07/07/2024
စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုသလို စာရင်းကိုင်တွေဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ အိမ်ထောင်ရှင်မတွေပါ။ သူတို့ဟာလုပ်ငန်းရဲ့ တစ်နေ့တာ ငွေဝင်၊ ငွေထွက်တွေကို အဖိတ်အစဉ်
မရှိရလေအောင် ထိန်းသိမ်းပေးတဲ့ ကဏ္ဍကနေ တာဝန်ထမ်းဆောင်နေကြတာပါ။ 👩💼
ဒါပေမဲ့ စာရင်းကိုင်ဆိုတာလည်း လူသားဖြစ်တဲ့အတွက် အမှားနဲ့မကင်းတာတော့ အမှန်ပါပဲ။ အတွေ့အကြုံနဲ့ လုပ်သက်ပေါ်မူတည်ပြီး အမှားနည်းသထက်နည်းလာပေမယ့် စာရင်း သဘောသဘာဝ အလျောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ၎င်းအမှားတွေဟာ Financial Statements ကို ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်တာ မှန်ပေမယ့် လုပ်ငန်းအတွက် မှန်ကန်တိကျတဲ့ ကိန်းဂဏန်းတွေ မရနိုင်တော့ပါဘူး။
စာရင်းကိုင်တွေ မှားလေ့ရှိတဲ့ အမှားတွေထဲကမှ Error of Omission (စာရင်းသွင်းဖို့မေ့ကျန်တာ)၊ Error of Commission (ပမာဏမှားသွင်းမိတာ)၊ Reversal of Entries (Side မှားသွင်းမိတာ) အစရှိတဲ့ အမှားတွေဟာ လုပ်ငန်းအများစု မလွဲမသွေ ကြုံနေရတဲ့အမှားတွေပါပဲ။ ကိုယ့်ရဲ့ လုပ်ငန်းက Accounting Framework ကောင်း နေပေမယ့် အဆိုပါ အမှားတွေကို လိုက်စစ်နေရတာကြောင့် Reporting အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ကြုံတတ်ရပါတယ်။
အထက်ပါ အမှားတွေကြောင့် Reporting နှောင့်နှေးမှုမရှိရလေအောင် ကူညီပေးနိုင်ပါတယ်။ Sale, Purchase, Inventory, Manufacturing,
Fixed Assets, Tax, Payroll, အစရှိတဲ့ ကဏ္ဍတွေရဲ့ လုပ်ဆောင်ချက်တိုင်းဟာ Accounting နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် အချိန်နဲ့ တပြေးညီ အလိုအလျောက် စာရင်းသွင်းပေးတာကြောင့် ကိုယ်တိုင် စာရင်းရေးမှတ်ခြင်း အတွက် ပေးရမယ့် အချိန်တွေကို သက်သာစေပြီး Check & Balance လုပ်ရုံပဲ လိုအပ်ပါတယ်။ ဒါ့အပြင် လချုပ်၊ နှစ်ချုပ်၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း အစရှိတာတွေကိုပါ ကိုယ်တိုင်ကိုယ်ကျ ဆွဲစရာ မလိုတော့တဲ့ အတွက်
Audit Procedure, Tax Procedure အစရှိတာတွေအတွက်ပါ စိတ်အေးလက်အေး ပြင်ဆင်နိုင်မှာ မလွဲပါပဲ။💁♀️
ရှုပ်ထွေးများပြားလှတဲ့စာရင်းဇယားတွေကို software မှတစ်ဆင့် တိကျမှန်ကန်စွာ လုပ်ငန်း အမျိုးအစား အလိုက် စာရင်းဇယားများ ချမှတ်ကာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို ဝန်ထမ်းများ ၏ လစာများ တွက်ချက်ခြင်း၊ ဝင်ငွေခွန် များတွက်ချက်ခြင်း နှင့် Financial Report များကိုလည်း ကောင်းစွာထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
# crd
# copy cr #