W&T Excel for Business & Finance

W&T Excel for Business & Finance Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from W&T Excel for Business & Finance, Financial Consultant, Pyigyitagon, Mandalay.

29/01/2024

များပြားတဲ့စာရင်းတွေကို Pivolt Tableနဲ့ အလွယ်ကူဆုံးပုံစံဖြစ်အောင် ဘယ်လိုဆွဲကြမလဲ videoလေးကိုအဆုံးထိကြည့်လိုက်ရအောင်

19/01/2024

Excel မှာ Stock စာရင်းတွေကို လွယ်ကူရိုးရှင်းဆုံးပုံစံဖြင့်ရေးဆွဲခြင်း



&T

18/01/2024

Detail တွေကို Sumif/Sumifs ဖြင့် Auto Result ထွက်အောင်လုပ်နည်း


&T

Budgetစာရင်းရေးဆွဲခြင်း(ရသုံးမှန်းခြေစာရင်း)-တချို့ကုမ္ပဏီတွေမရေးဆွဲ ကြပါဘူးအဲ့လိုcompanyတွေမှာဆို သုံးချင်ရာသုံး Planမရ...
17/12/2023

Budgetစာရင်းရေးဆွဲခြင်း(ရသုံးမှန်းခြေစာရင်း)
-တချို့ကုမ္ပဏီတွေမရေးဆွဲ ကြပါဘူးအဲ့လိုcompanyတွေမှာဆို သုံးချင်ရာသုံး Planမရှိပါဘူး တကယ်သုံးတော့မယ်ဆို ငွေကမရှိ အထက်လူကြီးတင်ပြရ ကြန့်ကြာမှုတွေရှိပြီး အရှုံးအမြတ်ကိုမခန့်မှန်းနိုင်ဖြစ်တက်ပါတယ်
* budgetရေးဆွဲရခြင်းရဲ့ အကြောင်းအရင်းတွေကိုပြောပြပါမယ်
-Budgetရေ​းဆွဲခြင်းအားဖြင့် ကုမ္ပဏီရဲ့ အရှုံးအမြတ်ကိုကြိုတင်ခန့်မှန်းနိုင်ခြင်း/ ငွေကြေးစီမံခန့်ခွဲနိုင်ခြင်း/အသုံးစရိတ်များအားထိရောက်စွာထိန်းချုပ်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်
-budgetစာရင်း​တွကို တချို့ Company တွေမှာတစ်ပတ်ကြိုတင်ပြီးနောက်အပတ်အတွက်ဘာဝယ်မှာဘာသုံးမှာပါဆိုပြီး ခန့်မှန်းစျေးနှုန်း(လက်ရှိပေါက်စျေး)တွေနဲ့တင်ကြပါတယ် တချို့companyဆို budgetတင်ထားမှသာဝယ်ခွင့်ရှိပါတယ်
အစိုးရရုံးတွေ တချို့ companyကြီးတွေမှာတော့ 3လတစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် ဆွဲကြပါတယ်
ကိုယ့်companyနဲ့ကိုက်ညီမယ့်budgetစာရင်းတွေကို ရေးဆွဲရမှာဖြစ်ပါတယ်
-sale budget/purchase budget/departmental budget/profit and loss budget/cash budget စသ ဖြင့်အနီးစပ်ဆုံး ကာလပေါက်စျေးတွေနဲ့ ရေးဆွဲရမှာဖြစ်ပါတယ်
-ရေးဆွဲပြီးလို့ အတည်ပြုပြီးရင်လည်း budgetကျော်မကျော် စောင့်ကြည့်စစ်ဆေးရမှာဖြစ်ပြီး ပြန်လည်သုံးသပ်ခြင်း အဖြေရှာခြင်း Planဆွဲခြင်း Budget Planအတိုင်း ဆောင်ရွက်နိုင်ရန် ထိထိရောက်ရောက်အရေးယူမှုများလုပ်ဆောင်ရမည်ဖြစ်သည်

အရှုံးအမြတ်စာရင်းများကို ကြိုတင်ခန့်မှန်းရေးဆွဲခြင်း​မိမိရဲ့လုပ်ငန်းမှာနောက်လအတွက်ကြိုတင် အရှုံးအမြတ်များရေးဆွဲထားခြင်းအ...
09/12/2023

အရှုံးအမြတ်စာရင်းများကို ကြိုတင်ခန့်မှန်းရေးဆွဲခြင်း
​မိမိရဲ့လုပ်ငန်းမှာနောက်လအတွက်ကြိုတင် အရှုံးအမြတ်များရေးဆွဲထားခြင်းအားဖြင့် မိမိလုပ်ငန်းရှုံးနိုင်မရှုံးနိုင် ရှုံးနေရင်လည်း ဘယ်လိုအရာတွေကို လျှော့လို့ရနိုင်မလဲ စသဖြင့် Planရေးဆွဲထားသင့်တယ်
-ပထမဆုံး အရောင်း​ SALEပေါ့နော် အရင်လအခြေအနေကိုကြည့်ပြီး ဒီလဘယ်လောက်ရောင်းနိုင်လဲ ခန့်မှန်းလို့ရပါတယ် ဥပမာ100000
-အရောင်းရှိရင် အဝယ်ရှိရပါတယ် cost of saleပေါ့နော့ အရောင်းတို့၏အရင်းပါ သူကလည်းလက်ရှိမှာပေါက်စျေး ဝယ်စျေးဘယ်လောက် 50000ဆိုပါတော့
-အရောင်းထဲကအရင်းကိုနှုတ်ရင် အကြမ်းအမြတ်50000ရပါတယ် အဲ့ဒါနဲ့တင်မရပါဘူး တကယ်မြတ်တဲ့အမြတ်မဟုတ်ပါဘူး
-ကုန်ကျနိုင်သမျှစရိတ်အကုန်စဥ်းစားရပါမယ်
အဲ့လိုစဥ်းစားတဲ့အခါကျ ကိုယ့်businessမှာ သုံးမယ့်စရိတ်တွေရဲ့update​စျေးတွေကိုစုံစမ်းတွက်ချက်ထားရပါမယ်
-​ကြိုပေးရတဲ့စရိတ်တွေ ဥပမာဆိုင်ခန်းငှားကတစ်နှစ်စာ​​ ပေးထားတာဆိုရင်တော့ 1လစာစရိတ်ပဲထည့်ပေးရပါမယ်
-ပေးရန်ကျန်စရိတ်တွေလည်းလာပြပေးရပါမယ် ဥပမာ မီတာဘေ
-ပုံသေပိုင်ပစ္စည်းတွေရဲ့ depreciationတွေလည်းနှုတ်ပေးရပါတယ်
-စရိတ်အားလုံး ထပ်မရှိတော့တဲ့အခါကျမှ အကြမ်းအ​မြတ်ထဲက စရိတ်အားလုံးနှုတ်လိုက်ရင်အသားတင်အမြတ် သို့မဟုတ် ရှုံးနေတာကို ပြပါလိမ့်မယ် အဲ့ခါကျ ရှုံးရင် ဘယ်စရိတ်ကိုလျှော့သုံးရမလဲ ဘယ်လောက်ရောင်းမှမြတ်နိုင်မလဲစသဖြင့် ခန့်မှန်းနိုင်မှာဖြစ်ပါတယ်





and loss
&T

တချို့comany တွေမှာ formatမကျတာ financeပိုင်းအားနည်းတာ companyဖွင့်ထားတာကြာပေမယ့် Profit and loss,Balance Sheetမထွက်နိုင...
07/12/2023

တချို့comany တွေမှာ formatမကျတာ financeပိုင်းအားနည်းတာ companyဖွင့်ထားတာကြာပေမယ့် Profit and loss,Balance Sheetမထွက်နိုင်သေးတာတွေရှိပါတယ်
CAအပြောင်းအလဲများတာ ရှေးရိုးစွဲsystemတွေရှိတာ လူယုံတွေထည့်ထားတာ Financeပိုင်းကိုအထင်မကြီးတာစတာတွေကြောင့် စာရင်းတွေက ဘယ်ကစ ဆွဲထုတ်ရမှန်းမသိ စာရင်းတိုက်ရမယ်မှန်းမသိ နောက်ထပ်CAရောက်ပြန်တော့လည်းမရှင်းနိုင်သံသရာလည်နေကြပါတယ်
​တချို့ဆို အရောင်းစာရင်းဆိုပေမယ့် sale retun,cancelတွေမသိဘဲ အကုန်ပေါင်းရိုက်ထားတာမျိုး companyအချင်းချင်း ပေးရန်ရရန်တွေကိုစာရင်းမတိုက်ဘဲဖော်ထားမျိုး ကြိုထုတ်တွေကို စာရင်းမဖော်ထားတာမျိုးတွေတွေ့ရပါတယ်
-လက်ငင်းအရောင်းဆို​cash bookကငွေနဲ့စစ်ပါတယ်
-အကြွေးဆို receivableနဲ့စစ်ပါတယ်
-receivableဆို customer နဲ့တိုက်စစ်ပါတယ်
-salereturnဆို ကုန်ဝင်နဲ့ cashကနေငွေပြန်အမ်းတာနဲ့စစ်ပါတယ်
-ကုန်ဝယ်ဆိုလည်း ကုန်လက်ခံနဲ့ cash bookက ငွေထုတ်နဲ့စစ်ပါတယ်
-comanyအချင်းချင်းပေးရန်ရရန်တွေကိုလည်း တလတခါတိုက်ပါတယ် အကုန်ကိုက်ရပါမယ်
-ကြိုထုတ်တွေကိုလည်း cash bookနဲ့အမြဲတိုက်စစ်ကပါတယ် COAသေချာမှန်အောင်ထည့်ထားရင် prepaid expenseဆိုတာနဲ့အကုန်ကျလာပါတယ်
-လစဥ်ရိုက်ရတဲ့ Journalဆိုလည်း(accrued,prepaid) Balance Sheet noteဆိုပြီး Listလုပ်ပြီးလမကုန်ခင်အပြီးရိုက်ကပါတယ်
ဆက်ရန်




&T

Excel သုံးတဲ့ companyနဲ့ Software သုံးတဲ့Companyရဲ့ကွာခြားချက်-ကိုယ်ကexcelသုံးတဲ့companyရောက်နေတယ်ဆိုရင် excel free vide...
07/12/2023

Excel သုံးတဲ့ companyနဲ့ Software သုံးတဲ့Companyရဲ့ကွာခြားချက်
-ကိုယ်ကexcelသုံးတဲ့companyရောက်နေတယ်ဆိုရင် excel free videoတွေကြည့်ပြီးလွယ်ကူမြန်ဆန်တဲ့reportတွေထွက်နိုင်အောင်ကြိုးစားပါ
- excelသုံးတဲ့comanyတွေမှာဆို ပင်ပန်းပါတယ် ဒါပေမဲ့ ပညာပိုရပါတယ် ကိုယ်က softwareတခါမှမသုံးဖူးဘူးဆိုရင် လည်း နောက်အလုပ်ပြောင်းဖြစ်လို့ရှင်ရင် software company မို့မကြောက်ပါနဲ့ တချို့comanyတွေကဝင်ဝင်ချင်း trainပေးပါတယ်
-ကိုယ်က softwareသုံးတဲ့ companyဆိုရင်လည်း excelသုံးနိုင်အောင် excelနဲ့စာရင်းချုပ်နိုင် reportထွက်အောင်ကြိုးစားပါ softwareသုံးတဲ့companyမှာလုပ်တဲ့သူတော်တော်များများ သဘောတရားနားမလည်ပါဘူး auto systemတွေများလို့လေ excelသုံးတဲ့companyရောက်ရင်ကျ သိပ်မလုပ်နိုင်ကြပါဘူး
-Excelက ကျတော့လုပ်ငန်းကသိပ်မကြီးဘူး စရိတ်သိပ်အကုန်မခံချင်ဘူးဆိုရင်တော့ သုံးပါ
-လုပ်ငန်းကကြီးတယ် reportကောင်းကောင်းထွက်ချင်ရင်တော့softwareသုံးပါuser feeတွေထိန်းသိမ်းခတွေတော့များပါတယ်
-တချို့လုပ်ငန်းကြီးပြီး excelပဲသုံးတဲ့companyတွေရှိပါတယ် အဲ့ဒါကျတော့ ဝန်ထမ်းက အရမ်းလုပ်ကပါတယ် formatမကျတာ IFRSနဲ့မညီတာ systemမကျတာတွေလည်းရှိနိုင်ပါတယ်




&T

Excelမှာ columnတစ်ခုချင်းစီကို ပေါင်းတဲ့formula CONCATENATE functioncodeနဲ့Itemကို တွဲဖော်ပြချင်ရင်သုံးပါတယ်for examplec...
06/12/2023

Excelမှာ columnတစ်ခုချင်းစီကို ပေါင်းတဲ့formula CONCATENATE function
codeနဲ့Itemကို တွဲဖော်ပြချင်ရင်သုံးပါတယ်
for example
code No-100000
G/L Account-HR Expense
100000-HR Expense
သိပ်မသိကြတဲ့ functionတစ်ခုပါ columnနှစ်ခုကို တစ်ခုထဲရောတဲ့ပုံစံပါ
သူကအရင်ဆုံး=ထိုးပြီးရင် CONCATENATE(ပေါင်းချင်တဲ့ပထမcode ရဲ့အကွက်ကိုထောက်,ကိုလိုချင်တဲ့ပုံစံ" -",ပေါင်းချင်တဲ့ဒုတိယ Item)
spaceခြားတာလိုချင်လည်းရပါတယ်
Tryကြည့်ပါနော်😍😍😍😍


&T

အခုနောက်ပိုင်း HRအများစု interviewတွေမှာ psycho test မေးခွန်းတွေမေးလာတာများပါတယ် လုပ်ငန်းခွင်မှာ ဘယ်အရာတွေကိုအမုန်းဆုံးလ...
06/12/2023

အခုနောက်ပိုင်း HRအများစု interviewတွေမှာ psycho test မေးခွန်းတွေမေးလာတာများပါတယ်

လုပ်ငန်းခွင်မှာ ဘယ်အရာတွေကိုအမုန်းဆုံးလဲ လုပ်ငန်းစိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းလဲ ဘယ်အရာတွေကိုဝါသနာပါလဲ လုပ်ငန်းခွင်မှာ ဘယ်အရာတွေကသင့်အတွက်အခက်အခဲဆုံးလဲ ဘယ်လိုဖြေရှင်းလဲ အစရှိသဖြင့် စိတ်ပိုင်းဆိုင်ရာအနေအထားအမူအကျင့်မေးခွန်းတွေအမေးများလာပါတယ် အဲ့လိုအခါမျိုးမှာ စိတ်လှုပ်ရှားရင် ဘာမှထွက်မလာတက်ပါဘူး အဲ့လိုမျိုးမေးခဲ့ရင်လည်း အရမ်း company နဲ့ပတ်သတ်တဲ့feelingမျိုးတွေ မကျေနပ်ချက်တွေ မပြောမိပါစေနဲ့ အကောင်းဘက်က အမြင်နဲ့ပဲပြောပေးပါ ကိုယ်က အငယ်အနေနဲ့ဆိုရင်လည်း အကြီးတွေမကောင်းကြောင်းအဲ့လိုမပြောဘဲ အခြားdepartmentတွေက policyမလိုက်နာကြောင်း အဲ့လိုအခါမျိုးမှာလည်းသေချာရှင်းပြပါတယ် စသဖြင့်ပေါ့ ကိုယ်က အကြီးနေရာဝင်လျှောက်တာဆိုလည်း ကိုယ့်ရဲ့အငယ်တွေက ကိုယ့်စကားနားမထောင်တဲ့အခါမျိုး အဲ့ခါကျ ကျမအနေနဲ့ သေချာစွာဒါကို ခိုင်းရတဲ့အကြောင်းအရင်းနဲ့ လွယ်ကူမယ့်နည်းလမ်းတွေပြောပါတယ်သဖြင့် အပြုသဘောဆောင်တဲ့အရာတွေပဲ ပြောပေးပါ😍😍
accountant

excel

&T

ကျောင်းပြီးစ ညီလေး ညီမလေးများ ဘာလုပ်ရမှန်းမသိရင် အရင်ဆုံး ကွန်ပျူတာသင်တန်းတက်ပါ အလုပ်ဝင်လုပ်ပါ လစာနည်းရင်နည်းပါစေ လုပ်ငန...
05/12/2023

ကျောင်းပြီးစ ညီလေး ညီမလေးများ ဘာလုပ်ရမှန်းမသိရင် အရင်ဆုံး ကွန်ပျူတာသင်တန်းတက်ပါ အလုပ်ဝင်လုပ်ပါ လစာနည်းရင်နည်းပါစေ လုပ်ငန်းခွင်အခက်အခဲတွေသိသွားတဲ့အခါကျ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းကိုသိသွားပါလိမ့်မယ် အဲ့ခါကျ လမ်းကြောင်းကိုသေချာရွေးပြီး သက်ဆိုင်ရာ ကျွမ်းကျင်မယ့်သင်တန်း တွေကိုတက်ပါ တချို့က အလုပ်လည်း ဝင်မလုပ်ဘူး အိမ်ကလည်းအဆင်ပြေနေတော့ LCCIတက် ACCAတက် အတွေ့အကြုံက ကျ လုံးဝမရှိ အဲ့ခါကျ အလုပ်စဝင်မယ်ဆိုတော့ လစာမကောင်း အဲ့ခါကျ စျေးနှိမ်ခံရတယ်လို့မြင်တယ် အမှန်တော့ လုပ်ငန်းခွင်မှာ နေရာကြီးတဲ့နေရာဆို အတွေ့အကြုံမရှိရင် ခက်ပါတယ် သူတို့မမြင်ဖူးတဲ့အရာတွေဆိုတော့ အရမ်းပြောပြရပါတယ် တချို့ကြတော့လည်း သူများတွေတက်လို့ LCCIတက် လုပ်ငန်းခွင်ဝင်တော့ ကိုယ်လုံးဝဝါသနာမပါလို့ စိတ်ကုန် အလုပ်မလုပ်ချင် အခုမှ တခြားအလုပ်ပြောင်းရင်လည်း ကိုယ်တက်ထားတာ အချိန်ပေးထားတာ လမ်းလွဲတာ စိတ်အမျိုးမျိုးဖြစ်တတ်တယ် နိုင်ငံခြားမှာဆို ေကျာင်းတက်ရင်းလည်း စားပွဲထိုးတို့ အချိန်ပိုင်းအလုပ် အကုန်လုပ်ကြည့်ကြပါတယ် အလုပ်လုပ်မှ ကိုယ်ဘာလုပ်ချင်လည်း ဆိုတာသိပါတယ် ကိုယ်ရုန်းထွက်ချင်တဲ့စိတ် ချမ်းသာချင်တဲ့စိတ် စိတ်ပြင်းပြမှု တွေဖြစ်လာပါတယ် တချို့ကျ အသက်သာကြီးသွားတယ် အတွေ့အကြုံမရှိပါဘူး တချို့ကျ စျေးနှိမ်ခံရတယ်ဆိုပြီး မလုပ်ချင်ကြဘူး အဲ့ဒါတွေခနထား ကိုယ်က အတွေ့အကြုံ အရည်အချင်းသာရှိရင်နောက်ပိုင်းရွေးချယ်ခွင့်များလာပါလိမ့်မယ်

04/12/2023

reconcillation statements
#ဘဏ်ကိုက်ညီရှင်းတမ်း

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ bank reconciliation statement ဘဏ် ကိုက်ညီရှင်းတမ်းအကြောင်းပဲဖြစ်ပါတယ်။

အရင်ဆုံး လုပ်ငန်းကရေးသွင်းထားတဲ့ Cash book ၏bank စာရင်းလက်ကျန်နှင့်
Bank မှထုတ်ပေးတဲ့ Bank Statement နှစ်ခုကြားထဲတွင် ကွာခြားချက်များ ရှိနေတတ်သည်။
ဥပမာလုပ်ငန်း၏ငွေစာရင်းတွင် ငွေသိန်း၃၀၀ရှိပြီး Bank မှထုတ်ပေးသော Statement တွင် သိန်း၃၃၀ဖြစ်နေခြင်း
စာရင်းသည်နှစ်ဖက်စလုံး၏လိုအပ်ချက်များကြောင့် မတူခြင်းဖြစ်နိုင်သည်။တူသွားအောင်ညှိခြင်းကို bank reconciliation ဟုခေါ်သည်။

နှစ်ခုကြားထဲက ကွာဟချက်ဘာကြောင့်ဖြစ်နိုင်သလဲ

Cash book တွင်ရေးသွင်းရန်ကျန်နိုင်သည့်အချက်များ

လုပ်ငန်း ဖက်မှရေးဆွဲသောစာရင်းသည် ငွေဝင် Debit ငွေထွက် Creditသွင်းရမည်။

Bank charges(Creditသွင်းရန်)
ဘဏ်ဝန်ဆောင်ခများသည်bank ဖက်မှတိုက်ရိုက်ဖျက်ထားခြင်းကြောင့် လုပ်ငန်းဖက်မှအထွက်ပြရန်ကျန်နေခြင်း

Bank interest paid (or) received(အတိုးရ Debit အတိုးပေး Credit)
Bankကိုပေးရမည့် အတိုးများ Bankကရမည့် အတိုးများသည် Bankဖက်မှတွက်၍ သွင်းထားခြင်းကြောင့် လုပ်ငန်းစာရင်းတွင်ကျန်နေခြင်း

Standing order & Direct debit(Credit သွင်းရန်)
Bank ကိုအလိုလျောက်ငွေပေးဆောင်ခိုင်းထားသည့် မီတာခ အာမခံကြေးများ ဌားရမ်းခများ သည် Bankမှတိုက်ရိုက်ပေးဆောင် ပေးထားခြင်းကြောင့် လုပ်ငန်းဖက်မှငွေအထွက်ပြရန်ကျန်နေခြင်း

credit transfer or Direct credit(Debit သွင်းရန်)
customer ဖက်မှလုပ်ငန်း၏Bankစာရင်းသို့တိုက်ရိုက်ငွေလွှဲထားခြင်းကြောင့် လုပ်ငန်း၏Cash book တွငိငွေအဝင်ပြရန်ကျန်နေခြင်း

Dishonoured cheques(Credit သွင်းရန်)
customer ဆီမှအကြွေးရ၍ ငွေဝင်ဆိုပြီးလုပ်ငန်း၏ cash book တွင်ရေးမှတ်ထားပြီးမှ chequeကိုဘဏ်မှလက်မခံ၍ အထွက်ပြန်ပြရန်ကျန်နေခြင်း

Bank Statement တွင်ရေးသွင်းရန်ကျန်သည့်အချက်များ
bank statement
သည် လုပ်ငန်း၏စာရင်းနှင့်ပြောင်းပြန်ဖြစ်သည်။ ငွေဝင် credit ငွေထွက်လျှင် debitသွင်းရမည်။

bank လက်ကျန်သည် balance လည်းဖြစ်နိုင်သလို overdraft လည်းဖြစ်နိုင်ပါတယ်။

Balance ဆိုလျှင် credit balance ဖြစ်ပြီး overdraft ဖြစ်ခဲ့လျှင် Debit balance ဖြစ်သည်။

Unpresented cheque(Debit သွင်းရန်)
လုပ်ငန်းမှ Supplier သို့မဟုတ်တစုံတခုအတွက် ငွေပေးပြီး ၍ ငွေအထွက်ပြထားသော လည်း
Supplier ဖက်မှ Cheque လာမထုတ်ရသေး၍Bank တွင်အထွက်မပြထားခြင်း

lodgements cheque(Credit)
လုပ်ငန်းမှ Bank တွင်ငွေဝင်ထားသောလည်း Bankတွင်အဝင်မပြထားခြင်း

Bank errors(အမှားပေါ်မူတည်ပြီး Debit or Credit)
တခြားအမှားတစုံတခု တွေ့ခြင်း


စာရင်းညှိသည့်အခါ အောက်ပါအတိုငိးညှိပေးရမည်။

before adjustment
opening balance x(x)
Adjustment
Unpresented cheque . . (x )
lodgements cheque. . x
Errors. x(x)............................................
closing balance.. x(x)

လုပ်ငန်းဖက်မှ Cash book နှင့် Bank Statement သည်ညှိပြီးသည့်အခါတူသွားရမည်။တူသွားသည့်အဖြေကို Statement of Financial position တွက်ဖော်ပြရမည်

ဒီလောက်ဆိုရင်တော့ Bank reconciliation Statement နှင့်ပတ်သက်ပြီး သဘောပေါက်မယ်လိုမျှော်လင့်ပါတယ်။ စာရင်းပညာနှင့်ပတ်သက်ပြီးလွယ်ကူကြပါစေရှင့်။ နောက်postများမှာပြန်ဆုံပါဦးမယ်။
မူရင်းပိုင်ရှင်အားcreditပေးပါသည်

04/12/2023

interview မှာ computer testပါခဲ့ရင် ဖြေလို့ရအောင် လေ့ကျင့်သင်တဲ့excel formula များ
1-sumif
2-vlookup
3-pivlot table basic

1-sumif
sumifရဲ့သဘောတရားကို သိရင် အကုန်ချိတ်ပြီးသုံးလို့ရပါတယ် excelသုံးတဲ့ရုံးတော်တော်များများ သုံးပါတယ် detailရိုက်ရုံနဲ့ report တန်းထွက်အောင်လုပ်လို့ရပါတယ် ဒါပေမဲ့ result တစ်မျိုးလောက်သာရပါတယ် အများကြီးလိုချင်လို့မရပါဘူး
vlookupထက်သူက ချိတ်ကတာမြန်ပါတယ် ဒါပေမဲ့ တခြား fileတခုကနေတခုဆိုရင် ချိတ်ထားတဲ့ဖိုင်ပိတ်တာနဲ့ errorပြပါတယ်
2-vlookup
vlookup ကတော့ sumifလိုပါပဲ တိုင်များရင်တော့မလွယ်ပါဘူး တိုင်နံပါတ်မှတ်နေရတာနဲ့ သူက fileတခုနဲ့တခုကူးပြီးချိတ်ရင် မပျက်ပါဘူး sumifထက်သာတာအဲ့တခုပါ ဒါပေမဲ့ အချင်းချင်းချိတ်တဲ့ဟာမှာ မပါတဲ့code တွေဘာတွေရှိရင်တော့ errorပြပါတယ် ဒါဆိုရင် IFERRORခံပြီးသုံးပေးပါ=IFERROR(VLOOKUP(lookup value,table array,index num,0),0)
3-pivolt table
သူကတော့ကျွမ်းရင်ကျွမ်းသလို အားသာချက်အများကြီးပါ reportများရင် များသလို သုံးလို့ရပါတယ် Tryကြည့်သင့်ပါတယ် နောက်ပိုင်းvideoတင်သွားပါမယ် သူရဲ့ toolsတွေကိုသိရင်လွယ်ပါတယ်





accountant
accountant
excel
accounting

Address

Pyigyitagon
Mandalay
1111

Website

Alerts

Be the first to know and let us send you an email when W&T Excel for Business & Finance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share