05/08/2025
Insurance မှာ ကြားကြားနေကျစကားလုံးဖြစ်တဲ့ မမျှော်လင့်ပဲရုတ်တရက် ခွဲစိတ်ကုသဖို့ဆေးရုံတက်ခဲ့ရရင်ဆိုတဲ့စကားကအခုမှ ကိုယ့်ကိုလက်တွေ့ပြလိုက်တာပါ။
AIA Myanmar, OHS ကျန်းမာရေးအာမခံလေးဝယ်ထားလို့တော်သေးတာပေါ့။
ကိုယ့်ကိုယ်တိုင်လည်း မိတ်ဆွေအားလုံးကို ကူညီပေးဖို့ Financial Services consultant အကြံပေးတယောက်အနေနဲ့ လုပ်နေပါတယ်..
Oversea မှာတလလောက်ကြာပြီး Insurance အလုပ်လေးမလုပ်ဖြစ်ဘူး၊ပြန်လာတော့လည်း(၄)ရက်လောက်ကြာတော့အရေးပေါ်ဗိုက်ထအောင့်လို့ အာရှတော်ဝင်မှာသွားပြလိုက်တော့ သည်းခြေထဲမှာကျောက်များနေလို့ အစားစားပြီးတိုင်းအောင့်တာမခံမရပ်နိူင်လို့ အက်ထရာဆောင်းရိုက်လိုက်တော့အဖြေပေါ်လာပါတယ်။
ဆေးသောက်ကြည်တာ့မရလို့၊ကျောက်အမူန့်တွေက မုန့်ချိုအိပ်နဲ့အသဲကိုပြန့်နေလို့အသည်းဆေးတွေ(၅)ရက်သောက်၊ဖျားလာလို့ အဖျားကျအောင်ဆေးသောက်စောင့်၊ဆေးတွေစစ်နဲ့ချက်ချင်းခွဲလို့မရပဲတလလောက်ကြာမှခွဲလို့ရသွားတာပါ။
အာရှတော်ဝင်၊Grand Hanther,ရွှေလမင်းဆေးရုံမှာထိုင်တဲ့ Prof;ခွဲစိတ်အထူးကုဆရာဝန်ကြီး U Nyi Nyi Swe အရမ်းကောင်းပါတယ်သဘောလည်းကောင်းတယ်။အသေးစိတ်၊စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်။
ကိုယ်က AIA Myanmar ,OHS ကျန်းမာရေးအာမခံ တနှစ်စာဝယ်ထားတာ၊အသက်
(၅၄) ၊ Nov ,2024က စဝယ်ထားတာ (၆)သိန်းနဲ့ (၇၅)သိန်းဖိုးဝယ်ထားတာ၊(၈)လလောက်အကြာမှာထဖြစ်တာပါ။
ဆေးရုံမတက်ခင်မှာ ဆေးခန်းပြ၊ဆေးစစ်၊အက်ထရာဆောင်းရိုက်၊ရင်ဂေါင်းဓါတ်မှန်ရိုက် တလလောက်ပြထားတဲ့ကုန်ကျစရိတ်က(၁၀)သိန်းကျော်နဲ့ ဆေးရုံ(၃)ရက်တက်ခွဲစိတ်စရိတ်သိန်း(၆၀)ကျော်ကိုဆေးရုံဆင်းတဲ့နေ့မှာပဲ AIA Myanmarမှ ဆေးရုံနဲ့ချိတ်ဆက်ပြီး Banking နဲ့ပေးချေလိုက်လို့ Deposit
တင်စရာမလိုဘဲ စိတ်ချမ်းသာစွာ သက်သာလို့ဆေးရုံမှပြန်ဆင်းလာပါပြီ။
ကိုယ့်ပိုက်ဆံသာသိန်း(၇၀)
ကျော်ပေးရမယ်ဆိုရင် သက်သာတဲ့ဆေးရုံရွေးပြီးတက်ဖြစ်မှာပါ။
အခုက ကိုယ့်ငွေလည်းထုတ်သုံးစရာမလိုပဲ ေကာင်းကာင်းဆေးကုသခွင့်ရလို့ AIA Myanmar ကိုလည်းကျေးဇူးတင်ပါတယ်။
Insurance ထားဖို့ ၊ကိုယ်တိုင်မျှဝေဖို့ ဒီပတ်ဝန်းကျင်လေးကိုခေါ်ပေးတဲ့ စီနီယာမသီတာအေးကိုလည်းအစစအရာအရာကူညီပေးလို့ကျေးဇူးတင်ပါတယ်။
ကိုယ့်ပေးလိုက်ရတာတဆ၊ပြန်ရတာ(၁၀)ဆမို့လို့ လူတိုင်းအကာအကွယ်ယူထားရင် ကိုယ့်ရှိတဲ့ပိုက်ဆံထုတ်မသုံးရပဲ၊ကိုယ့်မိသားစုအတွက်ပညာရေး၊သာရေး၊အလှူအတန်းလုပ်လို့ရတာပေါ့။
စိုးကိုစိတ်ပူပေးတဲ့နိူင်ငံခြားမှတူမလေးများ၊မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။
သက်သာလို့ဆေးရုံမှပြန်ဆင်းလာပါပြီနော်🌿🌹
Insurance နဲ့ပါတ်သက်လာရင် ကိုယ်တွေ့မို့လို့ စိုးကိုသတိယလိုက်ပါနော်
Tin Tin Soe
Financial Services consultant
[email protected]
IA(N)LI-17075
📞09971865803(Viber)
📞0943126176
AIA Myanmar
Infinity Wealth
Junction City Office Tower,Yangon