Stories by YOE

Stories by YOE "It's about me and my journey"
What I post here are my stories, my bucket list , my experiences and my days.

အချိန်ပိုင်းအလုပ် - Amazon Flexဒီကိုရောက်တဲ့သူတိုင်း ကားမောင်းတတ်ရင် Uber, Amazon Delivery နဲ့ Instacart ဆိုတာမျိုး လုပ်...
12/23/2024

အချိန်ပိုင်းအလုပ် - Amazon Flex

ဒီကိုရောက်တဲ့သူတိုင်း ကားမောင်းတတ်ရင် Uber, Amazon Delivery နဲ့ Instacart ဆိုတာမျိုး လုပ်ကြလေ့ရှိတယ်။ ပစ္စည်းပို့ရတဲ့အလုပ်တွေချည်းပေမယ့် Uber က လူပို့တဲ့ Taxi အလုပ်၊ Amazon က အထုတ်ပို့တဲ့အလုပ်၊ Instacart ကတော့ စျေးဝယ်ပြီးပစ္စည်းသွားပို့အလုပ် လို့ပြောရမယ်ထင်တယ်။

မယ်ရိုးတစ်ယောက် Amazon Delivery အလုပ်ကို 2022 ခုနှစ် တစ်ခုလုံး နီးပါးလုပ်ခဲ့သေးတယ်။ အချိန်ပိုင်းအလုပ်ဆိုတော့ တစ်နေကုန်အချိန်ပေးစရာမလိုဘဲ ကိုယ်ရထားတဲ့ အလုပ်ချိန်ပိုင်းလေးမှာပဲ Amazon ဂိုထောင်မှာ ပစ္စည်းတွေ သွားယူရတယ်။ ပြီးရင် သူတို့ခွဲတမ်းချပေးလိုက် မြို့၊ ရပ်ကွက်မှာ ပစ္စည်းလည်ပို့ရတာပေါ့။ အားသာချက်တွေကတော့ အချိန်ကြိုက်မှလုပ်လို့ရတယ်။ လွတ်လပ်တယ်။ အချိန်ပိုင်းပေမယ့် ပိုက်ဆံပေးတာကောင်းတဲ့ထဲမှာပါတယ်။ အားနည်းချက်တွေကတော့ ကိုယ့်ကားကိုယ်သုံးရတာဆိုတော့ ကားနာတယ်ပြောရမယ်။ နေတဲ့နေရာဒေသပေါ်မူတည်ပြီး အချိန်ဇယား (Time Block လို့ခေါ်တယ်) ပေးတာ နည်းတာများတာရှိနိုင်တယ်။ အလုပ်က ၁၀၀ ပဲရှိပြီး လုပ်မယ့်သူက ၁၀၀၀ ရှိနေရင် လုပေတော့ပဲ။ အရင်ရတဲ့သူ ၁၀၀ ကပဲ အလုပ်ချိန်ရလိုက်မှာကိုး။

Amazon မှာ Delivery ပို့ချင်ရင်ဖိုလိုအပ်တဲ့အချက်တွေက
- တရားဝင်အလုပ်လုပ်ခွင့်ကဒ်ပြား EAD ရှိရမယ်။
- သက်တမ်းမလွန်နေတဲ့ ယာဉ်မောင်းလိုင်စင်
- Insurance ရှိကြောင်း သက်သေ
- ကားရဲ့ အမျိုးအစား၊ Model ၊ ခုနှစ်ဘာညာဖြည့်ရမယ်။

ဒီလောက်ပဲလိုတာမို့ အချိန်ပိုင်းအလုပ်တစ်ခုလုပ်ဖို့ လွယ်တယ်လို့ပြောရမယ်။

ဖုန်းနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ https://flex.amazon.com/ ကိုသွားပြီး Amazon Flex App ကို Download လုပ်၊ ဖုန်းထဲမှာ Install ၊

ပြီးရင် ဖောင်ဖြည့်ပြီးစောင့်ရမယ်။ သူတို့ဘက်က လက်ခံလိုက်ရင် Background Check ဘာညာစစ်မယ်။ ပြီးရင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုမောင်းရမယ်။၊ ဘယ်လို ဘေးကင်း လုံခြုံအောင် အထုတ်ပို့ရမယ် စတဲ့ ဗီဒီယိုတွေ ကြည့်ပြီး ပိုက်ဆံစရှာလို့ရပြီ။

ပြဿနာက ဒီအလုပ်ကို လုပ်ချင်တဲ့သူတွေ၊ လုပ်နေတဲ့သူတွေများတော့ အခုမှ စလုပ်မယ်ဆိုရင် Amazon Delivery မောင်းဖို့ ၁ လပဲကြာတာလဲ ဖြစ်နိုင်သလို ၊ ၆ လ လောက်ထိ စောင့်လိုက်ရတာလဲဖြစ်နိုင်တယ်။ ကိုယ်လို လျှောက်ထားတဲ့သူတွေကလဲ ထောင်သောင်းချီနေတာကိုး။ အလုပ်ရသွားလိုက်ရင်တော့ အေးဆေးပါပဲ။ မနက်ခင်းလေးပဲသွားလုပ် တစ်ပတ်ကို ၃ ၊ ၄ ရက်လောက် အချိန်ပိုင်းသွား၊ အပတ်စဉ်ဝင်ငွေလဲမြင်ရနဲ့ အတော်လေး အိုကေတယ်ရယ်။

မယ်ရိုးလုပ်ခဲ့တုန်းက California စျေးနှုန်း က တစ်နာရီကို $23 - $ 27 ပတ်ချာလည်ပေးတယ်။ တစ်နေရာကိုပို့မယ်ဆိုရင် သူပေးတဲ့ နာရီအဆိုင်း (Time Block) ‌တွေက 2 နာရီ၊ ၃ နာရီ၊ ၃ နာရီခွဲ၊ ၄ နာရီ ၊ ၄ နာရီခွဲ စသဖြင့်ရှိတယ်။ ပိုက်ဆံကိုလဲ နာရီပေါ်မူတည်ပြီး အပြည့်တစ်ခါထဲပြထားတယ်။ ပုံထဲမှာ Highlight လုပ်ပြထားတယ်။

ဥပမာ - ၃ နာရီ လုပ်ရမယ့် block မှာ $69 ၊ $72 ၊ $79.50 အစားအစားပြထားတာတွေ့ရလိမ့်မယ်။ အဲဒီပိုက်ဆံပေးတာကွာတာတွေက သွားရမယ့်လမ်းကြောင်းကွဲတာ၊ စျေးပေးနည်းတဲ့ Warehouse က ကြော်ငြာတာ၊ ဒါမှမဟုတ် အရမ်းအရေးကြီးလို့ ပို့မယ့်သူမရှိလို့ စျေးပိုပေးလိုက်တာ။ စတဲ့ အကြောင်းအရင်းကအစုံဖြစ်နိုင်တယ်။

လုပ်နေကြအသားကျသွားရင်တော့ ဒီ Warehouse (ဂိုထောင်) ကတော့ အထုတ်ယူလိုက်ရင် ဟိုးဘက် ၄ မြို့ခြားထိ သွားပို့ရလေ့ရှိတယ်။ ဒီ ဂိုထောင်ကတော့ အစောသွားနိုင်ရင် အထုတ်လေးတွေက အနီးနားပဲပို့ရတတ်တယ်။ ဒီ ဂိုထောင် ကတော့ နောက်ကျမှသွားရင် ပေးစရာအထုတ်မရှိတော့လို့ ပိုက်ဆံအလကားပေးပြီး ပြန်လွှတ်ခံရတာဖြစ်နိုင်တယ်။ စတဲ့အတွေ့အကြုံအစုံရလာပါလိမ့်မယ်။

တစ်နာရီကို ဒီလောက်ရတာ မဆိုးဘူးပြောလို့ရတော့ App ထဲမှာ Time Block ပေါ်လာတာနဲ့ စက္ကန့်ဝက်လောက်နဲ့တင် သူများတွေပဲ ယူသွားပြီး ကိုယ်မရလိုက်တာတွေလဲ ဖြစ်နိုင်တယ်။ IT သမားတွေနဲ့ ပြည့်နေတဲ့ ဒီ Bay Area မှာတော့ Amazon Delivery က ပေးတဲ့ Time Block ယူတာတောင် Bot တွေသုံးပြီးယူကြတယ်။ မဟုတ်ရင် မြင်ကိုမမြင်လိုက်ရဘူး။ အချိန်ပိုင်းရဖို့နေနေသာသာ တစ်ပတ်လုံးတစ်ချိန်မှ မရလိုက်တာတောင် ဖြစ်နိုင်တယ်။

Amazon က ဘယ်လောက်ပဲ တရားမဝင်ပါဘူးပြောပြော Amazon Delivery သမားတွေက Bot တွေဝယ်သုံးကြတယ်။ အပတ်ရှင်း၊ လရှင်းနဲ့ မန်ဘာဝင်ရတာတွေလဲရှိတယ်။ တစ်ပတ်ချင်းပေးပြီးဝယ်ရတာတွေလဲရှိတယ်။ တစ်ပတ်ကို $25 , $50 ပေးရပေမယ့် Bot က မလွတ်စတမ်း ကိုယ်အားမယ့်အချိန်လေးတွေကို ယူထားပေးရင် ကိုယ်ရမယ့်ပိုက်ဆံရဲ့ 5%-10% လောက်ပဲကျတာဆိုတော့ ပေးပျော်တယ်လေ။ အဲဒီ Bot တွေကို မလုပ်တတ်လုပ်တတ်နဲ့လုပ်တာမျိုး၊ ကိုယ်ဝယ်တဲ့ Bot Service က မကောင်းတာနဲ့ Amazon ဘက်ကနေ Bot နဲ့သုံးတာမိသွားတာမျိုးဆို ကိုယ့် Amazon Delivery အကောင့်ပိတ်ခံရထိလဲ ဖြစ်သွားနိုင်တယ်မို့ သတိတော့ထားရတယ်။

ဘယ်လောက်ရလဲ။ ဘယ်လိုပေါ်တာလဲ မြင်ဘူးအောင် မယ်ရိုးလုပ်ခဲ့တုန်းက ပုံလေးတွေကို တွဲထည့်ပေးထားပါတယ်။ အမေရိကန်ကို ရောက်လာလို့ အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုရင် Amazon Delivery က လုပ်လို့အဆင်ပြေတဲ့အလုပ်တစ်ခုထဲမှာပါတာမို့ မယ်ရိုးရဲ့အတွေ့အကြုံလေးကို ဝေမျှလိုက်ပါတယ်ဗျ။

မယ်ရိုး

(6) California အချိန်ပိုလုပ်ခအကြောင်းFull Time လို့ခေါ်တဲ့ တစ်ပတ်ကို နာရီ ၄၀ လုပ်ကြတဲ့ ဝန်ထမ်းတွေမှာ အလုပ်ချိန်နာရီ ၄၀ ထ...
10/19/2024

(6) California အချိန်ပိုလုပ်ခအကြောင်း

Full Time လို့ခေါ်တဲ့ တစ်ပတ်ကို နာရီ ၄၀ လုပ်ကြတဲ့ ဝန်ထမ်းတွေမှာ အလုပ်ချိန်နာရီ ၄၀ ထက်ပိုသွားတဲ့အခါ Overtime အဖြစ်တစ်နာရီကို အချိန်ပိုကြေး 1.5x တစ်ဆခွဲ ရလေ့ရှိပါတယ်။ ဒါပေမယ့်လဲ လူတိုင်းတော့ မရကြပြန်ပါဘူး။

California မှာ the Fair Labor Standards Act (FLSA) နဲ့ state labor laws တွေအရ အချိန်ပိုလုပ်အားခကို ရသင့်သူတိုင်း ရကို ရကြပါတယ်။ California ရဲ့ အချိန်ပိုလုပ်အားခ ဘယ်လိုလူတွေရကြသလဲ။ ဘယ်သူတွေကတော့ မရနိုင်ဘူးလဲဆိုတာတွေကို အောက်မှာ ဆက်ပြီးရှင်းပြထားပါတယ်ဗျ။

ပထမဆုံး သိရမှာက ကိုယ်လုပ်တဲ့အလုပ်က Hourly Employee or Salary လားဆိုတာပါ။ နာရီနဲ့ တွက်ပေးပြီးရတဲ့ တစ်ပတ်ကို နာရီ ၄၀ အလုပ်လုပ်သူဆို Hourly Full Time လို့ခေါ်ပါတယ်။

Full Time Hourly Employee တစ်ယောက်အတွက် California ရဲ့ အချိန်ပိုကြေးတွက်ပုံတွက်နည်းက

တစ်ဆခွဲ (Time and a Half)
- တစ်နေ့ကို ၈ နာရီ ထက်ပိုလုပ်ရရင်
- တစ်ပတ်ကို နာရီ ၄၀ ထက် ပိုလုပ်ရရင်
- အလုပ်လုပ်ရက် ၇ ရက် ဆက်တိုက် (တစ်ပတ်)စာ အတွင်း အချိန်ပိုလုပ်တဲ့ ပထမဆုံး ၈ နာရီ စာ ကို တစ်ဆခွဲရရပါမယ်။

နှစ်ဆ (Double Time)
- တစ်နေ့ကို ၁၂ နာရီ ထက်ပိုလုပ်ရရင်
- အလုပ်လုပ်ရက် ၇ ရက် ဆက်တိုက် (တစ်ပတ်)စာ အတွင်း အချိန်ပိုလုပ်တဲ့ အချိန်စုစုပေါင်း ၈ နာရီ မကပိုခဲ့ရင် ၉ နာရီစာ မြောက်ကို လုပ်အားရဲ့ နှစ်ဆနှုန်းနဲ့ စပြီးတွက်ရပါမယ်။

ပြထားတဲ့ ပုံတွေထဲက ပထမ ပုံ ၂ ပုံကိုကြည့်ပါ။ ‌ပုံ ၂ ခုလုံးက တစ်နာရီဘယ်လောက်ဆိုပြီးရကြတဲ့ Hourly Full Time Employee တွေပါ။

- တစ်ပတ်ကို နာရီ ၄၀ လုပ်ရတယ်။
- ၂ ပတ် တစ်ကြိမ် လခရတယ်။ (နာရီ ၈၀ စာ)
- ပိုတဲ့နာရီတွေအတွက် Overtime 1.5x နဲ့မြှောက်ပြီးပေးတယ်။ ဒုတိယပုံ အဲဒီပုံထဲမှာတောင် Double Time ( နှစ်ဆ) ရသင့်ပါလျက်နဲ့ မရတာကို တွေ့ရနိုင်ပါတယ်။

Hourly Employee တွေပြီးတော့ လခစားတွေရဲ့အလှည့်

လခစားလို့စပြီးပြောလိုက်တာနဲ့ သူတို့က သတ်မှတ်ထားတဲ့ နှစ်ဦးသဘောတူ ညှိနှိုင်းလခ တစ်ခုမှာ ကျေနပ်လက်ခံထားတယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် နာရီဘယ်လောက် လုပ်လုပ် သူတို့ရဲ့လစာကို သွားပြီး သက်ရောက်မှုမရှိဘူး။ ဒါပေမယ့် ခွဲခြားသတ်မှတ်ချက်အရ Exempt (ကင်းလွတ်) နဲ့ Non-Exempt (ကင်းလွတ်ခွင့်မရ) ဆိုပြီး ၂ မျိုးရှိပါတယ်။

ကိုယ်က ဘယ်အုပ်စုထဲမှာ ပါလဲဆိုတာ သိဖို့က နံပါတ်တစ်အရေးကြီးဆုံးအချက်ပါ။ Overtime ရတဲ့ လခစားဝန်ထမ်းဖြစ်ချင်ရင် Non-Exempt ဆိုတဲ့ ဝန်ထမ်းဖြစ်မှ ရပါမယ်။ အပေါ်က Hourly Pay သမားကလဲ Non-Exempt တစ်မျိုးပဲဖြစ်ပါတယ်။

ဘယ်လိုသတ်မှတ်ထားသလဲ။

Non-Exempt လခစားဆိုတဲ့ အချိန်ပိုကြေးရလခစားတစ်ယောက်ဖြစ်ချင်ရင် -
1. အချိန်ပြည့် Full Time လုပ်သူတစ်ယောက်အတွက် California ရဲ့ သတ်မှတ်အနည်းဆုံးလစာရဲ့ နှစ်ဆထိ မရှိရဘူး။
2. အလုပ်ရှင်မှာ ဝန်ထမ်း 25 ယောက်မပိုရဘူး
3. လုပ်တဲ့အလုပ်က managerial, executive, or high-level technical jobs ဆိုရင်လဲ မရနိုင်ဘူး။

ဘယ်လိုအလုပ်လုပ်သလဲဆိုတာပေါ်မှာမူတည်ပြီး Exempt, Non-Exempt ကကွဲနေမှာပါပဲ။ ဥပမာ- စက်ရုံမှာလုပ်တယ်။ ဝန်ထမ်းတွေက Non-Exempt အဖြစ်နဲ့ Overtime ရနေပေမယ့် Manager ကတော့ အချိန်ပိုဘယ်လောက်လုပ်လုပ် လခမရတဲ့ Exempt ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်လဲ မူတည်ပြီး ဘယ်လောက်လစာမှာ စပြီး Exempt ဖြစ်တယ်။ ဘယ်လိုအသက်မွေးဝမ်းကြောင်းဆို Non-Exempt ဆိုပြီး သတ်မှတ်တာတွေလဲမတူနိုင်ပြန်ဘူး။ မီးဆရာ၊ လက်သမား၊ ဆောက်လုပ်ရေး၊ ကောင်တာငွေရှင်းသူ၊ စာရေးမ၊ စက္ကထရီ၊ လိုင်စင်ရနာစ့် စတဲ့ လုပ်ငန်းတွေလုပ်သူတွေကို Non-Exempt အဖြစ်သတ်မှတ်တယ်လို့သိရတယ်။

သေချာတာကတော့ Software Engineer တွေ၊ မန်နေဂျာတွေ၊ ကျွမ်းကျင်တဲ့ ပညာရှင်ရာထူးတွေကတော့ Exempt ဖြစ်ဖို့များပါတယ်။ Discretion and Independent Judgment (အချိန်နဲ့လုပ်ရတာမဟုတ်ဘဲ အခြေအနေအချိန်အခါပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိသူ) တွေဖြစ်တဲ့အတွက် ကိုယ့်အချိန်ကို သတ်မှတ်သူများလို့ ခေါ်လို့ရတဲ့သူတွေပါတဲ့။

California computer professional တွေကတော့ Jan 1 2025 ကစပြီး တစ်နှစ်ကို အနည်းဆုံး $118,657.43 annually ($9,888.13 monthly) or တစ်နာရီ $56.97 ထိရမှသာ အချိန်ပိုကြေးမရမှာပါ။ အဲဒီအောက်ဆို ရပါမယ်ဆိုပြီး Oct 14 2024 က ထုတ်ပြန်ချက်အရ Exempt ဖြစ်မယ့် လစာ ဘားတန်းကို ဆွဲမြင့်လိုက်ပါတယ်။ မဆိုးဘူးလို့ပြောလို့ရတာပေါ့လေ။

တခြားအသက်မွေးဝမ်းကြောင်းအများစုအတွက်ကတော့ လက်ရှိ 2024 ခုနှစ် မှာ တစ်လကို $5373.33 ရသူ (တစ်နှစ်စာ $64,480) ထက်ပိုရတဲ့သူဖြစ်တာနဲ့ အဲဒီဝန်ထမ်းကို Exempt လို့စခေါ်တယ်။ ဘယ်လောက်လုပ်လုပ် အချိန်ပိုကြေးမရတဲ့ လခစား စဖြစ်သွားပြီလို့ဆိုပါတယ်။ တစ်ချို့ အသက်မွေးကြောင်းတွေမှာလဲ ကွန်ပျူတာသမားတွေလို သက်ဆိုင်ရာ Exemption သတ်မှတ်ချက်တွေရှိနိုင်ပါတယ်။

အကြမ်းဖျဉ်းပြောရမယ်ဆိုရင် ပညာအရမ်းတတ်ရင်၊ လစာအများကြီးရရင်၊ ဝန်ထမ်းတွေအများကြီးနဲ့ကုမ္ပဏီကြီးမှာ လုပ်ရင် အချိန်ကြေးမမျှော်လင့်နဲ့ ဆိုတဲ့သဘောပါပဲ။

အနှစ်ချုပ်အားဖြင့် ကိုယ့်မှာ အချိန်ပိုတွေလဲ လုပ်နေရတယ်။ လစာတော့များနေပေမယ့် ကိုယ့် Profession က Non-Exempt ထဲပါသင့်တယ်လို့လဲထင်တယ်။ Classification မှားလုပ်ခံထားရတယ်ထင်တယ် HR ကိုသွားစကားပြောပါ။ အမှန်တကယ် တတ်ကျွမ်းနားလည်သူနဲ့ ဆွေးနွေးပါ။

မယ်ရိုး
Oct 19 2024 (7:50 am)

(6) California အချိန်ပိုလုပ်ခအကြောင်းFull Time လို့ခေါ်တဲ့ တစ်ပတ်ကို နာရီ ၄၀ လုပ်ကြတဲ့ ဝန်ထမ်းတွေမှာ အလုပ်ချိန်နာရီ ၄၀ ထ...
10/19/2024

(6) California အချိန်ပိုလုပ်ခအကြောင်း

Full Time လို့ခေါ်တဲ့ တစ်ပတ်ကို နာရီ ၄၀ လုပ်ကြတဲ့ ဝန်ထမ်းတွေမှာ အလုပ်ချိန်နာရီ ၄၀ ထက်ပိုသွားတဲ့အခါ Overtime အဖြစ်တစ်နာရီကို အချိန်ပိုကြေး 1.5x တစ်ဆခွဲ ရလေ့ရှိပါတယ်။ ဒါပေမယ့်လဲ လူတိုင်းတော့ မရကြပြန်ပါဘူး။

California မှာ the Fair Labor Standards Act (FLSA) နဲ့ state labor laws တွေအရ အချိန်ပိုလုပ်အားခကို ရသင့်သူတိုင်း ရကို ရကြပါတယ်။ California ရဲ့ အချိန်ပိုလုပ်အားခ ဘယ်လိုလူတွေရကြသလဲ။ ဘယ်သူတွေကတော့ မရနိုင်ဘူးလဲဆိုတာတွေကို အောက်မှာ ဆက်ပြီးရှင်းပြထားပါတယ်ဗျ။

ပထမဆုံး သိရမှာက ကိုယ်လုပ်တဲ့အလုပ်က Hourly Employee or Salary လားဆိုတာပါ။ နာရီနဲ့ တွက်ပေးပြီးရတဲ့ တစ်ပတ်ကို နာရီ ၄၀ အလုပ်လုပ်သူဆို Hourly Full Time လို့ခေါ်ပါတယ်။

Full Time Hourly Employee တစ်ယောက်အတွက် California ရဲ့ အချိန်ပိုကြေးတွက်ပုံတွက်နည်းက

တစ်ဆခွဲ (Time and a Half)
- တစ်နေ့ကို ၈ နာရီ ထက်ပိုလုပ်ရရင်
- တစ်ပတ်ကို နာရီ ၄၀ ထက် ပိုလုပ်ရရင်
- အလုပ်လုပ်ရက် ၇ ရက် ဆက်တိုက် (တစ်ပတ်)စာ အတွင်း အချိန်ပိုလုပ်တဲ့ ပထမဆုံး ၈ နာရီ စာ ကို တစ်ဆခွဲရရပါမယ်။

နှစ်ဆ (Double Time)
- တစ်နေ့ကို ၁၂ နာရီ ထက်ပိုလုပ်ရရင်
- အလုပ်လုပ်ရက် ၇ ရက် ဆက်တိုက် (တစ်ပတ်)စာ အတွင်း အချိန်ပိုလုပ်တဲ့ အချိန်စုစုပေါင်း ၈ နာရီ မကပိုခဲ့ရင် ၉ နာရီစာ မြောက်ကို လုပ်အားရဲ့ နှစ်ဆနှုန်းနဲ့ စပြီးတွက်ရပါမယ်။

ပြထားတဲ့ ပုံတွေထဲက ပထမ ပုံ ၂ ပုံကိုကြည့်ပါ။ ‌ပုံ ၂ ခုလုံးက တစ်နာရီဘယ်လောက်ဆိုပြီးရကြတဲ့ Hourly Full Time Employee တွေပါ။

- တစ်ပတ်ကို နာရီ ၄၀ လုပ်ရတယ်။
- ၂ ပတ် တစ်ကြိမ် လခရတယ်။ (နာရီ ၈၀ စာ)
- ပိုတဲ့နာရီတွေအတွက် Overtime 1.5x နဲ့မြှောက်ပြီးပေးတယ်။ ဒုတိယပုံ အဲဒီပုံထဲမှာတောင် Double Time ( နှစ်ဆ) ရသင့်ပါလျက်နဲ့ မရတာကို တွေ့ရနိုင်ပါတယ်။

Hourly Employee တွေပြီးတော့ လခစားတွေရဲ့အလှည့်

လခစားလို့စပြီးပြောလိုက်တာနဲ့ သူတို့က သတ်မှတ်ထားတဲ့ နှစ်ဦးသဘောတူ ညှိနှိုင်းလခ တစ်ခုမှာ ကျေနပ်လက်ခံထားတယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် နာရီဘယ်လောက် လုပ်လုပ် သူတို့ရဲ့လစာကို သွားပြီး သက်ရောက်မှုမရှိဘူး။ ဒါပေမယ့် ခွဲခြားသတ်မှတ်ချက်အရ Exempt (ကင်းလွတ်) နဲ့ Non-Exempt (ကင်းလွတ်ခွင့်မရ) ဆိုပြီး ၂ မျိုးရှိပါတယ်။

ကိုယ်က ဘယ်အုပ်စုထဲမှာ ပါလဲဆိုတာ သိဖို့က နံပါတ်တစ်အရေးကြီးဆုံးအချက်ပါ။ Overtime ရတဲ့ လခစားဝန်ထမ်းဖြစ်ချင်ရင် Non-Exempt ဆိုတဲ့ ဝန်ထမ်းဖြစ်မှ ရပါမယ်။ အပေါ်က Hourly Pay သမားကလဲ Non-Exempt တစ်မျိုးပဲဖြစ်ပါတယ်။

ဘယ်လိုသတ်မှတ်ထားသလဲ။

Non-Exempt လခစားဆိုတဲ့ အချိန်ပိုကြေးရလခစားတစ်ယောက်ဖြစ်ချင်ရင် -
1. အချိန်ပြည့် Full Time လုပ်သူတစ်ယောက်အတွက် California ရဲ့ သတ်မှတ်အနည်းဆုံးလစာရဲ့ နှစ်ဆထိ မရှိရဘူး။
2. အလုပ်ရှင်မှာ ဝန်ထမ်း 25 ယောက်မပိုရဘူး
3. လုပ်တဲ့အလုပ်က managerial, executive, or high-level technical jobs ဆိုရင်လဲ မရနိုင်ဘူး။

ဘယ်လိုအလုပ်လုပ်သလဲဆိုတာပေါ်မှာမူတည်ပြီး Exempt, Non-Exempt ကကွဲနေမှာပါပဲ။ ဥပမာ- စက်ရုံမှာလုပ်တယ်။ ဝန်ထမ်းတွေက Non-Exempt အဖြစ်နဲ့ Overtime ရနေပေမယ့် Manager ကတော့ အချိန်ပိုဘယ်လောက်လုပ်လုပ် လခမရတဲ့ Exempt ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်လဲ မူတည်ပြီး ဘယ်လောက်လစာမှာ စပြီး Exempt ဖြစ်တယ်။ ဘယ်လိုအသက်မွေးဝမ်းကြောင်းဆို Non-Exempt ဆိုပြီး သတ်မှတ်တာတွေလဲမတူနိုင်ပြန်ဘူး။ မီးဆရာ၊ လက်သမား၊ ဆောက်လုပ်ရေး၊ ကောင်တာငွေရှင်းသူ၊ စာရေးမ၊ စက္ကထရီ၊ လိုင်စင်ရနာစ့် စတဲ့ လုပ်ငန်းတွေလုပ်သူတွေကို Non-Exempt အဖြစ်သတ်မှတ်တယ်လို့သိရတယ်။

သေချာတာကတော့ Software Engineer တွေ၊ မန်နေဂျာတွေ၊ ကျွမ်းကျင်တဲ့ ပညာရှင်ရာထူးတွေကတော့ Exempt ဖြစ်ဖို့များပါတယ်။ Discretion and Independent Judgment (အချိန်နဲ့လုပ်ရတာမဟုတ်ဘဲ အခြေအနေအချိန်အခါပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိသူ) တွေဖြစ်တဲ့အတွက် ကိုယ့်အချိန်ကို သတ်မှတ်သူများလို့ ခေါ်လို့ရတဲ့သူတွေပါတဲ့။

California computer professional တွေကတော့ Jan 1 2025 ကစပြီး တစ်နှစ်ကို အနည်းဆုံး $118,657.43 annually ($9,888.13 monthly) or တစ်နာရီ $56.97 ထိရမှသာ အချိန်ပိုကြေးမရမှာပါ။ အဲဒီအောက်ဆို ရပါမယ်ဆိုပြီး Oct 14 2024 က ထုတ်ပြန်ချက်အရ Exempt ဖြစ်မယ့် လစာ ဘားတန်းကို ဆွဲမြင့်လိုက်ပါတယ်။ မဆိုးဘူးလို့ပြောလို့ရတာပေါ့လေ။

တခြားအသက်မွေးဝမ်းကြောင်းအများစုအတွက်ကတော့ လက်ရှိ 2024 ခုနှစ် မှာ တစ်လကို $5373.33 ရသူ (တစ်နှစ်စာ $64,480) ထက်ပိုရတဲ့သူဖြစ်တာနဲ့ အဲဒီဝန်ထမ်းကို Exempt လို့စခေါ်တယ်။ ဘယ်လောက်လုပ်လုပ် အချိန်ပိုကြေးမရတဲ့ လခစား စဖြစ်သွားပြီလို့ဆိုပါတယ်။ တစ်ချို့ အသက်မွေးကြောင်းတွေမှာလဲ ကွန်ပျူတာသမားတွေလို သက်ဆိုင်ရာ Exemption သတ်မှတ်ချက်တွေရှိနိုင်ပါတယ်။

အကြမ်းဖျဉ်းပြောရမယ်ဆိုရင် ပညာအရမ်းတတ်ရင်၊ လစာအများကြီးရရင်၊ ဝန်ထမ်းတွေအများကြီးနဲ့ကုမ္ပဏီကြီးမှာ လုပ်ရင် အချိန်ကြေးမမျှော်လင့်နဲ့ ဆိုတဲ့သဘောပါပဲ။

အနှစ်ချုပ်အားဖြင့် ကိုယ့်မှာ အချိန်ပိုတွေလဲ လုပ်နေရတယ်။ လစာတော့များနေပေမယ့် ကိုယ့် Profession က Non-Exempt ထဲပါသင့်တယ်လို့လဲထင်တယ်။ Classification မှားလုပ်ခံထားရတယ်ထင်တယ် HR ကိုသွားစကားပြောပါ။ အမှန်တကယ် တတ်ကျွမ်းနားလည်သူနဲ့ ဆွေးနွေးပါ။

မယ်ရိုး
Oct 19 2024 (7:50 am)

အမေရိကန် DV ကံစမ်းမဲDiversity Visa (DV) ဆိုတာ မတူကွဲပြားသောနိုင်ငံတွေကလူတွေ အမေရိကန်နိုင်ငံကို ရောက်ရှိနေထိုင်ခွင့် ရရှိ...
10/15/2024

အမေရိကန် DV ကံစမ်းမဲ

Diversity Visa (DV) ဆိုတာ မတူကွဲပြားသောနိုင်ငံတွေကလူတွေ အမေရိကန်နိုင်ငံကို ရောက်ရှိနေထိုင်ခွင့် ရရှိနိုင်ရန် အခွင့်အလမ်းအဖြစ် ကမ္ဘာတစ်ဝှမ်း(ခွင့်ပြုနိုင်ငံများမှ) လူများ ကံစမ်းပြီး အမေရိကန်ကို ဝင်ရောက်တဲ့ ထီလက်မှတ်အစီအစဉ်မျိုးပါ။

DV မဲပေါက်တယ်ဆိုတာ ကွန်ပျူတာ Algorithm သုံးပြီး ကျပန်းရွေးချယ်ပုံစံမဲနှိုက်တာမျိုးပါ။ မဲပေါက်တဲ့စာရင်းတွေထဲ ကိုယ့်နာမည်ပါရင် မဲပေါက်တယ်။ မပါရင် နောက်နှစ်မှ ကံစမ်းပါဆိုတာမျိုးပါ။ တကယ်ကိုကံတရားကနေပဲ အမေရိကန်ကိုရောက်အောင် ပို့လိုက်တာလို့ပြောလို့ရတယ်ရယ်။

DV 2026 လျှောက်လွှာ တင်ရမည့်ရက်များ
Oct 2 2024 -> Nov 5 2024

၁၂ နှစ် ၁၃ နှစ်လောက်ဆက်တိုက် ကံစမ်းတဲ့သူတွေတွေ့ဖူးသလို၊ တစ်ခါပဲတင်လိုက်ပြီး တစ်နှစ်ထဲနဲ့ ပေါက်တဲ့သူတွေလဲ တွေ့ဖူးတယ်။ ဘယ်သူကတော့ ပေါက်စေဆိုပြီး ပေါက်နိုင်စွမ်းကိုတိုးမြှင့်နိုင်မယ့် အခွင့်အလမ်းမျိုးလုံး၀မရှိပါဘူး။ ဘယ်သူမဆို တစ်ယောက်လျှောက် တစ်ယောက်ပဲ ရွေးချယ်ခံရပါမယ်။ အသက် ၂၁ နှစ်အောက် လက်မထပ်ရသေးတဲ့ကလေးတွေကတော့ တစ်ယောက်ထဲလဲ တစ်စောင်လျှောက်၊ အမေနဲ့ ၁ စောင်၊ အဖေနဲ့ ၁ စောင်တွဲလျှောက်ရင်တော့ ထီလက်မှတ် ၃ စောင်ရနိုင်တာပေါ့လေ။

DV 2026 လျှောက်ရင် လိုမယ့်အချက်အလက်တွေက -

🪴နာမည် (မွေးစာရင်းအတိုင်း)
🪴မွေးနေ့
🪴မွေးရာမြို့
🪴လက်ရှိနေရပ်လိပ်စာ
🪴အီးမေးလ်လိပ်စာ
🪴ဖုန်းနံပါတ်
🪴ပညာအရည်အချင်း (၁၀ တန်းအောင်ဖြစ်ရမည်)
🪴အိမ်ထောင်ရှိ/မရှိ နှင့် ကလေးအရေအတွက် (ရှိပါက)

မိသားစုလိုက် လျှောက်ထားရင်တော့ မိသားစုအချက်အလက်ပါ ထပ်ဖြည့်ရပါမယ်ဗျ။ ပုံလေးတွေကို ကြည့်ပြီးအဲ့အတိုင်းလေး လျှောက်လို့ရပါတယ်။ လောလောဆယ်လိုတာက ဓာတ်ပုံပဲသေချာလိုတာ။ ပတ်စ်ပိုစ့်တောင် တင်စရာမလိုဘူးရယ်။

တင်ရန်ဝဘ်ဆိုဒ် https://dvprogram.state.gov ကို သွားပြီး

ပုံတွေထဲမှာပြထားတာတွေကို အတိုင်းလေး ထည့်လိုက်ပြီး Confirm နှိပ်လိုက်ရုံနဲ့ လျှောက်ပြီးသားဖြစ်သွားပါပြီ။ နောက်တစ်ခုက အခုလို လျှောက်ထားတဲ့အချိန်မှာတော့ ပိုက်ဆံတစ်ကျပ်မှမကုန်ပေမယ့် စာရွက်စာတမ်းတွေ ပြင်ဆင်တဲ့စရိတ်၊ ဗီဇာကြေး၊ ဆေးစစ်ခ၊ အင်တာဗျူး၊ စတဲ့ ကုန်ကျစရိတ်ပေါင်းများစွာ နောက်ပိုင်းမှာရှိပါလိမ့်မယ်။ ဥပမာပြောရရင် ခရီးသွားချင်မှတော့ ကားလက်မှတ်ဖိုး၊ လမ်းမှာစားဖို့ နားဖို့၊ ရောက်ရင် တည်းမယ့်ဟိုတယ်၊ ခရီးအသုံးစရိတ် နည်းနည်းပါးပါးတော့ ပါမှ ခရီးသွားလို့ရမှာမလား။

ဒီခရီးက ထီပေါက်ပြီး အမေရိကန်နိုင်ငံသားဖြစ်မယ့် အခွင့်အရေးမျိုးမို့ ကုန်ကျစရိတ်ကလဲ ကုန်ရကျိုးနပ်မှာပါ။

DV လျှောက်တယ်ဆိုတာက ဖောင်လေး ထပ်လိုက်ရုံပါပဲ။ အလွယ်ဆုံးအဆင့်ပါ။ ပေါက်သွားပြီးကျမှ ဆေးစစ်ခြင်း၊ စာရွက်စာတမ်းများစုခြင်းနှင့် အင်တာဗျူးဝင်ခြင်း စတာတွေကို ဆက်လုပ်ရပါမယ်။ DV မဲ ပေါက်ခဲ့ပြီး ပေါက်မဲနံပါတ်နောက်ဖက်ရောက်လို့ ဗီဇာဝင်ဖို့မမီလိုက်တဲ့သူတွေလဲ ရှိတာမို့ တကယ်ကို ကံတရားလို့ပြောချင်တာပါ။

ရောက်တာမရောက်တာ သူတို့ကိစ္စ ကံစမ်းရမှာ ကိုယ့်အလုပ်မလား...

DV 2026 အတွက် လျှောက်ထားခွင့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ သတ်မှတ်ထားတာမို့ အမျိုးတို့ရေ လျှောက်ရင် မီသေးတယ်ဗျို့။

မယ်ရိုး
Oct 14 2024 (10:39 pm)

10/10 မယ်ရိုးအသက်က 2025 Jan ဆို အသက် ၃၃ ပြည့်တော့မယ်။ ဘ၀ ကို အသက် ၁၀၀ လို့တွက်ရင် ၃ ပုံတစ်ပုံ ကျော်ခဲ့ပြီ။ အတွေ့အကြုံတွေ...
10/10/2024

10/10

မယ်ရိုးအသက်က 2025 Jan ဆို အသက် ၃၃ ပြည့်တော့မယ်။ ဘ၀ ကို အသက် ၁၀၀ လို့တွက်ရင် ၃ ပုံတစ်ပုံ ကျော်ခဲ့ပြီ။ အတွေ့အကြုံတွေ၊ ဒုက္ခတွေ ၊ သင်ခန်းစာတွေလဲ အတော်လေး စုံတယ်ပြောလို့ရပြီ။
မယ်ရိုးအတွက်တော့ အသက်ကြီးလာတယ်ဆိုတာ တာဝန်တွေပိုယူတတ်လာရမယ်။ ကိုယ့်တာဝန်က နောက်ကလိုက်လာမယ့်သူတွေ၊ နောက်မျိုးဆက်တွေအတွက် ဝေမျှပေးရမယ်။ လမ်းဖောက်ပေးရမယ်။ ဒါက ရှေ့ လူတွေရဲ့အလုပ်၊ ဖြတ်သန်းလာတဲ့ လမ်းကြောင်းကို မဝေမျှရင် တာဝန်မကျေတာပဲလို့ ခံယူထားတာ။

အရင်လက အမေရိကန်ကိုရောက်တာ ၃ နှစ်ပြည့်တယ်။ ဘ၀တစ်ခုကို အသစ်ကနေပြန်စတဲ့ရက်က မွေးနေ့ဆိုရင် အမေရိကန်မှာ ၃ နှစ်သမီးတော့ ဖြစ်လာပြီ။ တွားသွားခဲ့တဲ့ရက်တွေ၊ နို့ဆာတဲ့ကလေးငယ်လေး ငိုနေတာကို ဘယ်သူကမှ နားမလည်ခဲ့တဲ့အချိန်တွေ၊ လေနာလို့ မနားစတမ်းအော်ငိုနေလဲ ပုခုံးပေါ်တင်ပြီး ချော့သိပ်မယ့်သူမရှိတဲ့နေ့ရက်တွေ၊ လမ်းလျှောက်ဖို့ ကြိုးစားနေရင်း တဒိုင်းဒိုင်း ချော်လဲခဲ့တဲ့ရက်တွေကို ကျော်ဖြတ်လာနိုင်ခဲ့ပြီပြောရမှာပေါ့။
အကူအညီမရှိ ဘ၀တစ်ခုကို အစက စရတယ်ဆိုတာ တကယ်ကိုမလွယ်တာရယ်၊ ခုနက ဥပမာလိုပြန်ပြောရရင် မိဘမဲ့ ၃ နှစ်သားလိုမျိုး ကြီးပြင်းရတယ်ပြောရမယ်။

ထွက်မလာခင်တုန်းက သူများရေးတဲ့စာတွေရှာဖတ်ပြီး လေ့လာရတယ်။ ရောက်လာတော့လဲ အမေရိကန်ရဲ့ ဘ၀တစ်ခုကို စဖို့ လမ်းကြောင်းတွေ ရှာဖွေရတယ်။ ကြိုးစားပြီး စမ်းတဝါးဝါးလျှောက်ကြည့်တယ်။ ဒီမှာ ဘယ်ကစရမလဲ။ ဘ၀ကို ဘယ်လိုဖြတ်သန်းရုန်းကန်ရမလဲ။ ဒီမှာ ဘယ်လိုရှင်သန်ရမလဲ။
ကံတရား မျက်နှာသာပေးတာခံရတဲ့သူတွေ၊ မိဘအိမ်က တတ်နိုင်သူတွေအတွက် လွယ်ကူသွားတာတွေ မြင်ရသလို၊ ကိုယ်လိုသူလို လိမ်ဖယ်ဖယ်နဲ့ အိမ်လခပေးနိုင်ဖို့ ကြိုးစားနေတဲ့သူတွေကလဲ အပုံအပင်ပဲရယ်။

စာပြန်ရေးဖို့ ကြိုးစားပေမယ့် ရှေ့ ၃ နှစ်တုန်းက ကိုယ်တိုင်လမ်းပျောက်နေတာမို့ ဘယ်သူ့ကိုမှ လမ်းမပြနိုင်ခဲ့ဘူး။ ကိုယ်တိုင် လေးဘက်တွားသွားနေရတုန်းမှာ ဒါက ငါမြင်ရတဲ့ မြင်ကွင်းလို့ ရေးပြရင်လဲ မြေကြီးအကြောင်းပဲ ရေးစရာရှိတယ်။ ကိုယ်မြင်နေရတာကိုက မြေကြီးပဲ မြင်နေရတာကိုး။ အခုတော့ လျှောက်ချင်တဲ့ မြင်ကွင်းတစ်ခုလဲ ရှင်းရှင်းလင်းလင်းစမြင်လာပြီဆိုတော့ စရေးနိုင်ပြီ။

ဒီစာကနေစပြီး ၁၀ ရက်တိတိ အကြောင်းအရာ ၁၀ ခုရေးမယ်လို့ စဉ်းစားထားတယ်။ လက်ရှိစာရေးနိုင်နေတုန်း ၁၀ ပုဒ်စာပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး။ ရေးမှာက ကိုယ့်အကြောင်း၊ ကိုယ့်အတွေ့အကြုံတွေပါပဲ။ သင်ခန်းစာရမယ်လို့လဲ အာမမခံပါဘူး။ တိုက်ဆိုင်ရင်တော့ ယူသုံးသွားလို့ရတာပေါ့။ တိုင်းပြည်အပြင်ကနေပြီး ငိုပြ၊ ညည်းပြချင်တာလဲမဟုတ်ဘူး။ ကိုယ့်အတွက် မှတ်တမ်းတစ်ခုလဲ ကျန်ခဲ့စေချင်တယ်။ မယ်ရိုးကိုချစ်ကြတဲ့ အမျိုးတွေကိုလဲ ပြောပြမယ်ဆိုတဲ့ စာကြွေးတွေ ဆပ်ပြီးဖြစ်တယ်။

အဓိကကတော့ မြန်မာပြည်ရဲ့ အပြင်ကို စပြီးထွက်လာတဲ့၊ ထွက်မယ်လုပ်နေတဲ့သူတွေ ၊ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံကနေ ထွက်လာတဲ့အခါ တိုင်းတပါးမှာအခက်အခဲတွေရင်ဆိုင်ရတဲ့အခါ ဒီဒုက္ခပင်လယ်ကြီးထဲမှာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အတွေးလေးတစ်ခုဝင်လာရင်ကို ကျေနပ်ပါပြီ။
မနက်ဖြန် ဒီလိုအချိန်ကျ နောက်စာတစ်ပုဒ်နဲ့ ပြန်ဆုံမယ်နော်။ 😍

မယ်ရိုး
Oct 10 2024 - 12:30 am

အစကတော့ Celebrity Home Tour သွားမလို့လူကြီး $55 ‌တဲ့။ အိမ်ကြည့်ရမယ့် Cele စာရင်းထဲက လူတွေက ကိုယ်သိတာ ၃ ယောက်လားပါတယ်။ ဘယ...
11/16/2022

အစကတော့ Celebrity Home Tour သွားမလို့

လူကြီး $55 ‌တဲ့။

အိမ်ကြည့်ရမယ့် Cele စာရင်းထဲက လူတွေက ကိုယ်သိတာ ၃ ယောက်လားပါတယ်။ ဘယ်သူတွေလဲ ဘာညာနဲ့ Google ရှာကြည့်တော့ ပုံ ၁ ထဲကလို အဲ့အိမ်တွေက Cele အိမ်တွေ။ အပြာလေးက လက်ရှိတည်းတဲ့ ဟိုတယ်။

အဲတော့မှ ဟိုတယ်လာတဲ့ လမ်းတစ်လျှောက် မြင်ခဲ့တဲ့ အိမ်အကြီးကြီးတွေ မိုက်လိုက်တာဆိုပြီး ငေးလာခဲ့တာတွေမှန်းသိတော့တယ်။ Cele အိမ်ဆိုတာလဲ သာမန်အိမ်ပါပဲ။ သစ်ပင်တွေ အထပ်ထပ်နဲ့ကာထားတဲ့ အပင်တံတိုင်းတွေက ခပ်များများရယ်။ (ကားနဲ့ဖြတ်တုန်းရိုက်ထားတဲ့ အိမ်ပုံတွေတော့ ထည့်ထားပေးတယ်။ ဘယ်သူနေလဲမသိတဲ့ သာမန်လူနေအိမ်တွေပါပဲ။ 😁)

Tom Cruise လောက်၊ Marvel Universe က Actors တွေလောက်ပဲသိတဲ့ မယ်ရိုးနဲ့ ဒီ Tour နဲ့ ဘယ်လိုမှမဖြစ်

မယ်ရိုးသိတဲ့ နာမည်ကြီးမင်းသားမင်းသမီးကလဲ လုံခြုံရေးအထပ်ထပ်နဲ့ ကားမှန်အမည်းကြီးနဲ့ ဘာမှတွေ့ရမယ်မထင်

တခြား Cele တွေကျတော့လဲ လမ်းမှာ ဝင်တိုက်ရင်တောင် Cele မှန်းသိမှာမဟုတ်။ နာမည်ကြီးဆိုတဲ့ Kardashian မိသားစု တောင် ဖြောင့်အောင်မသိဘူးရယ် 😅

နောက်ပြီး သူ့ tour က မယ်ရိုး အခုလက်ရှိတည်းနေတဲ့ ဟိုတယ်တောင်ပါလိုက်သေး။ ဒီဟိုတယ်က 1930 ခုနှစ်တွေကတည်းက သမိုင်းဝင်‌နေရာတဲ့။ ဟောလိဝုဒ်ရဲ့ အနိမ့်အမြင့်အတက်အကျအားလုံးမှာ ပါခဲ့တယ်ဆိုပဲ။
အဲဒါကြောင့် ဘာမှမဟုတ်ဘဲ အသေဈေးကြီးတာနေမယ်။

ကိုယ်ရောက်နေတဲ့နားကနေရာတွေပဲဖြစ်တာရော၊ အပြင်ကနေ ကားနဲ့ပတ်တာကတော့ ဘာမှမမြင်ရနိုင်တာနဲ့ $55 အဆုံးမခံတော့ဘူး။ နောက်မှ အဲ့အိမ်တွေရဲ့ Landscaping ကြည့်ဖို့ ပိုက်ဆံစုပြီး Helicopter Tour နဲ့ပဲ သွားလည်တော့မယ်စဉ်းစားလိုက်တော့တယ်။ ဈေးကြီးပေမယ့် အဲဒါကမှ လှဦးမယ်။

သွားချင်တဲ့သူတွေအတွက်ကတော့
Cele home tour တွေ အများကြီးရှိတဲ့ထဲ မယ်ရိုး ရှာဖတ်ထားသလောက်က Celebrity Gossip တွေ နာမည်ကြီးတဲ့ TMZ ရဲ့ Tour နဲ့ BigBus Tour နှစ်ခုက အဆင်ပြေတယ်ပြောကြတယ်။

တစ်ယောက် $55 ပဲ။ ဒီထက်သက်သာတာတွေတော့တွေ့တယ်။ ဘယ်တွေသွားတယ် ဘာညာနေရာတော့လျော့တယ်ထင်တယ်။ သူတို့ပို့ပေးမယ့်နေရာတွေတော့ သေချာဖတ်မှရမှာ။ တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူး။

ရုပ်ရှင် ဂျပိုးတွေရဲ့ အိပ်မက်နေရာကို ရောက်ခဲ့ရင် ပျော်ရွှင်ကြပါစေဗျာ။

မယ်ရိုး
Nov 16 2022 (8:00 am)

Cartier, Gucci, Balenciaga, Montblanc, Alexander McQueen ဆိုတာ Kering ဆိုတဲ့ ကုမ္ပဏီတစ်ခုထဲက ရောင်းတာတဲ့။ သူနဲ့အပြိုင်တခ...
11/16/2022

Cartier, Gucci, Balenciaga, Montblanc, Alexander McQueen ဆိုတာ Kering ဆိုတဲ့ ကုမ္ပဏီတစ်ခုထဲက ရောင်းတာတဲ့။ သူနဲ့အပြိုင်တခြား ကုမ္ပဏီအကြီးက Luxottica ဆိုတဲ့ Ray-Ban Group ရှိတယ်။

ဒီမှာ ဈေးရောင်းတဲ့ပုံက မြန်မာမှာလို ပါပဲ။ ပွဲဖိတ်တယ်။
ဒီနှစ်အသစ်ထွက်တဲ့ဟာတွေပါ တစ်ခုချင်းကြည့်ပါဆိုပြီး စားပွဲခုံနဲ့ထိုင်ပြတော့တာပဲ။

မလာခင်ကတည်းက ဘယ်နှစ်လက်တော့ဝယ်ပါဆိုပြီး promise အရင်ပေးမှ ဖိတ်တာဆိုပဲ။ မယ်ရိုးသူငယ်ချင်းရဲ့ဆိုင်ကတော့ $30000 ဖိုး ဝယ်မယ်လို့ကတိပေးခဲ့ပြီး ဝယ်နေတာပဲ။

မျက်မှန်အလက် အရေတွက် ရာချီကို တစ်လက်ချင်းကိုင်ကြည့်၊ code တစ်ခုချင်းမှတ်နဲ့ ထိုင်ရောင်းကြတာဗျ။

မယ်ရိုးတို့ မျက်မှန်ရောင်းတုန်းကတော့ တရုတ်စက်ရုံကနေ အစီးလိုက် အရောင်စုံ ‌သားရေကွင်းစီးပြီးလာတာပဲ။ 🤣

ဈေးမှ မတူတာ၊ Brand ဆိုတော့လဲ အထာကျကျ ရောင်းတဲ့သဘော။

သူတို့က ဒီလို‌စားပွဲနဲ့ထိုင်ရောင်းဖို့ Berverly Hills ရဲ့ Historical 5 stars ဟိုတယ် မှာ အခန်းတစ်ခန်း တစ်ညစာငှားပြီးဖိတ်တယ်။ အခန်းခက တစ်ညကို $1400 ပတ်ချာလည်၊ တခြား $2800 ကျော် ရှိတဲ့အခန်းတွေလဲရှိတယ်ဆိုပဲ။ (သူ့တစ်ညစာ အခန်းခက မယ်ရိုးတို့လက်ရှိ‌နေတဲ့ အခန်းရဲ့ အခန်းခ တစ်လစာထက်တောင် များသေး)

ဈေးကြီးတဲ့ဟော်တယ်ကြီးငှားပြီး ရွှေကပ်ထားတဲ့မုန့်‌တွေ၊ အတို့အမြှုပ်နဲ့တူတဲ့ အရွက်စုံဗန်းကြီးရယ်၊ ချိစ်အစုံရယ်၊ ရှန်ပိန်တွေ၊ တခြားသောက်စရာတွေနဲ့ ဧည့်ခံပြီး ချည်ပြီးတုတ်ပြီး ရောင်းတာပါပဲ။

မြန်မာက ကုမ္ပဏီတွေထက် သာတာတော့ တစ်ခုပဲ။
အကုန်အကျခံပေမယ့် ဖိတ်တဲ့သူက ဝယ်မှာသေချာတဲ့အပြင် မော်ဒယ်တွေ၊ မင်းသမီးတွေ မငှားတော့ အကုန်အကျအ‌တော်လေးသက်သာတာတယ်။ ခုံချပြီး ရှယ်ရွေးခိုင်းတော့တာပဲ။ 🤣

ဘေးကကပ်လိုက်လာတဲ့ မယ်ရိုးကတော့ ထိုင်ရတာညောင်းလှပြီ။ အခုထိ အလက် ၁၀၀ မပြည့်သေးဘူးတဲ့။ 🥲

ပျင်းနေတာနဲ့ စာရေးလိုက်တာပါ။ အတူလိုက်ပျင်းပေးတာ ကျေးဇူးပါ။ 😁😁😅

မယ်ရိုး
Nov 15 2022 (6:40)

Just sharing my first business event experience at Berverly Hills 😁

မယ်ရိုးက ငယ်ငယ်ကတည်းက ဟိုနားစပ်စပ်၊ ဒီနားယောင်ယောင်နဲ့ အမြဲပါတတ်တဲ့သူတစ်ယောက်ပါ။အိမ်ရှေ့ စက်ဘီးဖာဆိုင်က ဦးလေးကြီးဘေးမှာထ...
11/10/2022

မယ်ရိုးက ငယ်ငယ်ကတည်းက ဟိုနားစပ်စပ်၊ ဒီနားယောင်ယောင်နဲ့ အမြဲပါတတ်တဲ့သူတစ်ယောက်ပါ။

အိမ်ရှေ့ စက်ဘီးဖာဆိုင်က ဦးလေးကြီးဘေးမှာထိုင်ပြီး အဲ့ဦးလေးကြီး စက်ဘီးကို ပြောင်းပြန်ချိတ်လိုက်ပြီး ဘီးအဝိုင်းကြီးကို ဗြီးခနဲမြည်အောင် လက်နဲ့ လှည့်တာတွေ၊ တာယာကို တံစဉ်းလိုအပြားနဲ့ စားပြီး ပါးအောင်လုပ်ပြီး စက်ဘီးဖာတာတွေကို ထိုင်ကြည့်ရတာလဲ ပျော်ခဲ့တာပဲ။

အိမ်မှာ ပန်ကာတို့၊ တီဗီအောက်စက်တို့ အသစ်ဝယ်လာတဲ့အခါဆိုလဲ အဲ့မှာ ကြပ်ထားတဲ့ Screw (နက်)လေးတွေကို လိုက်လှည့်ကြည့်ပြီး တစ်စစီဖြုတ်ပြီး ဘာတွေပါလဲ စပ်စု၊ ပြီးရင် နဂိုအတိုင်း ရအောင် ပြန်တပ်ကြည့်တတ်တယ်။

အသစ်ဝယ်လာပြီး ဖျက်စီးတဲ့အခါတိုင်း မေမေက ဘယ်တုန်းကမှ မဆူခဲ့ဖူးဘူး။ ဟဲ့.. ပျက်တော့မယ် ဆိုတဲ့ စကားထက် ကျွန်မသမီးလေးက ဘယ်တုန်းက ဘယ်လိုလေး လုပ်ပြီး ပြန်တပ်ခဲ့တာလေ။ သူက ဘယ်လိုလေး ပြင်ပေးတာလေ။ အစရှိတဲ့ ချီးကျူးစကားတွေပဲ ကြားခဲ့ဖူးတာ။

အရွယ်ရောက်လာတော့ ကွန်ပျူတာတွေ၊ ဖုန်းတွေ ဖြုတ်ကြည့်တယ်။ မကောင်းတာ ဝယ်ပြီးလဲတယ်။ အဲဒီလိုနဲ့ ဖုန်းပြုပြင်နည်းသင်တန်းကျောင်းဖွင့်ဖြစ်တာတွေ လုပ်ဖြစ်ခဲ့တယ်။

Dial Up ခေတ်၊ 10 kbps အင်တာနက် speed ခေတ်တွေမှာ Youtube က ဗီဒီယိုတွေကို တစ်ညလုံး အိပ်ရေးပျက်ခံပြီး Download လုပ်၊‌ လျှောက်ကလိစမ်းသပ်ပြီး အခု အသက် ၃၀ ပေါ့။

မယ်ရိုးတို့အိမ်မှာက ဖေဖေ ဆုံးတာ ၂၆ နှစ်ရှိပြီဆိုတော့ လူမှန်းသိတတ်စကတည်းက မိန်းကလေးတွေပဲရှိတော့ ဒါက ယောကျာ်းလေးအလုပ်၊ မိန်းကလေးအလုပ်ဆိုတာတွေ ခွဲခြားတာမရှိခဲ့ဖူးဘူး။ အကုန် အိမ်ရှိတဲ့သူအားလုံးရဲ့ အလုပ်တွေပဲမလား။

မီးပြင်တာ၊ ရေပိုက်၊ ခေါင်မိုး၊ ဘိုထိုင်အိမ်သာပြင်ကအစ ရှေ့နေ၊ ကားလိုင်စင်ဘာညာလို ရုံးကနားအဆုံး အကုန် ကိုယ်ပဲ လုပ်ရလေ့ရှိတယ်။

မေမေ့ရဲ့ ပံ့ပိုးအားပေးမှု၊ ကိုယ့်ရဲ့ စူးစမ်းစပ်စုမှုတွေကြောင့် မယ်ရိုးတစ်ယောက် ဘာနေနေ သိချင်၊ ဘာနေနေ လုပ်ကြည့်၊ စမ်းသပ်တတ်တဲ့ ကလေးတစ်ယောက်အဖြစ်ကနေ ကြီးပြင်းလာတယ်။

အရွယ်ရောက်လာတော့ အဲ့မှာ ပြဿနာစဖြစ်ပါလေရော...

အသက်ကြီးလာရင် "ဘာဖြစ်ချင်လဲ"???

အဲ့မေးခွန်း ကအတော်လေးကို ခက်ခဲတယ်။

🔸 မယ်ရိုးက ကွန်ပျူတာတွေ၊ ဖုန်းတွေ ပြင်တယ်။
🔸 မျက်နှာချိုချိုနဲ့ ဇွတ် ရယ်ပြပြီး စျေးရောင်းတတ်တယ်။
🔸 မျက်မှန်တွေရောင်းတယ်။ ဖိနပ်တွေရောင်းတယ်။ စားသောက်ကုန်တွေရောင်းတယ်။
🔸 Business Plan တွေ ဘာတွေနဲ့ Management ပိုင်းလဲ ရတယ်။
🔸 အလုပ်တွေလဲ ကိုယ်တိုင်တည်ထောင်ဖူးတယ်။
🔸 ရှယ်ယာတွေလုပ်ပြီး ခွာပြဲခဲ့ဖူးတယ်။
🔸 ပြုတ်ပြုတ်ပြုန်းလို့ တပ်ဆုတ်ရတာတွေလဲ ရှိတယ်။
🔸 Marketing ပိုင်း၊ Branding ပိုင်းလဲ လုပ်တတ်တယ်။
🔸 ကိတ်မုန့်ဆိုင်မှာ လုပ်ခဲ့ဖူးတော့ မုန့်လဲဖုတ်တတ်တယ်။
🔸 စားသောက်ဆိုင် စားပွဲထိုး၊ ပန်းကန်ဆေး၊ Cashier အလုပ်ကအစ Restaurant Operation, Management ပိုင်းတွေလဲ ဝင်လုပ်ခဲ့ဖူးတယ်။
🔸 Wordpress, Google Cloud, ဘာညာကနေ HTML, CSS, JavaScript စတာတွေလဲ လိုချင်တဲ့ရလဒ်ရအောင် ဖန်တီးတတ်တယ်။ (But not a pro)
🔸 စုံထောက်ဇာတ်ကားတွေ နင်းကန်ကြည့်ပြီး စုံထောက်ကြီးဖြစ်ချင်ခဲ့ဖူးတယ်။ ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုကောင်းတော့ သူများသမီးရည်းစားပြဿနာတွေ ဝင်ပါပေးလွန်းတော့ အလွတ်စုံထောက်လုပ်ရင် အောင်မြင်မယ်လို့တောင် သူငယ်ချင်းတွေက ပြောကြသေးတယ်။ :P
🔸 စကားကို ချည်ပြီးတုပ်ပြီး လိုချင်တဲ့အနေအထားရောက်အောင် ဖန်တီးယူပြီး ပြောတတ်လို့ ရှေ့နေလဲ လုပ်ချင်ခဲ့ဖူးတယ်။
🔸 ဘာတွေရေးထားလဲ ဘာအကြောင်းလဲဆိုတာ နားမလည်လို့ အဘိဓမ္မာတွေသင်တယ်။ ပဌာန်းကို အဓိပ္ပါယ်သိချင်တယ်။ အန္တရာယ်ကင်းတယ် ရွတ်ရွတ်၊ လာဘ်ရွှင်တယ် နေ့တိုင်းဘယ်အချိန်ရွတ်ဆိုတာတွေ ပိုသိတဲ့သူတစ်ယောက်ဖြစ်ချင်တယ်။
🔸 လေယာဉ်ပျံပေါ်က ခုန်ချဖူးကြည့်ချင်လို့ ပေ ၁၅၀၀၀ ကနေ Skydiving လုပ်ဖူးတယ်။ ခု လေယာဉ်မောင်းသင်ဖို့ လုပ်နေတယ်။

အဲ့လို အစုံလုပ်ပြီး အစုံလုပ်ပြီးကြီးပြင်းလာတော့ မြန်မာပြည်က လူကြီးတွေရဲ့ မေးခွန်းဖြစ်တဲ့ အသက်ကြီးရင် ဘာဖြစ်ချင်လဲဆိုပြီး မေးကြတဲ့အခါ မယ်ရိုးအတွက် အမြဲ မေးခွန်းသတ်ခံရလေ့ရှိတယ်။

ပါလေရာငပိချက် မယ်ရိုးလို့အမြည်တွင်တဲ့ မယ်ရိုးတစ်ယောက် လူတွေရဲ့ ဝေဖန်သံတွေနဲ့ လမ်းပျောက်ခဲ့ဖူးတယ်။

အသက်ကြီးလာတဲ့အခါ နယ်ပယ်အစုံ ရောက်ရင်း မယ်ရိုးလို ပုံစံနဲ့ လူတွေ အများကြီးနဲ့ တွေ့ဆုံလာရတယ်။ အဲဒီတော့မှ ဒီကမ္ဘာလောကြီးမှာ ငါက သာမန်လူတစ်ယောက်ပါလားဆိုပြီး စတင်လက်ခံလာရတယ်။

ကမ္ဘာကြီးမှာ တစ်ခုခုကိုပဲ 100%++ ထိ ကျွမ်းကျင်ကြတဲ့ Specialist ဆိုတဲ့ လူတွေရှိသလို ဘာနေနေ 70% လောက်ပဲရကြတဲ့ Generalist တွေလဲ ရှိပါလား။

အစုံလုပ်တတ်ခြင်းက အပြစ်တစ်ခုမဟုတ်ပါလားဆိုတာ စပြီးသိလာခဲ့ရတယ်။
ဘ၀ကြီးမှာ အနှစ် ၁၀၀ ပဲ အလွန်ဆုံးနေခွင့်ရကြတာ အလုပ် ၁၀၀ လုပ်ကြည့်လို့မရဘူးလို့ တွေးတတ်တယ်။

တစ်ချို့အလုပ်တွေ၊ တစ်ချို့အရာတွေက ချက်ချင်းသင်ယူလေ့လာလို့ရတယ်။ တစ်ချို့ကိစ္စတွေကျတော့ အချိန်ပေး သင်ယူရလေ့ရှိတယ်။
တစ်ခုလုပ်ပြီးမှ အနေအထားတစ်ခုရောက်တဲ့အခါ နောက်တစ်ခု စိတ်ဝင်စားလာတတ်တဲ့ မယ်ရိုးက လူကြီးတွေ အမြဲဆူတဲ့ "ကောက်ရိုးမီးလေး" ပေါ့။

-

အရွယ်ရောက်လာတဲ့ နောက်ပိုင်းမှာ ကောက်ရိုးမီးလေးကနေ ကိုယ့်ကိုယ်ကို Generalist တစ်ယောက်အဖြစ် ဂုဏ်ယူလာတယ်။ I can do nearly everything လို့ ပြောရတာ အတော်လေး ဂုဏ်ရှိတာမလား။ တကယ်လဲ ဘာနေနေ လုပ်တတ်တာကိုး။

US ကိုရောက်လာတော့လဲ ကျောင်းလျှောက်တာ၊ Visa ကနေ ဒီဘက်မှာ bank, DMV, USCIS အကုန် ကိုယ့်ဖာသာ စာဖတ်ပြီးလုပ်တယ်။ ဖောင်တွေတင်တယ်။ သူများကို ပြန်ပြီးဝေမျှတယ်။

အခု ကိုယ်တိုင် ကုမ္ပဏီထောင်တယ်။ စျေးဆိုင်လိုင်စင်တင်တယ်။ SME Center မှာ Member ၀င်တယ်။ ရှေ့နေခတွေ တစ်ကျပ်မှ မကုန်ဘဲ YoeYoeLay LLC ရခဲ့ပြီ။

Generalist ဖြစ်ရတာ သိမ်ငယ်စရာမရှိပါဘူး။ ဘာနေနေ လုပ်တတ်တယ်။ လုပ်ရဲတာဖြစ်တဲ့အတွက် ထမင်းမငတ်တာသေချာတယ်လေ။ :D

မယ့်ရိုး
Nov 9 2022 (Wed)
6:40 pm

အခုက OnePlus 8T ကို Google Pixel 7 Pro နဲ့ ဒဲ့လဲတာ :P
back cover ကွဲနေတာမို့ ဒီတိုင်းပြန်ပေးလိုက်ရင် $200 လောက် နှိမ်မှာမို့
Ebay ကနေ နောက်ကျောဖုန်းမှာလိုက်တယ်။ အခွန်ပါပြီး US $20 နဲ့ အလုပ်ဖြစ်သွားတယ်။ :D

ကိုယ့်ဖာသာလဲနေရင်း အရင်က အလုပ်လုပ်ခဲ့တဲ့ memory တစ်ချို့ပေါ်လာလို့ ဒီစာလေးရေးဖြစ်တာပါ။

ကောက်ရိုးမီးအကြောင်း အရင်က ကြုံလို့ ရေးခဲ့ဖူးတဲ့စာတစ်ပုဒ်ရှိတယ်။ Page မှာ သွားဖတ်ကြည့်ချင်ရင် -

https://www.facebook.com/StoriesbyYOE/photos/a.389036598332881/424496184786922/

မယ်ရိုးရဲ့ TPS ပိုစ့် ဖတ်အပြီးမှာ USCIS မှာ အလုပ်လျှောက်တဲ့ အဆင့်တွေကို မေးကြလို့ အသေးစိတ်လေး ဒီပိုစ့်မှာ ရေးထားပေးပါတယ်...
10/15/2022

မယ်ရိုးရဲ့ TPS ပိုစ့် ဖတ်အပြီးမှာ USCIS မှာ အလုပ်လျှောက်တဲ့ အဆင့်တွေကို မေးကြလို့ အသေးစိတ်လေး ဒီပိုစ့်မှာ ရေးထားပေးပါတယ်။

EAD လို့ခေါ်တဲ့ အမေရိကန်မှာ တရားဝင် အလုပ်လုပ်ခွင့်လျှောက်လွှာ တင်နည်း
---------------------------------------

အမေရိကန်ကို ရောက်နေကြတဲ့ F1, J1 Visa နဲ့ ကျောင်းသားတွေ၊ asylee, refugee, or U nonimmigrant စတဲ့ GreenCard လက်ထဲမရောက်သေးတဲ့သူတိုင်း အလုပ်လုပ်မယ်ဆိုရင် EAD ဆိုတဲ့ အလုပ်လုပ်ခွင့်ကို လျှောက်ထားဖို့ လိုအပ်ပါတယ်။

EAD ရဲ့ အရှည်က Employment Authorization Document လို့ခေါ်ပါတယ်။
မြန်မာလိုတော့ အလုပ်လုပ်ခွင့် ပါမစ် ကတ်ပြားလို့လဲ ခေါ်ကြတဲ့သူတွေရှိပါတယ်။

EAD ကို နိုင်ငံသား၊ အမြဲတမ်းနေထိုင်ခွင့် (Green Card) ရရှိထားသူတွေ နဲ့ H-1B, L-1B, O, or P visa သမားတွေ လျှောက်စရာမလိုပေမယ့်

Greencard လက်ထဲ မရောက်သေးဘဲ ထိုင်နေရသူတွေ၊
ယာယီခိုလှုံခွင့် TPS နဲ့ နေထိုင်သူတွေ၊
ကျောင်းက ခွင့်ပြုလို့ အလုပ်လုပ်လိုသူတွေ နဲ့
Asylum လျှောက်ထားသူတွေကတော့ အမေရိကန်ရဲ့ ကုန်ကျစရိတ်ကို တောင့်ခံနိုင်ဖို့ အလုပ်လုပ်ခွင့် လျှောက်ရလေ့ရှိပါတယ်။

အလုပ်လုပ်ခွင့်လျှောက်ထားတဲ့အခါမှာလဲ ဒီနေ့ဖောင်တင်ပြီး နောက် အပတ်ထဲ တန်းကျတာမျိုးမဟုတ်တဲ့အတွက် ပိုက်ဆံတွေ အိမ်က လိုသလောက်ပို့ရင်တောင် လိုရမယ်ရတော့ လျှောက်ထားသင့်ပါတယ်ဗျ။

EAD ကဒ် မှာ ဘာကြောင့် အလုပ်လုပ်ခွင့်ရတယ်ဆိုတဲ့ Category တွေလဲ ရှိပါသေးတယ်။ မြန်မာကလူတွေ အသုံးများတဲ့ EAD Category တွေက

- Refugee နဲ့ရောက်ပြီး အလုပ်လုပ်ဖို့လျှောက်ရင် (a)(3) ‌
- Temporary Protected Status (TPS) နဲ့ လျှောက်ရင် (c)(19)
- မြန်မာကကျောင်းသားတွေဆို ဘဏ်ကနေ ငွေလွှဲရခက်လို့ ၊ ငွေအခက်အခဲကြုံလို့ စတဲ့အကြောင်းပြချက်နဲ့ ကျောင်းက DSO ကိုပြောပြီး လျှောက်ရင် -(c)(3)(iii)
- STEM Students လို့ခေါ်တဲ့ သိပ္ပံမေဂျာရပ်တွေနဲ့ ကျောင်းပြီးသူတွေ (Students With a Degree in Science, Technology, Engineering, or Mathematics) နဲ့ 24 လ Extension EAD က (c)(3)(C).
- Asylee (Granted Asylum) ဆို (a)(5)
- Asylum လျှောက်ထားဆဲ စောင့်ဆိုင်းရက် ရက်ပေါင်း ၁၈၀ စောင့်ပြီးရင် တင်မယ့် EAD ဆို Pending Applicant for Asylum and Withholding of Deportation and Removal (c)(8)
- မင်္ဂလာဆောင်ထားလို့ ဘာညာကနေ GreenCard မရခင် လျှောက်တဲ့ EAD က (c)(9)

စတဲ့ Category တွေအပြင် တခြား Category လဲ မနည်းမနော ရှိပါသေးတယ်။ အစအဆုံး အတိအကျ ဖတ်မယ်ဆို Instructions for Form I-765 (PDF, 1.58 MB) https://www.uscis.gov/sites/default/files/document/forms/i-765instr.pdf ကိုသာ Download လုပ်ပြီးဖတ်ပါ။
-

သက်ဆိုင်ရာဗီဇာအလိုက် အလုပ်လုပ်ခွင့်ရှိပြီဆိုတာနဲ့ Form I-765 ဆိုတဲ့ Employment Authorization Document ကိုစပြီးတင်လို့ရပါတယ်။

I-765 ဖြည့်နည်း
----------------

Form ကို ကနေ Download လုပ်ပါ။
လက်နဲ့ပဲ ဖြည့်ဖြည့် ၊ Compute ပဲရိုက်ရိုက် မှင် အမဲရောင်ပဲသုံးရပါမယ်။
စာရှည်လို့ ထပ်ဖြည့်ချင်ရင် Part 6. Additional Information ဆိုတဲ့ စာမျက်နှာကို များများကူးပြီး ရေးပါ။ ကပ်သတ်ပြီး ပြွတ်သိပ်နေအောင် ဖတ်မရအောင် မဖြည့်ပါနဲ့။

ကိုယ်နဲ့ မဆိုင်တဲ့အကြောင်းအရာဆို N/A လို့ ဖြည့်ပါ။ အလွတ်ကြီးမထားခဲ့ပါနဲ့။ နေရာကျန်တာလား။ ( နေရာလွတ်ထားခဲ့ရင် ချန်တာလား မသဲကွဲတာမို့ ဖောင်က ကိုယ့်ဆီကို ပြန်ပို့လိုက်၊ ကိုယ်က USCIS ကို ပို့လိုက်နဲ့ သံသရာလည်နေပါလိမ့်မယ်။ )

I-765 မှာ ဘာတွေ ဖြည့်ရသလဲ။
----------------

Part 1. Reason for Applying (လျှောက်ထားတဲ့အကြောင်း)
Item Number 1.a. Inital permission (အခုမှစလျှောက်ခြင်း)
Item Number 1.b. Replacement of a lost, stolen, or damaged EAD, or correction of your EAD not due to USCIS error. (ကဒ်ပျောက်၊ ပျက်၊ ခိုးခံရလို့ လျှောက်တာ)
Item Number 1.c. Renewal of your permission to accept employment. If you select Item Number 1.c., attach a copy of your previous EAD. (သက်တမ်းတိုးလျှောက်တာ ၊ ကဒ်အဟောင်း ထည့်ပေးရန်လိုပါသည်)

Part 2. Information About You (ကိုယ့်အကြောင်း)
Item Numbers 1.a. - 1.c. Your Full Legal Name (တရားဝင် မှတ်ပုံတင် ? Passport က နာမည်ရင်း)
Item Numbers 2.a. - 4.c. တခြားနာမည်တွေ ရှိရင် (အိမ်နာမည်၊ ချစ်စနိုးနာမည်၊ မွေးစာရင်းနာမည်)

မယ်ရိုးဆို နာမည် ၄ ခုလုံး ဖြည့်ရတယ်။ 🤣

Item Numbers 5.a. - 5.f. Your U.S. Mailing Address (ကဒ်ပြားကိုလက်ခံမယ့် အမြဲတမ်းနေလိပ်စာ (ကိုယ်နေနေစရာမလိုပါ။ ကိုယ့်အစားလက်ခံမယ့်သူရှိတယ်ဆိုရပါတယ်။ အဓိကက အဲ့လိပ်စာကသူက အမြဲနေထိုင်သူ၊ လက်ခံမယ့်သူရှိရင်ကိုရပါတယ်။)

Item Numbers 6. - 7.e. U.S. Physical Address (ဒါကမှ လက်ရှိ နေနေတဲ့ နေရပ်လိပ်စာပါ၊ စာလက်ခံနဲ့လိပ်စာနဲ့ တူလဲရပါတယ်။ မတူလဲရပါတယ်။)

Item Number 8. Alien Registration Number (A-Number) (if any)
(A နံပါတ် ဆိုတဲ့ ယာယီနံပါတ်တစ်မျိုးပါ။ Refugee, Asylee, Asylum Pending တွေမှာ ရှိပါတယ်။ A နံပါတ်ရှိဖို့မလိုရင် N/A ပဲဖြည့်ပါ။

Item Number 8. Alien Registration Number (A-Number) (if any)
(USCIS Online Acc မရှိခဲ့ရင် မဖြည့်ပါနဲ့။ သူတို့ဘက်က အကောင့်ဖွင့်ဖို့ နဲ့ Access Code အတွက် သီးသန့်ပို့ပေးပါတယ်။)

Item Number 10. Gender (ကျား/မ)
Item Number 11. Marital Status. (အိမ်ထောင်ရှိမရှိ)
Item Numbers 12. အရင်က EAD လျှောက်ဖူးရင် Yes အရင်ကဒ်ပြားအဟောင်းတွေ တွဲပို့ဖို့လိုပါတယ်။)

Item Numbers 13.a. - 17.b. ကတော့ Social Security Number (SSN). တွဲလျှောက်မလျှောက်စတဲ့အချက်တွေပါ။
SSN မလျှောက်ဖူးရင် No
နံပါတ် မရှိရင် N/A
လျှောက်မယ်ဆိုရင် တစ်ခါတွဲတွဲလျှောက်မလား ဘာညာ စတာတွေ Yes ပဲ ဖြည့်ပါ။

14. 15 မှာ Yes လုပ်ခဲ့ရင်တော့ 16.a. - 17.b. က အဖေ၊ အမေနာမည်တွေပါ ဖြည့်ရပါမည်။ မလျှောက်ရင်တော N/A ပါ။

Item Number 18.a. - 18.b. Country or Countries of Citizenship or Nationality (နိုင်ငံသား အကြောင်း မေးတာပါ။)

Myanmar (Burma) လို့ဖြည့်ပါ။

Item Numbers 19.a. - 19.c. Place of Birth (မွေးတဲ့မြို့၊ရွာ၊ ဒေသ၊ နိုင်ငံ)
tem Number 20. Date of Birth (mm/dd/yyyy) မွေးနေ့ (လရက်ခုနှစ်)

Item Numbers 21.a. - 21.e. Form I-94 Arrival-Departure Record
(အမေရိကန်ကို ဝင်လာတဲ့ I-94 လို့ခေါ်တဲ့ မှတ်တမ်း၊ Passport and Travel Document Numbers စတာတွေ ဖြည့်ပါ။) မရှိရင် N/A

Item Number 22. Date of Your Last Arrival Into the United States, On or About. (အားတိုင်း ဝင်လိုက်ထွက်လိုက်လုပ်နေရင် နောက်ဆုံး ဝင်လာခဲ့တဲ့ Date ကိုဖြည့်ပါ။)

Item Number 23. Place of Your Last Arrival Into the United States. Provide the location where you last entered the United States. (ဘယ်မြို့၊ ဘယ်လေဆိပ်က ဝင်ခဲ့လဲ)

Item Number 24. Immigration Status at Your Last Arrival.
(ဘာဗီဇာနဲ့ ဝင်ခဲ့သလဲ။ )

Item Number 25. Your Current Immigration Status or Category. Provide your current immigration status. (လက်ရှိ Immigration Status ကဘာလဲ) For example, F-1, type or print “F-1 student

Item Number 26. Student and Exchange Visitor Information System (SEVIS) Number (if any). ကျောင်းသားတွေမှာရှိတဲ့ SEVIS No. ပါ။ တခြားသူတွေဆို N/A

Item Number 27. Eligibility Category. ဒါက အပေါ်မှာ ပြောခဲ့တဲ့ Category အတွက်ပါ။ Instructions for Form I-765 (PDF, 1.58 MB) https://www.uscis.gov/sites/default/files/document/forms/i-765instr.pdf ကိုသာ Download လုပ်ပြီးဖတ်ပြီးမှ ဖြည့်ပါ။
-

ကိုယ်လျှောက်တဲ့ Category ပေါ်မူတည်ပြီး 28.a. - 28.c. ကို လိုသလိုဖြည့်ပါ။ မဆိုင်ရင် N/A

Item Number 29 အတွက်က category (c)(26) ပဲဆိုင်ပါတယ်။ ကျန်သူ N/A

Item Numbers 30.a. - 30.g. အတွက်က Category (c)(8) အတွက်သီးသန့်ပါ။ မဆိုင်ရင် N/A ပါ။

Item Numbers 31.a. - 31.b. က Category (c)(35) and (c)(36)

ကိုယ်နဲ့သက်ဆိုင်ရာ သီးသန့် ဖြည့်ရတာမို့ မဆိုင်တာအားလုံး N/A ရေးခဲ့ပါ။ ကွက်လပ်မထားခဲ့ပါနဲ့။ သေချာသိဖို့အတွက် Item Number 27 မှာပေးထားတဲ့ I - 765 Instructions PDF ကို သေချာဖတ်ပါ။

Part 3. Applicant's Statement, Contact
Information, Declaration, Certification, and
Signature Applicant's Statement

Item Numbers 1.a. - ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်ဖြည့်ရင်
1.b. - ဘာသာပြန်ပေးတဲ့သူရှိရင်
2. ဒီဖောင်ကို ရှေ့နေစတဲ့ သူများကတင်ပေးရင်

3. - 7b Applicant's Contact Information နဲ့ ဒီဖောင်ကို တင်တဲ့ သူအကြောင်းနဲ့ ခံဝန်လက်မှတ်တွေပါ။

Part 4. Interpreter's Contact Information,
Certification, and Signature

ဘာသာပြန်ပေးတဲ့သူရှိခဲ့ရင်ဖြည့်ရမှာပါ။ မရှိရင် စာကြောင်းတစ်ခုချင်းစီမှာ N/A ထည့်ပါ။

Part 5. Contact Information, Declaration, and
Signature of the Person Preparing this
Application, If Other Than the Applicant

ဖောင်ကို ကာယကံရှင်မဟုတ်ဘဲ သူများပြင်ဆင်ပေးရင် ဖြည့်ရမှာပါ။ မရှိရင် စာကြောင်းတစ်ခုချင်းစီမှာ N/A ထည့်ပါ။

ပြင်ဆင်ပေးသူက ရှေ့နေမဟုတ်ရင် 7.a.
ရှေ့နေဘာညာဆို 7.b.

Part 6. Additional Information

ဒါက အပေါ်က အချက်တွေထဲမှာ စာရှည်လို့ မလောက်လို့ ရေးတဲ့သူတွေဖြည့်ဖို့ပါ။ ဘယ်အပိုဒ်၊ နံပါတ် Part ဘယ်လောက် အတိအကျ ဖြည့်ပါ။ မရှိရင် စာကြောင်းတစ်ခုချင်းစီမှာ N/A ထည့်ပါ။

သတိပြုရမှာက
လက်မှတ်ထိုးဖို့၊ ရက်စွဲထည့်ဖို့ လုံး၀ မမေ့ပါနဲ့။
-
ဘာတွေ တွဲတင်ရမလဲ။

- Form I-94, your passport or other travel documents စာရွက်ထုတ်ပြီးတွဲတင်ပါ။
- အရင်က EAD ရှိခဲ့ရင် ကဒ်အဟောင်းတွေ တွဲပါ။
- Two identical passport-style photographs (ကိုယ့်ဓာတ်ပုံ ၂ ပုံ တွဲပါ။)
Form G-28 (ရှေ့နေပါခဲ့ရင် G-28)
- နောက်ပြီး Form တင်ခ $410 + Biometric ဖိုး $85 (တစ်ချို့ Category တွေက ဘာကြေးမှ မပေးရပါ။ တစ်ချို့ကတော့ Fee Waiver တင်လို့ရတယ်။ တစ်ချို့ကတော့ မဖြစ်မနေ အပြည့်ပေးရပါတယ်။ Instruction မှာဖတ်ပါ။)

ပိုက်ဆံကို ပေးဖို့က money order, personal check, or cashier’s check.
တကယ်လို့ USCIS lockbox က တင်ရင် Form G-1450, Authorization for Credit Card Transactions. ဖြည့်ပြီး Credit Card နဲ့ပေးလို့ရပါတယ်။

I 765 တင်ပြီးနောက်
----------------
USCIS ကနေ လက်ခံရရှိကြောင်း Notice စာ ပို့ပါမယ်။
USCIS အကောင့်မရှိသေးရင် အကောင့်ဖွင့်ဖို့ စာနဲ့ Access Code ပို့ပါမယ်။

USCIS Online အကောင့်ဖွင့်ပါ။ ဖွင့်ပြီးရင်တော့ ကိုယ့် Application အခြေအနေကို အမြဲစောင့်ကြည့်လို့ရပါပြီ။

ကဒ်ကို အတည်ပြုပြီးရင်တော့
- ကဒ်ထုတ်နေပါပြီဆိုတဲ့ စာပြောင်းပါမယ်။
- ကဒ်ကို ထုတ်ပြီးပါပြီ။ ဆိုတဲ့ စာပြောင်းပါမယ်။ ( ၁ ရက်မှ တစ်ပတ်အတွင်း)
- ကဒ် ကို The United States Postal Service (USPS) က လာယူသွားပါပြီဆိုတဲ့ စာပြောင်းပါမယ်။
- တချို့ကတော့ စာတိုက်က ပို့လိုက်ပါပြီဆိုတာ မပြောင်းဘဲ အိမ်ကို ကဒ်ရောက်လာသူတွေလဲရှိပါတယ်။

ပုံထဲမှာ မယ်ရိုးရဲ့ USCIS Account Status Screenshot လေး တွဲတင်ပေးထားပါတယ်။ Reference အတွက် ဘယ်နှစ်ရက်ကြာသလဲသိရဖို့ပါ။

ဘယ်လိပ်စာတွေလျှောက်ရမလဲ။
Category ပေါ်မူတည်ပြီး ကိုယ်ပို့ရမယ့်လိပ်စာ ကွဲတာမို့ အောက်က Link မှာ အသေးစိတ်ဖတ်ပါ။ တစ်ချို့ Category တွေဆို ပြည်နယ်ပေါ်မူတည်ပြီး ပို့ရမယ့် လိပ်စာတွေ ထပ်မံ ကွဲပြားနိုင်ပါသေးတယ်။ ဒါကြောင့် စာလေး သေချာဖတ်ပါ။

https://www.uscis.gov/i-765-addresses

EAD ရပြီး ကုန်ကျစရိတ်ကြီးတဲ့ နိုင်ငံမှာ ရှင်သန်နိုင်ကြပါစေ။ လှူနိုင် ကူနိုင်ကြပါစေ။ 🙏🙏🙏

မယ်ရိုး
Oct 15 2022 (3:36 AM)

ပထမ တင်ထားတဲ့ TPS တင်တဲ့အကြောင်း Link
https://www.facebook.com/389035628332978/photos/a.389036598332881/1217618448808021

Address

San Jose, CA
95136

Website

Alerts

Be the first to know and let us send you an email when Stories by YOE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share