Ponname Accountancy & Finance Centre

Ponname Accountancy & Finance Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ponname Accountancy & Finance Centre, Accountant, 6/73 , 68 Street Between 41 Street and 42 Street, Mahar Myaing 1, Mandalay.

အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက "မိမိကိုယ်ကိုယ်" ပါ။ 📈လောကမှာ အရှုံးမရှိတဲ့ တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုက ကိုယ့်က...
16/05/2026

အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက "မိမိကိုယ်ကိုယ်" ပါ။ 📈

လောကမှာ အရှုံးမရှိတဲ့ တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်တာပါ။ ဒီနေ့ သင်ကြိုးစားပြီး သင်ယူနေတဲ့ ACCA ပညာရပ်ဟာ နောင်တစ်ချိန်မှာ သင်မထင်မှတ်ထားလောက်အောင် အဖိုးတန်တဲ့ ROI (Return on Investment) တွေအဖြစ် ပြန်လည်ရရှိလာမှာ အသေအချာပါပဲ။✅

#စာရင်းကိုင် #မန္တလေး #ပုဏ္ဏမီ

လုပ်ငန်းအမည် - Gizmo (Premium Accessories & Gadgets )ရာထူး - Senior Accountant ကျား / မ - မ (၁)ဦးလစာ - 700,000 ကျပ်- 900...
16/05/2026

လုပ်ငန်းအမည် - Gizmo (Premium Accessories & Gadgets )
ရာထူး - Senior Accountant
ကျား / မ - မ (၁)ဦး
လစာ - 700,000 ကျပ်- 900,000 ကျပ် + Bonus

ပညာအရည်အချင်း -
•တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ
•LCCI Level 3 Diploma ရရှိထားသူ
•ACCA Part 1 ပြီးထားသူ ဦးစားပေးမည်

အခြားအရည်အချင်း-
•Senior Accountant အတွေ့အကြုံ အနည်းဆုံး ၂နှစ် သို့ ၃နှစ် ရှိရမည်
•Excel , Accounting Software သုံးနိုင်ရမည်
•လချုပ် ၊နှစ်ချုပ်များ ဆွဲနိုင်ရမည်
•တာဝန်ယူမှုရှိပြီး အလုပ်ကို တိကျမှန်ကန်စွာ လုပ်နိုင်ရမည်

အလုပ်ချိန် - 9:00 am to 5:00 pm
ပိတ်ရက် - Sunday & Public Holidays
လိပ်စာ - ၆၉လမ်းနှင့် ၁၀၂လမ်းထောင့်၊မန္တလေးမြို့ ။

ဆက်သွယ်ရန် - 09 794 020 717 (Viber),
09 957 399 906
Email - [email protected]

CV Form အား Viber သို့ Email မှတဆင့်ပေးပို့လျှောက်ထားနိုင်ပါသည်

လုပ်ငန်းအမည် - Neighbour's Care ( Personal Care & Cosmetics )ရာထူး - Senior Accountantကျား/မ - မ (၁) ဦးလစာ - 700,000 ကျပ...
16/05/2026

လုပ်ငန်းအမည် - Neighbour's Care ( Personal Care & Cosmetics )
ရာထူး - Senior Accountant
ကျား/မ - မ (၁) ဦး
လစာ - 700,000 ကျပ် +ရက်မှန်ကြေး 40,000 ကျပ်+ Bonus

ပညာအရည်အချင်း -
•တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ
•LCCI Level 3 Diploma ရရှိထားသူ
•ACCA Part 1 ပြီးထားသူ ဦးစားပေးမည်

အခြားအရည်အချင်း -
•Excel ကျွမ်းကျင်ရမည်
•လချုပ် ၊နှစ်ချုပ်များ ဆွဲနိုင်ရမည်
•တာဝန်ယူမှုရှိပြီး အလုပ်ကို တိကျမှန်ကန်စွာ လုပ်နိုင်ရမည်

အလုပ်ချိန် - 8:45 am to 5:15 pm
ပိတ်ရက် - Sunday

လိပ်စာ - 101 B နှင့် 71 A ထောင့် ၊ချမ်းမြသာစည်မြို့နယ် ၊မန္တလေးမြို့ ။

ဆက်သွယ်ရန် - 09 797 778 900 (Viber)

CV Form ကို Viber မှ တဆင့်လျှောက်ထားနိုင်ပါသည်

လုပ်ငန်းအမည် - တော်ဝင်ဒင်္ဂါးမုန့်တိုက်ရာထူးအမည် - Inventory Assistant (3) ဦးJob Description - ကုန်ကြမ်းပစ္စည်းများ လက်ခ...
16/05/2026

လုပ်ငန်းအမည် - တော်ဝင်ဒင်္ဂါးမုန့်တိုက်
ရာထူးအမည် - Inventory Assistant (3) ဦး

Job Description

- ကုန်ကြမ်းပစ္စည်းများ လက်ခံခြင်း၊ ထုတ်ပေးခြင်းများ ဆောင်ရွက်ရမည်။
- ledger စာရင်းသွင်းခြင်း၊ Excel သွင်းခြင်းများ ဆောင်ရွက်ရမည်။
- Daily Stock ကောက်ခြင်းများ ဆောင်ရွက်ရမည်။
- ကုန်ကြမ်းစာရင်း လိုအပ်ချက်များကို ကြည့်၍ Order တင်ပေးရမည်။
- မိမိတာဝန်ယူရသည့် အလုပ်တာဝန်အား စနစ်တကျ လုပ်ကိုင်နိုင်ရမည်။
- အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။
- တာဝန်ယူမှု/ တာဝန်ခံမှုရှိပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။

Job Requirements

- ဘွဲ့ရ ( သို့ ) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
- Microsoft Word, Excel, PowerPoint ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
- LCCI (I,II) ပြီးမြောက်အောင်မြင်ပြီးသူ ဖြစ်ရမည်။
- သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ( 1 ) နှစ်ရှိသူ ဖြစ်ရမည်။

လစာ- ညှိနှိုင်း
အလုပ်ချိန်-8:30 Am to 5:00 PM

ပိတ်ရက်-(၄) ရက်
အဆောင်စီစဉ်ပေးပါသည်။

Viber-09-950338107, 09-752599590
လုပ်ငန်းလိပ်စာ- တော်ဝင် ဒင်္ဂါး မုန့်တိုက် ၊ မြို့ပတ်လမ်း ၊ ၁၀ လမ်းနှင့် ၁၉ လမ်းကြား ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့။

လုပ်ငန်းအမည် - စိန်ရွှေရတနာဆိုင်ရာထူး - Senior Accountant ကျား/မ - မ (2) ဦးအသက် - ၂၀ မှ ၃၀ အတွင်း ဖြစ်ရမည်။ အလုပ်အတွေ့ကြ...
13/05/2026

လုပ်ငန်းအမည် - စိန်ရွှေရတနာဆိုင်
ရာထူး - Senior Accountant
ကျား/မ - မ (2) ဦး
အသက် - ၂၀ မှ ၃၀ အတွင်း ဖြစ်ရမည်။
အလုပ်အတွေ့ကြုံ - (2) နှစ်အနည်းဆုံးရှိရမည်

ပညာအရည်အချင်း - Accounting & Finance နှင့်ပတ်သတ်သော Bachelor Degree ရရှိထားသူ (သို့မဟုတ်) Accounting နှင့်ပတ်သတ်သော အသိအမှတ်ပြုလက်မှတ်ရရှိထားသူ

အခြားအရည်အချင်း - စီမံခန့်ခွဲမှု ၊ ထိရောက်စွာ ပြောဆိုဆက်သွယ်နိုင်မှု ၊ အသေးစိတ်တိကျမှု ၊ ပိုင်းခြားတွေးခေါ် နိုင်စွမ်းရှိသူ ဖြစ်ရမည်။

လုပ်ငန်းအတွေ့အကြုံ (၂) နှစ် အနည်းဆုံး ရှိရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း
အလုပ်ချိန် - 8:00 am to 5:30 pm
ပိတ်ရက်- တစ်လ 4 ရက်
အဆောင်(နေစရာ) စီစဥ်ပေးနိုင်မည်

🌟🌟🌟🌟🌟🌟🌟🌟🌟🌟

ရာထူး - Junior Accountant
ကျား/မ - မ (3) ဦး
အသက် - ၂၀ မှ ၃၀ အတွင်း ဖြစ်ရမည်။

အလုပ်အတွေ့ကြုံ - (1) နှစ်အနည်းဆုံးရှိရမည်

ပညာအရည်အချင်း - တက္ကသိုလ် ဘွဲ့တစ်ခုခုရရှိသူ (သို့)‌ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
LCCI Level-3 ပြီးမြောက်ထားသူဦးစားပေးမည်။

အခြားအရည်အချင်း -Microsoft Office အသုံးပြုနိုင်ရမည်။ရိုးသားကြိုးစား၍ သင်ယူလိုစိတ်ရှိပြီးTeam Work ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်၍ ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း
အလုပ်ချိန် - 8:00 am to 5:30 pm
ပိတ်ရက်- တစ်လ 4ရက်
အဆောင်(နေစရာ) စီစဉ်ပေးနိုင်ပါသည်

ဆက်သွယ်ရမည့်လိပ်စာ- လမ်း 30, 53 & 54 ကြား၊မန္တလေးမြို့။
09-950338107 (Viber)မှတဆင့်လျောက်ထားနိုင်သည်

တစ်နေကုန်တွက်ထားသမျှ ညနေစောင်းတဲ့အထိ Balance မကိုက်တဲ့အခါ... အသည်းကွဲရပြီလေ 💔ဘဝတူတွေ ရှိကြတယ်မလား ? 🥹       #စာရင်းကိုင်...
09/05/2026

တစ်နေကုန်တွက်ထားသမျှ ညနေစောင်းတဲ့အထိ Balance မကိုက်တဲ့အခါ... အသည်းကွဲရပြီလေ 💔

ဘဝတူတွေ ရှိကြတယ်မလား ? 🥹

#စာရင်းကိုင် #မန္တလေး #ပုဏ္ဏမီ

အောင်မြင်မှုဆိုတာ အချိန်ခဏနဲ့ ဖန်တီးလို့ရတဲ့ အရာမဟုတ်ပါဘူး။ လှမ်းနေတဲ့ ခြေလှမ်းတိုင်း၊ ဖတ်နေတဲ့ စာမျက်နှာတိုင်းဟာ ပန်းတိ...
07/05/2026

အောင်မြင်မှုဆိုတာ အချိန်ခဏနဲ့ ဖန်တီးလို့ရတဲ့ အရာမဟုတ်ပါဘူး။ လှမ်းနေတဲ့ ခြေလှမ်းတိုင်း၊ ဖတ်နေတဲ့ စာမျက်နှာတိုင်းဟာ ပန်းတိုင်အတွက် အုတ်တစ်ချပ်စီ စီနေတာနဲ့ တူပါတယ်။🧱

ဒီနေ့မှာ ပင်ပန်းနေပေမယ့် လက်မလျှော့ဘဲ ရှေ့ဆက်နေတဲ့ သင့်ရဲ့ ဇွဲကသာ နောင်တစ်ချိန်မှာ အားလုံးက အားကျရတဲ့ အောင်မြင်သူတစ်ယောက် ဖြစ်လာစေမှာပါ။ 🙌🏻

#စာရင်းကိုင် #မန္တလေး #ပုဏ္ဏမီ

လူတိုင်းမှာ လှပတဲ့ အိပ်မက်လေးတွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့... အဲဒီအိပ်မက်တွေကို လက်တွေ့ဘဝမှာ အသက်ဝင်လာစေဖို့ "ခိုင်မာတ...
05/05/2026

လူတိုင်းမှာ လှပတဲ့ အိပ်မက်လေးတွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့... အဲဒီအိပ်မက်တွေကို လက်တွေ့ဘဝမှာ အသက်ဝင်လာစေဖို့ "ခိုင်မာတဲ့ အရည်အချင်း" တစ်ခုတော့ လိုအပ်ပါတယ်…

ACCA ဆိုတာ ရိုးရိုးလက်မှတ်တစ်ခုထက် အများကြီး ပိုပါတယ်။🔖

ဒါဟာ ဘဝကို ကမ္ဘာအနှံ့ လျှောက်လှမ်းခွင့်ပေးမယ့်၊ ဘယ်နေရာသွားသွား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရပ်တည်ခွင့်ပေးမယ့် "Global Key" တစ်ခုပါ။ ✅

စာမေးပွဲတွေ ဖြေဆိုရတဲ့ ညတွေဟာ ရှည်လျားပင်ပန်းနိုင်ပေမယ့်၊ ကိုယ့်နာမည်နောက်မှာ ACCA ဆိုတဲ့ စာလုံးလေး ပါလာမယ့်နေ့မှာ ရရှိမယ့် ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုက အရာအားလုံးထက် ပိုပြီး တန်ဖိုးရှိနေမှာပါ။

ဒီခက်ခဲတဲ့ ခရီးလမ်းမှာ အနားကနေ လက်တွဲခေါ်ယူပြီး အမှောင်ထုကို အေးမြတဲ့ အလင်းတန်းတွေနဲ့ အဆုံးသတ်ပေးမယ့် "လပြည့်ဝန်း" အဖြစ် ပုဏ္ဏမီ က အမြဲရှိနေမှာပါ။"

📖ပုဏ္ဏမီမှာဆိုရင် အတွေ့အကြုံရင့် ဆရာမများက အနီးကပ် လမ်းညွှန်ပေးခြင်း

📖ကိုယ့်ရဲ့ Potential တွေကို အပြည့်အဝ ဖော်ထုတ်ပေးပြီး Professional နယ်ပယ်ထဲကို ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်စေခြင်းအပြင်

📖အတူတူ ကြိုးစားနေတဲ့ ဝန်းကျင်ကောင်းတစ်ခုမှာ အားတက်သရော သင်ယူနိုင်ခြင်းတို့ကြောင့်

အိပ်မက်တွေကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်ဖို့ ပုဏ္ဏမီကို လှမ်းခဲ့လိုက်ပါ။✊

သင်တန်းကြေးနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

🏫ပုဏ္ဏမီ Accountancy & Finance Centre
အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️Ph- 09 959940867 (Viber)

#စာရင်းကိုင် #မန္တလေး #ပုဏ္ဏမီ

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ 🎉မေလ (၁) ရက်နေ့မှာကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့မှစကာ ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏလုပ်သားများအားလ...
01/05/2026

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ 🎉

မေလ (၁) ရက်နေ့မှာကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့မှစကာ ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏလုပ်သားများအားလုံး ကိုယ်ရောစိတ်ပါကျန်းမာပြီး လုပ်ငန်းတာဝန်များ ဘေးအန္တရာယ်ကင်းစွာဆောင်ရွက်နိုင်ပါစေကြောင်း 𝐏𝐨𝐧𝐍𝐚𝐌𝐞 မှ ဂုဏ်ပြုဆုတောင်းလိုက်ပါတယ်ရှင်။

#ပုဏ္ဏမီ #အလုပ်သမားနေ့ #မေဒေး

🌕 ကဆုန်လပြည့် နေ့ထူးနေ့မြတ်မှာ ချစ်ခင်ရသူတွေနဲ့အတူ ကုသိုလ်ယူရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ကြပါစေ...နွေအပူကို မေတ္တာ...
30/04/2026

🌕 ကဆုန်လပြည့် နေ့ထူးနေ့မြတ်မှာ ချစ်ခင်ရသူတွေနဲ့အတူ ကုသိုလ်ယူရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ကြပါစေ...

နွေအပူကို မေတ္တာဓာတ်နဲ့ အနိုင်ယူပြီး အေးမြတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐏𝐨𝐧𝐍𝐚𝐌𝐞 မှ ဆုတောင်းမေတ္တာ ပို့သပါတယ်။ 🙏

#ပုဏ္ဏမီ

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

(၃) ဘာသာလုံး တစ်ပြိုင်တည်းသင်ယူပြီး အချိန်တိုအတွင်း Part (1) Diploma ရနိုင်မယ့်အခွင့်အရေး 💥Professional Accountant တစ်ယေ...
29/04/2026

(၃) ဘာသာလုံး တစ်ပြိုင်တည်းသင်ယူပြီး အချိန်တိုအတွင်း Part (1) Diploma ရနိုင်မယ့်အခွင့်အရေး 💥

Professional Accountant တစ်ယောက်ဖြစ်ဖို့ဆိုတာ အခြေခံအုတ်မြစ် ခိုင်မာဖို့က အဓိကပါပဲ။ 🧱

ဒီ့အတွက် ပုဏ္ဏမီ မှာ ACCA ရဲ့ Part 1 - Knowledge Level ဘာသာရပ်အလိုက် တန်းခွဲသစ်တွေကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ 🎓✨

📅 Class Schedules (တန်းခွဲသစ်များ)

မိမိတက်ရောက်လိုတဲ့ ဘာသာရပ်အလိုက် Start Date လေးတွေကို မှတ်ထားပေးဦးနော်...

🔹 FA (Financial Accounting)
🗓 Start Date: May 9, 2026
⏰ Sat, Sun (9:00 AM - 12:00 PM)

🔹 BT (Business & Technology)
🗓 Start Date: May 12, 2026
⏰ Sun, Mon, Tue (7:30 PM - 9:30 PM)

🔹 MA (Management Accounting)
🗓 Start Date: May 14, 2026
⏰ Wed, Thur, Sat (7:30 PM - 9:30 PM)

ပုဏ္ဏမီမှာဆိုရင် အခြေခံ Concept တွေကို ပိုင်ပိုင်နိုင်နိုင် နားလည်အောင် သင်ကြားပေးမယ်။

သင်ခန်းစာတိုင်းကို Video ပြန်ကြည့်နိုင်လို့ အချိန်မရွေး ပြန်လည်လေ့ကျင့်နိုင်မယ်။

နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိ ဆရာမများက အနီးကပ် လမ်းညွှန်ပေးမယ့်အပြင်

စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်နိုင်ဖို့ နည်းစနစ်တကျ လေ့ကျင့်ပေးမှာဖြစ်တာကြောင့်

အနာဂတ်မှာ ထူးချွန်တဲ့ Professional တစ်ယောက်ဖြစ်ဖို့ ပုဏ္ဏမီနဲ့အတူ အခုပဲ ခြေလှမ်းစလိုက်ရအောင်။ 🌕✨

သင်တန်းကြေးနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

🏫ပုဏ္ဏမီ Accountancy & Finance Centre
အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️Ph- 09 959940867 (Viber)

#စာရင်းကိုင် #မန္တလေး #ပုဏ္ဏမီ

Address

6/73 , 68 Street Between 41 Street And 42 Street, Mahar Myaing 1
Mandalay
05033

Telephone

+959975320454

Website

Alerts

Be the first to know and let us send you an email when Ponname Accountancy & Finance Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category