Tokyo Consulting Firm Yangon Office

Tokyo Consulting Firm Yangon Office Lawyers, CPAs and Consultants,Accounting,Tax payment,Bookkeeping,Taking Care of your Future.

မြန်မာ SME လုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း! သင့်လုပ်ငန်းက အရောင်းတွေရှိနေပေမယ့် အမြတ်ဘယ်ပျောက်နေမှန်း မသိဖြစ်နေပါသ...
07/02/2026

မြန်မာ SME လုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း!

သင့်လုပ်ငန်းက အရောင်းတွေရှိနေပေမယ့် အမြတ်ဘယ်ပျောက်နေမှန်း မသိဖြစ်နေပါသလား? ဝန်ထမ်းတွေနဲ့ ပတ်သက်ရင်ရော စနစ်တကျ မရှိလို့ ခေါင်းခဲနေရပြီလား?

TCF Myanmar မှ ဦးစီးကျင်းပမည့်
"မြန်မာ SME များ မသိသေးသော အန္တရာယ် (၅) ခုနှင့် စံပြုလုပ်ထုံးလုပ်နည်း (SOP) တည်ဆောက်ခြင်း" Online Seminar သို့ ဖိတ်ခေါ်အပ်ပါသည်။

ဒီ Seminar မှာ -
✅ လုပ်ငန်းရှင်တွေ မသိလိုက်ဘဲ ကျရောက်နေတဲ့ အန္တရာယ် (၅) ခု။
✅ အလုပ်ရှင်မရှိဘဲ လုပ်ငန်းလည်ပတ်နိုင်မယ့် SOP စနစ်အကြောင်း။
✅ လုပ်ငန်းကို ရေရှည်တည်တံ့အောင် ဘယ်လိုကာကွယ်မလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးသွားမှာပါ။

📅 Part 1: ၁၁ရက်(ဗုဒ္ဓဟူးနေ့)၊ ဖေဖော်ဝါရီလ ၂၀၂၆
📅 Part 2: ၂၇ရက်(သောကြာနေ့)၊ ဖေဖော်ဝါရီလ ၂၀၂၆
⏰ အချိန်: နေ့လည် ၂နာရီ
📍 နေရာ: Zoom Online (အခမဲ့ တက်ရောက်နိုင်သည်)

# #ဝင်မရပါက အောက်တွင်ဖော်ပြထားသော link ကို copy ယူပြီး Gmail အကောင့်ဖြင့် Google တွင် paste လုပ်ကာ registration ပြုလုပ်နိုင်ပါသည်။

👇 အခုပဲ အောက်ပါ Link မှာ စာရင်းပေးသွင်းလိုက်ပါ

Learn how to identify hidden business risks commonly faced by Myanmar SMEs and how to build a practical system to reduce compliance, financial, and operational risks for sustainable growth. Part 1: Feb 13, 2026 | Part 2: Feb 27, 2026 Platform: Zoom (Link will be sent after registration)

Exclusive Online Seminar for Myanmar SME Owners! Is your business growing, but you’re still facing hidden financial leak...
07/02/2026

Exclusive Online Seminar for Myanmar SME Owners!

Is your business growing, but you’re still facing hidden financial leaks or employee management headaches?

Join TCF Myanmar’s exclusive 2-part seminar:
"The 5 Hidden Risks of Myanmar SMEs & Building a Professional SOP System."

What you will learn:
✅ The 5 critical risks that could destroy your business.
✅ How to build an SOP (Standard Operating Procedure) so your business can run without you.
✅ Practical steps to safeguard your business for long-term growth.

📅 Part 1: February 11(Wednesday), 2026
📅 Part 2: February 27(Friday), 2026
⏰ Time: About (2PM)
📍 Platform: Zoom Online (Free Admission)

# you are unable to access it, you can copy the link below and paste it into Google using a Gmail account to complete the registration !!

👇 Register now via the link below:

Learn how to identify hidden business risks commonly faced by Myanmar SMEs and how to build a practical system to reduce compliance, financial, and operational risks for sustainable growth. Part 1: Feb 13, 2026 | Part 2: Feb 27, 2026 Platform: Zoom (Link will be sent after registration)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် နိုင်ငံခြားသုံးငွေရငွေပမာဏအပေါ် သတ်မှတ်ထားသော လဲလှယ်ရမည့် အခ...
20/01/2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် နိုင်ငံခြားသုံးငွေရငွေပမာဏအပေါ် သတ်မှတ်ထားသော လဲလှယ်ရမည့် အချိုးအစားကို ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း သိရှိရပါသည်။

အဆိုပါ ပြင်ဆင်ချက်ကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခုထုတ်ပြန်ချက်အရ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် မဖြစ်မနေ လဲလှယ်ရန် လိုအပ်မည်ဖြစ်ပြီး ယခင်သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားသုံးငွေလဲလှယ်မှုဆိုင်ရာ မူဝါဒများကို ထပ်မံဖြေလျှော့ပေးသည့် အရေးပါသော ပြင်ဆင်ချက်တစ်ရပ်ဖြစ်ပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားပါသည်။

Source : https://tinyurl.com/yf5m78t4

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စာရင်းကိုင်လုပ်ငန်းများအတွက် ထုတ်ပြန်ကြော်ငြာချက်များ        ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖ...
30/12/2025

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စာရင်းကိုင်လုပ်ငန်းများအတွက် ထုတ်ပြန်ကြော်ငြာချက်များ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်ထားသည့် ၁၆-၁၀-၂၀၂၅ရက်နေ့ တွင် SC/16193 ၊ ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် SC/16197 နှင့် ၆-၁၁-၂၀၂၅ ရက်နေ့တွင် SC/16214 ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များအပေါ် အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းနှင့် အညီ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပါသည်။

SC/16197 https://press.un.org/en/2025/sc16197.doc.htm?_gl=1*xvdq1h*_ga*MTI4MDcyNDgzOC4xNzY3MDcyNzY0*_ga_TK9B…

SC/16193 https://press.un.org/en/2025/sc16193.doc.htm?_gl=1*q3y08r*_ga*MTI4MDcyNDgzOC4xNzY3MDcyNzY0*_ga_TK9BQL5X7Z*czE3NjcwNzI3NjQkbzEkZzEkdDE3NjcwNzMwMjAkajMxJGwwJGgw

SC/16214 https://press.un.org/en/2025/sc16214.doc.htm?_gl=1*14pn06l*_ga*MTI4MDcyNDgzOC4xNzY3MDcyNzY0*_ga_TK9…

23/10/2025

ကုမ္ပဏီမှထုတ်ပယ်ခံရ‌သောဖြစ်ရပ်များ နှင့် ပတ်သက်၍ DICA မှ အသိပေးကြေညာခြင်း

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) သည် ဒါရိုက်တာ၊ အစုရှယ်ယာဝင် အချို့တို့က ၎င်းတို့ ကိုယ်တိုင်သိရှိခြင်း မရှိပဲ ၎င်းတို့နှင့် သက်ဆိုင်သော ကုမ္ပဏီမှ ထုတ်ပယ်ခံရ‌သော ဖြစ်ရပ်များ နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

လုပ်ဆောင်ရမည့်အချက်များ

အဆိုပါ အသိပေးကြေညာချက် အရ ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ အစုရှယ်ယာဝင်များ လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကုမ္ပဏီ မှတ်တမ်းများ ထိန်းသိမ်းခြင်း - မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၀၊ ပုဒ်မ ၉၅ နှင့် ပုဒ်မ ၁၈၉(က) ပါ ပြဌာန်းချက်များ နှင့် အညီ ကုမ္ပဏီ အတွင်း ထိန်းသိမ်းထားရှိရမည့် ဒါရိုက်တာ နှင့် အစုရှယ်ယာရှင် မှတ်တမ်းစာအုပ်များကို ထိန်းသိမ်းထားရှိရန်။

(၂) MyCo အကောင့်ဖွင့်လှစ်ခြင်း - ဒါရိုက်တာ ၊ အစုရှယ်ယာရှင်တိုင်းက MyCo အကောင့်ဖွင့်လှစ်၍ ကုမ္ပဏီ အခွင့်အာဏာရယူထားရန်။

(၃) ဆက်သွယ်ရန် အချက်အလက်များ ထားရှိခြင်း - ဒါရိုက်တာများ ၊ အစုရှယ်ယာရှင်များ အနေဖြင့် အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ် နှင့် တကွ မိမိအား ဆက်သွယ်နိုင်သည့် အချက်အလက်များကို MyCo မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိရန်။

သုံးသပ်ချက်
ဤသို့ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ အနေဖြင့် မိမိအား မိမိ၏ သဘောဆန္ဒ သို့မဟုတ် မိမိအား တစ်စုံတစ်ရာ အကြောင်းကြားမှုမရှိပဲ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းမှ ထုတ်ပယ်ခြင်းအား ထိရောက်စွာ တားဆီးနိုင်မည်ဟု မှတ်ယူနိုင်သော်လည်း စီးပွားရေးလုပ်ငန်းအများစု အတွက် ဝန်ထုပ်ဝန်ပိုး တချို့ ဖြစ်လာနိုင်သည် ဟု ခန့်မှန်းရသည်။ တဖက်မှာလည်း အချို့သော ရှယ်ယာရှင်များ အတွက် ဤသို့ တင်းကျပ်မှုက အခက်အခဲများ ဖြစ်ပေါ်နိုင်သည်။ အချို့သော ရှယ်ယာရှင်များ၏ မူလ သို့မဟုတ် မိခင် ကုမ္ပဏီရှိ ဝန်ထမ်းများသည် DICA ဝက်ဘ်ဆိုက် နှင့် ပတ်သက်သော အချက်အလက်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အားနည်းမှု အချို့ ရှိနိုင်ပြီး အထူးသဖြင့် အဆိုပါ မူလ သို့မဟုတ် မိခင် ကုမ္ပဏီများတွင် ၎င်းတို့၏ DICA အကောင့်များအား လိုအပ်သလို ထိန်းချုပ်နိုင်သည့် အာဏာအပ်နှင်းခြင်းခံထားရသော ဒါရိုက်တာများရှိခဲ့လျှင် ထိုသို့သော ကုမ္ပဏီပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် DICA ၏ လုပ်ဆောင်ချက်များကြား အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ပေသည်။ ဤသို့သော ဖြစ်နိုင်ချေများ အပြင် ထပ်မံ ဆင်ခြင်သင့်သည်မှာ အစုရှယ်ယာရှင်တိုင်း၊ ဒါရိုက်တာတိုင်းကို ကုမ္ပဏီ အကောင့်အား ဝင်ရောက်ထိန်းချုပ်နိုင်သော အာဏာပေးအပ် ထားရမည်လော ဟူသောအချက်ဖြစ်သည်။ အကယ်၍ ပေးအပ်ထားရမည်ဆိုပါက ကုမ္ပဏီတွင်း သို့တည်းမဟုတ် ကုမ္ပဏီပြင်ပ ပဋိပက္ခဖြစ်လာသောအခါ အာဏာပေးအပ်ထားရသော ပုဂ္ဂိုလ်တစ်ချို့မှ ကုမ္ပဏီအကောင့်အား မလိုလားအပ်သော ဆောင်ရွက်ချက်များလုပ်‌ဆောင်နိုင်သော အန္တရာယ်မှာလည်း ထည့်သွင်းစဉ်းစားသင့်သည့် အချက်တချက်အနေဖြင့် တင်ပြအပ်ပါသည်။
သို့ဖြစ်ပါ၍ DICA ၏ အထက်ဖော်ပြပါ ညွှန်ကြားချက်မှာ စီးပွားရေးလုပ်ငန်းများ အတွက် မိမိတို့၏ လုပ်ငန်းတွင်း သဘောသဘာဝ အလျောက် သေချာစဉ်းစားချင့်ချိန်ဆုံးဖြတ်သင့်သော ကိစ္စတစ်ရပ် ဖြစ်သည်။ ဤသို့လျှင် DICA ဝက်ဘ်ဆိုက် လုပ်ဆောင်ချက်များ နှင့် ပတ်သက်၍ ကုမ္ပဏီနှင့် သက်ဆိုင်ခြင်း မရှိသော တတိယပုဂ္ဂိုလ် (Third Party) တစ်ဦးဦး သို့တည်းမဟုတ် အဖွဲ့အစည်းတရပ်ရပ်ကို ကုမ္ပဏီအကောင့် အသုံးပြုခြင်းနှင့်ပတ်သက်၍ အာဏာလွှဲအပ်ထားခြင်းအားဖြင့် မိမိတို့ ကုမ္ပဏီ လုံခြုံရေး နှင့် မလိုလားအပ်သော ပဋိပက္ခ၊ DICA သို့တင်သွင်းသော စာရွက်စာတမ်း အရှုပ်အထွေးများကို အတတ်နိုင်ဆုံးကာကွယ်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DICA’s Announcement on Unauthorized Dismissals

In September 2025, the Directorate of Investment and Company Administration (DICA) released an announcement addressing alarming reports that directors and shareholders have been removed from the company register without their knowledge.

Actions Recommended by DICA

To prevent such incidents, DICA is now urging companies to take the following measures:

1. Maintain Proper Records – Ensure that the company’s indexes and registers of directors and shareholders are properly maintained and updated in accordance with Sections 90, 95 and 189(a) of Myanmar Companies Law (2017)

2. Open MyCO Accounts – Ensure all directors and shareholders to create a MyCO account and obtain Company Authority to safeguard their rights and responsibilities.

3. Update Contact Information – Ensure all directors and shareholders to register and upload their contact details, including email addresses and personal phone numbers, on the MyCO registration system.

Analysis by TCF
Following the Actions Recommended by DICA will be a burden to most businesses, though it will enable directors to effectively prevent unauthorized changes indeed.

On the other side, for the shareholders, which include parent companies whose employees are not familiar with issues like DICA website, such actions may cause inconvenience if they may have conflict with some directors as those who have the authority are able to remove the same authority from any other person who has the right to access their accounts.

In addition to such possibilities, another matter that should be considered is whether every shareholder and every director must be granted authority to access and operate the company account. If such authorization is required, it should also be noted that, in cases of internal or external disputes concerning the company, there is a potential risk that some authorized individuals may carry out undesirable actions on the company’s account. This point should therefore be presented as an important consideration.

Therefore, the above-mentioned directive issued by DICA is a matter that businesses should carefully consider and make decisions on, taking into account the nature and circumstances of their own operations. In this way, it is recommended that by delegating authority to a third party or an external organization that has no direct connection with the company regarding activities on the DICA website, the company can, to the greatest extent possible, safeguard its own security and prevent unnecessary disputes or complications in the documents submitted to DICA.

15/10/2025

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ မှအလုပ်သမားများအတွက် နေ့စဉ်အပိုထောက်ပံ့ကြေး တိုးမြှင့်သတ်မှတ်ခြင်း (အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၅)

ယခင်တွင် အလုပ်ချိန်၈နာရီတစ်ရက်အတွက် နေ့စဉ်အနည်းဆုံးအခကြေးငွေနူန်း ကျပ် ၄,၈၀၀ ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင်အမိန့်ကြေငြာစာအမှတ်(၂/၂၀၂၃) ဖြင့်အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ နှင့် ၂၀၂၄ ခုနှစ်တွင် အမိန့်ကြေငြာစာအမှတ်(၁/၂၀၂၄)ဖြင့်ထပ်မံ ကျပ်၁,၀၀၀ တိုးမြှင့်ကာ စုစုပေါင်း ကျပ် ၆,၈၀၀ ဖြစ်ခဲ့သည်။

အဆိုပါအမိန့်ကြော်ငြာစာ (၁/၂၀၂၅) အရ ယခုအခါ ထပ်မံအပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ကို ထပ်တိုးသတ်မှတ်ထားပြီး၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ အကျုံးဝင်ပါသည်။ ထို့ကြောင့် နေ့စားအလုပ်သမားများအတွက် နေ့စဉ်အနည်းဆုံးလုပ်ခသည် နေ့စဥ်အနည်းဆုံးလုပ်ခကြေးငွေ ကျပ်၄၈၀၀+အပိုထောက်ပံ့ကြေးငွေကျပ်၃၀၀၀ =ကျပ် ၇,၈၀၀ သတ်မှတ်ခြင်းဖြစ်ပါသည်။

ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များနှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများအတွက် မသက်ဆိုင်ပါ။

ဤအမိန့်ကြော်ငြာစာဖြင့် ၂၀၂၄ ခုနှစ် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ကို လွှမ်းမိုးပယ်ဖျက်ခဲ့ပြီး၊ အလုပ်သမားဝန်ကြီးဌာန ဥက္ကဋ္ဌ အောင်ကျော်ဟိုး မှ အမိန့်ထုတ်ပြန်ပါသည်။

အကျဉ်းချုပ် –
အနည်းဆုံးအခကြေးငွေ နူန်း(တစ်နေ့): ကျပ် ၄,၈၀၀
အပိုထောက်ပံ့ကြေးနူန်း (ယခင်): ကျပ် ၂,၀၀၀
ထပ်တိုးနူန်း (ယခု): ကျပ် ၁,၀၀၀
စုစုပေါင်း နေ့စဉ်လုပ်ခ = ကျပ် ၇,၈၀၀
သက်ဆိုင်မှု: အလုပ်သမား ၁၀ ဦးနှင့်အထက်ရှိ လုပ်ငန်းများ
အကျုံးဝင်သည့်နေ့: ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍

Daily Additional Allowance for Workers Increased (Notification No. 1/2025)

On October 14, 2025, the National Committee for Determining the Minimum Wage of the Government of the Republic of the Union of Myanmar issued Notification No. (1/2025), announcing an increase in the daily additional allowance for workers.

Previously, the minimum daily wage for an 8-hour workday was MMK 4,800, with an additional allowance of MMK 1,000 granted by Notification No. (2/2023) in 2023, and another MMK 1,000 added under Notification No. (1/2024) in 2024, bringing the total to MMK 6,800 per day.

Under the new Notification No. (1/2025), an additional MMK 1,000 will be added to the existing allowance, effective from October 1, 2025. As a result, the minimum daily wage for daily-waged workers are now set at MMK 7,800 (MMK 4,800 basic wage + MMK 3,000 additional allowance).

This adjustment does not apply to small enterprises with fewer than 10 employees or family-owned businesses.

This new notification repeals and replaces Notification No. (1/2024) issued in 2024 and was officially announced by U Aung Kyaw Hoe, Union Minister for Ministry of Labour and Chairman of the National Committee for Determining the Minimum Wage.

Summary:
Basic daily minimum wage: MMK 4,800
Previous additional allowance: MMK 2,000
Newly added allowance (2025): MMK 1,000
Total minimum daily wage: MMK 7,800
Applicable to: Businesses with 10 or more employees
Effective from: October 1, 2025

Government Announcement: Launch of Online eStay Extension Service for Foreign ExpertsThe Ministry of Immigration and Pop...
22/09/2025

Government Announcement: Launch of Online eStay Extension Service for Foreign Experts
The Ministry of Immigration and Population has announced that, effective 1 September 2025, companies operating in the Union and employing foreign experts may now process eStay Extensions online.
Through this new system, business entities with foreign experts requiring a longer stay in the Union with a Stay Permit and Multiple Journey Special Re-entry Visa (MJSRV) can conveniently file applications via the official website: https://estay.moip.gov.mm/Apply/Services

Available Stay Permit Extension Options
Applicant companies may apply for the following durations:
• 3 months
• 6 months
• 12 months

Government Processing Fees for Online Application:
• 3-month stay permit: USD 62
• 6-month stay permit: USD 114
• 12-month stay permit: USD 217
• Single Re-entry Visa: USD 72
• Multiple Re-entry Visa: USD 217

While fees are slightly higher than those for off-line application (= paper application at the counter), the eStay Extension system offers significant advantages, including reduced processing time and the elimination of difficulties associated with USD cash payments.

Payment Options
Payments can now be made securely by Visa, MasterCard, and JCB cards.
For detailed guidance on the process and requirements, you may contact Tokyo Consulting Firm Company Limited.
Reference: https://estay.moip.gov.mm/apply/index

အစိုးရထုတ်ပြန်ကြေညာချက်
နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် အွန်လိုင်း eStay သက်တမ်းတိုးဝန်ဆောင်မှု ပြန်လည်စတင်ခြင်း
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစတင်၍ ပြည်ထောင်စုအတွင်း စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများက ခန့်အပ်ထားသော နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် online eStay Extension သက်တမ်းတိုးဝန်ဆောင်မှုကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤစနစ်သစ်မှတစ်ဆင့်၊ နိုင်ငံခြားသားကျွမ်းကျင်သူများ၏ သက်တမ်းတိုးနေထိုင်ခွင့်နှင့် အကြိမ်ကြိမ် ပြည်ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ (MJSRV) အား အောက်ဖော်ပြပါ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ https://estay.moip.gov.mm/Apply/Services

လျှောက်ထားသည့်ကုမ္ပဏီများသည် အောက်ဖော်ပြပါအတိုင်း သက်တမ်းတိုး လျှောက်ထားနိုင်သည်။
• ၃ လ
• ၆ လ
• ၁၂ လ

ပြောင်းလဲ ပြင်ဆင်ထားသော သက်တမ်းတိုးခများ
• ၃ လ နေထိုင်ခွင့်: ၆၂ ဒေါ်လာ
• ၆ လ နေထိုင်ခွင့်: ၁၁၄ ဒေါ်လာ
• ၁၂ လ နေထိုင်ခွင့်: ၂၁၇ ဒေါ်လာ
• တစ်ကြိမ်ပြည်ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ: ၇၂ ဒေါ်လာ
• အကြိမ်ကြိမ်ပြည်ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ: ၂၁၇ ဒေါ်လာ
Stay permit သက်တမ်းတိုးအခ နှုန်းထားများကို အနည်းငယ်ပြင်ဆင်ခဲ့သော်လည်း၊ eStay သက်တမ်းတိုးစနစ်သည် လုပ်ငန်းစဉ်အချိန်ကို လျှော့ချပေးပြီး အမေရိကန်ဒေါ်လာငွေသားဖြင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများကို ဖယ်ရှားပေးသည့် အားသာချက်များစွာ ရှိသည်။


ငွေပေးချေမှုရွေးချယ်စရာများ
ငွေပေးချေမှုများကို Visa၊ MasterCard နှင့် JCB ကတ်များဖြင့် လုံခြုံစွာ ပြုလုပ်နိုင်သည်။

အသေးစိတ်လမ်းညွှန်ချက်များ
လုပ်ငန်းစဉ်နှင့် လိုအပ်ချက်များဆိုင်ရာ အသေးစိတ်လမ်းညွှန်ချက်များအတွက် Tokyo Consulting Firm Company Limited သို့ ဆက်သွယ်နိုင်သည်။
Reference: https://estay.moip.gov.mm/apply/index
Myanmar eStay (Official Government Website)

We are Hiring: Sales Coordinator (1 person) Company: Tokyo Consulting Firm Co., Ltd. (Accounting Firm)Location: Bahan To...
26/08/2025

We are Hiring: Sales Coordinator (1 person)
Company: Tokyo Consulting Firm Co., Ltd. (Accounting Firm)
Location: Bahan Township, Yangon

Main Duties:
-Listing up potential clients to approach
-Getting appointments via phone calling
-Making presentation to potential clients
-Preparing quotation for proposals
-Corresponding with clients via email etc.

Requirements:
-Age:18 ~ 35
-Education: No requirement, but English proficiency is required -Experience: No requirement, preferred having experience of customer services

Salary: MMK400,000 ~ (Negotiable)
Working Time: 08:30AM - 17:30PM
Off Days: Public Holidays and Sundays (and Saturdays in 3rd and 4th weeks)

Interview Address (Office): Room 608, 5th Floor, Golden Link Condominium, 456 A/B, Corner of Dhammazedi Road and Link Lane, Bahan Township, Yangon, Myanmar (Link Lane Bus Stop)

Contact/Viber (for Interview Appointment):
09 423 776 293, 09 970 742 183

How to Apply: Interested candidates can send their CV via Viber to the phone numbers above and schedule an interview.

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြေညာစာအမှတ် ၃၉/၂၀၂၅ စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် နှင့် ပြည်တွင်း အသေးစာ...
06/06/2025

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြေညာစာအမှတ် ၃၉/၂၀၂၅
စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် နှင့် ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down - SKD စနစ်နှင့် Completely Knocked Down - CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းများကို အောက်ပါအတိုင်းဖြေလျှော့ခွင့်ပြုလိုက်သည်။

Reference Link:https://www.mopf.gov.mm/sites/default/files/Notification%20(39-2025)_0.pdf

၂၀၂၅-၂၀၂၆ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂ နှင့် ကုန်သွယ်လုပ်ငန်းခွန် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့...
05/06/2025

၂၀၂၅-၂၀၂၆ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂ နှင့် ကုန်သွယ်လုပ်ငန်းခွန် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ

Reference Link:https://www.mopf.gov.mm/sites/default/files/2025-2026%20Quarterly%20CT%20Return%20Myan.pdf

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ Struck Off ကုမ္ပဏီစာရင်း ကြေညာခြင်းအမိန့်ကြေညာစာအမှတ်...
04/06/2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ Struck Off ကုမ္ပဏီစာရင်း ကြေညာခြင်း
အမိန့်ကြေညာစာအမှတ်၊ (၆၃ / ၂၀၂၅) မေလ ၂၆ ရက်
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက် ကွက်ခဲ့သော ကုမ္ပဏီ ၂၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (စ) အရမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ဤအမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည်။
အပြည့်အစုံအားအောက်ဖော်ပြပါ Linkတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Reference Link: https://www.dica.gov.mm/49462/

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက် (၀၁၀ / ၂၀၂၅)(၁ - ၆ - ၂၀၂‌၅) ရက်နေ့မှစ၍ မန္တလေးမြို့တွင် တင်သွင်းနေသော ကုန်ပစ...
04/06/2025

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက် (၀၁၀ / ၂၀၂၅)

(၁ - ၆ - ၂၀၂‌၅) ရက်နေ့မှစ၍ မန္တလေးမြို့တွင် တင်သွင်းနေသော ကုန်ပစ္စည်းများအတွက် အကောက်ခွန်ဆိုင်ရာ သွင်းကုန်ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရမည့် Code များ

Reference Link: https://www.maccs.gov.mm/node/3229

Address

Room No. 608, 5th Floor, Golden Link Condominium, No. 456 A/B, Coner Of Dhammazedi Road And Link Lane, Bahan Township
Yangon
11201

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959423776293

Alerts

Be the first to know and let us send you an email when Tokyo Consulting Firm Yangon Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tokyo Consulting Firm Yangon Office:

Share

Our History

Tokyo Consulting Firm is an independent Accounting Firm and the No. 1 Consulting Firm in Japan having 44 offices in 27 Countries. We provide a “One-Stop Service” for all business needs. In the Yangon, we have branch in Bahan Township. Our Yangon Branch is located at #406,4th Floor,Excel Treasure Tower No.520, Bahan Township, Yangon, Myanmar.

We are composed of Lawyers, CPAs, and Consultants who are highly equipped to offer quality and world-class services with exceptional service attitude. As a consultancy company, we can provide for any service for any business need, from Incorporation down to Legal Compliance and Accounting to External Recruitment Services.

We have helped a lot of companies, both foreign and local establishing businesses here in the Philippines which includes LEGAL, HR, ACCOUNTING, AUDIT and TAXATION services. We guide our clients through the maze of the Philippine regulations up to the start of their businesses.

From a small Japanese company, we are now becoming a global company that drives clients to achieve their vision successfully with 27 subsidiaries around the world offering various services to any business industry.