14/10/2025
လုပ်ငန်းရှင်တိုင်း သိသင့်သော စရိတ်အမျိုးအစားခွဲခြားနည်း
♦️♦️♦️♦️♦️♦️♦️
စာရင်းကိုင်ပညာ မှာဆိုရင် ဘယ်ကုန်ကျငွေကို ဘယ်နေရာမှာ ထည့်တွက်ရမလဲ ဆိုတာ သိဖို့အရေးကြီးပါတယ်။
ဒါမှသာ ကုမ္ပဏီရဲ့ တကယ့်အမြတ်အစွန်း (Net Profit) ကို မှန်မှန်ကန်ကန် တွက်ချက်နိုင်မှာဖြစ်ပါတယ်။
(Accountants တွေကတော့ ကျွမ်းကျင်ပြီးသားဖြစ်နေမှာပါ။)
📌 Expenses အမျိုးအစား (၅) မျိုး
___________________________
1- Operating Expenses (OPEX) - လုပ်ငန်းလည်ပတ်ရန် ကုန်ကျငွေများ
ဒါတွေကတော့ ကုမ္ပဏီကို နေ့စဉ်လည်ပတ်နေဖို့အတွက် ကုန်ကျရတဲ့ငွေတွေပါ။
ကုန်ပစ္စည်း ထုတ်လုပ်ရေးနဲ့ တိုက်ရိုက်မဆိုင်ပေမယ့်၊ လုပ်ငန်းလည်ပတ်ဖို့ မရှိမဖြစ် ကုန်ကျတဲ့ငွေတွေဖြစ်ပါတယ်။
ပါဝင်သော အသုံးစရိတ် နမူနာများအနေနဲ့
· ရုံးငှားရမ်းခ (Rent)
· မီတာခ၊ ရေခ (Utilities)
· ဝန်ထမ်းလစာနှင့် လုပ်အားခ (Salaries & Wages)
· ပြုပြင်ထိန်းသိမ်းခ (Repairs & Maintenance)
· ရုံးသုံးပစ္စည်းများ (Office Supplies)
· အာမခံကြေး (Insurance)
· ကြော်ငြာနှင့် စျေးကွက်ရှာဖွေရေး (Advertising & Marketing)
· ခရီးစရိတ် (Travel Expenses)
လက်တွေ့လုပ်ငန်းခွင်မှာ
- OPEX ကို ကြည့်ပြီး ကုမ္ပဏီရဲ့ စရိတ်စက ထိန်းချုပ်နိုင်မှု ကောင်းမကောင်း သိရှိနိုင်ပါတယ်။
- စရိတ်နဲ့ အမြတ်က ပြောင်းပြန်ဆက်စပ်နေတာမို့
- OPEX များနေရင် အမြတ်အစွန်း နည်းသွားမှာဖြစ်ပါတယ်။
_______________________
2- Cost of Goods Sold (COGS) - ရောင်းချသည့် ကုန်ပစ္စည်း၏ အရင်း ကုန်ကျစရိတ်
ဒါတွေကတော့ ကုန်ပစ္စည်းကို ထုတ်လုပ်ဖို့ (သို့) ဝယ်ယူဖို့ တိုက်ရိုက်ကုန်ကျတဲ့ငွေတွေဖြစ်ပါတယ်။
ပါဝင်သော အသုံးစရိတ် နမူနာများအနေနဲ့
· ကုန်ကြမ်းများ (Raw Materials)
· စက်ရုံဆိုင်ရာ အသုံးစရိတ် (Factory Overheads) (စက်ရုံမီတာခ၊ စက်ရုံငှားရမ်းခ)
· တိုက်ရိုက်လုပ်အားခ (Direct Labor) (စက်ရုံအလုပ်သမားလစာ)
· ကုန်ပစ္စည်း ပို့ဆောင်ခ (Freight-in)
· ထုတ်လုပ်မှုဆိုင်ရာ ကုန်ကျငွေ (Processing Costs)
· ထုပ်ပိုးခ (Packaging Costs)
လက်တွေ့လုပ်ငန်းခွင်မှာ
- COGS ကို ကြည့်ပြီး ကုန်ပစ္စည်းရဲ့ အကြမ်းအမြတ် (Gross Profit) ကို တွက်ချက်နိုင်ပါတယ်။
- Gross Profit = Sales - COGS
- COGS များနေရင် အမြတ်အစွန်း နည်းသွားမှာဖြစ်ပါတယ်။
____________________
3- Financial Expenses - ဘဏ္ဍာရေး ငွေကြေးဆိုင်ရာ ကုန်ကျစရိတ်များ
ဒါတွေကတော့ ငွေကြေးချေးယူမှု နဲ့ ဆိုင်တဲ့ ကုန်ကျငွေတွေဖြစ်ပါတယ်။
ပါဝင်သော အသုံးစရိတ် နမူနာများအနေနဲ့
· ချေးငွေအတိုး (Interest on Loans)
· ဘဏ်နဲ့ သက်ဆိုင်သော ကုန်ကျစရိတ်များ (Bank Charges)
လက်တွေ့လုပ်ငန်းခွင်မှာ
- Financial Expenses များနေရင် ကုမ္ပဏီဟာ ကြွေးမြီများနေတယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
- ဒါကို ကြည့်ပြီး ငွေကြေးဖောင်းပွမှု ရှိ/မရှိ ဆုံးဖြတ်နိုင်ပါတယ်။
4- Depreciation & Amortization - တန်ဖိုးလျှော့ချခြင်း ကုန်ကျငွေများ
ဒါတွေကတော့ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးကျဆင်းမှု ကို တွက်ချက်တဲ့ ကုန်ကျစရိတ်တွေဖြစ်ပါတယ်။ Non Cash Expenses လို့လည်း ခေါ်ပါတယ်။ ငွေမထွက်သွားသောကုန်ကျစရိတ်များ။
ပါဝင်သော အသုံးစရိတ် နမူနာများအနေနဲ့
· တန်ဖိုးလျှော့ စရိတ်/ ပျက်စီးပြုန်းတ္းမှု (Depreciation)
Tangible Non Current Assets ပိုင်ဆိုင်မှုများ (စက်၊ ကား၊ ကွန်ပျူတာ) အတွက်
· Amortization)
Intangible Non Current Assets ပိုင်ဆိုင်မှုများ (မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်) အတွက် တန်ဖိုးလျှော့ စရိတ်
လက်တွေ့လုပ်ငန်းခွင်မှာ
- ဒီကုန်ကျငွေတွေဟာ ငွေထုတ်ပေးရတဲ့ ကုန်ကျငွေမျိုး မဟုတ်ပါဘူး။
- စာရင်းကိုင်နည်းလမ်းကျကျ ခန့်မှန်းတွက်ချက်ထားတဲ့ ကုန်ကျငွေသာဖြစ်ပါတယ်။
___________________
5- Miscellaneous Expenses - အထွေထွေ အမျိုးမျိုးသော ကုန်ကျစရိတ်များ
ဒါတွေကတော့ အပေါ်က ၄ မျိုးထဲ မပါဝင်တဲ့ အခြားသော ကုန်ကျစရိတ်တွေ ဖြစ်ပါတယ်။
ပါဝင်သော အသုံးစရိတ် နမူနာများအနေနဲ့
· လှူဒါန်းမှုများ (Donations)
· အသင်းဝင်ကြေးများ (Subscription Fees)
· အရည်အသွေးမြှင့် သင်တန်းနှင့် ဖွံ့ဖြိုးရေး အတွက် ကုန်ကျစရိတ် (Training & Development)
လက်တွေ့လုပ်ငန်းခွင်မှာ
- ဒီကုန်ကျငွေတွေကို သီးသန့်ခွဲခြားမှတ်တမ်းတင်ထားဖို့ အရေးကြီးပါတယ်။
- ဘာကြောင့်လဲဆိုတော့ အခွန်တွက်ချက်တဲ့အခါမှာ လှူဒါန်းမှုတွေကို ခွင့်ပြုချက် (Allowable Deduction) ရှိ/မရှိ စစ်ဆေးရလို့ဖြစ်ပါတယ်။
__________________________
Exam အတွက် မှတ်သားရမည့် အချက်များ
📌 OPEX နဲ့ COGS ကို မရောမိစေဖို့ အရေးကြီးပါတယ်။
- COGS → ကုန်ပစ္စည်းနဲ့ တိုက်ရိုက်ဆိုင်သော ကုန်ကျငွေ
- OPEX → လုပ်ငန်းလည်ပတ်ဖို့ ကုန်ကျသော်လည်း ကုန်ပစ္စည်းနဲ့ တိုက်ရိုက်မဆိုင်သော ကုန်ကျငွေ
📌 Depreciation နဲ့ Amortization က Non-Cash Expense တွေဖြစ်တယ်ဆိုတာ သတိရပါ။ ဒီကုန်ကျငွေတွေကြောင့် ငွေထုတ်ပေးရတာ မဟုတ်ပါဘူး။
📌 Financial Expenses များနေရင် ကုမ္ပဏီရဲ့ ကြွေးမြီအခြေအနေ မကောင်းဘူးလို့ ယျေဘူယျ ကောက်ချက်ချနိုင်ပါတယ်။
အနှစ်ချုပ်အနေနဲ့ မှတ်ချင်ရင်
Expenses အမျိုးအစားတွေကို ကျွမ်းကျွမ်းကျင်ကျင် ခွဲခြားမှတ်တမ်းတင်နိုင်မှသာ တကယ့်အမြတ်အစွန်း (Net Profit) ကို မှန်မှန်ကန်ကန် တွက်ချက်နိုင်မှာဖြစ်ပါတယ်။
ဒါမှသာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေကို မှန်မှန်ကန်ကန် သိရှိနိုင်မှာဖြစ်ပါတယ်။
__________________________________
ACCA+ LCCI တန်းခွဲသစ်များ စဖို့ ရှိပါတယ်။📣📣
Foundation Level 1&2
- တစ်ပတ် တစ်ရက်တက် Sunday Only
- တစ်ပတ် ၄ ရက်တက် Monday to Friday
Foundation Level 3
- တစ်ပတ် တစ်ရက်တက် Sunday Only
- တစ်ပတ် ၅ ရက်တက် Monday to Friday
ACCA Part -1
- တစ်ပတ် တစ်ရက်တက် Sunday Only
- တစ်ပတ် ၃ ရက်တက် Monday to Friday
++++++++++++++++++++++++
သင်တန်းအကြောင်း အသေးစိတ် အချက်အလက်များသိရှိလိုပါက
Page cb (သို့) သင်တန်းဖုန်း 095109922သို့
စုံစမ်းမေးမြန်းနိုင်ပါတယ်။
လိပ်စာကတော့ ☎️☎️☎️☎️☎️☎️
အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
လှည်းတန်းမှတ်တိုင်အနီး
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph : 095109922
#သတိ
- မူရင်းပို့စ်ကို Share နိုင်ပါသည်။
- Copy ကူးယူပြီး တင်ခြင်း ခွင့်မပြုပါ။
- Page ကို Favorites, Like & Sharing လုပ်ထားနိုင်ပါတယ်။
- အတိအကျ ဘာသာပြန်ထားတာ မဟုတ်ပါ။ သင်တန်းသား/သူများအတွက် နားလည်လွယ်စေဖို့သာရည်ရွယ်ပါသည်။
- အကျိုးရှိရင် Like & Share လုပ်ပေးခြင်းနဲ့ ကူညီနိုင်ပါတယ်။
- ထပ်သိချင်တဲ့ ခေါင်းစဉ်ကိုလည်း Comment မှာ ရေးပေးခဲ့ပါ။