16/04/2026
Analytics Solution-040 - Running Totals (Cumulative Sum)
မိတ်ဆွေ... လစဉ် အရောင်းစာရင်း (Monthly Sales) ကို ကြည့်ရုံနဲ့ တစ်နှစ်စာ Target ကို ပြည့်ဖို့ ဘယ်လောက်လိုသေးလဲ ဆိုတာကို ချက်ချင်း သိနိုင်ပါသလား?
ဒီလမှာ အရောင်းကျသွားပေမယ့်၊ ပြီးခဲ့တဲ့ လတွေမှာ အရောင်းသွက်ခဲ့ရင် နှစ်စဉ် Target ကို မှီဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါကို သိနိုင်ဖို့အတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီကစပြီး လက်ရှိအချိန်ထိ အဆင့်ဆင့် ဆက်တိုက်ပေါင်းလာတဲ့ "Running Total" (Cumulative Sum) ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ Excel မှာ အပေါ်ဆုံး Cell ကို Lock ($) ချပြီး ဆွဲချလိုက်ရုံနဲ့ ရပေမယ့်၊ Database တွေနဲ့ Power BI မှာတော့ Window Functions တွေ၊ Time Intelligence Functions တွေသုံးပြီး အလွန်မိုက်တဲ့ Auto-Tracking စနစ်တွေ တည်ဆောက်နိုင်ပါတယ်။
Tool ၄ ခုရဲ့ ကွဲပြားတဲ့ Syntax တွေကို နှိုင်းယှဉ်ပြီး သင်ယူကြည့်လိုက်ရအောင်။
Arkar’s Strategic Insight:
"Growth is cumulative, not isolated."
Business Leader တွေဟာ လစဉ် အတက်အကျထက်စာရင်၊ "ငါတို့ ကုမ္ပဏီရဲ့ တိုးတက်မှု လမ်းကြောင်း (Trajectory) က ဘယ်ကို သွားနေလဲ" ဆိုတာကို ပိုစိတ်ဝင်စားကြပါတယ်။ ဒါကြောင့် Dashboard တွေမှာ ရိုးရိုး Bar Chart တွေထက် Running Total ကိုပြတဲ့ Line Chart တွေက ပိုပြီး အသက်ဝင်ပါတယ်။ DAX မှာ TOTALYTD ဒါမှမဟုတ် CALCULATE တွေကို သုံးတတ်ခြင်း၊ SQL မှာ SUM() OVER(ORDER BY ...) ဆိုတဲ့ Window Function ကို ကျွမ်းကျင်ခြင်းဟာ Data Analyst တစ်ယောက်ကို သာမန် Report ထုတ်သူအဆင့်ကနေ Business Strategist အဆင့်ထိ မြှင့်တင်ပေးနိုင်ပါတယ်။
Manual အလုပ်တွေနဲ့ အချိန်ကုန်မခံဘဲ သင့်ရဲ့ Excel Workflow ကို စက်ရုပ်တစ်ရုပ်လို Auto ခိုင်းစေချင်ပါသလား? 🤖
📢 Power BI ကို အခြေခံကနေ Master Techniques တွေအထိ Project (၄) ခုဖြင့် လက်တွေ့သင်ကြားပေးမယ့် Zoom Live အတန်း ကို မေလ (၂) ရက်နေ့မှာ ထပ်မံဖွင့်လှစ်ဖို့ ရှိပါတယ်။ (Weekend 7:00PM to 9:00PM အတန်းဖြစ်ပါတယ်)
အခုဆိုရင် ကြိုတင်စာရင်းသွင်းထားသူ များရှိနေပါပြီ။
အတန်းအတွက် စာရင်းသွင်းလိုပါက (သို့) အသေးစိတ် သိရှိလိုပါက Comment (သို့) Message မှာ "PBI" လို့သာ ရေးခဲ့လိုက်ပါ။ Chat Box ကနေ အသေးစိတ် လာရောက်ပို့ဆောင်ပေးပါမယ်! 📩