05/06/2026
Audit ရာသီမှာ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ဖို့ "PBC List" ပြင်ဆင်နည်း
"Audit ဝင်ခါနီးရင် Auditor တောင်းတာတွေ လိုက်ရှာရလို့ အချိန်ကုန်၊ ခေါင်းကိုက်နေရတဲ့ စာရင်းကိုင်တွေအတွက်..." 😭
Audit ရာသီကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ဖို့ PBC (Provided by Client) List ကို အကြိုပြင်ဆင်ထားရပါမယ်။ အောက်ပါ (၅) ချက်ကို ကြိုတင် Ready လုပ်ထားရင် အလုပ်အများကြီး သက်သာသွားပါလိမ့်မယ် -
Bank Reconciliation: နှစ်ကုန် Balance အထိ Bank Statement နဲ့ Ledger အားလုံး ကိုက်ညီအောင် ညှိထားပါ။ Outstanding Cheque တွေ၊ Deposits in Transit တွေရဲ့ အထောက်အထား အပြည့်အစုံ သိမ်းထားပါ။
Fixed Asset Register (FAR): ဒီနှစ်ထဲမှာ ဝယ်တဲ့/ရောင်းတဲ့ Asset တွေရဲ့ Invoice တွေ၊ တန်ဖိုးလျော့ (Depreciation) တွက်ချက်ပုံတွေကို Excel File သီးသန့်ပြင်ထားပါ။
Subsidiary Ledgers vs General Ledger: AP (ပေးရန်ရှိ) နဲ့ AR (ရရန်ရှိ) ရဲ့ Aging Report တွေက General Ledger (GL) က Balance တွေနဲ့ တစ်ပြားမလွဲ ကိုက်ညီနေပါစေ။
Inventory Count Sheet: နှစ်ကုန် Stock ကောက်ထားတဲ့ physical count sheet တွေကို Sign ထိုးပြီး အဆင်သင့်ထားပါ။
Signficant Contracts: ဒီနှစ်ထဲမှာ ချုပ်ဆိုခဲ့တဲ့ အိမ်ငှားစာချုပ်၊ ဘဏ်ချေးငွေစာချုပ်၊ ရောင်းဝယ်ရေး စာချုပ်အကြီးစားတွေကို Folder တစ်ခုထဲ စုထားပါ။
"ကြိုတင်ပြင်ဆင်ခြင်းက သင့်ကို Professional ပိုဆန်စေသလို၊ အချိန်ပိုလည်း ထွက်လာစေပါတယ်!"