BEST STEPS Tax Consultant Audit firms

BEST STEPS Tax Consultant Audit firms Tax Government Process Company Registration and Dica Process Company liquidation HTA THA KA and Tin No Registration Services👩‍💻🧑🏻‍💻 One Stop Services

🤯 အမြတ်ထွက်ဖို့ပဲ အာရုံစိုက်ရမယ့်အချိန်မှာ... အခွန်နဲ့စာရင်းအင်းတွေကြောင့် ခေါင်းကိုက်နေရတုန်းပဲလား?လက်ရှိပြောင်းလဲနေတဲ့...
04/06/2026

🤯 အမြတ်ထွက်ဖို့ပဲ အာရုံစိုက်ရမယ့်အချိန်မှာ... အခွန်နဲ့စာရင်းအင်းတွေကြောင့် ခေါင်းကိုက်နေရတုန်းပဲလား?

လက်ရှိပြောင်းလဲနေတဲ့ စီးပွားရေးအခြေအနေအရ ဈေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့ အရောင်းဗျူဟာတွေ၊ Marketing တွေအပြင် "အခွန်ဥပဒေကြောင်းအရ လုံခြုံစိတ်ချရဖို့" နဲ့ "ဘဏ္ဍာရေး စနစ်ကျဖို့" ကလည်း အသက်တမျှ အရေးကြီးလာပါတယ်။

စာရင်းကိုင်မကျွမ်းကျင်လို့၊ အခွန်ဥပဒေတွေ ခဏခဏပြောင်းလဲနေလို့ စိုးရိမ်နေရတယ်ဆိုရင် သင့်လုပ်ငန်းရဲ့ နောက်ကွယ်က ခေါင်းခဲစရာ ကိစ္စအားလုံးကို BESTSTEPS ကို လွှဲထားလိုက်ပါ။

💡 BESTSTEPS မှ သင့်လုပ်ငန်းအတွက် အသင့်ရှိနေမယ့် ဝန်ဆောင်မှုများ -

✅ Company Registration & Compliance
Company Registration: ကုမ္ပဏီအသစ်စတင်ဖို့ တရားဝင် အစအဆုံး မှတ်ပုံတင်ပေးခြင်း

Export/Import License & Trading Company: ပို့ကုန်/သွင်းကုန်လိုင်စင်နှင့် ကုန်သွယ်မှုကုမ္ပဏီဆိုင်ရာ

လုပ်ငန်းလိုင်စင်များ၊ ကုန်အမှတ်တံဆိပ် (Trademark) များ စနစ်တကျ လျှောက်ထားပေးခြင်း

Company Liquidation: လုပ်ငန်းရပ်နားလိုပါက ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ ဖျက်သိမ်းပေးခြင်း

✅ Tax & Accounting
Tax Advisor: ပြောင်းလဲနေတဲ့ အခွန်ဥပဒေတွေကြားမှာ စရိတ်သက်သာစေမယ့် ဗျူဟာမြောက် အခွန်အကြံပေးခြင်း

Audit Services: လုပ်ငန်းတွင်း ပွင့်လင်းမြင်သာပြီး အမှားအယွင်းကင်းစေမယ့် ပရော်ဖက်ရှင်နယ် စာရင်းစစ်ခြင်း

Accounting System: လစဉ်/နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများ တိကျစွာ စာရင်း ပြုစုပေးခြင်း

🎯 ဘာကြောင့် BESTSTEPS ကို ရွေးချယ်သင့်လဲ?

လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ရှုပ်ထွေးတဲ့ စာရွက်စာတမ်းတွေနောက် အချိန်ကုန်မခံဘဲ Business Scale-up (လုပ်ငန်းတိုးချဲ့ဖို့) ကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

📩 မိမိလိုအပ်တဲ့ Company Update Service တွေကို Page ရဲ့ Message Box ကနေလည်း တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။
📞 Contact BESTSTEPS Services
📲 Phone: 09-250964708 / 09-786832727
📧 Email: [email protected] | [email protected]
📍 Address: သာကေတမြို့နယ်၊ ရန်ကုန်မြို့။








31/05/2026

🏢 အခွန်ကြေညာလွှာတင်ဖို့ နောက်ကျနေပြီလား? မလိုအပ်ဘဲ ဒဏ်ကြေးမဆောင်ရအောင် အမြန်ဆုံး ဆောင်ရွက်လိုက်ပါ ⏰
ယခုဆိုလျှင် ၅ လပိုင်း (မေလ) ကုန်ဆုံးရန် ရက်ပိုင်းမျှသာ လိုတော့သည့်အတွက် ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း၏ အခွန်ကိစ္စရပ်များကို အထူးဂရုပြုရန် လိုအပ်နေပါပြီ။ ၆ လပိုင်းဇွန်လ (အတွင်း)အခွန်ကြေညာလွှာ (E-filing) များကို အချိန်မီ မပျက်မကွက် တင်သွင်းကြရန် BestSteps မှ အသိပေး အကြောင်းကြားအပ်ပါသည်။
✅ ဘာကြောင့် အမြန်ဆုံး တင်သွင်းသင့်တာလဲ? သတ်မှတ်ရက် ကျော်လွန်သွားပါက စနစ်မှ အလိုအလျောက် (Auto) ဒဏ်ကြေးများ ကျသင့်လာမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် မလိုအပ်သော ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
✅ BestSteps ၏ လက်ရှိ ဆောင်ရွက်ပေးမှု အခြေအနေ ကျွန်မတို့ BestSteps အနေဖြင့် ယုံကြည်စွာ အပ်နှံထားသော Customer များ၏ ၉၀% သော ကုမ္ပဏီများအတွက် အခွန်ကြေညာလွှာများကို အောင်မြင်စွာ တင်သွင်းပြီးစီးနေပြီ ဖြစ်ပါသည်။ ကျန်ရှိနေသေးသော ၁၀% ကိုလည်း အချိန်မီ ပြီးစီးအောင် အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
✅ အထူး အကြံပြုချက် အခွန်ကိစ္စရပ်များကို လုပ်ဆောင်ရန် စဉ်းစားထားပါက အချိန်ဆွဲမနေဘဲ ယခုပင် စတင်လုပ်ဆောင်လိုက်ပါ။ နောက်ကျမှ လုပ်ဆောင်ပါက အလဟဿ ဒဏ်ကြေးများ ပေးဆောင်ရနိုင်ပါသည်။
အခွန်ကြေညာလွှာ တင်သွင်းရန် အခက်အခဲရှိနေပါက သို့မဟုတ် အချိန်မီပြီးစီးရန် အကူအညီလိုအပ်နေပါက BestSteps Tax Consultant and Audit Firms သို့ ယခုပင် ဆက်သွယ်လိုက်ပါရှင်။
📞 ဆက်သွယ်ရန် -
Phone / Viber: 09 250964708, 09 786832727
Address: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

31/05/2026

🏢 အခွန်ကြေညာလွှာတင်ဖို့ နောက်ကျနေပြီလား? မလိုအပ်ဘဲ ဒဏ်ကြေးမဆောင်ရအောင် အမြန်ဆုံး ဆောင်ရွက်လိုက်ပါ ⏰
ယခုဆိုလျှင် ၅ လပိုင်း (မေလ) ကုန်ဆုံးရန် ရက်ပိုင်းမျှသာ လိုတော့သည့်အတွက် ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း၏ အခွန်ကိစ္စရပ်များကို အထူးဂရုပြုရန် လိုအပ်နေပါပြီ။
၆ လပိုင်း (ဇွန်လ) အတွင်း အခွန်ကြေညာလွှာ (E-filing) များကို အချိန်မီ မပျက်မကွက် တင်သွင်းကြရန် BestSteps မှ အသိပေး အကြောင်းကြားအပ်ပါသည်။
✅ ဘာကြောင့် အမြန်ဆုံး တင်သွင်းသင့်တာလဲ? သတ်မှတ်ရက် ကျော်လွန်သွားပါက စနစ်မှ အလိုအလျောက် (Auto) ဒဏ်ကြေးများ ကျသင့်လာမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် မလိုအပ်သော ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။

✅ BestSteps ၏ လက်ရှိ ဆောင်ရွက်ပေးမှု အခြေအနေ ကျွန်မတို့ BestSteps အနေဖြင့် ယုံကြည်စွာ အပ်နှံထားသော Customer များ၏ ၉၀% သော ကုမ္ပဏီများအတွက် အခွန်ကြေညာလွှာများကို အောင်မြင်စွာ တင်သွင်းပြီးစီးနေပြီ ဖြစ်ပါသည်။ ကျန်ရှိနေသေးသော ၁၀% ကိုလည်း အချိန်မီ ပြီးစီးအောင် အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

✅ အထူး အကြံပြုချက် အခွန်ကိစ္စရပ်များကို လုပ်ဆောင်ရန် စဉ်းစားထားပါက အချိန်ဆွဲမနေဘဲ ယခုပင် စတင်လုပ်ဆောင်လိုက်ပါ။ နောက်ကျမှ လုပ်ဆောင်ပါက အလဟဿ ဒဏ်ကြေးများ ပေးဆောင်ရနိုင်ပါသည်။

အခွန်ကြေညာလွှာ တင်သွင်းရန် အခက်အခဲရှိနေပါက သို့မဟုတ် အချိန်မီပြီးစီးရန် အကူအညီလိုအပ်နေပါက BestSteps Tax Consultant and Audit Firms သို့ ယခုပင် ဆက်သွယ်လိုက်ပါရှင်။
📞 ဆက်သွယ်ရန် -
Phone / Viber: 09 250964708, 09 786832727
Address: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

27/05/2026

🏢 ကုမ္ပဏီလိုင်စင် (Company License) နဲ့ စည်ပင်လိုင်စင် (YCDC License) ဘာကွာလဲ? ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာလုပ်ရမလဲ? 🤔
စီးပွားရေးလုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် လုပ်ငန်းရှင်တော်တော်များများ ရောထွေးလေ့ရှိတဲ့ လိုင်စင် (၂) မျိုး ရှိပါတယ်။
အဲဒါကတော့ Company License နဲ့ YCDC License ပါပဲ။ ဒီဗီဒီယိုလေးထဲမှာတော့ ဒီလိုင်စင် (၂) မျိုးရဲ့ ကွာခြားချက်နဲ့ ဘယ်အချိန်မှာ ဘာလိုင်စင် လိုအပ်လဲဆိုတာကို ရှင်းလင်းစွာ ပြောပြပေးထားပါတယ်။

📌 ကုမ္ပဏီလိုင်စင် (Company License / DICA Registration)

✅ ရည်ရွယ်ချက်: မိမိလုပ်ငန်းကို တရားဝင် အသိအမှတ်ပြုထားသော ကုမ္ပဏီ (Legal Entity) တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဖြစ်ပါတယ်။

✅ လုပ်ပိုင်ခွင့်: ရန်ကုန်တစ်မြို့တည်း မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိပါတယ်။

✅ အားသာချက်: ကုမ္ပဏီအမည်ဖြင့် ဘဏ်အကောင့်ဖွင့်ခြင်း၊ သွင်းကုန်/ထုတ်ကုန် (Export/Import) လိုင်စင် လျှောက်ထားခြင်း၊ အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ၊ နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းများအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

📌 စည်ပင်လိုင်စင် (YCDC License / Municipal License)

✅ ရည်ရွယ်ချက်: ရန်ကုန်မြို့ နယ်နိမိတ်အတွင်း (ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်) စီးပွားရေးလုပ်ငန်းများ တရားဝင် လည်ပတ်နိုင်ရန် ဖြစ်ပါတယ်။

✅ လုပ်ပိုင်ခွင့်: မိမိလုပ်ငန်းအတွက် ဆိုင်ခန်း၊ ရုံးခန်း ဖွင့်လှစ်ခြင်း နှင့် ဆိုင်းဘုတ်တင်ခြင်း တို့ကို တရားဝင် ပြုလုပ်နိုင်ပါတယ်။

✅ သတိပြုရန်: မိမိဆိုင်ခန်းဖွင့်မည့် မြို့နယ်အလိုက် သက်ဆိုင်ရာ စည်ပင်ရုံးများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားရမှာ ဖြစ်ပါတယ်။

💡 အကျဉ်းချုပ်ရရင် - အွန်လိုင်းကနေပဲဖြစ်ဖြစ်၊ ရုံးခန်းမလိုဘဲ ကုမ္ပဏီတစ်ခုအနေနဲ့ ရပ်တည်ချင်ရင် Company License လိုအပ်ပြီး၊ ရန်ကုန်မြို့တွင်းမှာ ရုံးခန်း/ဆိုင်ခန်း အတည်တကျနဲ့ ဆိုင်းဘုတ်တင်ပြီး လုပ်ငန်းလည်ပတ်မယ်ဆိုရင်တော့ YCDC License ပါ မဖြစ်မနေ ထပ်မံလျှောက်ထားရမှာ ဖြစ်ပါတယ်။

မိမိလုပ်ငန်း အမျိုးအစားအလိုက် ဘယ်လိုင်စင်တွေ လျှောက်ထားဖို့ လိုအပ်မလဲဆိုတာကို ဝေခွဲမရဖြစ်နေရင် ဒါမှမဟုတ် လိုင်စင်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေအတွက် အကူအညီလိုနေရင်တော့

BestSteps ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်ရှင်။
📞 BestSteps သို့ ဆက်သွယ်ရန် -
✅ Phone / Viber: 09 250964708, 09 786832727
✅ Messenger: BestSteps Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါသည်။
✅ Address: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

19/05/2026

💡 အခုမှ လုပ်ငန်းစတင်မယ့်သူတွေ အများဆုံး ရှုပ်ထွေးတတ်တဲ့ "စာရင်းအမှုပိတ်" နဲ့ "စာရင်းအမှုဖွင့်" ဆိုတာ ဘာလဲ?
ကုမ္ပဏီတစ်ခုကို DICA မှာ စတင်မှတ်ပုံတင်လိုက်ပြီဆိုတာနဲ့ အခွန်နဲ့ စာရင်းဇယားကိစ္စတွေက မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တစ်ခု ဖြစ်လာပါပြီ။ ဒါပေမယ့် အခုမှစတဲ့ လုပ်ငန်းရှင်တော်တော်များများက "စာရင်းအမှုပိတ် (လုပ်ငန်းမရှိ)" နဲ့ "စာရင်းအမှုဖွင့် (လုပ်ငန်းရှိ)" ဆိုတဲ့ သဘောတရားတွေကို ကွဲကွဲပြားပြား မသိကြသေးတာကို တွေ့ရပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ဒီအချက် (၂) ချက်ကို ရှင်းပြပေးချင်ပါတယ် -
၁။ "စာရင်းအမှုပိတ် (လုပ်ငန်းမရှိ)" ဆိုတာ ဘာလဲ?
ကုမ္ပဏီသာ မှတ်ပုံတင်ထားပေမယ့် လုပ်ငန်းက တကယ်တမ်း မလည်ပတ်ရသေးဘူး၊ အရောင်းအဝယ် (Income/Expense) လုံးဝ မရှိသေးဘူးဆိုရင် သက်ဆိုင်ရာကို "လုပ်ငန်းမရှိသေးပါ (Nil Return)" ဆိုပြီး စာရင်းအမှုပိတ် (Zero Return) တင်ပြရပါတယ်။
သတိပြုရန်: "ငါတို့ ဘာအလုပ်မှ မလုပ်ရသေးလို့ ဘာစာရင်းမှ တင်စရာမလိုဘူး" ဆိုပြီး ဒီအတိုင်း ပစ်ထားလို့ လုံးဝ မရပါဘူးနော်။ လုပ်ငန်းမရှိကြောင်းကို စာရင်းဇယားနဲ့တကွ တရားဝင် အကြောင်းကြားစာရင်းရှင်းမှသာ နောက်ဆက်တွဲ ဒဏ်ကြေးတွေကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။
၂။ "စာရင်းအမှုဖွင့် (လုပ်ငန်းရှိ)" ဆိုတာ ဘာလဲ?
ကုမ္ပဏီစတင် လည်ပတ်နေပြီ၊ ဝင်ငွေနဲ့ ထွက်ငွေတွေ ရှိနေပြီ၊ ဝန်ထမ်းတွေ ခန့်ထားပြီး အရောင်းအဝယ်တွေ စလုပ်နေပြီဆိုရင်တော့ ဘဏ္ဍာရေးစာရင်းဇယားတွေကို သေချာပြုစုပြီး "လုပ်ငန်းရှိ" အနေနဲ့ စာရင်းအမှုဖွင့် တင်သွင်းရပါမယ်။
အရေးကြီးချက်: ဒီအဆင့်ရောက်လာပြီဆိုရင်တော့ မိမိလုပ်ငန်းရဲ့ အမြတ်/အရှုံး ပေါ်မူတည်ပြီး သက်ဆိုင်ရာ အခွန်နှုန်းထားတွေအတိုင်း စနစ်တကျ တွက်ချက်ပေးသွင်းဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
✅ ဘာကြောင့် ဒါတွေကို သိထားဖို့ လိုအပ်တာလဲ?
ဒီသဘောတရား (၂) ခုကို ကွဲကွဲပြားပြားသိမှသာ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အခွန်ရှင်းတမ်းကို မှန်မှန်ကန်ကန် တင်သွင်းနိုင်မှာပါ။
လုပ်ငန်းမရှိသေးဘဲ လုပ်ငန်းရှိစာရင်း သွားတင်မိရင် မဆောင်သင့်တဲ့ အခွန်တွေ ဆောင်ရတတ်သလို၊
လုပ်ငန်းရှိနေလျက်နဲ့ အမှုပိတ်စာရင်း သွားတင်မိရင်လည်း အခွန်ရှောင်ရှားမှုနဲ့ ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်လုပ်ငန်းက ဘယ်အခြေအနေမှာ ရှိနေလဲဆိုတာကို သေချာဆန်းစစ်ပြီး အခွန်နဲ့ စာရင်းဇယားတွေကို အမှားအယွင်းမရှိ စီမံခန့်ခွဲနိုင်ဖို့က အလွန်အရေးကြီးပါတယ်ရှင်။
အခွန်နဲ့ စာရင်းဇယားပိုင်းမှာ ရှုပ်ထွေးမှုတွေရှိနေရင်၊ ဘယ်ကစလုပ်ရမှန်း မသိဖြစ်နေရင် "စိတ်ချ ယုံကြည့်မှုရှိရမယ်" ဆိုတဲ့ ကတိကဝတ်အတိုင်း BESTSTEPS Tax Consultants and Audit Firms မှ ကျွမ်းကျင်ပညာရှင်တွေက အကောင်းဆုံး ကူညီလမ်းညွှန်ပေးဖို့ အသင့်ရှိနေပါတယ်ရှင်။

https://www.facebook.com/share/1CWSUu2Cro/?mibextid=wwXIfr
14/05/2026

https://www.facebook.com/share/1CWSUu2Cro/?mibextid=wwXIfr

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

နောက်ခံသမိုင်းအကျဉ်း

ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံတွင် ပြည်သူ့ရိက္ခာထောက်ပံ့ရေး စီမံကိန်းအရ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနကို ၁၉၄၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကူးသန်းရောင်းဝယ်ရေးအမည်ဖြင့် လည်းကောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကုန်သွယ်ရေးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် လည်းကောင်း ဖွဲ့စည်း၍ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန တို့အား ပူးပေါင်း၍ ၁၉၆၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနမှ ထောက်ပံ့ရေးအပိုင်းကို ခွဲထုတ်၍ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းပြီး ကုန်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးခဲ့ရာ ၁၉၆၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကပိုင်လုပ်ငန်း များကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်း၍ ကုန်သွယ်ရေးကောင်စီမှအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်အရ အောက်ဖော်ပြပါ ကုန်သွယ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်း၍ ပြည်တွင်း/ပြည်ပ ကုန်သွယ်ရေးများကို ဆောင်ရွက်ခဲ့ပါသည် -

(က) ဗဟိုကုန်သွယ်ရေး

( ခ ) ကုန်သွယ်ရေးကော်ပိုရေးရှင်း ၂၂ ခု

( ဂ ) ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု

(ဃ) မြို့နယ်/မြို့မ/ဒေသစိတ်ကုန်သွယ်ရေး ၂၈၃ ခု

( င ) ပြည်သူပိုင်ဆိုင် ၁၉၈၂ ဆိုင်

၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေးကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -

(က) ကုန်သွယ်ရေးဦးစီးဌာန

( ခ ) ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ

( ဂ ) ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။

ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့သော ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ တဖန် ၁၉၉၆ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေး ဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ် ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့ပါသည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ၄ ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အညီပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်သည့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ပြုပြင်ပြောင်းလဲ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်အောင် စီမံဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ လုပ်ငန်းဌာနကြီးများကို ၁-၁-၂၀၁၃ မှ စတင်၍လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။



၃၁-၃-၂၀၁၅ ရက်စွဲပါ အမိန့်အမှတ် (၃၄/၂၀၁၅) အရ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနကို ကုန်သွယ်ရေးဦးစီးဌာနအဖြစ်လည်းကောင်း၊ အမိန့်အမှတ် (၃၅/၂၀၁၅) အရ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနကို ကုန်သွယ် မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းထားရာမှ ၂၈-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၆) အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအား ဖျက်သိမ်း၍ အမိန့်အမှတ် (၂၂/၂၀၁၆) အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ၂၈-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၆) အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၂၃ - ၁၂ - ၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် (၈၁/၂၀၂၀) အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် မူပိုင်ခွင့်ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့်လိုက်လျောညီထွေဖြစ်စေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါ ဦးစီးဌာနများဖြင့် ဖွဲ့စည်းထားပါသည် -

(က) ဝန်ကြီးရုံး

( ခ ) ကုန်သွယ်ရေးဦးစီးဌာန

( ဂ ) စားသုံးသူရေးရာဦးစီးဌာန

(ဃ) မူပိုင်ခွင့်ဦးစီးဌာန

( င ) မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်(Motto)

"ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်"

Develop trade, prosper the State



စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်

(VISION AND MISSION OF MINISTRY OF COMMERCE)


မျှော်မှန်းချက် (Vision)

“အကျိုးပေါင်းစု ကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုအံ့”

Inclusive trade for national development

ရည်မှန်းချက် (Mission)

(၁) အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သော ကုန်သွယ်မှုမူဝါဒများချမှတ်ဆောင်ရွက်ရန်၊

(၂) စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်၊

(၃) နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိရေးနှင့် အလားအလာရှိသော ပို့ကုန်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေမြှင့်တင်ရန်၊

(၄) မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့်ကုန်သွယ်မှု ဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေးအတွက် ဘက်စုံကြိုးပမ်းဆောင်ရွက်ရန်၊

(၅) စားသုံးသူအခွင့်အရေး ကာကွယ်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ပေးရန်၊

(၆) စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်၊

(၇) ဒီဂျစ်တယ်ကုန်သွယ်မှု (Digital Trade)ဖြင့် ကုန်သွယ်မှုအသိုက်အဝန်းအတွက် အကျိုးရလဒ်ခံစားနိုင်စေရန်၊





စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

စဉ် လုပ်ငန်းစဉ်များ

၁။ လယ်ယာစိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများမှ ထုတ်ကုန်များ ပြည်တွင်း/ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာပံ့ပိုးမှုများရရှိရေး ဝန်ဆောင်မှုလုပ်ငန်းများ စီမံဆောင်ရွက်ခြင်း၊

၂။ အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်အညီ ပို့ကုန်တန်ဖိုးကွင်းဆက် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊

၃။ စံချိန်စံညွှန်းပြည့်မီ၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များတိုးမြှင့်တင်ပို့ နိုင်‌ရေး၊ ပို့ကုန်ပစ္စည်းများအားလုံးအတွက် ခိုင်မာသည့်စျေးကွက်ဝေစုနှင့် ဈေးကွက်သစ်များရရှိရေးဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်အသိပညာပေးဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊

၄။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊

၅။ ပို့ကုန်တိုးမြှင့်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့၊ အစုအဖွဲ့နှင့် ဇုန်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခြင်း၊

၆။ ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်စေရေးနှင့် လွတ်လပ်၍ မျှတသောယှဉ်ပြိုင်မှုကို အားပေးကူညီနိုင်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ မူဝါဒများနှင့်အညီ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သည့် အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်း၊

၇။ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် ပို့ကုန်အခြေပြုစက်မှုကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊

၈။ ထုတ်ပြန်ပြီးဖြစ်သော မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် ဆွေးနွေးအတည်ပြုထားသော ဒီဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကတိကဝတ်များကို အချိန်နှင့်တစ်ပြေးညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူပြုဆောင်ရွက်ခြင်း၊

၉။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အထောက်အကူဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ဒီဂျစ်တယ်ကုန်သွယ်မှုလုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည့် အစီအမံများတွန်းအားပေးဆောင်ရွက်ခြင်း၊

၁၀။ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာ ပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်အညွှန်းအမှတ်အသားများစိစစ်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မြေပြင်စစ်ဆေးဆောင်ရွက်ခြင်း၊

၁၁။ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီဒီဂျစ်တယ်နည်းစနစ် များအသုံးပြု၍ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း၊ အများပြည်သူအားအသိပညာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊

၁၂။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊

၁၃။ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဖော်ဆောင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

၁၄။ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အာဆီယံစားသုံးသူကာကွယ်ရေးဆိုင်ရာမဟာဗျူဟာ လုပ်ငန်းစီမံချက်များနှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

၁၅။ စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးဆိုင်ရာကျင့်ဝတ်များ လေးစားလိုက်နာစေရေး ဥပဒေနှင့်အညီ ထိန်းကျောင်းဆောင်ရွက်ခြင်း၊

၁၆။ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်၏ GDP တိုးတက် စေရေးကို အထောက်အကူပြုဆောင်ရွက်ခြင်း၊

၁၇။ ပြည်ပပို့ကုန် ၂ ဆ တိုးမြှင့်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေမှု၊ ပြည်ပတိုးမြှင့်တင်ပို့မှုလုပ်ငန်းစဉ်တစ်ခုလုံး တိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊

၁၈။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product - OROP) ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ထုတ်လုပ်မှု ၂ ဆ တိုးမြှင့်၍ ပြည်တွင်းရှိ ကုန်ကြမ်း များကို အပြည့်အဝအသုံးပြုထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရေးကို သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

၁၉။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍမှ ထိရောက်သော ပံ့ပိုးမှုအစီအမံများ၊ နည်းပညာအသုံးပြုမှုမြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊

၂၀။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံကဏ္ဍနှင့် စက်သုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စျေးကွက်/စျေးနှုန်းတည်ငြိမ်စေရေး ထိန်းကျောင်း ဆောင်ရွက်ခြင်း။




စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒ (၆) ရပ်

(SIX TRADE POLICY OBJECTIVES OF MINISTRY OF COMMERCE)


(၁) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အားလုံးပါဝင်ခွင့်ရှိသော တီထွင်ဆန်းသစ်မှုရှိသည့် စဉ်ဆက်မပြတ်တိုးတက်မှုရယူနိုင်စွမ်းရှိသည့် ကုန်သွယ်မှုစနစ်ဖြစ်စေရန်၊

(၂) ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီသတင်း ဆက်သွယ်ရေးနည်းပညာ (ICT) အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန်၊

(၃) ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး၊

(၄) ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍစွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်ရန်၊

(၅) ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးကုန်စည်များ ဖူလုံရေးအတွက် ကုန်သွယ်မှုရှုထောင့်ဖြင့် ထိန်းညှိဆောင်ရွက်ရန်၊

(၆) နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သော တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်မားတိုးတက်လာစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်၊





စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးအခြေခံမူ (၃)ရပ်


(၁) ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုရန်၊

(၂) ကုန်သွယ်မှုလုပ်ငန်းများသည် ပြည်သူများအပေါ် ဖိစီးမှုမဖြစ်စေရန်၊

(၃) ကုန်သွယ်မှုလုပ်ငန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်ဖြင့် ရှေးရှုဆောင်ရွက်ရန်။

Credit Commerce

14/05/2026

အခွန်အကြောင်း 💪🏻

14/05/2026

💡 "ဝင်ငွေမရှိဘဲ အခွန်တွေ အများကြီး ဆောင်နေရလို့ စိတ်ညစ်နေပါသလား?"
လုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်ရဲ့လုပ်ငန်းက ဝင်ငွေသိပ်မရှိသေးပေမယ့် အခွန်တွေ အများကြီး ဆောင်နေရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတတ်ပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတာကို BESTSTEPS က အဖြေရှာပေးပါရစေ။

🚩 လူကြီးမင်းတို့ မသိဘဲ ကြုံတွေ့နေရနိုင်တဲ့ အခွန်ပြဿနာများ
video ထဲမှာ ဖော်ပြထားတဲ့အတိုင်း လုပ်ငန်းရှင်အချို့မှာ အောက်ပါအချက်တွေကြောင့် အခွန်ဝန်ထုပ်ဝန်ပိုး ဖြစ်နေတတ်ပါတယ် -

လုပ်ငန်းမလည်ပတ်သော်လည်း အခွန်တွေအများကြီးဆောင်နေရခြင်း: ကုမ္ပဏီဖွင့်ထားပြီး ဘာအလုပ်မှ မလုပ်ရသေးသော်လည်း မိမိတို့အပ်နှံထားသော လုပ်ငန်းအကြောင်းဂဂနနရှင်းမပြ၍အခွန်စာရင်းတွေ အများကြီးဖော်ပြခံနေရပြီး အခွန်များနေခြင်း ။ သို့မဟုတ် စာရင်းဇယား အမှားအယွင်းများကြောင့် အခွန်များစွာ ဆောင်နေရခြင်း။

အခွန်နှုန်းထားများကို သေချာမသိရှိခြင်း: ဘယ်လောက်ဆောင်ရမလဲ၊ ဘယ်လိုတွက်ချက်ရမလဲဆိုတာကို တိတိကျကျ မသိရှိဘဲ ဖြစ်သလို ဆောင်နေရခြင်း။

✅ BESTSTEPS က ဘယ်လိုကူညီပေးနိုင်မလဲ?
ကျွန်မတို့ဆီမှာ အခွန်နဲ့ပတ်သက်ပြီး အသေးစိတ် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

အသေးစိတ် စစ်ဆေးပေးခြင်း: လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ ဘာကြောင့် အခွန်တွေ အများကြီး ထွက်နေရသလဲဆိုတာကို အရင်းအမြစ်ကနေ ရှာဖွေစစ်ဆေးပေးပါတယ်။

အခွန်တွက်ချက်မှု ခန့်မှန်းပေးခြင်း: အခွန်မဆောင်ခင်မှာ မိမိလုပ်ငန်းနဲ့ ကိုက်ညီမယ့် အခွန်နှုန်းထားကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးခြင်း။

ရှင်းလင်းစွာ အကြံပေးခြင်း: လူကြီးမင်းတို့ မသိသေးတဲ့ အခွန်ဆိုင်ရာ သိကောင်းစရာတွေကို နားလည်လွယ်အောင် တစ်ဆင့်ချင်း ရှင်းပြပေးပါတယ်။

"ကိုယ့်လုပ်ငန်းက အမှန်တကယ် လုပ်ကိုင်နေတဲ့ ပမာဏအတိုင်းပဲ အခွန်ဆောင်ရဖို့က အရေးကြီးပါတယ်"

📞 အခွန်အတွက် စိတ်မပူရအောင် အခုပဲ ဆက်သွယ်လိုက်ပါ
စာရင်းဇယားနဲ့ အခွန်ပြဿနာတွေအတွက် အဖြေရှာချင်တယ်ဆိုရင် BESTSTEPS ကို အသေးစိတ် လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဖုန်း: 09 250964708, 09 786832727

လိပ်စာ: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

11/05/2026

BESTSTEPS - လူကြီးမင်းတို့လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရသော Partnership

လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တိကျတဲ့ စာရင်းဇယားနဲ့ မှန်ကန်တဲ့ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုဟာ အသက်သွေးကြောပင် ဖြစ်ပါတယ်။
2018 ခုနှစ်ကတည်းက လုပ်ငန်းရှင်များစွာရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ BESTSTEPS Tax Consultants & Audit Firms Service သည် 2023 ခုနှစ်တွင် ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် လုပ်ငန်းရှင်တို့ရဲ့ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြင်ဆင် တိုးချဲ့ခဲ့သည်မှာ အခုဆို 2026 အထိရောက်ရှိလာခဲ့ပါပြီ။

ကျွန်မတို့၏ ဝန်ဆောင်မှုများ
• ကုမ္ပဏီမှတ်ပုံတင်ခြင်း (DICA):
• ကုမ္ပဏီအသစ် တည်ထောင်ခြင်း။
• ဒါရိုက်တာ၊ အမည်၊ ရှယ်ယာ နှင့် လိပ်စာ အပြောင်းအလဲများ ဆောင်ရွက်ပေးခြင်း။
• DICA Account ပြန်လည်ရယူပေးခြင်းနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း (Liquidation)။
• Suspended/Struck-off ဖြစ်နေသော ကုမ္ပဏီများ ပြန်လည်ရှင်သန်အောင် ဆောင်ရွက်ပေးခြင်း။
• နှစ်ပတ်လည်အစီရင်ခံစာ (AR): MyCO စနစ်တွင် AR တင်သွင်းခြင်းနှင့် ကုမ္ပဏီသက်တမ်း တိုးမြှင့်ခြင်း။
• အခွန်ဆိုင်ရာဝန်ဆောင်မှု:
• အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) လျှောက်ထားခြင်း။
• လစဉ်/နှစ်စဉ် အခွန်ရှင်းတမ်းများနှင့် ၃ လပတ်ကြေညာလွှာ (Quarterly Return) တင်သွင်းခြင်း။
• အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် (ပတခ-ကသခ-၁) လျှောက်ထားခြင်း။
• စာရင်းစစ်ဆေးခြင်း (Audit): လုပ်ငန်းစာရင်းများကို ကျွမ်းကျင်ပညာရှင်များမှ စနစ်တကျ စစ်ဆေးပေးခြင်းနှင့် အကြံပေးခြင်း။
• လိုင်စင်နှင့် အခြားဝန်ဆောင်မှုများ: လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သော လိုင်စင်များနှင့် စာရွက်စာတမ်း ကိစ္စရပ်များအားလုံးကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခြင်း။
"စိတ်ချမ်းသာရမယ်" ဆိုတဲ့ ကတိကဝတ်အတိုင်း လူကြီးမင်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ စာရင်းဇယားနဲ့ အခွန်ကိစ္စရပ်များကို ကျွန်ုပ်တို့ထံ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။

ဆက်သွယ်ရန်
📞 ဖုန်း: 09 250964708, 09 786832727
📧 Email: [email protected]
📍 လိပ်စာ: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🚢 သင့်လုပ်ငန်းရဲ့ Trading အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ BESTSTEPS က အမြဲအသင့်ရှိနေမှာပါ! 🚢Budget Year အတွက် စာ...
05/05/2026

🚢 သင့်လုပ်ငန်းရဲ့ Trading အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ BESTSTEPS က အမြဲအသင့်ရှိနေမှာပါ! 🚢

Budget Year အတွက် စာရင်းတွေ အတူတူဆွဲရင်း ကျွန်မတို့ Team တစ်ခုလုံး အလုပ်ရှုပ်နေကြပေမယ့်... လုပ်ငန်းရှင်အသစ်တွေရဲ့ အောင်မြင်မှုအတွက်တော့ အမြဲတမ်း ဦးစားပေးနေဆဲပါပဲရှင့်။ ✨
ဒီနေ့မှာတော့ Export & Import Registration (ထသက) လိုင်စင်အတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို တက်ရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ စောင့်ရကျိုးနပ်စေမယ့် "ထသက လိုင်စင်" လေးတွေလည်း သိပ်မကြာခင်မှာ လုပ်ငန်းရှင်တို့လက်ဝယ်သို့ ရောက်ရှိလာတော့မှာဖြစ်လို့ ဝမ်းသာရပါတယ်ရှင့်။ 😍
သင့်အနေနဲ့ Export (ပို့ကုန်) ပဲ ထွက်ချင်တာလား၊ ဒါမှမဟုတ် Import (သွင်းကုန်) ပဲ သွင်းချင်တာလား?

Trading Company တွေအတွက် လိုအပ်တဲ့ မှတ်ပုံတင်ခြင်းနဲ့ လိုင်စင်ကိစ္စရပ်အားလုံးကို ကျွန်မတို့ BESTSTEPS က အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။ 🤝
စိတ်ချယုံကြည်နိုင်တဲ့ Professional Corporate Service ကို ရှာဖွေနေတယ်ဆိုရင် ကျွန်မတို့ဆီကို အခုပဲ ဆက်သွယ်လိုက်ပါရှင့်။

📞 Contact BESTSTEPS Services
📲 Phone: 09-250964708 / 09-786832727
📧 Email: [email protected] | [email protected]
📍 Address: သာကေတမြို့နယ်၊ ရန်ကုန်မြို့။
📩 မိမိလိုအပ်တဲ့ Company Update Service တွေကို Message Box ကနေလည်း တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

Address

Yangon
11231

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 04:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 14:00

Website

Alerts

Be the first to know and let us send you an email when BEST STEPS Tax Consultant Audit firms posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share