A N S Accounting Service and Training

A N S Accounting Service and Training Education is the one of the best investments.

21/11/2025

မန္တလေးမြို့အတွက် ကျွန်မတို့ရဲ့ Client လုပ်ငန်းတွင် လစ်လပ်နေသောအလုပ်နေရာများ ဖြစ်ပါတယ်ရှင်။

စိတ်၀င်စားသူများ
ဖုန်းဆက်၍သော်လည်းကောင်း ☎️ 095100292, 09797822652
Page Messenger မှ သော်လည်းကောင်း ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါတယ်ရှင်။

Vacant Positions for New Recruit at Mandalay
======================
1. Warehouse Supervisor (Yee Shin Distribution)
》M/F, Age 30 to 40 years
》Basic Salary Range : 4 to 7 Lakh, depend on experience.
======================
2. Warehouse Assistant (Yee Shin Distribution)
》M/F, Age 18 to 35 years
》Basic Salary Range : 3 to 4.5 Lakh, depend on experience.
======================
3. Accountant (Yee Shin Distribution)
》Female, Age 24 to 35 years
》Basic Salary Range : 3.5 to 5 Lakh, depend on experience & qualifications.
======================

🙏 တန်ဆောင်မုန်းလပြည့် 🙏   (သာမညဖလအခါတော်နေ့)မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့ မှစ၍.....ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်း...
04/11/2025

🙏 တန်ဆောင်မုန်းလပြည့် 🙏
(သာမညဖလအခါတော်နေ့)
မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့ မှစ၍.....
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ စီးပွားဥစ္စာများ တိုးတက်ကြပါစေ။ မိသားစုနဲ့တကွ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း A N S မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

Happy Diwali 🪔🪔🪔 wishing from A N S!
20/10/2025

Happy Diwali 🪔🪔🪔 wishing from A N S!



မင်္ဂလာပါ အခြေအနေအမျိုးမျိုးကြောင့် ဒီ page လေးက ရှေ့နှစ်တွေမှာ Active မဖြစ်နေခဲ့ဘူး အခုတော့ Knowledge Sharing တွေ၊ သင်တ...
09/08/2025

မင်္ဂလာပါ
အခြေအနေအမျိုးမျိုးကြောင့် ဒီ page လေးက ရှေ့နှစ်တွေမှာ Active မဖြစ်နေခဲ့ဘူး
အခုတော့ Knowledge Sharing တွေ၊ သင်တန်းလေးတွေ ပြန်စလုပ်ဖို့ စီစဥ်ထားပါတယ်

Dec'2025 မှာ Knowledge ဖြည့်ဖို့လိုအပ်နေတဲ့ Senior Accountant Level အတွက် Online and On-Campus Free Class တစ်ခုလုပ်ပေးသွားဖို့ရှိပါတယ်။
100% Free ပါ။
Course Outline ကို သေချာပြင်ဆင်နေတာမို့ Nov'2025 လလယ်လောက်မှာ ကြေငြာပေးပါမယ်နော်။

Like and Follow လုပ်ပေးထားပြီး Notification တက်လာတာကို စောင့်မျှော်ပေးပါလို့ 🥰


Class

၁။ AI စကားပြောဆို/ရှာဖွေရေးစနစ်များ:https://chat.openai.com (ChatGPT)https://bard.google.comhttps://poe.comhttps://copil...
16/10/2024

၁။ AI စကားပြောဆို/ရှာဖွေရေးစနစ်များ:

https://chat.openai.com (ChatGPT)
https://bard.google.com
https://poe.com
https://copilot.microsoft.com
https://www.bing.com/search?q=Bing+AI&showconv=1&FORM=hpcodx (Bing AI)
https://www.perplexity.ai/search/how-to-think-CXQnU5lRS7.58UVq_z8Ung?s=u
https://claude.ai/chats
https://callannie.ai

၂။ Google ရဲ့ AI စမ်းသပ်ရေးပလက်ဖောင်းများ:

https://notebooklm.google.com
https://aitestkitchen.withgoogle.com
https://aitestkitchen.withgoogle.com/tools/music-fx
https://textfx.withgoogle.com
https://artsandculture.google.com
https://labs.google.com

၃။ AI ဖန်တီးမှုကိရိယာများ:

https://explorer.globe.engineer
https://piktochart.com/generative-ai/editor/ (infographic ဖန်တီးရေးအတွက်)

၄။ AI စစ်ဆေးရေးကိရိယာများ:

https://writer.com/ai-content-detector/
https://www.trustmypaper.com/free-plagiarism-checker
GPTZero | The Trusted AI Detector for ChatGPT, GPT-4, & More

၅။ စာပြန်ရေးသားရေးကိရိယာများ:

Paraphrasing Tool - Paraphraser (Rephrase 5,000 Words)
Paraphrasing Tool - QuillBot AI

Credit to Su Phone Mo

A conversational AI system that listens, learns, and challenges

08/07/2020

Main Accounting Concept
1. Accrual (or) Matching Concept
2. Prudence concept
3. Going concern concept
4. Substance Over form
5. Consistency Concept
6. Materiality Concept

စာရင်းညာအခြေခံသဘောတရားအရ အရှုံးအမြတ်စာရင်းရေးဆွဲတဲ့အခါ အောက်ပါအခြေခံဖြစ်သော Main Concept တွေကိုလိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။

1. Accrual (or) Matching Concept
ပထမဆုံးအနေနဲ့ သတိထားရမှာတော့ Expenses တစ်ခုကိုစာရင်းသွင်းတော့မယ်ဆိုရင် သူနဲ့သက်ဆိုင်တဲ့ Income ရှိလား၊
ဟုတ်ပြီ သက်ဆိုင်တဲ့ Incomeရှိပြီဆိုရင်၊ သက်ဆိုင်ရာစာရင်းကာလအတွင်းမှာ Income/Revenue နှင့် Expenses ကို Matching ပြုလုပ်ပြီးရေးဆွဲခြင်းဖြစ်ပါတယ်။ ( ဝင်ငွေ၊ထွက်ငွေပေါ်ခြခံပြီးတော့ စာရင်းရေးဆွဲခြင်းမပြုလုပ်ရပါဘူး )
ဥပမာ 1 January တွင် ရုံးန်ခန်ငှားခ ၁နှစ်စာပေးငွေ USD 24,000 ပါ၊
Prepaid Office Rental A/C -Dr 24,000 နဲ့ Bank A/C- Cr 24,000
January လတစ်လစာ အရှုံးအမြတ်စာရင်းရေးဆွဲတဲ့အခါမှာ 24,000 ကိုစရိတ်တန်းပြလို့မရပါဘူး
January လအတွက် တစ်လစာပဲ စရိတ်ပြရမှာဖြစ်ပါတယ်။
Office Rental A/C-Dr 2000 နဲ့ Prepaid Office Rental A/C-Cr 2000 ဆိုပြီးစာရင်းရေးသွင်းရမှာဖြစ်ပါတယ်။

2. Prudence concept
Business တွင် အချို့သော Transactions များသည် ဘယ်လောက်ကုန်ကျရမည်ဆိုတာကို တိကျစွာသိရှိပါသည်၊
သက်ဆိုင်ရာ Income,Expenses,Liability များအား တိကျစွာသိရှိပါက ထိုအတိအကျအတိုင်းစာရင်းရေးသွင်းရမှာဖြစ်ပါတယ်။
တစ်ခါတစ်ရံ Transactions များကို အတိအကျမသိရှိသောအါမျိုးတွင် Prudence Concept ကိုအသုံးပြုရတော့မှာဖြစ်ပါတယ်
ထိုအခြေအနေတွင် လုပ်ငန်းရဲ့Asset and Income or revenue တွေဟာဆိုရင် ရှိသင့်တာထက်ပိုမနေစေရန် (Never overstated )နှင့် Liabilities and Expenses တွေဟာဆိုရင် ရှိသင့်တာထက် လျှော့မနေစေရန် (Never Understated) သတိပြုရမှာ ဖြစ်ပါတယ်။

3. Going concern concept
မိမိစာရင်းရေးဆွဲနေတဲ့ လုပ်ငန်း ဟာ Foreseeable Future အနည်းဆုံး နောက်ဘဏ္ဍာရေးနှစ်တစ်နှစ်ဆက်လက်ပြီးလုပ်ကိုင်နေရ
ပါမယ်၊ ရပ်တည်နိုင်ရမှာဖြစ်ပါတယ်၊ အဲ့ယူဆချက်ကြောင့် Asset/Liabilities တွေရဲ့လက်ကျန်တွေကို carried forward ယူဆောင်ပြီး၊

Statement of Financial Position အတိုင်းရေးဆွဲရခြင်းဖြစ်ပါတယ်။
Going Concern မရှိတော့ဘူး၊ လုပ်ငန်းကလာမည့် ၁၂လအတွင်း ဆက်လက်မလုပ်ကိုင်နိုင်တာ့ဘူးဆိုရင်
Net Realizable value နှင့်သာ Break up Basic ဖြင့်စာရင်းရေးသွင်းရမှာဖြစ်ပါတယ်။

4. Substance Over form
ဥပဒေအရစာချုပ်ချုပ်ဆိုထားတဲ့ရက်စွဲထက်စာရင် စီးပွါးရေးအရ အမှန်တကယ်ပစ္စည်းရောက်ရှိလာသည့်ရက်စွဲကို
သာ စာရင်းရေးသွင်းပေးရမှာဖြစ်ပါတယ်။
Legal ထက် Substance ကိုဦးစားပေး စာရင်းရေးသွင်းရတာကိုဆိုလိုတာဖြစ်ပါတယ်။
ဥပမာ အဝယ်တစ်ခုမှာ ဘယ်အချိန်စာရင်းသွင်းရမှာလဲပေါ့
Contract စတဲ့ရက်လား
Order မှာတဲ့ရက်လား
Delivery ပို့တဲ့ရက်လား
Settlement ငွေချေတဲ့ရက်လား
Substance Over Form အရ Delivery ပို့တဲ့ရက်ကိုသာစာရင်းသွင်းရမှာဖြစ်ပါတယ် ..
Business တွင်အသုံးပြုရန်အတွက် Motor Vehicle တစ်စီးဝယ်ယူရာတွင် Company အမည်နှင့်မဟုတ်ဘဲ၊ Director အမည်ဖြင့်ဝယ်ယူမိပါက
ထိုအခြေအနေတွင် Director စာရင်းမဟုတ်ဘဲ၊ Business မှပိုင်ဆိုင်သည့်အတွက် Company စာရင်းတွင်သာ စာရင်းရေးသွင်းရမှာဖြစ်ပါတယ်။

5. Consistency Concept
Financial Statements ကိုအနည်းဆုံး ၂နှစ် နှိုင်းယဉ်ပြီးရေးဆွဲရတဲ့အတွက်ကြောင့် မိမိအသုံးပြုထားတဲ့ Accounting Standard များကိုမိမိရေးဆွဲတဲ့အခါ သုံးစွဲတဲ့ Principle တွေ method တွေဟာဆိုရင် တသမတ်တည်း အသုံးပြု၊ ရေးဆွဲရမှာဖြစ်ပါတယ်၊မိမိသဘော၊စိတ်တိုင်ကျ ပြင်ဆင်ရေးဆွဲလို့မရပါဘူး
Most relevent and reliable information ဖြစ်ရင် သို့မဟုတ် IAS/IFRS ရဲ့ Policy, principle, method အရ ခွင့်ပြုရင်အဆိုပါစာရင်းရေးသွင်းချက်ကို IFRS က ခွင့်ပြုထားပါတယ်။အာ့အခါဆိုရင် Consistency Concept ဟာ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။

6. Materiality Concept
စာရင်းရေးဆွဲတဲ့အခါTransaction or event တွေဟာဆိုလျှင် မေ့ကျန်ခဲ့လျှင်သော်လည်းကောင်း၊ မှားယွင်းရေးသွင်းခဲ့လျှင်သော်လည်းကောင်း အဲ့ဒိ Financial Statements တွေအပေါ်အခြေခံပြီး Shareholders, user တွေရဲ့ Economic decision တွေကို effect ဖြစ်စေနိုင်တဲ့ မေ့ကျန်မှု့တွေ၊ မှားယွင်းဖော်ပြမှုတွေဟာဆိုရင်၎င်းမေ့ကျန်အမှား၊မှားယွင်းအမှားတွေဟာဆိုရင် Material ဖြစ်စေနိုင်ပါတယ်
Materiality သည် Nature နှင့် Amount အရ Materiality ဖြစ်နိုင်ပါတယ်။
Materiality သတ်မှတ်တဲ့အခါ
1. Sale ရဲ့ 1% ထက်များရင်
2. Net Profit ရဲ့ 5% ထက်များရင်
3. Total Asset ရဲ့ 1% ထက်များရင်
အာ့မေ့ကျန်အမှားတွေကို Materiality ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။
ဥပမာ- Business တစ်ခုရဲ့ Revenue က USD 1,000,000/- ရှိတယ်ဆိုကြပါစို့၊
USD 8,000 လောက်အမှားသည် Material မဖြစ်နိုင်သော်လည်း (8,000/1,000,000 x100) 0.80%
USD 12,000 လောက်အမှားသည် Material ဖြစ်လာနိုင်သောအ‌‌ွေခအ‌နေတရပျဖွစျလာနိုငျပါတယျ (12,000/1,000,000 x100) 1.20%

ဆကျလက်ျပြီးကြိုးစားနေမည့်
သဉ္ဇာထွန်း
13-09-19

08/07/2020

ရေးဆွဲနေ တဲ့ အရှုံး အမြတ် စာရင်းတွေဟာ ယုံကြည်လို့ ရတဲ့ Information လား
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

🚩ကျွန်တော်တို့တွေရေးဆွဲထားတဲ့ Financial Statements တွေကိုအသုံးပြုမည့်သူသည် Owner တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ အခြားသောအသုံးပြုမယ့်သူတွေလည်းရှိပါသေးတယ်။ ဥပမာ Bank မှာ loan ချေးရင် Bank ကလည်း အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်လေ Potential investor တွေအနေနဲ့လည်းinvestmentလုပ်သင့်/မလုပ်သင့်စဉ်းစားတဲ့အခါမျိုးမှာသုံးနိုင်ပါတယ်။ဒါကြောင့်ရေးဆွဲထားတဲ့ Financial Statement (Fs/s) မှာပါ၀င်တဲ့information တွေမှားခဲ့လျှင် FS/S ကိုအသုံးပြုပြီး Economic Decision ပြုလုပ်သော user တွေပါမှားသွားနိုင်ပါတယ်။

🚩ဒါကြောင့် FS/S တွေဟာ အသုံးပြုမယ့်သူအတွက် relevent & reliable ဖြစ်သော information များကို ဖြစ်ဖို့လိုအပ်လာပါပြီ။ Reliable ဖြစ်သော information ပါတဲ့ FS/S ဖြစ်နိုင်ဖို့အတွက် Faithful representation (အရှိအတိုင်း/ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အတိုင်း စာရင်းသွင်းဖို့လိုပါတယ်)။

🚩ဥပမာ အားဖြင့် Non-current asset ကို Depreciation လျော့တဲ့အခါ Tax Law အရ 10% ပေးတယ်။ တစ်နည်းအားဖြင့် 10 နှစ်ပေါ့။ အမှန်တစ်ကယ်က အဲဒီ Non- current asset သည် 4 year လောက်ပဲသုံးနိုင်တယ်။ ဒါဆိုရင် Depreciation ကို 10 နှစ် လျော့မလား/ 4 year လျော့မလား ဆိုတာ စဉ်းစားစရာဖြစ် သွားပြီ။

🚩10နှစ်ဆွဲရင်တော့ အခွန်ပေးဆောင်တဲ့အခါမှာ ပြန်ပြင်စရာ/ညိုစရာမလိုတော့ဘူး။ ဒါပေမယ့် 4နှစ်ပဲခံတဲ့N.C.A ကို 10နှစ်နဲ့ Depreciation လျော့နေတဲ့ အတွက်လုပ်ငန်းရဲ့ profit (or) loss တွေဟာ အမှန်စင်စစ်မဟုတ်တော့ဘူး။ Reliable လုပ်လို့့ရတဲ့ information မဟုတ်တော့ဘူး ။

🚩Profit (or) loss ကို အမှန်စင်စစ်ဖြစ်ချင်ရင် အမှန်တစ်ကယ်အသုံးပြုရင်ရနိုင်တဲ့ 4yearပဲ လျှော့သင့်တယ်။ ဒါကြောင့် IASB Framework တွေမှာ Substance overform concept ဆိုပြီး Guide Line ပေးထားပါတယ်။ စာရင်းသွင်းတဲ့သူအနေနဲ့ Legal & Substance ရွေးချယ်စရာရှိခဲ့လျှင် Substance ကိုဦးစားပေးရမယ်ဆိုပြီး Guide Line ပေးထားပါတယ်။

🚩Tax law အရဆိုရင် 10year ဖြစ်နေပြီး အမှန်တစ်ကယ် အသုံးပြုနိုင်တဲ့ substance အရဆိုရင် 4 year ပဲ ဖြစ်နေတဲ့အတွက် ရွှေးချယ်စရာရှိလာပါပြီ။ ဒါကြောင့် လုပ်ငန်း​ ရဲ့ Profit /loss တွေကို အစစ်အမှန်သိချင်တယ်ဆိုရင် ( reliable information) ​ဖြစ်စေချင်ရင် Substance ကိုဦစားပေးသင့်ပါတယ်။

အခွန်ဆောင်ဖို့အတွက်ဆိုရင် Tax law အရသတ်မှတ်ပေးထားတဲ့ Tax Depreciation ကိုသာလျှင်အသုံးပြုသင့်ပါတယ်။

Legal နှင့် Substance ကွာခြားမူကို ကောင်းမွန်စွာခွဲခြားနိုင်ကြပါစေ။

WBM Auditing and Accounting Services

စာရင်းခေါင်းစဉ်ဘယ်လိုခွဲမလဲ (၂)အရင်တစ်ခါက Equity/ Assets/ Liabilities/ Income နဲ့ Expense ဆိုတဲ့ စာရင်းခေါင်းစဉ် Group က...
06/06/2020

စာရင်းခေါင်းစဉ်ဘယ်လိုခွဲမလဲ (၂)

အရင်တစ်ခါက Equity/ Assets/ Liabilities/ Income နဲ့ Expense ဆိုတဲ့ စာရင်းခေါင်းစဉ် Group ကြီးတွေထဲက Equity/ Assets နဲ့ Liabilities တွေအကြောင်း ပြောခဲ့ပြီးပြီ ဒီတစ်ခါတော့ Income နဲ့ Expenses တွေအကြောင်း ပြောကြစို့

Income ဆိုတော့ လုပ်ငန်းတစ်ခုမှာ Income တွေက ဘာတွေရှိနိုင်မလဲ စဉ်းစားကြည့်ကြရအောင် လုပ်ငန်းအမျိုးအစားအလိုက် Income Type တွေလဲ ကွဲသွားမှာပေါ့ အယ် ဒီမှာတစ်ခုပြောချင်တာက ကျွန်တော်တို့က လွယ်လွယ်လေး Income = ဝင်ငွေ/ Revenue = ဝင်ငွေလို့ပဲသုံးပေမယ် အမှန်တော့ သူတို့နှစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ကွဲပြားခြားနားမှုရှိသေးတယ် Revenue သည် လုပ်ငန်းက ဝန်ဆောင်မှုပေးလို့ပဲ ဖြစ်ဖြစ် ပစ္စည်းရောင်းလို့ပဲဖြစ်ဖြစ် Customer တွေစီက ရတဲ့ ဝင်ငွေ/ အသုံးစရိတ်တွေ တစ်ခြားနှုတ်စရာရှိတာတွေ မနှုတ်ရသေးတဲ့ ဝင်ငွေကို ကိုဆိုလိုတာဖြစ်ပြီး Income ဆိုတာကို Net Income လို့သုံးပြီး Revenue ထဲက အသုံးစရိတ်တွေ နှုတ်စရာရှိတာတွေ နှုတ်ပြီးတဲ့ ဝင်ငွေကိုဆိုလိုတယ်။ အဲ့တော့ Net Income ဆိုတာ Net Profit ပဲပေါ့ Total Earning လို့လဲ သုံးတယ်။ ပြောရရင် Net Income = Revenue – Expenses ပေါ့ဗျာ။ ထားပါတော့ ဒီမှာတော့ အဲ့ဒီအကြောင်းတွေ ပြောချင်တာမဟုတ်ဘဲ စာရင်းခေါင်းစဉ်အကြောင်း အကြမ်းပြောချင်တာဖြစ်လို့ ဆက်မတွေးတော့ပါနဲ့။ ဆက်လဲ မပြောတော့ပါဘူး။

ကဲ့ ကိုယ့်လုပ်ငန်းမှာ ဘယ်လိုမျိုးဝင်ငွေတွေရှိနိုင်မလဲ ကုန်ပစ္စည်းတွေကို ထုတ်ရောင်းတယ် အားလုံးကတော့ Revenue ပဲ ဒါကိုမှ Category ခွဲချင်တယ်/ Channel ခွဲချင်တယ်ဆိုရင်တော့ အရောင်းပုံစံကိုလိုက်ပြီးခွဲထားပေါ့ အရောင်း Channel သုံးခုနဲ့ရောင်းတယ်ပဲထား Retail, Whole Sale, Branch ဆို Retail Revenue, Whole Sale Revenue, Branch Revenue ဒီလိုမသုံးချင်လဲ Retail Sale, Whole Sale, Branch Sale ဆိုပြီး သုံးခုခွဲလိုက်လို့ရတယ်။ ကိုယ်လုပ်ငန်းက ဟိုတယ်လိုမျိုး ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဆို ဟိုတယ်တစ်ခုမှာ ဘာဝင်ငွေတွေရှိနိုင်မလဲ စဉ်းစားကြည့်ပေါ့။ အခန်းရောင်းလို့ရတဲ့ ဝင်ငွေ Room Sale ဒါမှမဟုတ် Room Revenue/ အစားအသောက်တွေ ရောင်းလို့ရတဲ့ဝင်ငွေ (Food & Beverages ရောင်းလို့ရတဲ့ဝင်ငွေ) တွေအတွက် Food & Beverages Revenue (F&B Revenue) ပေါ့ဗျာ။ နောက်ထပ် ကားငှားလို့ရတာတွေ moto bike ငှားလို့ရတာတွေအတွက် Rental Income ဒါမှမဟုတ် Car Rental Income ဒါမှမဟုတ် Room နဲ့ F&B ကြောင့်ရတာမဟုတ်တာတွေအကုန်လုံး တစ်ခြားဝန်ဆောင်မှုပေးတာတွေရောအပါပေါ့ ပေါင်းထားချင်တယ်ဆို MOD income (Miner Operation Department Income)/ ရှင်းချင်တယ်ဆို Other Income/ Other Revenue နောက်ထပ် အခန်းတွေထဲမှာထားတဲ့ ရေခဲသေတ္တာ(ဟိုတယ်အများစုမှာတော့ Mini Bar လို့ခေါ်တယ်) ထဲက ပစ္စည်းတွေရောင်းရလို့ရတဲ့ ဝင်ငွေကို ခွဲထားချင်ရင် Min Bar Income ပေါ့ဗျာ အဲ့လိုတွေ ရှုပ်ထွေးနေအောင် မထားချင်လဲ ရတယ် ဒါက ကိုယ်အဆင်ပြေသလိုထား စဉ်းစားလို့ရအောင်ရေးထားတာပဲရှိတယ်။ ကိုယ့်လုပ်ငန်းနဲ့ ကိုက်သလိုတွေးပြီးသာထား။

ကဲ ဟိုတယ်ဘက်ရောက်သွားလို့ အခြားလုပ်ငန်းဘက်ပြန်ဆက်ရအောင် လုပ်ငန်းတော်တော်များများမှာ စွန့်ပစ်ပစ္စည်းတွေ ပြန်ရောင်းလို့ရတာတွေရှိတယ် ဒါကိုလဲ စာရင်းခေါင်းစဉ်တစ်ခုခွဲပြီးထားရမှာပေါ့ ပုံမှန်တော့ ရှင်းပါတယ် Other Revenue/ Other Income ပဲပေါ့ဗျာ (ဒီမှာတော့ Other Comprehensive Income အကြောင်းမရှင်းတော့ဘူး ပြောမယ်ဆို IAS တွေ FASB က ထုတ်ပြန်တဲ့အကြောင်းတွေပါ ပါကုန်မယ် သီးသန့်ရေးမှ ရမှာ) နောက်ရှိသေးတယ် ထုတ်လုပ်မှုက စွန့်ပစ်ပစ္စည်းတွေရောင်းတဲ့ကိစ္စမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ထဲက ခုနှိမ်မှာလား သီးသန့်ဝင်ငွေပြမှာလား စဉ်းစားရမှာတွေ အဲ့တော့ Cost Calculation တွေမှာသွားညှိတာတွေဘာတွေရှိလာမှာပေါ့ Costing အကြောင်းတွေလဲ ရှင်းရတော့မယ်။ ထားပါတော့ ဒီလောက်ပဲ။ ဒီလိုတွေရေးလို့ စာရင်းလုပ်ရမှာ ကြောက်ကုန်မယ် ရိုးရိုးလေးပဲ ဆက်သွားရအောင်ပေါ့ (ထုတ်လုပ်မှုလုပ်ငန်းလုပ်ပြီဆိုမှတော့ Costing က တွက်ကိုတွက်ရတော့မယ် ဒါမှသာ Finish Goods ကုန်လက်ကျန်တွေကို တန်ဖိုးသင့်လို့ရမှာပေါ့။) ရှိသေးတယ် အပိုတွေ့ ကုန်ကြမ်းတွေ ကုန်ချောတွေ စစ်လိုက်တော့ လူ error စက် error ကြောင့် ကုန်ပစ္စည်းအပိုတွေ့တွေရှိတယ် ရိုးရိုး Financial Accounting ဘက်ကပဲ စဉ်းစားရင်တော့ Opening + Purchase – Closing = COGS ပဲ အဲ့တော့ ကုန်ကျန်ကောက် Closing ရ နှုတ်လိုက် ရောင်းပြီးကုန်တန်ဖိုး (COGS) ရ COGS မှာသက်သာသွား ရှင်းရှင်းပဲ ဒါပေမယ့် Management Accounting ဘက်လှည့်တော့ အဆင်မပြေတော့ပြန်ဘူး ဒီတော့ဘာလုပ်ရလဲ အပိုတွေ့ကုန်ဝယ် လုပ်ရတယ် ဘာနဲ့ချိတ်မလဲ အခြားဝင်ငွေနဲ့ ချိတ်လိုက်တာပဲပေါ့။

ကဲ့ဒီတော့ Income အောက်မှာတော့ ရှင်းတယ် ဝင်ငွေတွေကို ခေါင်းစဉ်ခွဲထားချင်တယ်ဆို ရိုးရိုးလေးပဲ Sale Revenue နဲ့ Other Income ပဲ ပြီးမှ ထပ်ခွဲချင်တာ စိတ်ကြိုက်ထပ်ခွဲ အယ်ရောင်းပါပြီတဲ့ ပစ္စည်းမပို့ရသေးဘူး ငွေတော့ဝင်ပြီ ဒါမျိုးဆို Revenue Recognition Principle အရ ပစ္စည်းမပို့ရမခြင်း အရောင်းမဖြစ်လို့ ကြိုရောင်းဆိုပြီး ခေါင်းစဉ်တစ်မျိုးဖွင့်ထားရမယ် Advance Sale သဘောမျိုးပေါ့ ဒါက Revenue မဖြစ်သေးဘူး liabilities ပေးရန်တာဝန်ပဲ သူ့ကို ပစ္စည်းမပို့ဖြစ်ရင် ပြန်အမ်းရမှာကို တစ်ချို့က Service ပေးတယ် တစ်စိတ်တစ်ပိုင်းပဲ ဝင်ငွေရတယ် အားလုံးပြီးသွားမှ အကုန်ရမယ် ဒီလိုကိစ္စမျိုးမှာလဲ ကြိုတင်ရသဘောနဲ့ ရေးသွင်းရမယ် Principle ကိုတော့ ရွတ်မပြတော့ပါဘူး။ ပစ္စည်းကတော့ ပို့ပြီးပြီ/ Service ကတော့ပေးပြီးပြီ ပိုက်ဆံမရသေးဘူး ဒါကတော့ ဝန်ဆောင်မှု့ပေးပြီးဖြစ်လို့ Revenue ဖြစ်သွားပြီ အရောင်းအဖြစ်သွင်းလို့ရတယ် ရရန်ရှိပေါ့ Assets အောက်မှာရှိတဲ့ စာရင်းခေါင်းစဉ်တစ်ခုနဲ့ ချိတ်ရမယ် Receivables နဲ့ချိတ်ပေါ့
စာရင်းခေါင်းစဉ်ပေးခြင်းရေးတာ စာရင်းရေးသွင်းတာတွေဘက်ကိုပါ ရောက်သွားပြီ ဒီတစ်ပိုင်းတော့ ဒီလောက်ပဲ Income/ Revenue အောက်မှာတော့ စာရင်းခေါင်းစဉ် စဉ်းစားစရာ မများပါဘူး နောက်တစ်ခေါက်မှာ Expenses အကြောင်းဆက်ကြဦးစို့
(လက်တန်းရေးတာဖြစ်လို့ နားလည်မှုလွဲနိုင်တာ မှားယွင်းနိုင်တာတွေရှိနိုင်ပါတယ် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြလို့ရပါတယ် ခင်ဗျာ အမှားပြင်မှ အမှန်ရမှာပေါ့ ကျေးဇူးပါ)
ဆရာသမားများကို ဦးညွှတ်လျှက်
ညွန့်လွင်ထွန်း

30/05/2020

စာရင်းခေါင်းစဉ် ဘယ်လိုခွဲကြမလဲ
(Chart of Account ကိုတွေးတောခြင်း)
***********************************************
အခုတလောလေး အမေးများတာက Excel နဲ့ Ledger တွေ Trial တွေ ဘယ်လိုချိတ်ဆက်ရေးရမလဲတဲ့ တကယ်တော့ ဒါကလွယ်လွယ်လေးရယ်နော် အရမ်းခက်ခဲတဲ့ Formula တွေမပါဘူး။ ကျွန်တော်လောလောဆယ်ဆွဲထားတဲ့ Ledger ၊ Trial နဲ့ နောက်က Final Account တွေချိတ်ထားတာ သုံးထားတဲ့ Formula တွေက IF Function နဲ့ Sumif Function ပဲပါတယ်။ ဒါတောင် Sumif ထည့်သုံးရတာ For The Year နဲ့ For The Month ခွဲချင်လို့ရယ် Closing Inventory ကို သတ်သတ်ထုတ်ထားချင်လို့ သုံးထားတာပါ။

အချိန်ရရင် အခြေအနေပေးရင်တော့ အေးအေးဆေးဆေးလေး ရှင်းပြချင်မိတယ်။ အမှန်တော့ လုပ်ငန်းတစ်ခုအတွက် Ledger ရယ် Trial ရယ် နောက် Final account တွေ Excel နဲ့ ပြင်ဆင်ရတာ သုံးနာရီလောက်ပဲ အချိန်ပေးရမယ်။ တစ်ခုတော့ရှိတာပေါ့ Chart of Account ကိုတော့ အရင် ရေးဆွဲထားရမှာ။ COA ရှိနေပြီဆို အဲ့ COA အတိုင်း Ledger တစ်ခုခြင်းခွဲပြီး စာရင်းရေးသွင်းဖို့ ပြင်ဆင်လိုက်ရုံပါပဲ။ COA ရေးဆွဲတော့မယ်ဆို အရေးကြီးဆုံးအချက်က ကိုယ်လုပ်ငန်းရဲ့ သဘောသဘာဝကို သိရှိနားလည်ထားဖို့ပါပဲ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ စာရင်းသဘောအရ Equity/ Assets/ Liabilities/ Income နဲ့ Expense ဆိုပြီး Major Group တွေရှိတယ် ဒါကိုမှ ကျွန်တော်တို့က ဖြန့်ခွဲပြီး စာရင်းခေါင်းစဉ်တွေ ပြန်ခွဲလိုက်တာပါပဲ ။

ဒါဆို Equity မှာ ဘာတွေပါမလဲ ကိုယ်လုပ်ငန်းစတင်ဖို့အတွက် စတင်မတည်ရင်းနှီးငွေ Capital Account ပါမှာပေါ့။ နောက် ထပ်ထည့်တဲ့ Capital တွေ အတွက် Capital Surplus ဆိုတဲ့ Account တစ်ခု ထည့်ရမှာပေါ့။ ပြီးတော့ရော လုပ်ငန်းအတွက် အရှုံးအမြတ်တွေ ပေါ်လာတဲ့အခါ ရေးသွင်းဖို့ Profit & Loss Account ထည့်ရမယ် ရထားတဲ့ အမြတ်တွေ Owner က ထုတ်ယူခြင်းမရှိသေးဘူးဆို စာရင်းရေးသွင်းထားဖို့ Retained Earnings Account လဲ လိုအပ်မှာပေါ့။ ( တစ်ခုတော့ ပြောဦးမယ်နော် ခုပြောပြနေတာ လုပ်ငန်းငယ်တစ်ခုအတွက် စာရင်းခေါင်းစဉ်တွေ စဉ်းစားပြီး ရေးဆွဲနည်းလေးပါ။ ကိုယ့်လုပ်ငန်းအခြေအနေအရ တစ်ချို့ခေါင်းစဉ်တွေလဲ ထပ်ထည့်လို့ ရပါတယ်။ ဥပမာ ဘာ Reserve ညာ Reserve ပေါ့) ဒီတော့ ပြန်ချရေးကြည့်ရအောင် Equity Group အောက်မှာ -
Capital Account
Capital Surplus Account
Profit & Loss Account
Retained Earnings Account တို့ ပါကြမှာပေါ့။

ကဲ့ Assets အောက်မှာကော ဘာတွေ ပါနိုင်မလဲ နှစ်ခုပြန်ခွဲကြည့်လိုက်ဗျာ။ Current Assets နဲ့ Non-Current Assets ပေါ့။ Current Assets အောက်မှာ ဘာခေါင်းစဉ်တွေ ပါနိုင်လဲ ။ ပထမဆုံး စဉ်းစားမိမှာကတော့ ငွေစာရင်းပေါ့နော် Cash Account ။ ဒါကိုထပ်ခွဲရင် စက်ရုံနဲ့ ပင်မငွေစာရင်းခွဲထားတယ်ဆို Cash in Hand (Factory) နဲ့ Cash in Hand (HO) ပေါ့ နောက်ပြီး Bank စာရင်းရှိသေးတယ်ဆို Cash at Bank Account ပါ ထပ်ထည့်ပေါ့ဗျာ။ ဒါဆို သုံးကောင့် ရပြီနော် ထပ်၍ ကုန်ပစ္စည်းရောင်းပြီး အကြွေးရစရာရှိတာတွေ မှတ်ဖို့အတွက် Receivable Account ( ဒီမှာ တစ်ခုပြောဦးမယ် ကျွန်တော်တို့ Nominal ledger မှာရှိတဲ့ Receivable Account ဆိုတာ control Account ပဲနော် တစ်ခါ လာမေးဘူးလို့ ဦးမြကို အကြွေးရောင်းတယ်ဆိုပါဆို့တဲ့ Sale Account မှာ Credit / Receivable Account မှာ Debit ဆိုတော့တဲ့ ဦးမြ ကို အကြွေးရောင်းတာ ဦးမြ Account မှာ Debit ဘယ်မှာ Credit လဲတဲ့ အော် တော်တော်ကြီးကို တွေးပစ်တာနော် အမှန်တော့ သက်ဆိုင်ရာ Receivable Account မှာ Debit ဆိုတာဖြစ်ရမှာ ) ပြီးသွားတော့ အခြားပေးရန်ရရန်တွေအတွက် Other Receivable Account တစ်ခုထပ်ဖွင့်ပေါ့။ ကဲ လုပ်ငန်းသဘောအရ ကျွန်တော်တို့က ကြိုတင်ပေးတွေရှိတယ်ဆို Prepaid Account တွေ ဖွင့်ရမှာပေါ့ ဥပမာ စက်ရုံငှားထားတယ် ကြိုပြီးပေးရတယ် ဒါဆို Prepaid Factory Rent Account ရှိမှာပေါ့ နောက် ဆိုင်ခန်းငှားတယ် ကြိုပေးရတယ် Prepaid Branch Rent Account ရှိဦးမှာပေါ့။ အာမခံကြေးတွေဘာတွေ ကြိုပေးရတယ်ဆိုလဲ Prepaid Insurance Account ဆွဲထားရမှာပေါ့နော်။ ထပ်၍ ကိုယ်ဆီက ဝန်ထမ်းတွေ ခရီးသွားစရိတ်တို့ ဘာတို့ ကြိုပေးရတယ်ဆို Advance Travelling Account တို့ ဘာတို့ တစ်ခြား ကြိုပေးတာရှိရင်လဲ ရှိသလို စာရင်းခေါင်းစဉ်ပေးထားရမယ်လေ။ Inventory နဲ့ဆိုင်တာတွေ တစ်ခုခြင်းခေါင်းစဉ်ထပ်ပေး ဘာ Inventory တွေရှိနိုင်လဲ ထုတ်လုပ်မှုလုပ်ငန်းလား ဝန်ဆောင်မှုလုပ်ငန်းလား စသဖြင့်ပေါ့။ Current Assets နဲ့ဆိုင်တာတွေ တစ်ခုခြင်းစဉ်းစားကြည့် ကိုယ့်လုပ်ငန်းအတွက် ဘာတွေရှိနိုင်လဲပေါ့ ဒါတွေကို စာရင်းခေါင်းစဉ်တွေ တစ်ခုခြင်းပေးပြီး တည်ဆောက်လိုက်ပေါ့။ ခုလောလောဆယ်တော့ Current Assets အောက်မှာ -
Cash in Hand (Factory)
Cash in Hand (HO)
Cash at Bank
Account Receivable
Other Receivable Account
Prepaid Factory Rent
Prepaid Branch Rent
Advance Travelling Account
Inventory
Inventory Diesel စသဖြင့် ရှိသွားပြီပေါ့ဗျာ။

ဒါဆို Non-Current Assets တွေ စဉ်းစားကြည့်ရအောင် ကျွန်တော်တို့က ထုတ်လုပ်မှုလုပ်ငန်း လုပ်တယ်ဆို စက်ပစ္စည်းတွေ ရှိမှာပေါ့ ဒါက Non-Current Assets Machinery Account ရှိရမှာပေါ့ နောက် မြေကငှားထားတာဆို မလိုအပ်ပေမယ့် Building က ကိုယ်ဘာသာကိုယ် ဆောက်တယ်ဆို NCA Building Account ရှိရမယ်ပေါ့ဗျာ။ ပြီးတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ Fixture and Furniture Account တို့ နောက် Operation Supply Account တို့ လိုမှာပေါ့။ ကားတွေဘာတွေ ရှိတယ်ဆိုလဲ Vehicle Account ထည့်ဆွဲပေါ့။ ကိုယ့်မှာ ဘာပုံသေပိုင် ပစ္စည်းတွေ ရှိနိုင်လဲ ရှိနိုင်သမျှကို စဉ်းစားပြီး စာရင်းခေါင်းစဉ်ပေးထားဖို့ လိုမှာပေါ့။ နောက်ထပ် ကျွန်တော်တို့ ပုံသေပိုင်တွေကို တည်ဆောက်ဆဲကာလ တပ်ဆင်ဆဲကာလမှာ စာရင်းခေါင်းစဉ်တစ်ခုခြင်းစီ မရွေ့ခင် ရေးသွင်းဖို့အတွက် Work in Progress Non-Current Assets Account လိုဦးမယ်နော်။ ပုံသေပိုင်တွေအတွက် ရပြီဆိုတော့ တန်ဘိုးလျော့ခြင်းအတွက်လဲ Account တွေလိုမယ်လေ။ ဒီအတွက် ပထမတော့ Non-Current Assets အောက်မှာပဲရှိမယ့် Accumulated Depreciation Account တွေ လိုမယ်လေ။ ( ကျွန်တော် လေ့လာဘူးသလောက်တော့ Provision for depreciation Account တွေဟာ Non-Current Assets အောက်မှာပဲထားတာများပါတယ်။ ) သူသက်ဆိုင်ရာ ပုံသေပိုင်ပစ္စည်းအတွက် သက်ဆိုင်ရာ Provision for Depreciation Account တွေ ဆွဲထားလိုက်ပေါ့ဗျာ။ ဒါဆို Non-current Assets အောက်မှာ -
NCA Building
NCA Machinery
NCA Fixture and Furniture
NCA Operation Supply
NCA Vehicle
Work in Progress (NCA)
Provision for depreciation Building
Provision for depreciation Machinery
Provision for dep; Fixture and Furniture
Provision for dep; Operation Supply
Provision for dep; Vehicle စသဖြင့် Account တွေရှိနေမယ်ပေါ့။

ကဲပြီးတော့ရော Liabilities account တွေ။ Liabilities မှာ Non-Current Liabilities နဲ့ Current Liabilities ထပ်ခွဲ ပြီးရင် Non-Current Liabilities မှာ ဘာတွေပါနိုင်လဲ Current Liabilities မှာ ဘာတွေပါနိုင်လဲ ထပ်စဉ်းစား။ ရှင်းပါတယ် Non-Current Liabilities မှာတော့ Long Term Loan တွေပါနိုင်မှာပေါ့ ။ အဲ့တော့ Long Term Loan Account လေးထည့်ဆွဲထားပေါ့။ Current Liabilities အောက်မှာ ပါနိုင်တာတွေ ပြန်ပြီး ဖြန့်ခွဲစဉ်းစား ကုန်ကြမ်းတွေ အကြွေးဝယ်တာအတွက် Payable Account ပေါ့။ ဒါက Trade Payable ဒါဆို နောက်တစ်ခြားပေးရန်တွေအတွက် Other payable Account တစ်ခုပါဆွဲထားပေါ့ တစ်ချို့အရာတွေပေးရန်ရှိတယ်ဆိုလဲ သူ့နာမည်နဲ့သူပေးထားပေါ့ဗျာ ဒါဆို လက်ရှိ Liabilities အောက်မှာ
Long Term Loan
Payable Account
Other Payable Account စသဖြင့် Account တွေရှိနေမယ်။ ထပ်ပြီးတော့ ကျွန်တော်တို့က နှစ်ကုန်မှာ Bonus တွေပေးမယ် ပျော်ပွဲရွှင်ပွဲတွေလုပ်မယ် နောက် ဝန်ထမ်းဝတ်စုံတွေ အသစ်ချုပ်ပေးရမယ် ဒါတွေကို တစ်လထဲ ကျခံတဲ့အခါ အဆိုပါလအတွက် ကုန်ကျစရိတ်တွေ အရမ်းများနေမှာပေါ့။ ဒီအတွက် လျာထားရံပုံငွေစာရင်းတွေ ဖွင့်ထားလို့ရတယ်လေ။ အဲ့ အတွက် Provision for Yearly Bonus Account ၊ Provision for Staffs Party Account တို့ နောက် Provision for Uniform Expense Account တို့ ဖွင့်ထားလို့ရသေးတယ်နော်။

အမှန်တော့ Excel နဲ့ Ledger ချိတ်ဆက်ရေးနည်းရေးချင်တာ ခုက COA ရေးနည်းရောက်သွားတယ်။ Income နဲ့ Expense Account တွေ ဖွင့်ပြီးရင် Account Code ပေးနည်းလေးဆက်သွားမယ် ခုတော့ နည်းနည်းလဲ ရှည်သွားပြီးဆိုတော့ နောက်မှဆက်ပါဦးမယ်။
လွန်ခဲ့တဲ့ သုံးနှစ် May 30, 2017 ကရေးခဲ့တာပါ ဒီမှာ ရေးစရာကျန်တာလေးတွေကို မကြာခင်ဆက်ရေးပေးပါမယ်

Credit to
ဆရာညွှန့်လွင်ထွန်း

09/03/2020

#စာရင်းစနစ်ချခြင်း
( System Setting Up)
လုပ်ငန်းတိုင်းမှာ စာရင်းစနစ်ချကြပါတယ်။ ထို့ကြောင့် စာရင်းစနစ်ချတယ်ဆိုတာ ဘာလဲဆိုတာ လူတိုင်းသိဖို့လိုအပ်ပါတယ်။

ဘာလို့စာရင်းစနစ်ချတာလဲ?

(၁) ခိုးမှု၊ မသမာမှုများမှကာကွယ်ရန်
ခိုးမှု၊ မသမာမှုများမှ ကာကွယ်ချင်လို့ဖြစ်ပါတယ်။ ခိုးမှု၊ မသာမာမှုဖြစ်တာနဲ့ ချက်ချင်းသိအောင်လုပ်တာဖြစ်ပါတယ်။ Eg. Retail လုပ်ငန်းတခုမှာ Cash ကွာ၊ Stock ကွာတာတွေကို စာရင်းများရေးသွင်းပြီးတာနဲ့ Report ထုတ်ပြီးသိရှိနိုင်တာဖြစ်ပါတယ်။

ခိုးမှု၊ မသမာမှုများဖြစ်တာနဲ့ သိရှိနိုင်တာက Daily Report များမှတဆင့်ဖြစ်ပါတယ်။ ထို့ကြောင့်လုပ်ငန်းတိုင်းမှာ ခိုးမှု၊ မသမာမှုများမှကာကွယ်နိုင်ရန် Daily Report များထုတ်နိုင်ရန်လိုအပ်ပါတယ်။

အချို့လုပ်ငန်းများမှာ Daily Sales Statements (အရောင်းစာရင်းချုပ်) ထုတ်တာမြင်ဖူးကြပါလိမ့်မယ်။ Daily Report တွေထုတ်ရာမှာ ချိတ်ဆက်နေတဲ့ Report တွေအားလုံးထုတ်မှ ပြည့်စုံပါမယ်။ Eg. Cash Report, Stock Report, AR Report, AP Report, Manufacturing Report, Project/Job Report ဖြစ်ပါတယ်။ Report များစစ်ဆေးတဲ့သူကလည်း ချိတ်ဆက်နေတဲ့ Report တွေအားလုံးကြည့်မှသာ ပြည့်စုံပါမယ်။

(၂) Management Report အမျိူးမျိူးလိုအပ်သလိုဆွဲထုတ်နိုင်ရန်
စာရင်းစနစ်ချရခြင်းရဲ့ အဓိကရည်ရွယ်ချက်က Management Decision Making အတွက်အထောက်အကူပေးတဲ့ Management Report အမျိူးမျိူးဆွဲထုတ်နိုင်ဖို့ ဖြစ်ပါတယ်။ ထိုကဲ့သို့ မိမိလိုချင်တဲ့ Data/Report အမျိူးမျိူးဆွဲထုတ်နိုင်ဖို့ စာရင်းစနစ်ချရပါတယ်။ လုပ်ငန်းတခုရဲ့ စာရင်းအဆင့်အတန်းကို ထိုလုပ်ငန်းမှထုတ်သော Management Report များကိုကြည့်ပါက သိရှိနိုင်ပါတယ်။

(၃) လုပ်ငန်းတခုလုံးရဲ့အခြေအနေတွေကို Report များမှတဆင့်သိရှိနိုင်ရန်
လုပ်ငန်းကြီးများမှာ စာရင်းစနစ်ချထားပါက လုပ်ငန်းတခုလုံးရဲ့အခြေအနေကို Daily Report များတဆင့်သိရှိနေသောကြောင့် ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါမယ်။ (Eg. Yangon, Mandalay, Nay Pyi Taw မြို့များမှာ Branch များစွာရှိသောလုပ်ငန်းတခုမှာ Branch အသီးသီးမှ အခြေအနေအသေးစိတ်ကို Report များမှတဆင့်သိရှိနေသောကြောင့် ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါမယ်။

Conclusion
လောကမှာ ဘာပဲလုပ်လုပ် သက်သေအထောက်အထားက အဓိကဖြစ်ပါတယ်။ လုပ်ငန်းတခုမှာ စာရင်းစနစ်ချတယ်ဆိုရင် ပြီးစီးမှုကို သက်သေအထောက်အထားပြဖို့လိုပါတယ်။ သက်သေအထောက်အထားကတော့ ထုတ်တဲ့ Daily Report, Monthly Report များဖြစ်ပါတယ်။

လုပ်ငန်းကြီးများမှာ စာရင်းစနစ်ချဖို့အတွက် ကျွမ်းကျင်သူနဲ့ချကြရပါတယ်။ စာရင်းစနစ်ချသူသည် မိမိစာရင်းစနစ်ချမဲ့လုပ်ငန်းမှာ အသုံးပြုမဲ့ Accounting Software ကိုကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ Education Background ရှိပြီး Experience များစွာရှိဖို့လည်းလိုပါတယ်။ အဓိကကတော့ စာရင်းစနစ်ချပြီးရင် ပြီးစီးမှုအတွက် သက်သေအထောက်အထားပြနိုင်ရပါမယ်။

to Original uploader

Address

Mandalay

Telephone

+959428186510

Website

Alerts

Be the first to know and let us send you an email when A N S Accounting Service and Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A N S Accounting Service and Training:

Share