Khaing Si Lwin Myint

Call Directions Contact the business

Khaing Si Lwin Myint Financial Consultant

24/10/2026

ပိတ်ရက် ဘာလုပ်မလဲဆိုတော့… ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်မယ်လေ။

တစ်ပတ်လုံး ပင်ပန်းထားသမျှအတွက် ပြည့်ပြည့်ဝဝအနားယူမယ်လို့စိတ်ကူးထားတယ်ဆိုရင်တော့ Manulife Policyholder တွေအတွက် Manulife Community Club ရဲ့ Partner ဖြစ်တဲ့ Chatrium Hotel မှာ Accommodation Special Disount နဲ့အတူ Food & Beverage နဲ့ Spa Service နှစ်မျိုးလုံး 10% စီ Discount နဲ့ အနားယူလို့ရပြီနော်။

အမြဲတမ်း ကြိုးစားနေရတဲ့ ကိုယ့်အတွက် အေးအေးဆေးဆေး နားရတဲ့နေ့လေးလည်း ရှိသင့်တယ်မဟုတ်လား..။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အချိန်လေးတွေမှာလည်း Manulife Community Club က အတူရှိနေပေးမှာပါ။

What’s the plan for the weekend? A little extra care for yourself.

If you’re planning to unwind after a tiring week, here’s something to look forward to. Manulife policyholders can enjoy a special accommodation discount, plus 10% off food and beverages and 10% off spa services at Chatrium Hotel, a Manulife Community Club partner.

With all the effort you put in every day, you deserve a day to take it easy, don’t you? Manulife Community Club is here for those moments when you make a little time for yourself.



#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

💚🎁 သီတင်းကျွတ်အခါသမယမှာ အထူးလက်ဆောင်လေးတွေနဲ့အတူ… 🎁💚ကျွန်မရဲ့ တန်ဖိုးထားရတဲ့ Manulife Royal Customer များအတွက် Manulife ...
20/10/2026

💚🎁 သီတင်းကျွတ်အခါသမယမှာ အထူးလက်ဆောင်လေးတွေနဲ့အတူ… 🎁💚

ကျွန်မရဲ့ တန်ဖိုးထားရတဲ့ Manulife Royal Customer များအတွက် Manulife မှ ပေးအပ်တဲ့ သီတင်းကျွတ်လက်ဆောင်လေးတွေကို ချစ်ခြင်းမေတ္တာတွေနဲ့အတူ ပေးအပ်ဖို့ ထုတ်ယူလာပါပြီရှင့်။ 🥰🎁

💚 Manulife Royal Member ဖြစ်ခြင်းက အာမခံအကာအကွယ်တစ်ခုထက် ပိုပါတယ်။

Royal Member တစ်ယောက်အနေနဲ့ ဘယ်လိုထူးခြားတဲ့ အကျိုးခံစားခွင့်တွေနဲ့ အထူးဝန်ဆောင်မှုတွေ ရရှိနိုင်မလဲဆိုတာ သိချင်ပါသလားရှင့်?

အသေးစိတ်သိရှိလိုပါက ကျွန်မကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။ 💌

ယုံကြည်စွာ လက်တွဲပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 💚

💚 ချစ်ခင်ရပါသော ကျွန်မရဲ့ Manulife Customer များအားလုံးရှင့် 💚မိမိတို့ရဲ့ အာမခံအကာအကွယ်နဲ့ ရရှိနိုင်မယ့် အကျိုးခံစားခွင့...
20/10/2026

💚 ချစ်ခင်ရပါသော ကျွန်မရဲ့ Manulife Customer များအားလုံးရှင့် 💚

မိမိတို့ရဲ့ အာမခံအကာအကွယ်နဲ့ ရရှိနိုင်မယ့် အကျိုးခံစားခွင့်တွေကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ကြည့်ရှုနိုင်ဖို့အတွက် Manulife Myanmar Application လေးကို Download ရယူပြီး Register ပြုလုပ်ထားကြဖို့ တိုက်တွန်းပါရစေရှင့်။ 📱

မိမိတို့ရွေးချယ်ထားတဲ့ အာမခံအစီအစဉ်နဲ့ အကျိုးခံစားခွင့်တွေကို ကိုယ်တိုင်အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်တာကြောင့် ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်ရှင့်။

💚 သင့်ဘဝရဲ့ အာမခံအကာအကွယ်တွေကို သင်ကိုယ်တိုင် အချိန်မရွေး သိရှိနိုင်ဖို့ Manulife Myanmar App လေးကို အသုံးပြုထားလိုက်ပါနော်။

ချစ်ခင်လေးစားစွာဖြင့် 💚

အသက်အာမခံကြေး နဲ့ ပရီမီယမ်ကြေး အဲဒီနှစ်မျိုးဘာကွာခြားသလဲ ? ✅အသက်အာမခံကြေးဆိုတာသင်သေဆုံးသွားတဲ့အခါ သင်လွှဲပြောင်းထားခဲ့တဲ...
19/10/2026

အသက်အာမခံကြေး နဲ့ ပရီမီယမ်ကြေး
အဲဒီနှစ်မျိုးဘာကွာခြားသလဲ ?

✅အသက်အာမခံကြေးဆိုတာ
သင်သေဆုံးသွားတဲ့အခါ သင်လွှဲပြောင်းထားခဲ့တဲ့လူ / မိသားစုဝင်တစ်ဦးဦး / မိသားစုဝင်များက ရရှိနိုင်မယ့် စုစုပေါင်းလျော်ကြေးဖြစ်ပါတယ် ။
ဒါက အသက်အာမခံစာချုပ်ထဲမှာ
တခါထဲပုံသေသတ်မှတ်ထားပြီးသားပါ ။

✅အသက်အာမခံကြေးဆိုတာ
အာမခံနှစ်ပြည့်တဲ့အထိ ကျန်းမာနေသေးတယ်/ အသက်ရှင်သန်နေသေးတယ်ဆိုရင် မိမိကိုယ်တိုင်ပြန်လည်ထုတ်ယူနိုင်တဲ့ငွေကြေးလည်းဖြစ်ပါတယ်။

✅ပရီမီယမ်ကြေးဆိုတာကတော့
နှစ်စဉ်ပုံမှန်သွင်းနေရမယ့် ငွေပမာဏဖြစ်ပါတယ်

အရေးကြီးတာက
အသက်အာမခံလျော်ကြေးဆိုတာ
သင်သွင်းနေတဲ့ ပရီမီယမ်ကြေးနဲ့တွက်ချက်တာမဟုတ်ဘူးဆိုတာလည်း သိထားရပါမယ် ။

***********

အာမခံလုပ်ထုံးလုပ်နည်းတွေအရတော့
နှစ်စဉ်ပုံမှန်ပရီမီယမ်သွင်းနေမှသာ အသက်အာမခံပေါ်လဆီကတည်မြဲနေမှာဖြစ်ပြီး
ပရီမီယမ်ဆက်မသွင်းတော့တာမျိုး၊
နှစ်မပြည့်ခင်ရပ်လိုက်တာမျိုးဆိုရင်
အရင်သွင်းခဲ့တဲ့ပရီမီယမ်ကြေးတွေအားလုံးပြန်မရတာမျိုး (သို့မဟုတ်) အပြည့်ပြန်မရတော့တာမျိုးတွေဖြစ်နိုင်ပါတယ် ။
( အမျိုးအစားအပေါ်မူတည်ပြီး ကွာခြားမှုအမျိုးမျိုးရှိနိုင်ပါတယ် )

ဒါ့ကြောင့် နှစ်စဉ်ပုံမှန်သွင်းရင်း cover အမြဲရနေဖို့
အသက်အာမခံစတင်ထားရှိကတည်းက
မိမိတတ်နိုင်တဲ့ငွေပမာဏမျိုးကိုသာ ထားရှိသင့်ကြောင့် အကြုံပြုပါရစေ ....

အသက်အာမခံထားရှိဖို့ဆွေးနွေးလိုတယ်ဆိုရင်
မက်ဆန်ဂျာကနေ ဆက်သွယ်နိုင်ပါတယ် ။

Min Yel Kyaw Swar

လောကမှာတချို့အကြောင်းအရာတွေက အတိတ်ကံကြောင့်ဖြစ်ပါတယ်တချို့အကြောင်းအရာတွေက ပစ္စုပ္ပန်ကံကြောင့်ဖြစ်ပါတယ် ကြိုတင်မျှော်လင့်...
16/10/2026

လောကမှာတချို့အကြောင်းအရာတွေက
အတိတ်ကံကြောင့်ဖြစ်ပါတယ်
တချို့အကြောင်းအရာတွေက
ပစ္စုပ္ပန်ကံကြောင့်ဖြစ်ပါတယ်

ကြိုတင်မျှော်လင့်မထားတဲ့အကြောင်းအရာတွေထဲမှာ ရောဂါဆိုးတွေဖြစ်လာခြင်း မသန်စွမ်းဒုက္ခိတဘဝကိုရောက်သွားခြင်း စတဲ့ ကံဆိုးခြင်းတွေကိုလည်း လူတိုင်းကြုံတွေ့ရနိုင်ပါတယ်

အဲဒါတွေကြုံလာရတဲ့အခါ
" ငါ့ကျမှ ဖြစ်ရလေခြင်း "
" ငါ့မိသားစုဝင်မှ ကြုံရလေခြင်း" ဆိုပြီး
" ကံမကောင်းလို့ဖြစ်ရတယ် " လို့ တွေးကြမှာပါ ။

တချို့သောအရာတွေအတွက်တော့
အတိတ်ကံကိုမမြင်ရပေမယ့်
ပစ္စုပ္ပန်ကံကိုတော့ ကောင်းအောင်ပြုလုပ်လို့ရပါတယ်

ကံဆိုတာ အလုပ်ဖြစ်တဲ့အတွက်
လက်ရှိအခြေအနေမှာ " ကောင်းမွန်သောပြင်ဆင်ခြင်း " ကို စနစ်တကျပြုလုပ်ထားလို့ရပါတယ်။

အဲဒါဘာလဲဆိုတော့
" အသက်အာမခံ/ထာဝရမသန်စွမ်းအာမခံ/
ကျန်းမာရေးအာမခံ" တွေကို
ကျန်းမာနေတုန်း ငွေရှိနေတုန်း ကြိုတင်ပြင်ဆင်ထားရှိခြင်းပါပဲ။

ကံဆိုတာ အလုပ်ဖြစ်တဲ့အတွက်
အတိတ်ကံအကျိုးပေးကြောင့်ဖြစ်လာနိုင်တဲ့ရောဂါဆိုးတွေ မတော်တဆအက်စီးဒန့်ဖြစ်မှုတွေကို
"အာမခံယူထားခြင်း" ဆိုတဲ့ ပစ္စုပ္ပန်အလုပ်နဲ့ လျှော့ချနိုင်ပါတယ်

"ဒါဆိုမဖြစ်တော့ဘူးလား" ဆိုတော့
ဖြစ်စရာကံပါလာရင်တော့ ဖြစ်မှာပေါ့ ✅

ဒါပေမယ့်
ကြိုတင်ပြင်ဆင်ထားခြင်းဘာတစ်ခုမှမရှိတဲ့အခါ
ပိုက်ဆံမရှိလို့ ရောဂါတွေကို မကုသနိုင်လို့ သေကြရတယ်
မသန်စွမ်းဘဝနဲ့ သူတပါးအကူအညီယူပြီး
မိမိအတွက် သူတပါးအပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်ပြီးရှင်သန်ကြရတယ်
အလုပ်မလုပ်နိုင်တော့လို့ ဝင်ငွေမရှိတဲ့ဘဝနဲ့ နေထိုင်ကြရတယ်
အကယ်၍သေဆုံးသွားခဲ့ရင်တောင် ကျန်ရစ်သူမိသားစုအတွက် ဘာမှမထားရစ်ခဲ့နိုင်တော့ဘူး

အကျဉ်းချုပ်သိစေချင်တာက
တချို့ကံဆိုးခြင်းတွေကို
ကြိုတင်ပြင်ဆင်ခြင်း ကြိုတင်အကာအကွယ်ယူထားခြင်းအားဖြင်း လျှော့ချလို့ရနိုင်တယ်ဆိုတာပါပဲ

*****

သီတင်းကျွတ်ပိတ်ရက်ရှည်မှာ
မိသားစုအတွက် / မိမိကိုယ်တိုင်အတွက်
အာမခံကိစ္စအဝဝကို အိမ်ကနေပြီးဆွေးနွေးနိုင်ပါတယ်

#မက်ဆန်ဂျာမှတဆင့်ဆက်သွယ်နိုင်ပါတယ်

Credi_ MYKS

15/10/2026

အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေး အစဉ်ပံ့ပိုးပေးနေခဲ့တဲ့ Manulife ဟာ ကမ္ဘာကျော် Forbes ကနေ (၂၀၂၆) ခုနှစ်အတွက် “အမျိုးသမီးများအတွက် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းကုမ္ပဏီများ” အသိအမှတ်ပြု စာရင်းမှာ နံပါတ် (၃) အဆင့်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Manulife ကနေ ဒီလိုထိပ်တန်းကုမ္ပဏီစာရင်းမှာ (၇) နှစ်ဆက်တိုက် ပါဝင်နိုင်ခဲ့ပြီး၊ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အမျိုးသမီးတွေအပါအဝင် Manulife ဝန်ထမ်းတွေအားလုံးအတွက် တန်းတူအခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တာ၊ ကိုယ့်ရဲ့အရည်အချင်းတွေကို အပြည့်အဝအသုံးချပြီး ပိုမိုတိုးတက်အောင်မြင်တဲ့ ပညာရှင်အဖြစ် ရပ်တည်နိုင်အောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်ခဲ့တဲ့ ကြိုးစားမှုတွေကြောင့်လည်း အခုလို နိုင်ငံတကာ အသိအမှတ်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိနိုင်ခဲ့တာပါ။

Manulife ရဲ့ အောင်မြင်မှုခရီးလမ်းမှာ အတူပါဝင်ရှေ့ဆက်ခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိသလို၊ အနာဂတ်မှာလည်း ဝန်ထမ်းတွေအတွက် အခွင့်အလမ်းကောင်းတွေ ပံ့ပိုးပေးနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

Manulife, which has continuously supported equal opportunities for women, has ranked #3 on Forbes’ “World's Top Companies for Women 2026”.

As Manulife has earned a place on the ranking for the seventh consecutive year, we believe this international recognition was rightfully achieved through efforts in creating equal opportunities for all Manulife employees, including empowered women around the world, and supporting them to fully utilize their abilities to stand as even more successful professionals.

We express special thanks to everyone who joined and moved forward in Manulife’s success journey, and we will continue striving to support opportunities for employees in the future.


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

09/10/2026

ကျန်းမာရေးနဲ့ ပတ်သက်လာရင် ပုံမှန် Check-up လုပ်ကြသလို၊ ကိုယ့်ဘဝအနာဂတ်မှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ ကိုယ်တိုင်ရော၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ ဘယ်လောက်ထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာ ပြန်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

မတော်တဆ ကျန်းမာရေးပြဿနာတွေ ကြုံလာခဲ့ရင်၊ ဝင်ငွေရပ်သွားခဲ့ရင်၊ ရုတ်တရက် ဆေးရုံတက်ရမယ်ဆိုရင် ဘာဆက်လုပ်ကြမလဲဆိုတာ အချိန်ယူပြီး တွေးကြည့်ရင်း ကိုယ့်ဘဝအတွက် လိုအပ်တာတွေ ကြိုပြင်ဆင်ဖို့၊ ကာကွယ်ဖို့ စိတ်ကူးထားတယ်ဆိုရင် အောက်မှာပေးထားတဲ့ လင့်ခ်ကနေတစ်ဆင့် Manulife Protection Check-up စစ်ကြည့်ရင်း လိုအပ်တဲ့ လမ်းညွှန်မှုတွေကိုပါ တစ်ပါတည်း ရယူနိုင်ပြီနော်။

Manulife Myanmar နဲ့အတူ လုံခြုံစိတ်ချ၊ ကောင်းမွန်တဲ့ဘဝတွေကို အတူဖန်တီးလိုက်ရအောင်။

ဘဝအနာဂတ်အတွက် Manulife Protection Checkup နဲ့ စစ်ဆေးရန် - bit.ly/Checkup_Form

Just as we schedule regular physical check-ups for our health, we also need to assess how prepared we and our loved ones truly are to face life’s unexpected events.

What would happen if we’re faced with health crisis, income disruptions or emergency hospitalization? Let’s take a moment to reflect on these possibilities. If you intend to proactively protect and prepare for what your life needs, you can now take the Manulife Protection Check-up below and receive your personalized guidance.

Create a more secure and better life together with Manulife Myanmar.

Manulife Protection Checkup for your future life - bit.ly/Checkup_Form


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

08/10/2026

မေ ဆိုတာ ဘယ်သူလဲ…?
မင်္ဂလာပါရှင်၊ “မေ” ကတော့ Manulife Community Club ရဲ့ Buddy လေး ဖြစ်တဲ့ “မေ” ပါ

“မေ” ကManulife မှာ အာမခံထား ရှိသူတို့အတွက် နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် အထူးခံစားခွင့်လေးတွေအကြောင်း လွယ်လွယ်ကူကူ ရယူအသုံးပြုနိုင်ဖို့ ကူညီလမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်နော်။

ဈေးဝယ်ထွက်တဲ့အခါ၊ အရသာရှိတာလေးတွေ သွားစားတဲ့အခါ၊ ခရီးသွားအနားယူတာနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အခါတွေမှာ Manulife Community Club ကနေ ဘယ်မှာမှမရနိုင်တဲ့ အထူးခံစားခွင့်တွေကို လက်လှမ်းမီနိုင်အောင် ပြောပြပေးသွားမှာပါ။

ဒီခံစားခွင့်လေးတွေကို မသိလိုက်လို့ လက်လွတ်မသွားရအောင် “မေ” က
✨ Exclusive Deals နဲ့ Discount အသစ်တွေ ရှိတိုင်း လက်တို့သတင်းပေးမယ်။
✨ ဘယ်နေရာမှာ ဘယ်လိုရယူအသုံးပြုရမလဲ ဆိုတာ တစ်ဆင့်ချင်း ရှင်းပြပေးမယ်။
✨ နေ့စဉ်ဘဝမှာ Manulife Community Club ခံစားခွင့်တွေကို အသုံးချနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်အတွက် အသုံးဝင်မယ့် Benefits တွေနဲ့ သတင်းကောင်းလေးတွေ ယူလာပေးမယ့် “မေ” ကို စောင့်ကြည့်အားပေးကြပါဦးနော်။

Who’s May…?

Hello everyone! I’m May, your Manulife Community Club Buddy.
I’m here to help Manulife policyholders discover useful everyday privileges and make them easy to access
and enjoy.

Whether you’re out shopping, enjoying a delicious meal, taking a relaxing trip or looking after your health, I’ll
show you how to access exclusive privileges you won’t find anywhere else through Manulife Community
Club.

To make sure you don’t miss out simply because you didn’t know about them, I’ll…
✨ Give you a friendly heads-up whenever new exclusive deals and discounts are available.
✨ Explain where and how to use your privileges, one step at a time.
✨ Share simple ways to make the most of Manulife Community Club benefits in your everyday life.

So, stay tuned and cheer me on as I bring you useful benefits and good news. I look forward to sharing them
with you!



#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

Address

Yangon

Telephone

+95943049925

Website

Alerts

Be the first to know and let us send you an email when Khaing Si Lwin Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Si Lwin Myint:

Shortcuts

Share


Other Financial Consultants in Yangon

Show All