Khin Zaw & Associates

Khin Zaw & Associates Professional financial consulting and accounting services for SMEs and growing businesses in Myanmar.

We bring clarity, control, and confidence to your financial management.

Non-Current Asset / PPE တွေ ဝယ်တဲ့အခါပြီးခဲ့တဲ့ တပတ် အသိ အမတစ်ယောက်က စာရင်းကိစ္စလေး တစ်ခု တိုင်ပင်တယ်။ သူပြောပြတာက သူတို...
20/03/2026

Non-Current Asset / PPE တွေ ဝယ်တဲ့အခါ

ပြီးခဲ့တဲ့ တပတ် အသိ အမတစ်ယောက်က စာရင်းကိစ္စလေး တစ်ခု တိုင်ပင်တယ်။ သူပြောပြတာက သူတို့လုပ်ငန်းက PPE တစ်ခု ဝယ်တယ် ပထမအကြိမ် ပေးရမှာလည်း ပေးပြီးပြီ။ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ် နဲ့ နောက်ဆုံးတစ်ကြိမ် တွေကလည်း ၁၂လတာ ကာလ အတွင်းမှာ ပေးရမှာ လို့ ဆိုတယ်။ PPE က ဘာလည်း ဆိုတာ အတိအကျ မသိရသလို ပထမအရစ် ပေးပြီးချိန်း Under Control ဖြစ်နေပြီလား ဆိုတာလည်း မသိရဘူး။ သူအဓိက သိချင်တာက PPE ကို စာရင်းဖော်ရတော့မလား ဆိုတာနဲ့ ပထမအကြိမ် Payment ကို ဘယ်လို စာရင်းသွင်းမလဲ ဆိုတာ ကို ဝေခွဲမရ ဖြစ်နေတာ။

Non-Current Asset (PPE) တွေ ဝယ်တဲ့အခါ ကျွန်တော်တို့ ပထမဆုံး စဉ်းစားရမှာက ဘယ်အချိန် Asset Recognize လုပ်ရမလဲ ဆိုတာနဲ့ ဘယ်အချိန် စပြီး Depreciation တွက်ရမလဲ ဆိုတာ တို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်အခြေအနေမှာ Asset ကို စာရင်းသွင်းမလဲ ဆိုတာ ရယ် ဘယ်အခြေအနေရောက်မှ တန်ဖိုးလျော့ စတွက်ရမလဲ ဆိုတာ သိဖို့ လိုလာပါတယ်။

ဘယ်အချိန် စာရင်း သွင်းမလဲ ဆိုတာက ကျွန်တော်တို့ ဝယ်လိုက်တဲ့ Asset က ကျွန်တော်တို့ရဲ့ ထိမ်းချုပ်မှု Control (Economic Ownership) ရရှိတဲ့ အချိန်မှာ Asset ကို စာရင်းသွင်းရပါမယ်။ ဥပမာ ကျွန်တော်တို့က တရုတ်က စက်ပစ္စည်း တစ်ခုမှာတယ်။ ဝယ်တဲ့ ပုံစံက သင်္ဘော အရောက် FOB နဲ့ ဆိုရင် သင်္ဘောပေါ် ရောက်တာနဲ့ Risk and Rewards Transfer ဖြစ်ပြီး စက်ပစ္စည်းက မိမိထိမ်းချုပ်မှုအောက်ရောက်ရှိ မိမိသဘော ဖြစ်သွားပါတယ်။ ထိုအချိန်မှ စပြီး မိမိစာရင်းမှာ စက်ပစ္စည်း ကို Asset အဖြစ် စာရင်းသွင်းရပါတယ်။

စက်ပစ္စည်းက မတပ်ဆင်ရသေး မလည်ပတ်နိုင်သေးတဲ့ အချိန်မှာတောင် Control ရရင် Asset အဖြစ် စာရင်းသွင်းရပါပြီ။

စက်ပစ္စည်းက ထားရှိ အသုံးပြုတဲ့ နေရာကို ရောက်ရှိပြီး တပ်ဆင် စမ်းသပ်ပြီး Ready to Use အသုံးပြုဖို့ အဆင်သင့် ဖြစ်ပြီ ဆိုရင်တော့ Depreciation စတွက်လို့ ရပါပြီ။ သုံးဖို့ အဆင်သင့် ဖြစ်နေပေမယ့် အမှန်တကယ် အသုံး မပြုနိုင်သေးရင်တောင် တန်ဖိုးလျော့ စတွက် နိုင်ပါတယ်။

ဒီနေရာမှာ နားလည်ထားရမှာက PPE တစ်ခုကို စာရင်းသွင်းတာက Payment နဲ့ မဆိုင်ဘူး ဆိုတာပါ။ တကယ်သက်ဆိုင်တာက Control ရ မရ ဆိုတာနဲ့ Ready to Use အဆင်သင့် ဖြစ်ပြီလား ဆိုတာ ပေါ်မှာသာ မူတည်ပါတယ်။ Ready to Use ဆိုတာက မိမိအသုံးပြုဖို့ ရည်ရွယ်ထားတဲ့ နေရာ နဲ့ လိုအပ်တဲ့ အခြေအနေ ရှိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။

အပေါ်က မေးထားတဲ့ case ကို ပြန် ‌ကောက် ရရင် မိမိဝယ်လိုက် တဲ့ Asset က မိမိပိုင်ပြီလား မိမိထိမ်းချုပ်နိုင်ပြီလား ဆိုတာ အရင်သိဖို့ လိုပါတယ်။ မပိုင်သေးဘူးဆိုရင် ပထမအကြိမ် လွှဲပေးလိုက်တဲ့ Amount ကို ကြိုတင်ပေး အနေနဲ့ပဲ စာရင်း ပြရမှာ ဖြစ်ပါတယ်။ ဥပမာ Advance for Fixed Asset စာရင်းမှာ Dr ပြပြီး ငွေပေးလိုက်ရလို့ Cash or Bank စာရင်းမှာ Cr နဲ့ စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ် နဲ့ တတိယ အကြိမ်လည်း ထို့နည်းလည်းကောင်း စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အကြိမ်ပေးပြီး ပစ္စည်း ရောက်လာမှ PPE မှာ Dr နဲ့ Advance မှာ Cr ရိုက်ပြီး စာရင်းပိတ်ရပါမယ်။

အကယ်၍ ပထမအကြိမ် ပေးပြီး က‌တည်းက Asset ကို ထိမ်းချုပ်ခွင့် ရှိနေပြီ ဆိုရင်တော့ Asset ကို စာရင်းဖော်လို့ ရပြီဖြစ်ပါတယ်။ နောက်ပိုင်း ပေးရမည့် အကြိမ်များအတွက် Amount တွေကိုလည်း ပေးရန်ရှိ အဖြစ် စာရင်းဖော်ထားရမှာ ဖြစ်ပါတယ်။ ဥပမာ ရုံးသုံးဖို့ ကားတစီးဝယ်တယ်။ ဝယ်တာက HP နဲ့ ဘဏ်ချိတ်ပြီး ဝယ်တာ ဆိုရင် ကနဦး down payment 30% ပေးပြီးရင် ကားက Control ရပြီလို့ ဆိုနိုင်တယ်။ ဆိုတော့ ကားတန်ဖိုးကို Asset စာရင်းသွင်းရပြီး ပေးဖို့ကျန်တဲ့ 70% ပေးရန်ရှိ စာရင်း ဖော် အတိုးကို Finance Cost ပြ မပေးရသေးရင် အတိုးပေးရန်ရှိ နဲ့ထား ငွေပေးရင် ပေးရန်ရှိတွေနဲ့ စာရင်းချေ ရမှာပါ။

ဒါတွေက ဝယ်ယူပြီး ဘယ်လို အခြေအနေမှာ စာရင်းဘယ်လို ဖော်မလဲ ဆိုတာကို နားလည်သလောက် ပြန်ရေးတာပါ။

နောက်တပိုင်း က ဘယ်အချိန် Depreciation တန်ဖိုးလျော့ စတွက်မလဲ ဆိုတာပါ။ ဆရာမ တစ်ယောက် ပြောဘူးတာလေး မှတ်မိနေတာကတော့ Ready to use ဖြစ်တဲ့ အချိန်က စလို့ တန်ဖိုးလျော့ စတွက်ရမယ်လို့ မှတ်ထားဘူးပါတယ်။

Control ရတဲ့ အချိန် နဲ့ Ready to use ဖြစ်တဲ့ အချိန် ကွာခြားမှု ရှိနိုင်သလို အချိန်တူတူ လည်း ဖြစ်နိုင်ပါတယ်။ အဓိက ဂရုစိုက်ရမှာက Asset အတွက် ပိုက်ဆံပေးပြီးတိုင်း တန်ဖိုးလျော့ စတွက်လို့ မရပါဘူး။ အသုံးပြုဖို့ အဆင်သင့် ဖြစ်ပြီဆိုမှ တန်ဖိုးလျော့ စတွက်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘယ်အချိန် Depreciation တန်ဖိုးလျော့ တွက်ရမလဲ ဆိုတာနဲ့ ပတ်သပ်ပြီး ဆရာ တစ်ယောက် ရှင်းပြဘူးတဲ့ Case နမူနာလေး တွေ ပြန်မျှဝေပေးရရင်...

ဥပမာ - အဆောက်အဦးတစ်ခုကို စည်ပင်ကလာစစ်ပြီး လူနေခွင့်ပါမစ်ရတဲ့နေ့က Ready to Use နေ့ပါ။ စည်ပင်ကနှစ် ၅၀ သက်တန်းလို့သတ်မှတ်ပြီးရင် သုံးသုံး မသုံးသုံးသက်တန်းကလျော့နေသလို လူမနေလဲ ပျက်စီးစရာက သူ့သက်တန်းကုန်ရင်ပျက်မဲ့အမျိုးအစားမျိုးကိုဆိုလိုပါတယ်။ ဒါကြောင့် Ready to Use ကစတွက်သင့်ပါတယ်လို့ Accounting Standard ကပြောတာပါ။

အများစုသော Plants and Equipment တွေကလဲ နည်းပညာတိုးတက်လာရင် အသစ်ပေါ်လာရင်တန်ဖို့လျော့တတ်တာသဘာဝပါ လုံးဝအသုံးမတည့်တော့တာလဲဖြစ်နိုင်ပါတယ် ဒါကြောင့် Property (Land ကလွဲရင်) နဲ့ Plants and Equipment တွေအတွက် လတ်တလော Rules အရ Ready to Use က စပြီး Depreciation တွက်ရပြီး ကြားကာလ မသုံးရင်လဲဆက်တွက်သင့်ပါတယ်။

ချွင်းချက်အနေနဲ့ မသုံးလို့သက်တမ်းတကယ်မကုန်ရင် (သို့) မသုံးသေးလို့သက်တမ်းတကယ်စပြီးမကုန်ရင် သီးခြား Disclosure လုပ်ပြီး Depreciation မချရင်လည်းရပါတယ်။

သို့သော် Same Asset Class တစ်ခုအောက်မှာ Same Rules ပဲ Consistently သုံးရပါမယ်။Cherry Picking လိုသလို တွက်ချင်တဲ့ ပစ္စည်း ကိုပဲ ရွေးတွက်တာမျိုး မလုပ်ရပါဘူး။
ဉပမာ- ကားဆို ကားအားလုံး၊ အဆောက်အဦဆို အဆောက်အဦအားလုံးကို တွက်ရမယ်လို့ ဆိုလိုတာပါ။

ဒါဆို ဘယ်ပစွည်းကို ဘယ်အချိန် မှာ တန်ဖိုးလျော့ စတွက်ရမယ် ဆိုတာကိုတော့ ရှင်းပြီထင်ပါတယ်။

Control ရတဲ့ အခြေအနေ ဆိုတာ ကိုလည်း အသေးစိတ် ပြောရရင် ...

Control ရှိတယ်လို့ယူနိုင်ဖို့ အောက်ပါ Condition တွေ ကြည့်ရပါမယ်။

📌Control ရှိတဲ့ အခြေအနေဆိုတာက

Asset ကို သင်ပိုင်ဖြစ်ပြီး supplier ပြန်မယူနိုင်တော့ဘူး၊ Risk (damage, loss) သင်ဘက်ကို ပါလာပြီ ကိုယ့်တာဝန်ဖြစ်သွားပြီ၊ Supplier က သင့် Instruction မရှိဘဲ မသုံးနိုင်ဘူး၊ Asset သည် သင့်အတွက် specifically identified အထူးအော်ဒါအပ်ထားတာ စတဲ့

အထက်ပါ အခြေအနေတွေ ရှိနေတယ် ဆိုရင်တော့
ပစ္စည်း မရောက်သေးတောင် PPE Recognize လုပ်နိုင်ပါတယ်။

📌Control မရှိသေးတဲ့ အခြေအနေတွေ ဆိုတာက

Supplier Warehouse မှာပဲရှိနေသေးပြီး သူ control လုပ်နေတယ်၊ Refund / Cancellation လုပ်လို့ရသေးတယ်၊ Risk က Supplier မှာပဲရှိနေတယ်။

အထက်ပါ အခြေအနေ ဖြစ်နေသေးတယ် ဆိုရင်တော့
Capital Advance / Prepayment ပဲသုံးရပါမယ်။

စာရင်းကိုင် တွေ အနေနဲ့က Incoterms တွေကို သိထား နားလည်ထားဖို့လည်း လိုပါတယ်။ သိထားရင် စာရင်းသွင်းချက်တွေ ပိုမှန် ပိုကောင်းပါတယ်။

ဒီလောက် ဆိုရင်တော့ အထက်ပါ မေးခွန်းမေးထားတဲ့ အမ ရဲ့ Case ကို အဖြေရပြီလို့ ယူဆပါတယ်။

ချစ်ခင်စွာဖြင့်
ခင်ဇော်
18th Feb 2026

📊 Head of Finance Service (Outsourced / Advisory)Company တစ်ခုမှာ💡 လုပ်ငန်းကောင်းကောင်း လည်ပတ်နေတယ်ဒါပေမယ့်❓ Finance ပို...
09/03/2026

📊 Head of Finance Service (Outsourced / Advisory)

Company တစ်ခုမှာ

💡 လုပ်ငန်းကောင်းကောင်း လည်ပတ်နေတယ်
ဒါပေမယ့်

❓ Finance ပိုင်းကို ဘယ်သူက အပြည့်အဝ ကြီးကြပ်နေတာလဲ

Finance က လုပ်ငန်းရဲ့ အဓိကဖြစ်ပေမယ့်
BOD / Owner များအနေနဲ့
Finance ကို အပြည့်အဝ နားလည်ပြီး
စီမံခန့်ခွဲဖို့ အချိန်မလောက်တာ၊
Finance Team က Reporting အဆင့်မှာပဲ ရပ်နေပြီး Strategic Level မရောက်သေးတာတွေကို မကြာခဏ တွေ့ရပါတယ်။

ဒီလို Company များအတွက်
ကျွန်တော်တို့ Firm က Head of Finance Service ကို Freelance / Outsourced အနေနဲ့ ဆောင်ရွက်ပေးနေပါသည်။

🔹 Head of Finance Service ဆိုတာဘာလဲ?

Company အတွင်း Head of Finance တစ်ယောက် မထားဘဲ Finance Function အားလုံးကို ကြီးကြပ် – လမ်းညွှန် – အကြံပေး ပေးတဲ့ Professional Service ဖြစ်ပါတယ်။

🔹 Service Scope (Client Company အတွက်)

Finance Team ကို စနစ်တကျ ကြီးကြပ်ပြီး Reporting Quality မြှင့်တင်ပေးခြင်း

Management & BOD အတွက် Decision-Making အထောက်အကူဖြစ်စေမည့် Financial Analysis စမ်းစစ်အကဲဖြတ်မှုလုပ်ဆောင်ပေးခြင်း

Internal Control & Finance Process များကို Review & Improve သုံးသပ်ပြီး တိုးတက်အောင် လုပ်‌ဆောင်ပေးခြင်း

Budget, Cash Flow, Profitability ကို Strategic Level မှာ လမ်းညွှန် အကြံပြုပေးခြင်း

BOD များအတွက် Finance Advisor အဖြစ် တာဝန်ယူပေးခြင်း

🔹 ဘယ်လို Company တွေအတွက် သင့်တော်လဲ?

✔️ Finance က အရေးကြီးပေမယ့် BOD အနေနဲ့ Finance ပိုင်း မကျွမ်းကျင်သေးတဲ့ Company များ

✔️ Head of Finance Full-time မခန့်နိုင်သေးပေမယ့် Professional Level Guidance လိုအပ်တဲ့ Company များ

✔️ Growth Stage ရောက်နေပြီး Finance ကို Next Level တက်စေချင်တဲ့ Company များ

🔹 ဘာကြောင့် Head of Finance Service ကို ရွေးချယ်သင့်လဲ?

✅ Full-time Executive Cost မလို

✅ Independent & Professional Perspective ရရှိနိုင်

✅ BOD Level Decision-Making ကို Finance အခြေခံပြီး ထောက်ပံ့နိုင်

📩 စိတ်ဝင်စားပါက

Page Messenger မှာ ဆက်သွယ်နိုင်သလို
📞 [09444498212]
📧 [[email protected]] မှာလည်း မေးမြန်းနိုင်ပါတယ်။

Business ဆိုတာ Team Game Business ဆိုတာ Volume Game လား?များများရင်း၊ များများထုတ်၊ များများရောင်း၊ များများမြတ်ဆိုတဲ့ ခ...
16/02/2026

Business ဆိုတာ Team Game

Business ဆိုတာ Volume Game လား?

များများရင်း၊ များများထုတ်၊ များများရောင်း၊ များများမြတ်ဆိုတဲ့ ခေတ်က ကုန်ခဲ့တာတောင် ကြာပါပြီ။ ဘာကြောင့်လဲ ဆိုတော့ များများရင်းတိုင်း များများ ထုတ်နိုင်ဖို့ မလွယ်ပါဘူး။ များများထုတ်တိုင်းလည်း များများ ရောင်းရဖို့ မသေချာပါဘူး။ များများ ရောင်းတိုင်းလည်း များများ မြတ်မှာ မဟုတ်ပါဘူး။ ဥပမာ costing စရိတ်တွက်တာ မမှန်ရင် ရောင်းတိုင်းရှုံး၊ ပိုရောင်းရလေ ပိုရှုံးလေတောင် ဖြစ်ပါမယ်။ ဆိုလိုတာက cost control မရှိရင် volume ဆိုတာ risk တွေတောင် ဖြစ်နေနိုင်ပါတယ်။

ဒါ့ကြောင့် Business ဆိုတာ Volume Game အရေအတွက် များရောင်းရဖို့ လည်း မဟုတ်သလို Margin Game အမြတ်များများတင်နိုင်ဖို့ လည်း မဟုတ်ပါဘူး။ တကယ်က Team Game ပါ။ လုပ်ငန်းတွေ ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်ဆောင်လို့ ရတာမျိုး မဟုတ်ပါဘူး။ လုပ်ငန်းမှာ ပါဝင်နေကြတဲ့ Management (Manager တွေ HOD တွေ) Sales Department က အရောင်းဝန်ထမ်း တွေ Procurement Department က အဝယ်တော်တွေ Operation Department က စီမံပို့ဆောင် ကူညီပေးသူတွေ Finance Department က ငွေကိုင်တွေ စာရင်းကိုင်တွေ အထိ ပူးပေါင်းလုပ်ဆောင်ကြရတာမျိုးပါ။

Team Game ကို ကောင်းကောင်း ကစားနိုင်ဖို့ ဆိုတာ Communication ကောင်းဖို့ လိုပါတယ်။ Employee နဲ့ Employer ကြား၊ Employee နဲ့ Customer ကြား၊ Employer နဲ့ Supplier ကြား၊ Employee အချင်းချင်းကြား အားလုံးမှာ လိုအပ်တာပါ။ ကလေးတွေရဲ့ စာသင်ကျောင်းမှာ ကျောင်းနေပျော်မှ စာတော်မယ် လို့ ဆိုရိုးရှိသလိုပါပဲ ဝန်ထမ်းတွေလည်း လုပ်ငန်းခွင်မှာ ပျော်မှ လုပ်ငန်းတိုးတက် နိုင်ပါတယ်။ ဒါကြောင့်လည်း Staff first လို့ ပြောလာကြရတာပါ။

Communication ကောင်းဖို့ရဲ့ အခြေခံကလည်း အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု Culture အပေါ် များစွာ မူတည်ပါတယ်။ Culture ဆိုတာကို ဆရာတစ်ယောက်က Value တန်ဖိုးထားမှု Belief ယုံကြည်လက်ခံမှု နဲ့ Behavior အပြုအမူ ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် လေးစားစွာ ဆက်ဆံမှု နဲ့ ယဉ်ကျေးတဲ့ အပြုအမှုတွေက Communication ကို အထောက်အပံ့ပေးနိုင်ပါတယ်။ Communication လို့ ပြောရင် တစ်ယောက်နဲ့တစ်ယောက် စကားပြောတာ၊ ဖုန်းဆက်တာ၊ email ပို့တာ နဲ့ အစည်းအဝေး တွေအထိ ပါဝင်ပါတယ်။ Customer တွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ အပြောအဆို အမူအရာ အပြုအမူတွေကို ကြည့်ပြီး လုပ်ငန်းရဲ့ Culture ကို ထိတွေ့ သိရှိနိုင်ပါတယ်။

တစ်ယောက် နဲ့ တစ်ယောက်ဆက်သွယ် ဆက်ဆံ တဲ့ နေရာမှာလည်း ထိရောက်တဲ့ ဆက်သွယ်ဆက်ဆံရေး ဖြစ်ဖို့လည်း လိုပါတယ်။ effective communication ဆိုတာက ရှင်းလင်းတဲ့ သတင်းစကားပေးနိင်တာ၊ လက်ခံရရှိတဲ့ သတင်းစကားကိုနားလည်နိုင်တာ တွေက အဓိကပါ။ ဒါမျိုးဖြစ်ဖို့က သူများပြောစကားကို အေးအေဆေးဆေး နားထောင်ပေးနိုင်တဲ့ အလေ့အထ၊ မိမိက စကားပြောရင်လည်း ရှင်းရှင်းလင်းလင်း ပြောပေးနိုင်တဲ့ အရည်အချင်းတွေ လိုအပ်ပါတယ်။

ထို့အပြင် Communication ကို ချို့ယွင်းပျက်စီးစေတဲ့ အချက်တွေကိုလည်း သတိပြုရမှာပါ။ မိမိလုပ်ငန်းမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ ကြောက်နေရလား၊ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ပြစ်တင်တာတွေ ရှိနေလား၊ လုပ်ငန်း သတင်းအချက်အလက်တွေကို တစ်ယောက်တည်းကပဲ ကိုင်ထားပြီး ပြန်လည် မျှဝေတာ မလုပ်ပဲ မောင်ပိုင်စီးထားသလား၊ အထက်အောက် ဆက်ဆံရေး နဲ့ အတ္တမာန ‌အတားအဆီးတွေ ရှိနေလား ဆိုတာ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

လုပ်ငန်းတွေ ဝင်ငွေရဖို့ အကျိုးအမြတ်ရဖို့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု‌တွေကို ရောင်းနေကြရတယ်လို့ ထင်ရင် အပြည့်အဝ မမှန်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ငန်းတွေ အမှန်တကယ် ရောင်းနေတာက ယုံကြည်မှုပါ။ ဝယ်သူတွေက လုပ်ငန်း နဲ့ ရောင်းတဲ့သူ အပေါ် ယုံကြည်ကြလို့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

Trust = Consistency + Communication

Iceberg theory အရဆိုရင် ကုန်ပစ္စည်းတွေ ဝယ်ယူခြင်း ဆိုတဲ့ အပိုင်းက ရေခဲတုန်းရဲ့ ရေပေါ် ပေါ်နေတဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး ယုံကြည်မှု ဆိုတာ ရေထဲ‌မြှမ့်နေတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

ဝယ်သူယုံကြည်မှု ရဖို့ ဆိုတာကလည်း ကာလတစ်ခု ကြာနိုင်ပါတယ်။ အချိန်ယူ တည်ဆောက်ရပါတယ်။ ယုံကြည်မှု တည်ဆောက်တဲ့ အလုပ်မှာလည်း Communication က အခြေခံ အုတ်မြစ်ပါပဲ။

ဒါ့ကြောင့် မို့လို့ Internal customer တွေ နဲ့ ဆက်ဆံရေး ပြေလည်ဖို့ External customer တွေ နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ တွေက Communication အဓိက အရေးပါနေတာ ဖြစ်ပါတယ်။

အခြေခံ Communication ကောင်း ရှိနေရင် နောက်တစ်ဆင့်တက်ပြီး လုပ်ငန်းမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ (Collaboration) ညှိနှိုင်းပေါင်းစပ် (Coordination ) အကောင်အထည်ဖော်ဖို့ ဆိုတဲ့ အဆင့်တွေ အတွက် မခက်ခဲတော့ပါဘူး။

အထက်ပါ C ၃လုံး ပြည့်စုံရင် လုပ်ငန်းတွေ တိုးတက် အောင်မြင်နိုင်ရေး အတွက် အတော်လေး ခရီးရောက်နိုင်ပါတယ် ဆိုတာ မျှဝေလိုက်ရပါတယ်။

မိမိလုပ်ငန်းမှာရော C ၃လုံး အမှန်တကယ် ရှိနေပြီလား?

ခင်ဇော် (စီးပွားရေး)
12th Jan 2026

မှာ အခက် မတွေ့ကြပါစေနဲ့။
#မိမိအမြတ် မိမိလက်ထဲ ရှိစေဖို့
Game

Ratio Analysis Ratio ဆိုတာ ကိန်းဂဏန်း တစ်ခု နဲ့ တစ်ခု အချိုးချခြင်း တစ်နည်းအားဖြင့် ကိန်း တစ်ခုကို တစ်ခုနဲ့ စားပြီး ၁၀၀ ...
13/02/2026

Ratio Analysis

Ratio ဆိုတာ ကိန်းဂဏန်း တစ်ခု နဲ့ တစ်ခု အချိုးချခြင်း တစ်နည်းအားဖြင့် ကိန်း တစ်ခုကို တစ်ခုနဲ့ စားပြီး ၁၀၀ နဲ့ မြှောက်ကာ ရာခိုင်နှုန်း ရှာခြင်းမျိုး ဖြစ်ပါတယ်။

သို့ပေမယ့် Percentage (%) ပုံစံဖြင့် ဖော်ပြကြတာ ရှိသလို Simple Ratio ရိုးရိုးအချိုးနဲ့ ဖော်ပြတဲ့ ပုံစံ (2 : 1) အကြိမ်အရေအတွက် အတိုင်းအဆ နဲ့ ဖော်ပြတဲ့ ပုံစံ (5 times) တွေနဲ့လည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Ratio တွေကို Percentage၊ Times၊ or Simple Ratio ပုံစံမျိုးစုံနဲ့ ဖော်ပြနိုင်ပါတယ်။

ဒီနေရာမှာ Ratio ဆိုတာက Financial Ratio ကို ဆိုလိုတာ ဖြစ်ပြီး အပြည့်အစုံ ပြောရရင် Financial Ratio Analysis ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Ratio Analysis က Financial Analysis နည်းလမ်း‌တွေထဲက လူသုံး အများဆုံး နည်းလမ်း ဖြစ်ပြီး လုပ်ငန်းရဲ့ ဘဏ္ဍာရေး အခြေအနေ ကို အသေးစိတ် သိမြင် နားလည် စေနိုင်ပါတယ်။

ဘာကြောင့်လည်း ဆိုတော့ Ratio Analysis မှာ အသုံးပြုကြတဲ့ Financial Data တွေက financial statements တစ်ခုတည်းက အသုံးပြုထားခြင်း မဟုတ်ပဲ financial statements တွေ ဖြစ်ကြတဲ့ Statement of Profit or Loss, Statement of Financial Position, Statement of Cash Flow အားလုံးမှ ရယူ အသုံးပြုထားခြင်း ဖြစ်လို့ ရှုထောင့်ပေါင်းစုံမှ ဘဏ္ဍာရေး အခြေအနေကို မြင်ရတာကြောင့် ဖြစ်ပါတယ်။

မြင်သာအောင် ဥပမာ ပေးရရင် ကျွန်တော်တို့ ဖျားနာ တဲ့ အခါ အနီးအနားက ဆေးခန်း အသေးလေးတွေသွားပြီး ပြသ ကြလေ့ ရှိပါတယ်။ ဆရာဝန် ကလည်း ရောဂါ လက္ခဏာ ဘယ်လို စဖြစ်တယ် အခုဘယ်လို ခံစားနေရတယ် တွေ မေးပြီး ကိုယ်အပူချိန် သွေးပေါင်ချိန် နှလုံးခုန်နှုန်း (Pulse Rate) အဆုတ် အ‌ခြေအနေ အောက်ဆီဂျင် SPO2 level စသဖြင့် တိုင်းကြည့်ကြပါတယ်။ ထို့နောက် စမ်းသပ် စစ်ဆေးမှု ရလဒ်အရ လိုအပ်တဲ့ ကုသမှုတွေ ပေးကြတာ ဖြစ်ပါတယ်။

အကယ်၍ ကျွန်တော်တို့ ရာသီတုပ်ကွေး ဖျားနာတာလောက် မဟုတ်ဘဲ ဝေဒနာ ကြီးကြီး မားမား ခံစားရတဲ့အခါ ဆေးရုံကြီးတွေကို သွားရောက်ပြသကြပါတယ်။ အဲ့လို အခြေအနေမျိုး ဆိုရင် ဖြစ်တဲ့ ရောဂါ လက္ခဏာ နဲ့ အခြေအနေအရ သွေးစစ်ခြင်း ဆီးစစ်ခြင်း ဝမ်းစစ်ခြင်း ဓါတ်မှန်ရိုက်ခြင်း အယ်ထရာဆောင်းရိုက်တာ CT ရိုက်တာ MRI ရိုက်တာ စသဖြင့် လုပ်ဆောင်ကြရပါတယ်။ ဒါမှသာ ရောဂါ အခြေအနေ ကို အတိအကျ သိရှိရပြီး လိုအပ်တဲ့ နေရာကို လိုအပ်သလို ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အခုဆွေးနွေး တဲ့ Ratio Analysis ဆိုတာကလည်း ဆေးခန်းငယ်လေးတွေမှာ အပေါ်ယံ စစ်ဆေး တာမျိုးလို မဟုတ်ဘဲ ဆေးရုံကြီးတွေမှာ သွေးစစ် ဓါတ်မှန်ရိုက် လိုက်သလို လုပ်ငန်းရဲ့ ဘယ်နေရာမှာ ဘယ်လိုအခြေအနေ ရှိနေသလဲ ဆိုတာကို သိနားလည် နိုင်တာ ဖြစ်ပါတယ်။

Ratio Analysis ဆိုတာမှာလည်း ကဏ္ဍအလိုက် ခွဲခြား လုပ်ဆောင် ကြလေ့ ရှိပါတယ်။ အမြတ်နဲ့ ဆက်စပ်ပြီး အခြေအနေကို သိနိုင်ဖို့ဆို Profitability Ratio၊ ငွေကြေး အခြေအနေ သိနိုင်ဖို့ဆို Liquidity Ratio အကြွေးပြန်ဆပ်နိုင်မှု အခြေအနေ သိနိုင်ဖို့ဆို Solvency Ratio လုပ်ငန်း စွမ်းဆောင်ရည် အခြေအနေ သိနိုင်ဖို့ဆို Efficiency Ratio နဲ့ ရင်းနှီးမြှမ်နှံသူတွေ အတွက် ဆို Investor Ratio ဆိုပြီး ရှိကြပါတယ်။

Profitability Ratio

ဒီ Ratio က လုပ်ငန်း အမြတ် အခြေအနေကို အရောင်း ရင်းနှီးငွေ ပုံသေပိုင်ပစ္စည်း ရှုထောင့်တွေက တိုင်းတာပြီး အကဲဖြတ်ကြတာ ဖြစ်ပါတယ်။ ဥပမာ Net Profit Margin, ROI(Return on Investment), ROE(Return on Equity), ROA(Return on Asset) စသဖြင့် အသုံးပြု တွက်ချက် ကြပါတယ်။

Liquidity Ratio

ဒါကတော့ လုပ်ငန်းမှာ ငွေကြေး ပြေလည်မှု အခြေအနေကို တိုင်းတာ တဲ့ အချိုး တွေ ပါဝင်ပါတယ်။ ဥပမာ Current Ratio, Quick Ratio, Cash Ratio စသဖြင့် ရှိကြပါတယ်။ ဒီအချိုးတွေက လုပ်ငန်းက ကာလတို အတွင်း ပြန်ပေးဆပ်ရမယ့် ပေးရန်ရှိတွေကို ဘယ်လောက် အထိ အဆင်ပြေပြေ ပြန်ဆပ်နိုင် မဆပ်နိုင် ဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။

Solvency Ratio

ဒါကတော့ အကြွေးယူပြီး Financial Gearing လုပ်ထားတဲ့ အခါ လုပ်ငန်း အကြွေးတွေရဲ့ အခြေအနေ ကို တိုင်းတာ တွက်ချက်ကြတာဖြစ်ပါတယ်။ ရေရှည်မှာ ဘဏ္ဍာရေး အခြေအနေ တည်ငြိမ်မှုကို အကဲ ဖြတ်နိုင်ပါတယ်။ ဥပမာ DE Ratio (Debt to Equity Ratio), Interest Coverage Ratio တို့ ဖြစ်ပါတယ်။

Efficiency Ratio

ဒီ အချိုးအုပ်စု ကတော့ လုပ်ငန်းမှာ အရင်းအနှီး နည်းနည်း တစ်နည်းအားဖြင့် အရင်းအမြစ် နည်းနည်း နဲ့ လုပ်ငန်းအတွက် အကျိုးအမြတ် များများ ရအောင် ဆောင်ရွက်နိုင်တဲ့ အခြေအနေကို တိုင်းတာ ကြခြင်း ဖြစ်ပါတယ်။ ဥပမာ Inventory Turnover Ratio, Receivable Turnover Ratio, Payable Turnover Ratio စသဖြင့် အသုံးပြုနိုင်ကြပါတယ်။ Working Capital Efficiency ကို သိနိုင်တဲ့ အချိုးတွက်ချက်မှုတွေ ဖြစ်ပါတယ်။

Investor Ratio

ဒီ အချိုး အုပ်စုကတော့ လုပ်ငန်းမှာ ရင်းနှီးမြှမ်နှံကြသူတွေ အတွက် အကျိုးအမြတ် အခြေအနေ ကို တွက်ကြည့်ကြတာပါ။ ဥပမာ PE Ratio (Price Earnings Ratio), Dividend Yield Ratio စသဖြင့် တွက်လို့ ရပါတယ်။ Investor Ratios များကို Public Company သို့မဟုတ် External Investors ပါဝင်တဲ့ လုပ်ငန်းများမှာ ပိုမို အသုံးများပါတယ်။

အချုပ်ပြောရရင် Financial Ratio တွေ က Financial Analysis လုပ်ငန်း စဉ်မှာ မသိမဖြစ် မရှိမဖြစ်တွေ ဖြစ်ပါတယ်။ Financial Analysis တွေ လုပ်နိုင်ဖို့ က ပြည့်စုံ မှန်ကန်တဲ့ Financial Statements တွေ လိုပါတယ်။ Financial Statements တွေ ကြည့်တာကလည်း လုပ်ငန်းရဲ့ ဘဏ္ဍာရေး အခြေအနေကို သိနိုင်ပေမယ့် Financial Analysis ကတော့ လုပ်ငန်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ပိုပြီး အသေးစိတ် အတွင်းကျကျ သိနားလည် မှာ ဖြစ်ပါတယ်။

ထို့ပြင် Ratio Analysis က Management Decision, Investment Decision နှင့် Credit Decision များအတွက် အခြေခံ အချက်အလက်အဖြစ် အသုံးပြုနိုင်ပါတယ်။

လုပ်ငန်းအခြေအနေကို အသေးစိတ် သိရလေ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ကို မှန်မှန်ကန်ကန် သုံးသပ် ဆုံးဖြတ် နိုင်မှာ ဖြစ်လို့ Ratio Analysis ကို အသုံးပြုပြီး အောင်မြင်တိုးတက်တဲ့ လုပ်ငန်းများ တည်ထောင် ဆောင်ရွက်နိုင်ကြပါစေ။

ခင်ဇော် (စီးပွားရေး)
9th Feb 2026

မှာ အခက် မတွေ့ကြပါစေနဲ့။
#မိမိအမြတ် မိမိလက်ထဲ ရှိစေဖို့
Analysis
Analysis

Vertical Analysis (ဒေါင်လိုက် ခွဲခြမ်းစိတ်ဖြာခြင်း)Vertical analysis ဆိုတာကလည်း Horizontal Analysis လိုပဲ Financial Anal...
11/02/2026

Vertical Analysis (ဒေါင်လိုက် ခွဲခြမ်းစိတ်ဖြာခြင်း)

Vertical analysis ဆိုတာကလည်း Horizontal Analysis လိုပဲ Financial Analysis နည်းလမ်းတွေထဲက အခြေခံကျပြီး အသုံးများတဲ့ နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ Vertical Analysis က Horizontal Analysis လို အချိန်ကာလ တစ်ခုနဲ့ တစ်ခု ရဲ့ အပြောင်းအလဲ နဲ့ လမ်းကြောင်း လားရာ ကို ကြည့်တာ မဟုတ်ပဲ ကာလတစ်ခုရဲ့ ဘဏဏ္ဍာရေး ဆိုင်ရာ အချက်အလက်တွေရဲ့ ဖွဲ့စည်း တည်ရှိပုံ အခြေအနေကို ကြည့်တာပဲ ဖြစ်ပါတယ်။

Vertical Analysis ဆိုတာက Financial Statement တစ်ခုအတွင်းက အဓိက ကျတဲ့ Base Figure တစ်ခုကို 100% အဖြစ် သတ်မှတ်ပြီး အခြား စာရင်းခေါင်းစဉ်များကို Base Figure ၏ ဘယ်လောက် ရာခိုင်နှုန်း ရှိနေသလဲ ဆိုတာ သိနိုင်ဖို့ ခွဲခြမ်းစိတ်ဖြာ ခြင်း ဖြစ်ပါတယ်။

Formula အနေနဲ့ Vertical Analysis Percentage ကို လိုချင်ရင်
Individual Item ÷ Base Figure × 100 တွက်လို့ရပါတယ်။

ပိုရှင်းအောင် ပြောရရင်

☘️ Profit or Loss Statement အတွက်ကို Sales Amount ကို Base Figure (100%) အဖြစ် ယူပြီး Cost of Sales က Sales ရဲ့ ဘယ်လောက် ရာခိုင်နှုန်း ရှိနေသလဲ။ Operation Expenses တွေက Sales ရဲ့ ဘယ်လောက် ရာခိုင်နှုန်း ဖြစ်နေလဲ ဆိုတာတွေကို တိုင်းတာ ခြင်းဖြင့် အရောင်း (Sales) မှာ ရောင်းကုန်များအတွက် အရင်းတန်ဖိုး (Cost of Sales) နဲ့ လုပ်ငန်းလည်ပတ်ခြင်းအတွက် အသုံးစရိတ်များ (Operation Expenses) တွေက ဘယ်လောက်အချိုးအစား ရှိနေကြသလဲ ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

📌Profit or Loss အတွက် ဥပမာပေးရရင်

Sales = 1,000$ (100%)

Cost of Sales = 600$ (60%)

Cost of Sales 600$/ Sales 1000$ × 100

Gross Profit = 400$ (40%)

Operating Expenses = 250$ (25%)

Net Profit = 150$ (15%)

အထက်ပါ ဥပမာ အရဆိုရင် အရောင်း ၁၀၀ ရောင်းတိုင်း အရင်း ၆၀ ရှိပြီး အကြမ်းအမြတ် ၄၀ ရပါတယ်။ အကြမ်းအမြတ်ထဲက လုပ်ငန်း စရိတ်က ၂၅ ဖြစ်လို့ အသားတင်အမြတ် က ၁၅ ကျန်တာ ဖြစ်ပါတယ်။

☘️ ထိုနည်းတူ Statement of Financial Position အတွက် ကိုလည်း Total Assets ကို Base Figure (100%) ထားပြီး Current Asset က Total Assets ရဲ့ ဘယ်လောက် ရာခိုင်းနှုန်း ရှိနေသလဲ။ Non-Current Asset တွေကရော Total Assets ရဲ့ ဘယ်လောက် ရာခိုင်နှုန်း ရှိနေသလဲ ဆိုတဲ့ Total Assets ထဲမှာ ရှိကြတဲ့ Current Asset နဲ့ Non-Current Asset တို့ ရဲ့ အချိုးအစား ကို သိနိုင်မှာ ဖြစ်ပါတယ်။

📌Statement of Financial Position အတွက် ဥပမာ ပေးရရင်

(a) Base Figure အဖြစ် Total Assets ပမာဏကို အသုံးပြုရပါမည်။

Total Assets = 10000$ (100%)

(b) Total Assets ကို အခြေခံပြီး Asset Structure Analysis ကို ပြုလုပ်နိုင်ပါသည်။

Current Assets = 8000$ (80%)

Non-current Assets = 2000$ (20%)

(c) Total Assets ကို အခြေခံပြီး Financing Structure Analysis ကို ပြုလုပ်နိုင်ပါသည်။

Equity = 6000$ (60% of Total Assets)

Liabilities = 4000$ (40% of Total Assets)

Vertical Analysis လုပ်ရတဲ့ ရည်ရွယ်ချက်တွေကတော့ Financial Statement တွေ ရဲ့ Cost Structure သို့မဟုတ် Expense Structure နှင့် Asset Structure ကို နားလည်ရန် နှင့် ကာလ တစ်ခု နဲ့ တစ်ခုကြား Structure အပြောင်းအလဲ ကို သိနိုင်ရန် ဖြစ်ပြီး ထိုမှတဆင့် Financial Statements တွေရဲ့ ပြည့်စုံ မှန်ကန်မှုကို စစ်ဆေးနိုင်ရန်

အရွယ်အစား မတူညီကြတဲ့ လုပ်ငန်း တစ်ခုနဲ့ တစ်ခုကြား Cost Structure နှင့် Asset Structure များ ကို နှိုင်းယှဉ်နိုင်ရန် တို့ ဖြစ်ပါတယ်။

Vertical Analysis နဲ့ Horizontal Analysis တို့ရဲ့ ကွာခြားချက်ကို အတိုးဆုံး နဲ့ အရှင်းဆုံး နှိုင်းယှဉ်ပြောရရင်

Horizontal Analysis ဆိုတာက Time-based အချိန်ကာလ ကို အခြေခံသော နှိုင်းယှဉ်ခြင်း ဖြစ်ပြီး၊ Vertical Analysis ဆိုတာက Structure-based ဘယ်လောက် ပါမာဏ ပါဝင်ဖွဲ့စည်း ထားသလဲ ဆိုတာကို အခြေခံသော နှိုင်းယှဉ်ခြင်း ဖြစ်ပါတယ်။

Horizontal Analysis က လားရာ Trend ကို ပြပြီး Vertical က ပါဝင်မှု အခြေအနေ Composition ကို သိရှိစေနိုင်ပါတယ်။

Vertical Analysis ဆောင်ရွက်နိုင်ရန် လိုအပ်ချက်တွေကတော့ အခြေခံအားဖြင့် Financial Statement တွေကို ပြင်ဆင်ရေးစွဲကြတဲ့ Accounting Policies တသတ်မတ်တည်း ရှိရမှာ ဖြစ်ပါတယ်။

ထို့အပြင် One-off Items တစ်ခါတစ်ရံမှသာ သုံးစွဲလေ့ရှိတဲ့ အသုံးစရိတ်များ ရဲ့ Distortion Risk ပုံဖျက်နိုင်တဲ့ အခြေအနေကို သိနားလည်ဖို့ လိုပြီး Inflation Impact ငွေကြေးဖောင်းပွမှု၏ ရိုက်ခတ်မှုကြောင့် (Structure မပြောင်းပေမယ့် Value ပြောင်းနိုင်ခြင်း) ဖြစ်ပေါ်လာသော အပြောင်းအလဲ များကို သဘောပေါက်ရမှာ ဖြစ်ပါတယ်။

အသုံးချခြင်း အပိုင်းမှာတော့ Vertical Analysis က လုပ်ငန်းရဲ့ အခြေအနေကို Management အနေနဲ့ ရှင်းလင်းစွာ သိရှိ အကဲ ဖြတ်နိုင်ပြီး
စရိတ်ထိမ်းချုပ်မှု များ ဆောင်ရွက်ခြင်း
(Cost Control) နဲ့ အခြားလုပ်ငန်း များနှင့် နှိုင်းယှဉ်နိုင်ခြင်း (Industry Benchmarking)၊ ရင်နှီးမြှမ့်နှံသူ ငွေချေးသူတွေက လုပ်ငန် ရဲ့ အခြေအနေနဲ့ လားရာကို သုံးသပ်နိုင်စေခြင်း စတဲ့ အကျိုး ကျေးဇူးတွေ ရစေနိုင်ပါတယ်။

နိဂုံးချုပ် အနေနဲ့ ဆိုရင် Vertical Analysis က Cost Structure တွေ Asset structure တွေကို မြင်သာစေတဲ့ Analysis Tool ဖြစ်ပါတယ်။ Horizontal Analysis နဲ့ တွဲသုံးနိုင်ရင်တော့ လုပ်ငန်းရဲ့ Financial
Trend နဲ့ Financial Structure တွေပါအပြည့်အဝ နားလည်နိုင်ပါ လိမ့်မယ်။ ဒါ့ကြောင့်လည်း Vertical Analysis က Business Decision Making တိုင်း အတွက် မရှိမဖြစ် လိုအပ်နေမှာ ဖြစ်ပါတယ်။

လုပ်ငန်း အခြေအနေကို မှန်ကန်စွာ အကဲဖြတ်နိုင်ကြပါစေ။

ခင်ဇော် (စီးပွားရေး)
2nd Feb 2026

မှာ အခက် မတွေ့ကြပါစေနဲ့။
#မိမိအမြတ် မိမိလက်ထဲ ရှိစေဖို့
Analysis
Analysis

Horizontal Analysis (အလျားလိုက် ခွဲခြမ်းစိတ်ဖြာခြင်း)Horizontal Analysis ဆိုတာက Financial Analysis လုပ်ကြတဲ့ နည်းလမ်းတွေ...
09/02/2026

Horizontal Analysis (အလျားလိုက် ခွဲခြမ်းစိတ်ဖြာခြင်း)

Horizontal Analysis ဆိုတာက Financial Analysis လုပ်ကြတဲ့ နည်းလမ်းတွေ ထဲက အများစု အသုံးပြုကြတဲ့ နည်းလမ်း တစ်ခုပါ။

လုပ်ငန်းတစ်ခု၏ အတိတ်ကာလမှ လက်ရှိကာလအထိ လားရာ နှင့် အခြေအနေများ (Historical Trends) ကို ခွဲခြမ်းစိတ်ဖြာရန်အတွက်လည်း ဒီနည်းလမ်းကို အသုံးပြုကြတာဖြစ်လို့ Horizontal Analysis ကို Trend Analysis ဟုလည်း ခေါ်ကြပါသည်။

ပိုရှင်းအောင် ပြောရရင်
☘️ Horizontal Analysis ဆိုတာက (period to period comparison) ကာလ တစ်ခု နဲ့ တစ်ခု နှိုင်းယှဉ် စမ်းစစ်တာဖြစ်ပြီး

☘️Trend Analysis ဆိုတာက (base year comparison) အခြေခံ နှစ်တစ်ခု ထားပြီး နှိုင်းယှဉ်ခြစမ်းစစ်ခြင်း ဖြစ်ပါတယ်။

Trend Analysis

Trend Analysis ဆိုတာက လက်ရှိနှစ်၏ တန်ဖိုးများကို အခြေခံနှစ် (Base Year) ၏ တန်ဖိုးများနှင့် နှိုင်းယှဉ်ခြင်းဖြင့် လားရာများ သို့မဟုတ် ပြောင်းလဲမှုများကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အခြေခံနှစ် နောက်ပိုင်း ကာလများတွင် ဖြစ်ပေါ်လာသော တန်ဖိုးများသည် အခြေခံနှစ်ဖြင့် နှိုင်းယှဉ်ပါက တိုးတက်လာခြင်း သို့မဟုတ် ကျဆင်းသွားခြင်း ရှိမရှိကို ဆုံးဖြတ်ရန် ဖြစ်ပါတယ်။

ဥပမာ
လုပ်ငန်းက ၂၀၂၀ ကို အခြေခံ နစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၀ နောက်ပိုင်း နှစ်များကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်ပါတယ်။ လုပ်ငန်းက ၂၀၂၀ တုန်းက အရောင်း သိန်း ၃၀၀ ဖြစ်ခဲ့ ပြီး ၂၀၂၁ မှာ သိန်း ၄၀၀၊ ၂၀၂၂ မှာ သိန်း ၃၅၀၊ ၂၀၂၃ မှာ သိန်း ၂၅၀ ဖြစ်တယ်ဆိုရင် ...

၂၀၂၁ က ၂၀၂၀ ကို အခြေခံထားပြီး ကြည့်ရင် ငွေတန်ဖိုး အားဖြင့် သိန်း ၁၀၀ တိုးလာပြီး ရာခိုင်နှုန်းအားဖြင့် ၃၃.၃၃% တိုးလားတာ ဖြစ်ပါတယ်။ ထို့အတူ ၂၀၂၂ ကို ၂၀၂၀ က အခြေခံထားပြီး ကြည့်ပါက ငွေတန်ဖိုးအားဖြင့် သိန်း ၅၀ တိုးလာပြီး ရာခိုင်နုန်းအားဖြင့် ၁၆.၆၇% တိုးလာတာ ဖြစ်ပါတယ်။ ထို့နောက် ၂၀၂၃ ကို ၂၀၂၀ က အခြေခံထားပြီး ကြည့်ပါက ငွေတန်ဖိုးအားဖြင့် သိန်း ၅၀ ကျသွားပြီး ရာခိုင်နှုန်း အားဖြင့် ၁၆.၆၇% ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ မှ ၂၀၂၃ အထိ လမ်းကြောင်း Trend ကို ပြန်ကြည့်ရင် ၂၀၂၁ မှာ သိသိသာသာတိုးတက်မှု ရှိခဲ့ပြီး ၂၀၂၂ မှာတော့ ၂၀၂၀ ထက် တိုးတက်ခဲ့ပေမယ့် ၂၀၂၂ လောက် တိုးတက်မှု မရှိတဲ့ အခြေအနေပါ။ ၂၀၂၃ မှာတော့ ၂၀၂၀ လောက်တောင်မရောင်းရတော့ပဲ တိုးတက်မှု မရှိ ကျဆင်းသွားတာကို တွေ့ရမှာ ဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း လုပ်ငန်းရဲ့ လားရာနဲ့ အခြေအနေ ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ Formula ကတော့ လက်ရှိနှစ်ရဲ့ အရောင်း ပမာဏ မှ အခြေခံ နှစ်၏ အရောင်း ပမာဏကို နုတ်ခြင်းဖြင့် ငွေတန်ဖိုး အပြောင်းအလဲ (အတိုး/အလျော့)ကို သိနိုင်ပြီး ရာခိုင်နှုန်း အပြောင်းအလဲ ကိုတော့ လက်ရှိ နှစ်၏ အရောင်း ပမာဏ မှ အခြေခံနှစ် ရဲ့ အရောင်းကို နုတ်ထားသော ရလဒ်ကို အခြေခံ နှစ်ရဲ့ အရောင်းပမာဏ ဖြင့် စားပြီး ၁၀၀ ဖြင့် မြှောက်ခြင်းဖြင့် ရနိုင်ပါတယ်။

Horizontal Analysis

Horizontal Analysis (အလျားလိုက် ခွဲခြမ်းစိတ်ဖြာခြင်း) ဆိုတာက သတ်မှတ်ထားတဲ့ စာရင်းကာလတစ်ခုရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အခြားကာလများ၏ အချက်အလက်များနှင့် နှိုင်းယှဉ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများကို လေ့လာဆန်းစစ်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

ပိုနားလည်အောင် ပြောရရင် စာရင်းခေါင်းစဉ် တစ်ခုရဲ့ လတစ်လနဲ့ တစ်လ အခြေအနေအပြောင်းအလဲ Month of Month (MoM) နဲ့ နှစ်တစ်နှစ်နဲ့ တစ်နှစ် အခြေအနေအပြောင်းအလဲ Year of Year (YoY) တွေကို နှိုင်းယှဉ်ဆန်းစစ်တဲ့ နေရာများလည်း သုံးကြပါတယ်။

ဥပမာ
ပြီးခဲ့တဲ့လ အရောင်းက သိန်း တစ်ထောင် အခုလ အရောင်းက သိန် တစ်ထောင့်နှစ်ရာ ဆိုရင် ငွေတန်ဖိုးအားဖြင့် သိန်း နှစ်ရာ တိုးလာတာ ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၀% တိုးလာတာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ Formula က ငွေတန်ဖိုး အပြောင်းအလဲ ကို သိနိုင်ဖို့ လက်ရှိလရဲ့ အရောင်းတန်ဖိုး ကနေ ပြီးခဲ့တဲ့ လ ရဲ့ အရောင်းတန်ဖိုးကို နုတ်ပြီး အလွယ် တကူ သိနိုင်ပါတယ်။ ရာခိုင်နှုန်း အပြောင်းအလဲ အတွက် ကိုတော့ လက်ရှိလရဲ့ အရောင်းတန်ဖိုး ကနေ ပြီးခဲ့တဲ့ လရဲ့ အရောင်း တန်ဖိုးကို နုတ်ပြီး ရလာတဲ့ ရလဒ်ကို ပြီးခဲ့တဲ့ လရဲ့ အရောင်းတန်ဖိုးနဲ့စား ၁၀၀ နဲ့ မြှောက်ခြင်းဖြင့် တွက်ယူနိုင်ပါတယ်။

ဒီနေရာမှာ အရောင်း နဲ့ ဥပမာပေး ပြောနေတာက အားလုံး နဲ့ ရင်းနှီးပြီး ထင်ရှား တဲ့ စာရင်းခေါင်းစဉ် တစ်ခု ဖြစ်လို့ပါ။ အခြားသော စာရင်းခေါင်းစဉ်တွေ ဖြစ်တဲ့ Cost of Sales, Gross Profit, Operation Expenses, Finance cost စတာတွေ အတွက်လည်း အသုံး ပြုနိုင်ပါတယ်။

Requirements (လိုအပ်ချက် နှင့် သတိပြုရန် အချက်များ)

တွက်ချက်ပုံ Formula တွေက မခက်ပေမယ့် Analysis ကို ထိရောက်စေဖို့ လိုအပ်ချက် တစ်ချို့တော့ ရှိပါတယ်။

လုပ်ငန်း တစ်ခုတည်းရဲ့ မတူညီတဲ့ ကာလတွေကို နှိုင်းယှဉ်ဖို့ ကတော့ အဲ့ဒီ လုပ်ငန်းမှာ အသုံးပြုနေကြတဲ့
Accounting Policies တွေက တစ်သတ်မှတ်တည်း ဖြစ်ဖို့ လိုအပ်ပါတယ်။

ဥပမာ ကုန်လက်ကျန် တန်းဖိုး သတ်မှတ်တဲ့ Method နည်းလမ်းတွေက တစ်သတ်မှတ်တည်း ဖြစ်ဖို့ လိုပါတယ်။ ယခင်က FIFO သုံးပြီး ယခုမှ LIFO ပြောင်းသုံးတာမျိုး၊ တန်ဖိုးလျော့ Depreciation တွက်ရာတွင်လည်း ယခင်က Straight Line သုံးခဲ့ပြီး ယခုမှ Reducing Balance ပြောင်းသုံးတာမျိုး ဆိုရင် နှိုင်းယှဉ် အကဲဖြတ်တဲ့ အခါ မှားယွင်စေနိုင်မှာ ဖြစ်ပါတယ်။

ထို့ပြင် Inflation (ငွေဖောင်းပွမှု) တွေကလည်း Horizontal Analysis ကို မှားယွင်း နားလည်မှုတွေ ဖြစ်စေပါတယ်။ ငွေဖောင်းပွမှု ကြီးမားမြန်ဆန် တဲ့ တိုင်းပြည်တွေရဲ့ လုပ်ငန်းတွေအနေနဲ့

ဥပမာ အထက်ပါ ဖော်ပြခဲ့တဲ့ case နဲ့ ပြောရရင် ၂၀၂၀ ကို အခြေခံ နှစ်ထားလို့ ၂၀၂၁ မှာ အရောင်း သိန်း ၁၀၀ တိုးလာတယ် ဆိုတာက အမှန်တကယ် sale volume တိုးလို့ ငွေတန်ဖိုး တိုးလာတာမဟုတ်ပဲ inflation ကြောင့် ဈေးတက်ပြီး တန်ဖိုး တိုးလာတာလား ဆိုတာကို ခွဲခြား သိမြင်ဖို့ လိုအပ်ပါတယ်။

တူညီသော လုပ်ငန်း နယ်ပယ် အတွင်းက မတူညီတဲ့ လုပ်ငန်းတွေ အချင်းချင်း နှိုင်းယှဉ် ဖို့ ကတော့ လုပ်ငန်းနယ်ပယ် ရဲ့ စံသတ်မှတ်ထားတဲ့ ကျင့်ထုံးတွေ ‌လိုက်နာပြီး ရေးစွဲပြင်ဆင် ထားကြတဲ့ Financial Statements တွေ ဖြစ်ဖို့ လိုပါတယ်။

ဥပမာ ထုတ်လုပ်ရေး နယ်ပယ်က လုပ်ငန်းတွေ အားလုံးက Uniform တူညီတဲ့ Manufacturing Accounting ကို ရေးစွဲပြီး တွက်ထားတဲ့ Horizontal Analysis အချက်အလက်များ ဖြစ်ရမှာ ဖြစ်ပါတယ်။ တွက်ချက်မှုတွေက တူညီသော Uniform Accounting Standard / GAAP စံသတ်မှတ်ချက်များ အတိုင်း မဖြစ်ပါက လုပ်ငန်းနယ်ပယ် တူပေမယ့် လုပ်ငန်းတစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်အကဲ ဖြတ်လို့ မရနိုင်ပါ။

Application (အသုံးပြုပုံ)

Horizontal Analysis ကို အဓိက တိုင်းတာ အသုံးပြုကြတာကတော့ Statement of Profit or Loss (အရှုံးအမြတ် စာရင်း) Statement of Financial Position (လက်ကျန်ရှင်းတမ်း) စတာတွေရဲ့ စာရင်းခေါင်းစဉ်များ အလိုက် ကာလ တစ်ခု နဲ့ တစ်ခု နှိုင်းယှဉ်တဲ့ (Horizontal Analysis) နဲ့ အခြေခံ နှစ်တစ်ခု ထားပြီး နှိုင်းယှဉ်တဲ့ (Trend Analysis) တွေကို ဆောင်ရွက် နိုင်ပါတယ်။

Conclusion

အချုပ်ပြောရရင်တော့ Horizontal Analysis ဆိုတာက အခြေခံကျတဲ့ Financial Analysis Method တစ်ခု ဖြစ်ပြီး ကာလ အပိုင်းအခြား အလိုက် လုပ်ငန်း၏ ဖြစ်ပေါ် ပြောင်းလဲ တိုးတက် မှုများကို နားလည် သိရှိစေနိုင်ပါတယ်။

အားလုံး မှန်ကန်စွာ အကဲဖြတ်နိုင်ကြပါစေ။

ခင်ဇော် (စီးပွားရေး)
26th Jan 2026

မှာ အခက် မတွေ့ကြပါစေနဲ့။
#မိမိအမြတ် မိမိလက်ထဲ ရှိစေဖို့
Analysis
Analysis

SME များနဲ့ အကြွေးထောင်ချောက် (Debt Trap)လုပ်ငန်းတစ်ခု မှာ အကြွေး မရှိဘူး ဆိုတာက ရှိတော့‌ရှိနိုင်ပေမယ့် ရှားတော့ ရှားမှာ...
20/01/2026

SME များနဲ့ အကြွေးထောင်ချောက် (Debt Trap)

လုပ်ငန်းတစ်ခု မှာ အကြွေး မရှိဘူး ဆိုတာက ရှိတော့‌ရှိနိုင်ပေမယ့် ရှားတော့ ရှားမှာ ဖြစ်ပါတယ်။ အကြွေး ဆိုတာလည်း မရှိမကောင်း ရှိမကောင်း လို့ ဆိုရမှာပါ။

မရှိမကောင်းဆိုတာက အမြဲလိုလို လုပ်ငန်းကြီးထွားဖို့ ကြိုးစားနေရတဲ့ လုပ်ငန်းတွေမှာ အကြွေးဆိုတာက လိုအပ်ပါတယ်။ လုပ်ငန်းအရင်းအနှီးအတွက် Debt အကြွေးဆိုတာက ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့် နည်းလမ်းကောင်း လို့ ပြောတာလည်း ဆို‌တော့ Share Equity ရောင်းပြီး investment မရှာလိုတဲ့ အခါ Share Equity ရောင်းပြီး investment ရှာရင် ပေးရမည့် cost ကုန်ကျစရိတ်ထက် သက်သာတဲ့ Debt Financing ကို ရွေးချယ် အသုံး ပြုကြရလို့ အကြွေးမရှိရင် မကောင်းဘူး လို့ ဆိုလိုတာပါ။

ရှိမကောင်း ဆိုတာကတော့ အကြွေးရှိလာရင် အတိုး လည်း ရှိလာလို့ပါ။ အတိုးဆိုတာက လုပ်ငန်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပြီး လုပ်ငန်းအရှုံးအမြတ်နဲ့ မသက်ဆိုင်ပဲ အမြဲ ပုံမှန် ပေးရမှာ ဖြစ်လို့ပါ။ ထို့ပြင် အကြွေးက သတ်မှတ်ကာလ နဲ့ ဖြစ်လို့ အချိန်စေ့ရင် ပြန်ပေး ရမည့် တာဝန်ကလည်း ရှိနေပါတယ်။ ပြန်ပေးရမည့် အချိန် မပြေလည်သေးလို့ မဆပ်နိုင်ဘူး လုပ်လို့ မရပါဘူး။ ဒါကြောင့်လည်း အကြွေးများရင် Financial risk နဲ့ Solvency risk ရှိတယ်လို့ ဆိုကြတာ ဖြစ်ပါတယ်။

မရှိမကောင်း ရှိမကောင်းမို့ အကြွေးကို ကြောက်စရာ မလိုသလို ရသလောက် ယူနေလို့လည်း မရပါဘူး။ လိုအပ်ချက်နဲ့ အချိုးအစားပမာဏ ကို ချိန်ဆပြီး လုပ်ငန်း အကျိုးရှိစေဖို့သာ လိုအပ်ပါတယ်။

လုပ်ငန်း အကျိုးရှိစေဖို့ အကြွေး ယူတော့မယ် ဆိုရင် အကြွေးထောင်ချောက် တွေကို ရှောင်ရှားနိုင်ဖို့ လည်း လိုအပ်လာပါတယ်။ အကြွေးထောင်ချောက် ဆိုတာက အကြွေးဟောင်း ပြန်ဆပ်ဖို့ အကြွေးသစ် ထပ်ယူနေရတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ အကြွေးယူဖို့ စဉ်းစားကြမယ့် လုပ်ငန်းရှင်တွေ ရှောင်ရှားနိုင်ဖို့ အကြွေးထောင်ချောက် ၅ မျိုး ကို ဖော်ပြချင်ပါတယ်။

၁။ကာလ မကိုက်ညီတဲ့ ချေးငွေ

ကာလရှည် အတွက် လိုအပ်တဲ့ ရင်းနှီးငွေ ကို ကာလတို ချေးငွေ ဖြင့် ဖြေရှင်းခြင်း သို့မဟုတ် ကာလတို အတွက်သာ လိုအပ်သော အရင်းအနှီးကို ကာလရှည် ချေးငွေ ဖြင့် ဖြေရှင်းခြင်းပါ။ ကာလရှည် အသုံးချမယ့် Asset ကို ကာလရှည် ချေးငွေနဲ့သာ ကိုက်ညီအောင် စီမံသင့်ပါတယ်။

ဥပမာ စက်ရုံဆောက်ပြီး တစ်နှစ် အတွင်း အကြွေးပြန်ဆပ်ရမည့် ချေးငွေရယူထားခြင်း။

၂။လုပ်ငန်း cash flow နဲ့ မကိုက်ညီတဲ့ ချေးငွေ

လုပ်ငန်းက ရောင်းနေရပေမယ့် အကြွေးရောင်းတွေကများ၊ Receivable ကကြာ၊ Payable တွေ က မြန်နဲ့ အတိုးပေးရမယ့် ရက်မှာ ငွေမရှိ။

ဥပမာ ချေးငွေ အတွက် အတိုးပေးဖို့ ချေးငွေထပ်လိုခြင်း။

၃။ working capital ကို long term asset တွေမှာ ယူသုံးခြင်း

Working capital အတွက် သုံးနေတဲ့ fund ကို တခြားသော Non-Current asset တွေကို ဝယ်ယူတဲ့ အခါ သုံးစွဲ လိုက်ခြင်းမျိုးပါ။ ဒီလို အသုံးပြုခြင်းက လုပ်ငန်းကို Liquidity risk ပိုတိုးစေပါတယ်။

ဥပမာ ရောင်းကုန်တွေ ထပ်တိုးဖို့ အတွက် စုဆောင်းထားတဲ့ ငွေလက်ကျန် ဘဏ်လက်ကျန် ငွေနဲ့ မြေဝယ်ယူခြင်း။

၄။ Hidden cost များခြင်း

အကြွေးယူတဲ့ အခါ အထူးသဖြင့် bank loan ယူတဲ့အခါ အတိုးတစ်ခုတည်းက cost of debt မဟုတ်ပါဘူး။ အတိုးအပြင် အခြား စရိတ်တွေလည်း ရှိနေနိုင်ပါတယ်။

ဥပမာ
Legal cost (ရှေ့နေအတွက် ပေးရငွေ)
Audit fee (စာရင်းစစ် အတွက် ပေးရငွေ)
Valuation cost (ရာဖြတ်အတွက် ပေးရငွေ)
Service Charge (ဘဏ်ဝန်ဆောင်ခ ပေးရငွေ)
Early Settlement Penalty (သတ်မှတ်ရက်ထက် ‌စောပြီး ပြန်ဆပ်တဲ့ ချေးငွေ အတွက် ဒဏ်ကြေး)

အထက်ပါ စရိတ်တွေကြောင့် annual interest rate က 11% ဆိုပေမယ့် effective borrowing cost က 14% or 16% ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ချေးငွေ စဉ်းစားတဲ့အခါ Nominal Interest Rate မဟုတ်ပဲ Effective Borrowing Cost ကိုသာ အခြေခံ စဉ်းစားသင့်ပါတယ်။

၅။profit ကို repayment availability နှင့် ရွေးထွေး စဉ်းစားခြင်း

Repayment availability ဆိုတာ cash flow ကို အခြေခံတာ ဖြစ်ပါတယ်။ အမြတ်ကို အခြေခံ စဉ်းစားရတာ မဟုတ်ပါဘူး။ အမြတ် နဲ့ cash flow ကလည်း သဘောတရား မတူပါဘူး။

အမြတ်ဆိုတာ Accounting result သာ ဖြစ်ပြီး cash flow က ငွေပြေလည်မှု ဖြစ်ပါတယ်။

အမြတ်ပေါ်ပြီး ငွေကြပ်နေတဲ့ အခြေအနေ ရှိနိုင်သ‌လို ရှုံးနေပေမယ့် ငွေမခက် တဲ့ အနေအထားလည်း ရှိတက်ပါတယ်။ Repayment အတွက် က ငွေမခက်ခဲဖို့ လိုပါတယ်။ Profit မြတ်နေတာနဲ့ အတိုးပေးဖို့ အရင်းဆပ်ဖို့ မပြီးဘူး ဆိုတာပါပဲ။

ဥပမာ loan လျှောက်ဖို့ repayment schedule ပြင်ဆင်တဲ့ အခါ အရှုံးအမြတ် ထက် cash flow ကို အဓိကထားကြခြင်း။

အချုပ်အနေနဲ့ ပြောရရင် အကြွေးဆိုတာ မီးလိုပါပဲ။ မသုံးတက်ရင် ရန်သူ ဖြစ်ပြီး သုံးတက်ရင် မိတ်ဆွေ တစ်ယောက်လို တန်ဖိုး ရှိပါတယ်။ Return မတွက်ပဲ Debt ယူရင် Growth မဖြစ်ပဲ Burden ဖြစ်နိုင်ပါတယ်။ အကြွေးကို မစီမံနိုင်တော့ခြင်းက လုပ်ငန်းရဲ့ ပြဿနာ မဟုတ်တော့ပဲ လုပ်ငန်းရဲ့ အန္တရာယ် ဖြစ်သွားတတ်ပါတယ်။

အားလုံး အကြွေးထောင်‌ချောက် မှ လွတ်မြောက်ကြပါစေ။

ခင်ဇော် (စီးပွားရေး)
19th Jan 2026

မှာ အခက် မတွေ့ကြပါစေနဲ့။
#မိမိအမြတ် မိမိလက်ထဲ ရှိစေဖို့
# အကြွေး
#အကြွေးထောင်ချောက်

Address

Shwe Thitsar Street, 13 Qtr, Yankin
Yangon
11081

Telephone

+959450002298

Website

Alerts

Be the first to know and let us send you an email when Khin Zaw & Associates posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khin Zaw & Associates:

Share