိုင်ရာအခွန်ရုံးတွင် ဝင်ငွေကြေညာလွှာတင်သွင်း၍ ကျသင့်အခွန်ကို ပေးဆောင်ရမည်ဖြစ်သည်။

ပေးဆောင်ရမည့်အခွန်တွက်ချက်ခြင်း

ရောင်းချသည့်အခြေပစ္စည်းသည် အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် အခန်းများဖြစ်ခဲ့လျှင် ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ ကလည်းကောင်း၊ စည်ပင်သာယာနယ်နမိတ်ပြင်ပဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ကလည်းကောင်း ကာလ တန်ဖိုးသတ်မှတ်ပေးမည်ဖြစ်ပါသည်။

အဆိုပါသတ်မှတ်အရောင်းတန်ဖိုးမှ မူလအဝယ်တန်ဖိုးနှင့် အခြေ ပစ္စည်း ရောင်းချ/လဲလှယ်/လွှဲပြောင်းနိုင်ရန် ဖြည့်စွက်အသုံးပြုခဲ့ရသည့် သာမန်ကုန်ကျစရိတ်များ[ဥပမာ- ဆေးသုတ်ခြင်းစရိတ်၊ ရောင်းချစရိတ် (ပွဲခ)] နုတ်ပယ်ပေးပြီး မြတ်စွန်းငွေပေါ်ပေါက်ပါက မြတ်စွန်းငွေအပေါ် ၁၀% ဖြင့်ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန

Accounting Services by Bagan Akari Advisory Co., Ltdသင့်လုပ်ငန်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုတိကျ၊ ပိုမိုစနစ်တကျ ဖ...
13/08/2026

Accounting Services by Bagan Akari Advisory Co., Ltd
သင့်လုပ်ငန်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုတိကျ၊ ပိုမိုစနစ်တကျ ဖြစ်စေချင်ပါသလား?
📊 ကျမတို့၏ ဝန်ဆောင်မှုများ:
✔️ Bookkeeping & Financial Records
✔️ Monthly / Yearly Financial Reports
✔️ Tax Calculation & Filing Support
✔️ Internal Control & Accounting System Setup
✔️ Cash Flow Management
🎯 အကျိုးကျေးဇူးများ:
• တိကျမှန်ကန်သော Financial Data
• Tax Risk လျော့နည်းစေခြင်း
• Business Decision များကို ယုံကြည်စိတ်ချစွာ ချနိုင်ခြင်း
🤝 SMEs မှစ၍ Corporate လုပ်ငန်းများအထိ အထူးသင့်တော်ပါတယ် ရှင်
📩 ဆက်သွယ်ရန် – Page Messager / 09 75 49 30 555 , 09 75 49 30 666
Bagan Akari Advisory – Your Trusted Financial Partner

FYI
18/07/2026

FYI

02/07/2026
Income Tax
02/07/2026

Income Tax

Address

Building (7) , Marga Street, Hlaing Myint Mo Housing , Hlaing Tws
Yangon

Telephone

+9595149951

Website

Alerts

Be the first to know and let us send you an email when Bagan Akari Advisory Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share