Kaung Pyae Sone - Accounting Employment Service Agency

Kaung Pyae Sone - Accounting Employment Service Agency အရည်အချင်းပြည့်ဝသော ဝန်ထမ်းများနှင့် မြေတောင်မြှောက်ပေးနိုင်သော လုပ်ငန်းရှင်များ တွေ့ဆုံနိုင်ရန် ။

23/05/2026

Manual စာရင်းတွေ လုပ်ဖြစ်တယ် တစ်နှစ်စာအရှုံးအ​မြတ်လည်း ချုပ်ဖြစ်တယ် အဆင်ပြေလားဆို...အဆင်ပြေပါတယ်

ဒါ​ပေမဲ့ ဒီထက်ပိုပြီး Update ဖြစ်ချင်တယ် ပိုပြီး မြန်ဆန်ချင်တယ် ပိုပြီး လွယ်ကူစေချင်တယ် လစဥ် အရှုံးအမြတ်လည်း သိချင်တယ် Computer Software System တစ်ခုအဖြစ် ပုံဖော်ချင်တယ်

လိုအပ်တဲ့ Data တွေ အချိန်နဲ့တပြေးညီ ရချင်တယ် ဒါမှ လည်း ဒီထက်ပိုပြီး ကောင်းမွန်တဲ့ လုပ်ငန်း တစ်ခုကို တည်ဆောက်နိုင်မှာဆို ပြီး

စကားပြောကောင်းတဲ့ ညီမလေးနဲ့ Meeting စလုပ်ဖြစ်ခဲ့ရင်း စန်းမိသားစု ရဲ့ လုပ်ငန်း ခွင် ထဲ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့တယ်

ပြောသမျှ ဖြစ်ချင်တဲ့ အရာတိုင်းကို စာရင်း သဘောတရားထဲက သွေဖီ မသွားအောင် ထိန်းရင်း အကောင်းဆုံး ပုံဖော်ပေးဖြစ်ခဲ့တယ်

နှစ်နာရီစာ ဆွေးနွေးမှုအပြီးမှာ ဖြစ်ချင်တဲ့ ပုံစံကို နှစ်ဆယ့်တစ်ရက်နဲ့ အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါတယ်

စန်းမိသားစု ဆိုတဲ့ ဆိုင်နာမည်အတိုင်း မိသားစု ဆန်တဲ့ အမျိုးတွေကြား ရင်းနှီးကျွမ်းဝင်စွာ အလုပ် လုပ်ရတာ တစ်ကယ် စိတ်ကျေနပ် ပျော်ရွှင်ရပါတယ်

အစောပိုင်း က စာရင်းတွေ မှားရင် ကျွန်တော်ဆူမှာ စိုးလို့ ကြောက်ကြတဲ့ အမ ကြီး တွေလည်း အခု ဆို မကြောက်တော့ဘူးနော် ( အခုဆို ကျွန်တော့်ကို ပြန်ဆူနေလို့ ​ပြန်ကြောက်နေရပြီ 😂 )

Owner သွားချင်တဲ့ လမ်းကြောင်းပေါ်မှာ​ရောက်​အောင်ကျွန်တော်စီစဉ်ပေးတဲ့ စာရင်းတွေထဲ ကြိုးစားပမ်းစား လိုက်ပါ ခဲ့ကြတဲ့ အမျိုးတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ် ( အခုက စပြီး စာရင်းတွေလွဲရင် အန်တီကြွေ ကို တိုင်မှာမို့ အတိုင်မခံချင်ရင် နုတ်ပိတ်ပါဗျို့ 😝 )

KPS ရဲ့ Accounting Service အပြီးမှာ Monthly Report & Auditing ကို ထပ်မံ အပ်နှံခဲ့တဲ့အတွက်လည်း

ကျေးဇူးတင်ပါတယ် ခင်ဗျာ 😊






05/05/2026

Yar Zar Tattoo Supply Shop 😊




ညီမလေး ကတော့ ငယ် တဲ့ အချိန်မှာ သင်တန်းတွေ တတ်မယ် လုပ်ငန်း အစုံဆီက နေ  လုပ်ငန်းအတွေ့အကြုံတွေယူမယ်  လေ့လာမယ် ညီမလေး က လေ တ...
17/02/2026

ညီမလေး ကတော့ ငယ် တဲ့ အချိန်မှာ သင်တန်းတွေ တတ်မယ် လုပ်ငန်း အစုံဆီက နေ လုပ်ငန်းအတွေ့အကြုံတွေယူမယ် လေ့လာမယ် ညီမလေး က လေ တစ်ဆင့်ချင်းကြိုးစားပြီး JA Accountant SA CA FM အဲ့တာတွေ ဖြစ်ချင်တယ် စာရင်းတွေ လုပ်နေရတာ ပျော်တယ် စာရင်း လမ်းကြောင်းကနေ သွေဖယ်နေတဲ့ အလွဲတွေ ကို ပြင်ပေးရတာ ကြိုက်တယ် ……ဆိုတဲ့ ညီမငယ်လေးတွေ အတွက် ကိုကြီး ရဲ့ ကမ်းလှမ်းချက်လေး ပါ 🙏🙏🙏

မန္တလေး မှာ လက်ရှိ လည်ပတ်နေတဲ့ စာရင်းပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနေတဲ့ KPS မှာ JA နှစ်ယောက် လက်တွဲခေါ်ဖို့ စီစဉ်ထားပါတယ်

ကိုကြီး ရဲ့ ကြိုဆိုမှု လေးကို ပြောပြဦးမယ် 😀

နွေးထွေးတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးနိုင်တယ် လုပ်ငန်းပိုင်းဆိုင်ရာ မှာ မသိတာ နားမလည်တာ ကို ရှင်းပြပေးပြီး လက်တွဲ ခေါ်မယ် နားလည်တတ်ကျွမ်းမှု ပေါ် မူတည်ပြီး အဆင့်တွေ တိုးပေးမယ် ရင်ဝယ်သားလို ထားမယ် 😍

မှားတာ လုပ်မိရင်တောင် ငါ ပဲ ဆူမယ် ငါ့ကလေး ကို မထိနဲ့ မကြိုက်ဘူးဆိုတဲ့ ခံယူချက် နည်းနည်းရှိလို့ ရန်ဖြစ်ပြီး ပြန်လာရင်တောင် နိုင်ခဲ့လား လို့ အရင် မေးမယ် 🤓

စာရင်းသမား တစ်ယောက် ထားရမဲ့ စိတ်ထားတွေ အကျင့်တွေ သိက္ခာတွေ အကုန် သင်မယ် 😇

လုပ်ငန်း တစ်ခုထဲမှာ အသေမထားဘဲ ဆိုင် ပေါင်းစုံ မှာ လေ့လာခွင့်ပေးမယ် Software ပေါင်းစုံ သင်ရမယ် 😉

လက်ရှိ တတ်နေတဲ့ စာရင်းပိုင်း ဆိုင်ရာ သင်တန်းတွေ အတွက် မေးသမျှ ဖြေနိုင် ပြီး လိုအပ်ရင် Guide ပါ လုပ်ပေးဦးမယ် 🥳

စာရင်းပိုင်းထဲမှာ ကျင်လည်နေတဲ့ လူဖြစ်လို့ ညီမလေး ပျောက်နေတဲ့ လမ်းကြောင်းတွေ အတွက် စေတနာ အကြံဉာဏ်တွေ က လိုသလောက် ရနေဦးမယ် ☺️

အပြော လား လက်တွေ့လား သိရဖို့ ဒွိဟ ဖြစ်မနေနဲ့ ကိုကြီးဆီ CV သာ လာတင်လိုက်တော့ 😎

09-771900450 Vb
[email protected] မှာ ကိုကြီး ရှိမယ် နော်

ကောင်းသော နေ့လေး ဖြစ်ပါစေ….။




KPS မှ စာရင်းပိုင်း တာဝန်ယူထားတဲ့ မိတ်ဆွေ Client မုန့်ထုတ်လုပ်ဖြန့်ချီရေး ဆိုင်အတွက် ဝန်ထမ်းလေး လိုအပ်လျှက်ရှိနေပါသဖြင့်...
30/01/2026

KPS မှ စာရင်းပိုင်း တာဝန်ယူထားတဲ့ မိတ်ဆွေ Client မုန့်ထုတ်လုပ်ဖြန့်ချီရေး ဆိုင်အတွက် ဝန်ထမ်းလေး လိုအပ်လျှက်ရှိနေပါသဖြင့်....စိတ်ဝင်စားသော အမျိုးကောင်း သား အမျိုးကောင်းသမီး များကို ဖိတ်ခေါ်ပါတယ် ခင်ဗျာ

09982308239 vb မှာ CV များပေးပို့ လျှောက်ထားနိုင်ပါတယ်

ဆိုင်လိပ်စာ - MDY စျေးချို အနီး
အလုပ်ချိန် - 7:00-4:30
ပိတ်ရက် - လပြည့်လကွယ် ( ကြားဥပုသ် နေ့တစ်ဝက်)
ခြောက်လတစ်ကြိမ် ရာထူးတိုး လစာတိုး ရှိသည်။

ကြိုးစား မဲ့သူတိုင်း အတွက် စောင့်မျှော်နေသော အခွင့်အရေးများ 🥰



#စာရင်းပိုင်းဆိုင်ရာ ဆွေးနွေးချင်ပါက 09982308239

#စာရင်းပိုင်းဝန်ထမ်းများ လိုအပ်ပါက 09771900450

သို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ

25/01/2026

2026 ရဲ့ ပထမဆုံး စာရင်းစစ် ခရီးစဥ်ကို မြစ်ကြီးနား ခရီးစဥ်နဲ့ စတင်လိုက်ပါတယ်

နှစ်စဥ် နှစ်တိုင်း စာရင်းတွေစစ်ဖို့ အပ်နှံပေးတဲ့ ရွှေမိုး (မြစ်ကြီးနား) အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်မှ အန်တီနဲ့ ညီမလေး ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ

ဒီထက်မက ရောင်းပန်းသာ​ပြီး ဝယ်ပန်းလှပါစေ ခင်ဗျာ 😊

Accounting Services - 09982308239
Account Agency - 09771900450

ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ


#မြစ်ကြီးနား
#နှစ်ချုပ်

အရင် ….အရင်က နေရာအနှံ့ ဘာတွေ တွေ့ရလဲ ဆိုရင် ကျွန်တော့် မိတ်ဆွေများသိပြီးသား ကြားဖူးပြီးသား ဖြစ်မှာပါ 😎 ဟ ဒီကောင် ဘာလဲ ကိ...
22/12/2025

အရင် ….အရင်က နေရာအနှံ့ ဘာတွေ တွေ့ရလဲ ဆိုရင် ကျွန်တော့် မိတ်ဆွေများသိပြီးသား ကြားဖူးပြီးသား ဖြစ်မှာပါ 😎
ဟ ဒီကောင် ဘာလဲ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဘာတွေ ပြောနေတာလဲ ဆိုပြီး ဆန္ဒ မစောကြပါနဲ့ ကျွန်တော်က အမှန်အတိုင်း ပြောတာပါ မှန်သော စကားဆိုတာ ခါးပေမဲ့ ဆေးဖက်ဝင်ပါတယ် 🙏
အဲ့တုန်းက နဲ့မတူတဲ့ အချက် ကို ထုတ်ပြချင်တာ ပြောပြချင်ခဲ့တာ

အခု မိတ်ဆွေ တို့ အပြင်ကို ထွက်ကြည့်ပါ ကွမ်းယာဆိုင်ကို ကျော်လိုက် ဆိုက်ကားဂိတ်ကို ကျော် လိုက် အဲ့မှာ စတွေ့ပါပြီ ဆိုင်းပုဒ်တစ်ခု 🧐

ဆက်လျှောက် လိုက်ဦး နောက်ထပ် ဆယ်လှမ်းလောက် လှမ်းပြီးရင် ထပ်တွေ့လိမ့်မယ် နောက်တစ်ခု ဘယ်သွားသွား မျက်စိ ရှေ့ မှာ အမြဲ မြင်နေရမှာ အဲ့ဆိုင်းပုဒ်ပဲ 🥺

တချို့က ဗီနိုင်းကို ပရင့်ထုတ်ပြီး ကပ်တယ် တချို့က ဝှိုက်ဘုတ် မှာ ရေးထားတယ် တချို့က စာရွက်ထုတ်ပြီး ကပ်တယ် တချို့ဆို ကားတွေမှာပါ ကပ်တယ်
နောက်ဆို လူတွေရဲ့ နောက်ကျောမှာပါ စာရွက်တွေ ကပ်ဖို့ ဖြစ်လာတော့မယ် တူရဲ့ ဘယ်လိုလဲ သိချင်နေကြပြီလား အဲ့တာကတော့ ….🥱🥱🥱

ဘယ်သွားသွား အမြဲတွေ့နေ မြင်နေရတဲ့ ဆိုင်းပုဒ်သည် ဝန်ထမ်းအလိုရှိသည် တဲ့ ဗျား…...အမြန် ခန့်မည် ဆိုတာတောင် ပါသေး….🤭🤭🤭

ကျွန်တော် တို့ KPS လည်း ဒီနိုင်ငံထဲက နိုင်ငံသားပဲမို့ ကျွန်တော်တို့လည်း လိုတယ် လိုစ့် 😖😖😖

Junior Account ပါ အမြန် ပါ တော်တော်ကို မြန်ပါမယ် မတရားကို မြန် ပါမယ် 🥶😬😬

စိတ်ပါဝင်စားရင် 09-771900450 မှာ Hello ပါ ခင်ဗျာ 🥰

ကောင်းသောနေ့လေး ဖြစ်ပါစေ….။

မုန့် ထုတ်လုပ်ရေး လုပ်ငန်း တစ်ခုဆီမှာ Junior Account နှစ်ယောက် လစ်လပ်နေတာရှိပါတယ် ထပ်တိုးချဲ့မဲ့ နေရာသစ် အတွက် ဝန်ထမ်းခန...
10/12/2025

မုန့် ထုတ်လုပ်ရေး လုပ်ငန်း တစ်ခုဆီမှာ Junior Account နှစ်ယောက် လစ်လပ်နေတာရှိပါတယ် ထပ်တိုးချဲ့မဲ့ နေရာသစ် အတွက် ဝန်ထမ်းခန့်ထားချင်တာ ပါ

ကျွဲဆည်ကန် ရုံး ရယ် စက်မှု ရုံး ရယ် ဆိုပြီး နှစ်ယောက် ခန့်မှာပါ စနစ်ကျပြီးသား လုပ်ငန်း တစ်ခု ဖြစ်လို့ ကသောင်းကနင်း ဘာလုပ် ရမှန်းမသိ ဘူး ဆိုတဲ့ ခံစားချက်တွေ မရှိဘူး အတွေ့အကြုံ ရဖို့ ကတော့ မပူနဲ့ဗျို့ လုပ်ငန်း အသေးစိတ် ကို သင်ကြားပြပေးမဲ့ စီနီယာ တွေ ရှိသလို စာရင်းပိုင်း ကိုလည်း ကျွန်တော်တို့ KPS Team က တာဝန်ယူထားတာမို့ လုပ်ငန်း အကြောင်းအစုံအလင် ကို လုပ်ရမယ် ထုပ်လုပ်ရေး လုပ်ငန်းဆိုတာ Trading ပိုင်းထက် ( ရောင်းမယ် ဝယ်မယ် ဆိုတာထက် ) ပိုသာတဲ့ အတွေ့အကြုံတွေ ရနိုင်တာမျိုးပါ

လိုချင်တဲ့ အနေအထားကလည်း သင့်တင့်ပါတယ် အများကြီး မတောင်းဆိုဘူး Lcci Level 1+2 , Computer Excel , သင်ယူချင်စိတ် , ရိုးသားစွာ ကြိုးစား မယ် ဒီလောက်ပါပဲ (EBS Software သုံးတတ်တယ် ဆိုရင်တော့ ဦးစားပေးအဆင့်ထဲမှာ ပါသွား ပါမယ် )

အစမ်းခန့် သုံးလ အတွင်း မှာ လုပ်ငန်းကို လေ့လာပါ ( လုပ်ငန်းဘက်ကလည်း လေ့လာပါမယ် ) ပထမ လမှာတင် ဒီမှာပဲ ဆက်လုပ်တော့မယ် ပညာရတယ် လုပ်ငန်းခွင်က နွေးထွေးတယ် အဆင်ပြေတယ် ကြိုက်တယ် သဘောကျတယ် ဆိုတဲ့ အဖြေ ထွက် သွား မှာ အသေအချာပါ

နှစ်လပိုင်း ဆို Staff Party ရှိလို့ Party မှာ အတူတူ ကဲကြရအောင် လာ Join ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ

ဒီအက်တမင် က ရုပ်ချောသလို ကတာလည်း ကောင်းတယ် နော် 😁 Staff Party မှာ အတူတူ ကကြရအောင်လား …..?

ကောင်းသော နေ့လေး ဖြစ်ပါစေ…..။

[email protected]
09-771900450




အလုပ်ခေါ်စာတွေ တင်မယ်နော် အများကြီးရှိတယ် အခုတော့ ပုံထဲက အနေအထား အတိုင်း ဖြစ်နေလို့ 😖😖😖
30/11/2025

အလုပ်ခေါ်စာတွေ တင်မယ်နော် အများကြီးရှိတယ် အခုတော့ ပုံထဲက အနေအထား အတိုင်း ဖြစ်နေလို့ 😖😖😖

Remark :  စာတွေများလို့ ရှည်လို့ မဖတ်ချင်ဘူး ဆို လာပြော အသံဖိုင် ပို့ပေးမယ် 😎 Sr. Finance OfficerKey Responsibilities• ဌ...
09/11/2025

Remark : စာတွေများလို့ ရှည်လို့ မဖတ်ချင်ဘူး ဆို လာပြော အသံဖိုင် ပို့ပေးမယ် 😎

Sr. Finance Officer

Key Responsibilities

• ဌာနများမှ ကြိုငွေများကို စစ်ဆေးခြင်းနှင့် Follow up လိုက်ခြင်း။ ငွေကြေးအစီရင်ခံခြင်းနှင့် လိုက်နာမှု။

• Balance Sheets အပါအဝင် တိကျပြီး အချိန်မီ ငွေကြေးရှင်းတမ်းများကို ပြင်ဆင်ခြင်း။

• ဘဏ္ဍာရေးစာရင်းစစ်များ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဌာနတွင်း Finance Department ချမှတ်ထားသော လုပ်ငန်းစဥ် အဆင့်များကို မပျောက်ပျက်အောင် စောင့်ကြည့်ခြင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

• ငွေသားစီးဆင်းမှုကို စီမံခန့်ခွဲခြင်း၊ ဘဏ်ဆက်ဆံရေးကို ကိုင်တွယ်ခြင်း ။

• ဘဏ္ဍာရေးအစီအစဥ်ရေးဆွဲခြင်းနှင့် ဗျူဟာများချမှတ်ခြင်း။

•ငွေသားစီးဆင်းမှုကို ဆန်းစစ်ခြင်းနှင့် ခန့်မှန်းချက်များကို ဖန်တီးခြင်း။ကုမ္ပဏီ၏ငွေကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခြင်း။

နေ့စဉ်လုပ်ငန်းဆောင်တာများ- ပြေစာများကို စီမံဆောင်ရွက်ခြင်း၊ ကြွေးမြီများနှင့် မြီရှင်များကို စီမံခန့်ခွဲခြင်း၊ဏ္ဍာရေးစနစ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ဘဏ်ရှင်းတမ်းများကို ပြန်လည်စစ်ဆေးခြင်း။

• MD ထံ Daily Report တင်ပေးခြင်း။
• ငွေသွင်း၊ ငွေထုတ်စာရင်းများ ပြုလုပ်ပေးရခြင်း။
• Cash Collector များအား ဘဏ်သို့ငွေသွင်း၊ ငွေထုတ်ပြုလုပ်ပေးရန် စီစဉ်ပေးရခြင်း။
• Daily ငွေကောက်စာရင်းအား ရ၊မရ ပြန်စစ်၍ ရ၊မရ ပြန်ခွဲထုတ်ရေးပေးရခြင်း။
• အရောင်းစာရင်း၊ အကြွေးကျန်များအား ပြန်စစ်ပေးရခြင်း။
• ဘဏ်လွှဲ Cash Receipt နှင့် Ledger ရေးပေးသော အပိုင်းမှ တာဝန်ပေးသောသူ မအားလျှင် Ledger ရေးပေးရခြင်း။ငွေစာရင်းအချုပ် ချုပ်ပေးရခြင်း။

Job Requirement

- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်။
- B.A Eco သို့မဟုတ် စီးပွားရေးနှင့် သက်ဆိုင်သော ဘွဲ့တစ်ခုခု or Diploma တစ်ခုခု ရရှိရမည်။
- မိမိ အလုပ်နှင့် သက်ဆိုင်သော Excel ကျွမ်းကျင်မှု့ရှိရမည်။

Accounts Receivable (AR) Accountant

Key Responsibilities
Invoicing and Billing:
Creating and sending accurate invoices and billing statements to customers for outstanding payments.
• Payment Processing:
Tracking and recording customer payments received by the business.
• Account Reconciliation:
Monitoring and reconciling customer accounts and ledgers to ensure accuracy and resolve discrepancies.
• Collections:
Initiating collection actions and following up on outstanding or late payments to ensure timely cash flow.
• Financial Reporting:
Generating reports on accounts receivable status, late payments, and customer balances for management and auditing purposes.
• Dispute Resolution:
Investigating and resolving customer queries and payment-related issues or discrepancies.
• Record Keeping:
Maintaining detailed and accurate records of all accounts receivable transactions and activities.

• Sale Order တင်လာပါက အရောင်းတာဝန်ခံလက်မှတ်၊ အိတ်အရေအတွက်၊ ဈေးနူန်း သေချာစွာစီစစ်ခြင်း။
• Marketing မှ ပို့ပေးသော Ledger နှင့် Sale Order စီစစ်၍ Sales Invoice ဖွင့်ခြင်း။
• Warehouse Dept: ဘက်မှ ပေးပို့လာသော Sale Order များအား ဈေးနူန်းစစ်ပြီး Issue Slip တွင်လက်မှတ်ထိုးပေးရခြင်း။
• ငွေချေခြင်း - Banks Slips များကို Bank Statements စာရင်းတိုက်စစ်ပြီး ငွေချေခြင်း။
• အရောင်းဌာနမှ Customer အသစ်နှင့် Current Customer များ၊ သတ်မှတ်ထားသော Limit ကျော်လွန်ပါက Request တင်ခိုင်းခြင်း။
• Finance Dept: နှင့် Credit Report/ Due Report စာရင်း တိုက်ပေးရခြင်း။
• Marketing & Sale Admin အား တစ်နေ့ တစ်ကြိမ် ကြွေးစာရင်း ထုတ်ပေးခြင်း ၊ Finance အတွက်နေ့စဉ် Invoice များထုတ်ပေးရခြင်း။Cash Received & Bank Received များကို MD လက်မှတ်ထိုးပြီးပါက သိမ်းဆည်းခြင်း။

09-771900450
[email protected]




မင်္ဂလာပါ ခင်ဗျာမပြောမပြီး  မတီးမမြည် မို့ ပြောပြ ရခြင်း ဖြစ်ပါတယ် ခင်ဗျာ 😇ဒီ Page က KPS - Accounting Employment Service...
07/11/2025

မင်္ဂလာပါ ခင်ဗျာ
မပြောမပြီး မတီးမမြည် မို့ ပြောပြ ရခြင်း ဖြစ်ပါတယ် ခင်ဗျာ 😇

ဒီ Page က KPS - Accounting Employment Service Agency က ဖွင့်ထားတာပါ

DM Team မှာ ရှိတဲ့ လူ စုံ ဒီ Page ကို ဝင်သုံးပါတယ် လက်ရှိ ဆို Admin သုံးယောက် သုံးနေတာပါ

စာရင်းပိုင်း ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း မို့ CB မှာ စကားလာပြောတိုင်း ပြန်ပြီးတော့ ဖြေပေးရပါတယ်

ဝန်ဆောင်မှု ကို စုံစမ်းတဲ့ Client များ

စာရင်းပိုင်းနဲ့ ပတ်သတ်ပြီး နားမလည်လို့ လာမေးကြတဲ့ ညီငယ် ညီမငယ် များ

ဘယ်လို လုပ်ရမလဲ ဆိုပြီး ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေများ

အဲ့ဒီအတွက်တော့ ကျွန်တော်တို့က ရွှေထူး ပါ ခင်ဗျာ ( တံခါးဖွင့်ထားပါတယ် 😉 )

ဟိုင်း အချောလေး စားပြီးပြီလား 😡
နေကောင်းလား 🤬
ဓာတ်ပုံ ပြ ပြ 🧐

ကွီးက ချောတယ်နော် 😳

ချစ်စျာလေး 🙄

ခင်ချင်တယ်🤔

အဲ့ထက်တစ်ဆင့်တတ် ချစ်လို့ရလား😠

ဒါမျိုးတွေ တော့ မလုပ်ကြပါနဲ့ ဗျာ

ကျွန်တော် ချောတာ ချစ်စရာကောင်းတာ သဘောကောင်းတာ ကျွန်တော်ဘာသူ ကျွန်တော်သိပါတယ် 😇

ရဲဇားစကား လာပြီး ပြောတဲ့သူတွေကိုလည်း တားချင်ပါတယ် နားမထောင်ပဲ ဆက်ပြီး ပြောနေဦးမယ်ဆိုရင်တော့...... 😡


ကျွန်တော် တို့ ​ရဲ့ Personal Acc မှာ လာပြောပါ လို့စ့်

😁

ဝွန်း




တောင်ကြီး လည်း မသွားနိုင် ချောင်းသာ ကျ လည်း မပါ ပုဂံလည်း မလိုက်နိုင် တန်ဆောင်တိုင် မှာ မျောက်မှိုင် မှိုင် နေတဲ့ ညီမလေး ...
03/11/2025

တောင်ကြီး လည်း မသွားနိုင် ချောင်းသာ ကျ လည်း မပါ ပုဂံလည်း မလိုက်နိုင် တန်ဆောင်တိုင် မှာ မျောက်မှိုင် မှိုင် နေတဲ့ ညီမလေး တွေ အားလုံး မင်္ဂလာ ပါခင်ဗျာ ……😬😁

အံမယ် …သူများတွေ ပြောနေ အက်တမင် ရော သွားနိုင် လို့လား လို့ မေးရင် ငိုသံကြီးနဲ့ အတူတူ ပါပဲဂျာ လို့ ပြန်ဖြေရမှာပါ 😭

အဲ့တော့ လျှောက်လည်နေသူတွေ မရှိတုန်း အခွင့်အရေးလေး တစ်ခု ပေးလိုက် မယ် 🥰
မြန်မြန် လက်ဦးမှု ယူလိုက်ကြရအောင်လား …..?

မုန့်လုပ်ငန်းသုံး နှင့်ဆိုင်သော ဆေးပစ္စည်း ရောင်းဝယ်ရေး ဆိုင် မှာ Accountant တစ်ယောက် ခန့်ဖို့ ရှိနေပါတယ် (Code – 1112025SMDY)

လမ်း ၆၀ ၊ ၁၁၀ နဲ့ ၁၂၀ ကြား မန္တလေး မှာ လုပ်ငန်း ခွင် ဝင်ရမှာပါ ဗျ

လပြည့် လကွယ်လေး ပိတ်ပြီး ဆိုင်ဖွင့်တာက 8:00AM – 6:00 PM ဖြစ်ပြီး နှုန်းထားလေးနဲ့ ပြောရ ရင် 5 to 6.5 ထိ ရှိပါမယ်

( လိုအပ်လို့ စရိတ်ငြိမ်း ဆိုရင် လည်း စီစဉ်ပေးနိုင်ပါသေးတယ် )

စာရင်းကိုင်နဲ့ပတ်သတ်တဲ့ လက်မှတ်လေးတွေ တော့ လိုချင်ပါတယ် ကွန်ပျူတာ နဲ့ သုံးရမှာမို့ ကွန်ပျူတာလေး သုံးတတ်ရပါဦးမယ် ခင်ဗျာ လုပ်ငန်းအတွေ့အကြုံအနေနဲ့ အနည်းဆုံး တစ်နှစ်လောက်တော့ ရှိပါစေ

ဖြစ်နိုင်ရင်တော့ ဒီနေ့အင်တာဗျူး မနက်ဖြန် အလုပ်ဆင်း နိုင်မဲ့သူမျိုး ကို ပိုပြီး ပိုပြီး ကို သဘောကျပါတယ်

စိတ်ဝင်စားလို့ လျှောက်ထားချင်ရင်တော့ ရိုးရာမပျက် တဲ့ 09-771900450 Vb မှာ Hi Hello ဆိုပြီး CV လေး ပို့ပေးလိုက်ရုံနဲ့ အင်တာဗျူး ရက် လေး တစ်ချက် ပြန်ချိန်းပေးပါမယ် ခင်ဗျာ

Mail ပို့လို့ရော မရဘူးလားဆိုရင်တော့ ရပါသကောဗျာ [email protected] မှာ ကျွန်တော် Ready စောင့်နေပါမယ် ဗျို့

ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ .....။

09-771900450
[email protected]




Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959771900450

Website

Alerts

Be the first to know and let us send you an email when Kaung Pyae Sone - Accounting Employment Service Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Pyae Sone - Accounting Employment Service Agency:

Share

Category