Myo Hein - MES

Website

Myo Hein - MES Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Hein - MES, Financial Consultant, Yangon.

The Executive Brief (1/11/2026)***************************************ဂျပန် နဲ့ အာရှအင်အားကြီးနိုင်ငံတစ်နိုင်ငံက မြန်မာ ...
01/11/2026

The Executive Brief (1/11/2026)
***************************************

ဂျပန် နဲ့ အာရှအင်အားကြီးနိုင်ငံတစ်နိုင်ငံက မြန်မာ ကို FATF Blacklist မှ ဖယ်ရှားနိုင်ရန် ကြိုးပမ်းနေပြီး နိုင်ငံတကာစီးပွားရေးနှင့် ငွေကြေးလွှဲပြောင်းမှုများ ပိုမိုလွယ်ကူစေရန် ရည်ရွယ်ကြောင်း ကြားသိရပါတယ်။

မြန်မာနိုင်ငံအတွင်း ဆက်လက်ကျန်ရှိနေသည့် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ အတွက် Financial Restrictions လျှော့ချရေးကြိုးပမ်းမှုက စီးပွားရေးနောက်ခံတစ်ခုဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိကို ကိုးကားထားတာ​တွေ့ရတယ်။

ဂျပန်ရဲ့ မြန်မာနိုင်ငံအ​ပေါ် Diplomatic Support ရှိခြင်း၊ FATF ကို တိုက်တွန်းခြင်း ​တွေက အားဖြစ်ရ​ပေမယ့် FATF ၏ Technical Compliance Requirements ပြည့်မီခြင်း ဆိုတာက မတူညီသော ကိစ္စရပ်နှစ်ခုဖြစ်ပါတယ်။

ဆိုလိုတာက FATF ဆိုတာ ဂျပန်က တိုက်တွန်းလို့ မြန်မာကို Blacklist က​ ​နေ အလွယ်တကူ ရုတ်သိမ်း​ပေးလိုက်မှာ မဟုတ်ပါဘူး။ မြန်မာ​တွေ ကိုယ်တိုင်က FIU Operational Analysis, Money Laundering Investigation နှင့် Prosecution တို့တွင် လက်တွေ့တိုးတက်မှု ပြသရန် လိုအပ်နေဆဲဖြစ်ပါတယ်။

စကလက ၃% ကိစ္စ၊ အိမ်ခြံ​မြေ ​ရှိသင့်တာထက် ​ဖောင်းပွ​နေမှု၊ -ားစျေးအဆမတန်မြင့်တက်ပြီး -ားလောကထဲ Source of Fund ​မပြနိုင်တဲ့ ငွေ​တွေ စီးဆင်း​နေတာ​တွေ့ရတယ်ဆိုတဲ့ ကိစ္စ​တွေက တကယ်စိန်​ခေါ်မှုကြီးတယ်။

ဒါ​ကြောင့်လည်း FATF လို အဖွဲ့ကြီး အရမ်း Update ဖြစ်ပြီးက ဒီတစ်​ခေါက်ထပ်တိုးလာတာက Scam Centers နှင့် Illicit Finance Risk ကို ထောက်ပြထားခြင်းက Delisting အတွက် အဓိကစိန်ခေါ်မှုဖြစ်ပါတယ်။

ဘာပဲ​ပြော​ပြော ဒီလိုအ​ခြေအ​နေမှာ ဂျပန် အစိုးရကို ​​ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (31/10/2026)**************************************1️⃣ Myanmar ကို High-Risk Jurisdictions Subject to...
31/10/2026

The Executive Brief (31/10/2026)
**************************************

1️⃣ Myanmar ကို High-Risk Jurisdictions Subject to a Call for Action စာရင်းတွင် ဆက်လက်ထားရှိရန်။
2️⃣ နိုင်ငံတကာဘဏ်များနှင့် Financial Institutions များအား Myanmar နှင့်ဆက်စပ်သော Business Relationships နှင့် Transactions များအပေါ် Risk-Proportionate Enhanced Due Diligence (EDD) ဆက်လက်အသုံးပြုရန်။
3️⃣ Fraud နှင့် Cyber Scam Activities မှ ဖြစ်ပေါ်လာသော Illicit Finance Risks များကို ထိရောက်စွာကိုင်တွယ်ရန် ထပ်မံတိုက်တွန်းရန်။
4️⃣February 2027 အထိ တိုးတက်မှုမရှိပါက Countermeasures ကို စဉ်းစားရန်။
5️⃣Myanmar ၏ FATF Action Plan အပြည့်အဝ ပြီးမြောက်သည်အထိ High-Risk List မှ မဖယ်ရှားရန်။

ဒီလို Black List က မဖယ်ရှားရတဲ့အ​ကြောင်းက

(A) AML/CFT Action Plan မပြီးမြောက်သေးခြင်း။
Myanmar သည် February 2020 တွင် Strategic Deficiencies များ ပြုပြင်ရန် ကတိပြုခဲ့ပြီး September 2021 တွင် Action Plan သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
October 2022 တွင် တိုးတက်မှုမလုံလောက်သည့်အတွက် EDD သတ်မှတ်ခဲ့ပြီး ယနေ့အထိ ဆက်လက်ရှိနေပါတယ်။

(B) Scam Centers နှင့် Illicit Finance Risk များ
FATF က Myanmar တွင် Fraud နှင့် Cyber Scam Operations များ ကျယ်ပြန့်နေပြီး Illicit Financial Flows အန္တရာယ် မြင့်မားနေဆဲဖြစ်ကြောင်း ထပ်မံဖော်ပြပါတယ်။

(C) Trafficking Victims နှင့် Humanitarian Flows.
Scam Operations များကို နှိမ်နင်းရာတွင် လူကုန်ကူးခံရသူများ၏ အခြေအနေကို ထည့်သွင်းစဉ်းစားရန် FATF က တိုက်တွန်းထားပါတယ်။ ထို့ပြင် Humanitarian Assistance, Legitimate NPO Activities နှင့် Remittances များကို EDD ကြောင့် မလိုအပ်ဘဲ အနှောင့်အယှက်မဖြစ်စေရန်လည်း အထူးဖော်ပြထားပါတယ်။

(D) FATF Action Plan ကို အမြန်ဆုံးအကောင်အထည်ဖော်ရန်ကျန်ခြင်း။
နောက်ဆုံးထုတ်ပြန်ချက်တွင် Myanmar အတွက် ကျန်ရှိသော Strategic Deficiencies နှစ်ခုကို အထူးဖော်ပြထားပါတယ်။

ယခု Plenary တွင် အဓိကမူဝါဒပြောင်းလဲမှု (၃) ခု ရှိပါတယ်။
1️⃣ Scam Compounds — နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ ငွေကြေးစီးဆင်းမှုကို တိုက်ဖျက်ရေး ဦးစားပေးလာခြင်း။
2️⃣ Virtual Assets & Crypto — Virtual Asset Service Providers (VASPs) များ၏ AML/CFT စည်းမျဉ်းလိုက်နာမှုကို အရှိန်မြှင့်စစ်ဆေးရန် ဆုံးဖြတ်ခြင်း။
3️⃣ AML/CFT Effectiveness — ဥပဒေပြဋ္ဌာန်းထားရုံမဟုတ်ဘဲ ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းနှင့် ပြစ်မှုမှရရှိသည့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းတို့၏ လက်တွေ့ရလဒ်ကို အလေးထားခြင်း။

FATF က Scam Compounds နှင့်ဆက်စပ်သော Illicit Financial Flows အစီရင်ခံစာအသစ်ကို လာမည့်အပတ်တွင် ထုတ်ပြန်မည်ဟုလည်း ကြေညာထားတာမို့ Scam နဲ့ နာမည်ကြီး​နေတဲ့ မြန်မာနိုင်ငံံအတွက် ဘာ​တွေ ပိုဆိုးလာ​မလဲ ဆိုတာဆက်လက် ​စောင့်ကြည့်ရဦးမယ်။

SCAM Compound မှာ နာမည်ကြီးတဲ့ နိုင်ငံ ၂ ခုရှိပါတယ် က​မ္ဘောဒီယား နဲ့ မြန်မာပါ။ က​မ္ဘောဒီယား က Black list က လွတ်ပြီး Gray List မှာ​တောင် ၂၀၂၃ ကတည်းက မရှိ​တော့ပါ။ SCAM မှာ နာမည်မကြီးတဲ့ Vietnam ​ဆောင် Gray List မှာ ပါ​နေဆဲ ဆို​တော့ မြန်မာအတွက် Blacklist က Stakeholder ​တွေအားလုံး ဝိုင်းကြိုးစားမှ ရမယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (29/10/2026)**************************************တရုတ်ယွမ်​ငွေ (CNY) ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရ...
29/10/2026

The Executive Brief (29/10/2026)
**************************************

တရုတ်ယွမ်​ငွေ (CNY) ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ၄ နှစ်ကျော်အတွင်း အမြင့်ဆုံးတန်ဖိုးကို ရောက်ရှိခဲ့ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်နောက်ပိုင်း အမြင့်ဆုံးတက်ခဲ့တာဖြစ်ပါတယ်။

အဓိကအကြောင်းရင်း (၄) ချက်ရှိပါတယ်။
1️⃣ USD အားပျော့လာခြင်း — အမေရိကန် Treasury Yield နဲ့ Dollar အပေါ် ဖိအားတွေဖြစ်​ပေါ်​နေခြင်း။
2️⃣ China Export အားကောင်းလာတာမို့ ပို့ကုန်လုပ်ငန်းတွေက ရရှိတဲ့ USD ကို Yuan ပြန်လဲတဲ့ Demand တိုးမြင့်လာခြင်း။
3️⃣ PBOC Exchange Rate Policy တရုတ်ဗဟိုဘဏ်က Yuan တန်ဖိုးကို တဖြည်းဖြည်း မြင့်တက်ခွင့်ပြုနေပေမဲ့ အလွန်မြန်ဆန်စွာ တက်ခြင်းကို ထိန်းချုပ်နေခြင်း။
4️⃣ တတိယသုံးလပတ်မှာ တရုတ် GDP တိုးတက်မှုက 4.5% ထိရရှိခဲ့ပြီး မျှော်မှန်းချက်ထက် ကောင်းမွန်​နေခဲ့ခြင်း တို့​ကြောင့်ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကနေ ကုန်ကြမ်း၊ စက်ပစ္စည်း နဲ့ လူသုံးကုန်​​တွေ တင်သွင်းနေရတဲ့ မြန်မာလုပ်ငန်းတွေအတွက်​တော့ Yuan တန်ဖိုး မြင့်တက်ခြင်းက Import Cost Inflation နဲ့ Working Capital Requirement တိုးလာနိုင်တဲ့ Risk ဖြစ်လာပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (23/10/2026)***************************************🌍 Big Four တွေ မြန်မာနိုင်ငံကနေ တကယ်ပဲ ထွက်ခွာသွာ...
23/10/2026

The Executive Brief (23/10/2026)
***************************************

🌍 Big Four တွေ မြန်မာနိုင်ငံကနေ တကယ်ပဲ ထွက်ခွာသွားကြပြီလား?

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေးအကြံပေးကုမ္ပဏီကြီး PwC မြန်မာနိုင်ငံကနေ ထွက်ခွာနေပြီဆိုတဲ့ အကြောင်းအရာဟာ စီးပွားရေးအသိုင်းအဝိုင်းမှာ Hot Topic တစ်ခု ဖြစ်လာပါတယ်။

📰 အထူးသဖြင့် PwC ကုမ္ပဏီရဲ့ Liquidation Notice သတင်းစာမှာ ပါလာပြီးနောက် Big Four တွေ မြန်မာနိုင်ငံမှာ ဆက်မလုပ်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ Investment & Business Environment အပေါ် နိုင်ငံတကာ Professional Firms တွေရဲ့ ယုံကြည်မှု ကျဆင်းလာနေပြီလား?”

ဒါပေမဲ့ ဒီကိစ္စကို သုံးသပ်တဲ့အခါ အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။

⚖️ ကုမ္ပဏီတစ်ခု ဖျက်သိမ်းခြင်း (Company Liquidation) နဲ့ နိုင်ငံတစ်ခုရဲ့ ဈေးကွက်ကနေ အပြီးအပိုင် ထွက်ခွာခြင်း (Market Exit) ဟာ မတူပါဘူး။

🔎 DICA ရဲ့ MyCO မှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ Big Four တွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ Legal Entities တွေမှာ အောက်ပါအခြေအနေတွေကို တွေ့ရပါတယ်။

🏢 ၁။ PwC (PricewaterhouseCoopers)
PwC မှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Legal Entities နှစ်ခုနဲ့ Singapore Company ၁ ခု ရှိခဲ့ပါတယ်။
Singapore မှာ မှတ်ပုံတင်ထားတဲ့ PricewaterhouseCoopers Consulting (Myanmar) Pte. Ltd. ကလည်း Members' Voluntary Winding Up လုပ်ငန်းစဉ်နဲ့ ဖျက်သိမ်းထားပါတယ်။
PricewaterhouseCoopers Myanmar Company Limited က Registered ဆက်ဖြစ်နေတာတွေ့ရပါတယ်။
PwC Consulting Myanmar Company Limited ကတော့ MyCO မှာ Registered ဖြစ်နေဆဲဖြစ်ပေမဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ Creditors' Meeting ကျင်းပပြီး Liquidator ခန့်အပ်ဖို့ သတင်းစာမှာ ကြေညာထားပါတယ်။

ဒါကြောင့် PwC ရဲ့ Local Corporate Structure မှာ သိသာတဲ့ ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

🏢 ၂။ KPMG
KPMG (Myanmar) Pte Ltd. (Yangon Branch) က Liquidated ဖြစ်နေပါတယ်။
ဒါပေမဲ့ KPMG Advisory (Myanmar) Ltd. ကတော့ Registered ဖြစ်နေဆဲပါ။

🏢 ၃။ Deloitte
Deloitte Consulting (Myanmar) Limited နဲ့ Deloitte Touche Myanmar Vigour Advisory Limited ဆိုတဲ့ ကုမ္ပဏီနှစ်ခုလုံး MyCO မှာ Registered ဖြစ်နေဆဲဖြစ်ပါတယ်။

🏢 ၄။ Ernst & Young (EY)
ယခင် Ernst & Young (Myanmar) Limited လို့ အမည်ရခဲ့တဲ့ Enternity Yellow Advisory Myanmar Limited က ဖျက်သိမ်းပြီး ဖြစ်သွားပါပြီ။
ဒါပေမဲ့ ယခင် EY UTW Advisory Limited လို့ အမည်ရခဲ့တဲ့ EY ဟာ သူ့ရဲ့ Local Partner ဖြစ်တဲ့ UTW Advisory Limited အမည်နဲ့ ပြောင်းလဲ ဆောင်ရွက်နေပါတယ်။
🤔 ဒါဆို Big Four တွေ ဘာကြောင့် ဒီလိုပြောင်းလဲလာတာလဲ?🚨🚨🚨

Big Four တွေ ထွက်သွားပြီလားဆိုတာထက် ဘာကြောင့် သူတို့ရဲ့ Corporate Structure တွေ ပြောင်းလဲလာသလဲဆိုတာကို ပိုမိုလေ့လာသင့်တယ်။ နိုင်ငံတကာ Professional Services Firms တွေအတွက် မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ရာမှာ Regulatory Compliance, Sanctions Exposure, Foreign Investment ကျဆင်းမှု၊ ငွေလဲနှုန်းနဲ့ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်တွေဟာ အရေးကြီးတဲ့ Business Considerations Points ဖြစ်ပါတယ်။

🌐 Big Four တွေဟာ စာရင်းစစ်လုပ်ငန်းတွေတင် မဟုတ်ပါဘူး။ Foreign Investment, Mergers & Acquisitions, Tax Advisory, Corporate Governance နဲ့ Financial Due Diligence စတဲ့ လုပ်ငန်းတွေမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။

📊 ဒါကြောင့် သူတို့ရဲ့ Local Presence ပြောင်းလဲလာမှုဟာ မြန်မာနိုင်ငံရဲ့ Professional Services Market အတွက် စောင့်ကြည့်သင့်တဲ့ အချက်တစ်ခုဖြစ်ပြီး...

မြန်မာနိုင်ငံရဲ့ Investment & Business Environment ရဲ့ အရိပ်အယောင်​တွေက . . . ?



Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (22/10/2026)*************************************မြန်မာနိုင်ငံအတွင်း FDI ဝင်ရောက်မှုကို အဟန့်အတားဖြစ...
22/10/2026

The Executive Brief (22/10/2026)
*************************************

မြန်မာနိုင်ငံအတွင်း FDI ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေတဲ့ အဓိကအချက် (၅) ချက်

မြန်မာနိုင်ငံမှာ FDI ဝင်ရောက်မှုအတွက် အဓိကပြဿနာက ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း မရှိလို့ မဟုတ်ပဲနဲ့ ရင်းနှီးမြှုပ်နှံသူတွေ လက်ခံနိုင်တဲ့ Risk Level အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကို ရေရှည်လည်ပတ်နိုင်မယ့် အခြေအနေ မပြည့်စုံ​နေသေးတာ ​ကြောင့် ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အခွန်ကင်းလွတ်ခွင့်၊ ဈေးကွက်အရွယ်အစားနဲ့ သဘာဝသယံဇာတတွေက Investment Decision ကို ဆွဲဆောင်နိုင်ပေမဲ့ Capital Commitment ကို အဆုံးအဖြတ်ပေးတာက Regulatory Predictability, Operational Reliability, Financial Accessibility နဲ့ Risk-adjusted Return တို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ FDI စိန်ခေါ်မှုဟာ Investment Ex*****on နဲ့ Capital Protection ပြဿနာက အဓိကကျပါတယ်။

1️⃣ Political & Security Risk — နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှု

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ရေရှည်စီမံကိန်းတွေမှာ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံကြရတာကြောင့် လုပ်ငန်းခွင်လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ Supply Chain တည်ငြိမ်မှုတွေကို အထူးအလေးထားကြပါတယ်။

လုံခြုံရေးဆိုင်ရာ မရေရာမှုတွေကြောင့် Project Delay ဖြစ်နိုင်သလို Risk Premium မြင့်တက်ပြီး Investment Return လျော့နည်းနိုင်ပါတယ်။

2️⃣ Regulatory Uncertainty — ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မရေရာမှု

ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ Investment Approval၊ လိုင်စင်၊ အခွန်၊ မြေအသုံးချမှုနဲ့ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ စည်းမျဉ်းတွေကို ရှင်းလင်းစွာ သိရှိနိုင်ဖို့ လိုအပ်ပါတယ်။

ဥပဒေရှိရုံနဲ့ မလုံလောက်ဘဲ အကောင်အထည်ဖော်ရာမှာ တစ်သမတ်တည်းဖြစ်ဖို့လည်း အရေးကြီးပါတယ်။ လုပ်ထုံးလုပ်နည်း မရှင်းလင်းခြင်းနဲ့ ခွင့်ပြုချက်ကြန့်ကြာခြင်းတွေဟာ Compliance Cost နဲ့ Project Cost ကို မြင့်တက်စေပါတယ်။

3️⃣ Electricity Shortage — လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှု

Manufacturing၊ Food Processing နဲ့ Cold Storage လုပ်ငန်းတွေအတွက် လျှပ်စစ်ဓာတ်အားဟာ အဓိက Production Input ဖြစ်ပါတယ်။

လျှပ်စစ်မတည်ငြိမ်မှုကြောင့် Generator အသုံးပြုရခြင်း၊ ထုတ်လုပ်မှုရပ်တန့်ခြင်းနဲ့ Delivery Schedule မပြည့်မီခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ Unit Production Cost မြင့်တက်စေပြီး နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေပါတယ်။

4️⃣ Foreign Exchange & Banking Restrictions — နိုင်ငံခြားငွေနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အကန့်အသတ်များ

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် Capital Inflow ရှိရုံနဲ့ မလုံလောက်ပါဘူး။ Import Payment၊ Foreign Currency Conversion၊ Loan Repayment နဲ့ Profit Repatriation တွေကို ဥပဒေနဲ့အညီ ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။

ငွေလဲနှုန်းနဲ့ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ မရေရာမှုတွေဟာ Cash Flow Forecasting၊ Debt Servicing နဲ့ Investment Exit Strategy တွေအပေါ် တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။

5️⃣ Transport & Logistics Constraints — သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု အခက်အခဲများ

မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အားသာချက်ရှိပေမဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်မားခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်း အနှောင့်အယှက်များနဲ့ Customs Clearance ကြန့်ကြာမှုတွေကြောင့် အဆိုပါအားသာချက်ကို အပြည့်အဝ အသုံးမချနိုင်သေးပါဘူး။

ဒီအခက်အခဲ ၅ ခုကို ဘယ်လို​ကျော်လွှားနိုင်မလဲဗျာ....?

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (21/10/2026)**************************************မြန်မာလူဦးရေ ၆၈ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုနဲ့...
21/10/2026

The Executive Brief (21/10/2026)
**************************************

မြန်မာလူဦးရေ ၆၈ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရပြီလား?

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ Layers of Deprivation: Multidimensional Poverty in Myanmar ဆိုတဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်း၊ လူဦးရေ ၃၇ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးနေသူတွေ သို့မဟုတ် ဆင်းရဲနွမ်းပါးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ အရေးကြီးတာက ဆင်းရဲနွမ်းပါးမှုကို ဝင်ငွေတစ်ခုတည်းနဲ့ တိုင်းတာထားတာ မဟုတ်ပါဘူး။
ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ အိမ်ရာနဲ့ အခြေခံလူနေမှုအဆင့်အတန်းတွေကိုပါ ထည့်သွင်းတိုင်းတာတဲ့ Multidimensional Poverty Index (MPI) ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ဒီ​အစီရင်ခံစာက ဆွဲထုတ်ပြတဲ့ အ​ရေးကြီးတဲ့ အချက် ၃ချက်ရှိပါတယ်။

1️⃣ ပထမအချက်က Purchasing Power ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်း ကျဆင်းလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေရဲ့ ရောင်းအား၊ အမြတ်အစွန်းနဲ့ ဈေးကွက်ချဲ့ထွင်နိုင်စွမ်းတွေကို ထိခိုက်စေနိုင်ပါတယ်။

2️⃣ ဒုတိယအချက်က Human Capital ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခက်အခဲတွေဟာ ရေရှည်မှာ လုပ်သားအရည်အသွေး၊ ကုန်ထုတ်စွမ်းအားနဲ့ နိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

3️⃣ တတိယအချက်က Economic Recovery ဖြစ်ပါတယ်။ GDP တိုးတက်လာရုံ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်​ခေါ်​နေရုံ၊ ဝင်ရောက်လာရုံနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ အမှန်တကယ်တိုးတက်လာပြီလို့ မဆိုနိုင်ပါဘူး။ စီးပွားရေးတိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေ ပြည်သူတွေဆီ ဘယ်လောက်ရောက်ရှိသလဲဆိုတာလည်း အရေးကြီးပါတယ်။

ကျွန်​​တော့်စာ​ဖတ်ရှု​သူ​တွေကို မေးခွန်းတစ်ခု မေးချင်ပါတယ်။
“နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို GDP Growth နဲ့ပဲ တိုင်းတာသင့်သလား၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာမှုနဲ့ပါ တိုင်းတာသင့်သလား?”

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (18/10/2026)**************************************ဒီ​နေ့​တော့ ​မေးခွန်း​လေး တစ်ခု​မေးပါရ​စေ“ဈေးကွက်မ...
18/10/2026

The Executive Brief (18/10/2026)
**************************************

ဒီ​နေ့​တော့ ​မေးခွန်း​လေး တစ်ခု​မေးပါရ​စေ

“ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းစေခြင်း” နဲ့ “စားသုံးရန် မသင့်” ဘာကွာလည်း..?

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (17/10/2026)***************************************​အောက်တိုဘာလ ၁၄ ရက်​နေ့မှာ ဘဏ္ဍာအခွန်က မြန်မာနဲ့ ...
17/10/2026

The Executive Brief (17/10/2026)
***************************************

​အောက်တိုဘာလ ၁၄ ရက်​နေ့မှာ ဘဏ္ဍာအခွန်က မြန်မာနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ Double Taxation Agreement (DTA) စတင် အသက်ဝင်မည်​နေ့ကို ၂၀၂၇ ဧပြီ ၁ ရက်​နေ့လို့ ထုတ်ပြန်လာပါတယ်။

ဒီ​တော့ ဘယ်လာရုစ် ဆီက ​ချေး​ငွေ​တွေက အဲ့အချိန်​လောက် စတင်ယူနိုင်ပါတယ်။ ​DTA အရ ချေး​ငွေအတိုးအ​ပေါ် ​ပေးရတဲ့ အခွန်ကို အစိုးရ​ဘဏ်ဆိုရင် 0% ဖြစ်ပြီး ပုဂ္ဂလိက
​ချေး​ငွေဆိုရင် အများ​ဆုံး ၁၂% အထိ သတ်မှတ်ထားတာ​တွေ့ရပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ Double Taxation Agreement (DTA) ဆိုတာ ဝင်ငွေတစ်ခုတည်းအပေါ် နှစ်နိုင်ငံလုံးမှာ အခွန်နှစ်ထပ်ကျသင့်မှုကို လျှော့ချဖယ်ရှားပေးဖို့ ရည်ရွယ်တဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။

စာချုပ်ရဲ့ အဓိကအကျိုးကျေးဇူး (၃) ချက်

• အခွန်နှစ်ထပ်မကျစေရန် — နိုင်ငံတစ်ခုမှာ ပေးဆောင်ပြီးတဲ့အခွန်ကို အခြားနိုင်ငံမှာ သတ်မှတ်ချက်အရ Tax Credit ရယူနိုင်ခြင်း။

• ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေကုန်ကျစရိတ် လျှော့ချနိုင်ခြင်း — အတိုး၊ အမြတ်ဝေစုနဲ့ ဝန်ဆောင်ခတွေအပေါ် အခွန်ကန့်သတ်နှုန်းထား သတ်မှတ်ပေးခြင်း။

• အခွန်ကောက်ခံခွင့်ကို ရှင်းလင်းစေခြင်း — ဘယ်ဝင်ငွေကို ဘယ်နိုင်ငံက အခွန်ကောက်ခံနိုင်သလဲဆိုတာ သတ်မှတ်ပေးခြင်း။

အဓိက DTA နှုန်းထားများ

1️⃣ Dividend (အမြတ်ဝေစု) - 10% သို့မဟုတ် 15%
2️⃣ Interest (ချေးငွေအတိုး) - အများဆုံး 12%
3️⃣ Government / သတ်မှတ်ထားသော အစိုးရပိုင်ဘဏ်များ၏ Interest - 0%
4️⃣ Royalty (မူပိုင်ခွင့်အသုံးပြုခ) - အများဆုံး 10%
5️⃣ Technical & Consultancy Fees - အများဆုံး 10%

DTA သက်သာခွင့်ရဖို့လည်း စာချုပ်ပါသတ်မှတ်ချက်တွေ ပြည့်မီရပါမယ်။

ဒီ​တော့ ဘယ်လာရုစ် ဆီက ​ချေး​ငွေ​တွေက အဲ့အချိန်​လောက် စတင်ယူနိုင်ပါတယ်။ ​DTA အရ ချေး​ငွေအတိုးအ​ပေါ် ​ပေးရတဲ့ အခွန်ကို အစိုးရ​ဘဏ်ဆိုရင် 0% ဖြစ်ပြီး ပုဂ္ဂလိက
​ချေး​ငွေဆိုရင် အများ​ဆုံး ၁၂% အထိ သတ်မှတ်ထားတာ​တွေ့ရပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (16/10/2026)**************************************မနေ့က ဗဟိုဘဏ်ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရ...
16/10/2026

The Executive Brief (16/10/2026)
**************************************

မနေ့က ဗဟိုဘဏ်ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သုံးသပ်မှုတွေ အများကြီး တွေ့ရပါတယ်။

ဒီနေရာမှာ စဉ်းစားစရာတစ်ခု ရှိပါတယ်။

ဒေါ်လာဈေးတက်တဲ့အခါ အကျိုးအမြတ်ရနိုင်တဲ့ လူတန်းစားတစ်ရပ် ရှိပါတယ်။ ဒေါ်လာနဲ့ ဝင်ငွေရသူတွေ၊ ဒေါ်လာပိုင်ဆိုင်မှုရှိသူတွေ၊ နိုင်ငံခြားငွေနဲ့ ချိတ်ဆက်ထားတဲ့ Asset တွေ ပိုင်ဆိုင်သူတွေပေါ့။

တစ်ဖက်မှာတော့ ဒေါ်လာဈေးတက်တာနဲ့အမျှ ကုန်ဈေးနှုန်းတွေတက်ပြီး နေ့စဉ်စားဝတ်နေရေး ပိုမိုကြပ်တည်းလာနိုင်တဲ့ လူတန်းစားတစ်ရပ်လည်း ရှိပါတယ်။ အထူးသဖြင့် ကျပ်ငွေနဲ့ ပုံသေလစာရသူတွေပေါ့။

ထူးခြားတာက ဒေါ်လာဈေးတက်လို့ အကျိုးရှိနိုင်သူတွေထက် ဒေါ်လာဈေးတက်ရင် ပိုမိုထိခိုက်နိုင်သူတွေက ငွေကြေးစနစ်ပြိုလဲတော့မယ့်အကြောင်းကို ပိုပြီးစိုးရိမ်တကြီး ပြောဆိုနေကြတာပါ။

စိုးရိမ်တာကို အပြစ်မဆိုလိုပါဘူး။ အစိုးရရဲ့ ဘဏ္ဍာရေးမူဝါဒကို ဝေဖန်တာလည်း မှားတယ်လို့ မဆိုလိုပါဘူး။

ဒါပေမယ့် အချက်အလက်မခိုင်လုံဘဲ ငွေကြေးစနစ်အပေါ် ထိတ်လန့်မှုတွေ ဖြန့်ဝေမိတဲ့အခါ ဘာဖြစ်လာနိုင်သလဲ။

လူတွေက ကျပ်ငွေအပေါ် ယုံကြည်မှုလျော့ကျလာမယ်။ ဒေါ်လာဝယ်လိုအား တိုးလာမယ်။ ကျပ်ငွေတန်ဖိုးအပေါ် ဖိအားတွေ ပိုများလာနိုင်တယ်။

နောက်ဆုံးမှာ အဲ့ဒီဒဏ်ကို အများဆုံးခံရနိုင်သူတွေက ကျပ်ငွေနဲ့ပဲ ဝင်ငွေရနေတဲ့ ပြည်သူတွေ ဖြစ်နေပြန်ပါတယ်။

Economics မှာ ဒါမျိုးကို Self-Fulfilling Prophecy ဆိုတဲ့ သဘောတရားနဲ့ ရှင်းပြနိုင်ပါတယ်။ Self-Fulfilling Prophecy ဆိုတာ လူတွေက အခြေအနေတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပြီး အဲဒီယုံကြည်ချက်အတိုင်း ပြုမူကြရာကနေ မူလက မဖြစ်သေးတဲ့ အခြေအနေတစ်ခုကို တကယ်ဖြစ်လာစေတဲ့ ဖြစ်စဉ်၊ မြန်မြန်ဖြစ်လာ​စေတဲ့ ဖြစ်စဥ် ကို ဆိုလိုပါတယ်။

သတင်းမှန်ကို သိဖို့လိုပါတယ်။ မူဝါဒတွေကို ဝေဖန်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် စိုးရိမ်မှုနဲ့ အချက်အလက်ကို ခွဲခြားနိုင်ဖို့ ပိုလိုပါတယ်။

ကိုယ်ကြောက်နေတဲ့ အခြေအနေကို ကိုယ့်ရဲ့ အပြုအမူတွေကပဲ ပိုဆိုးအောင် လုပ်မိနေသလားဆိုတာ ပြန်စဉ်းစားဖို့ လိုပါတယ်။

တစ်ခါတလေ သူများကို စွပ်ချင်တဲ့ ကြိုးကွင်းဟာ သူများကို မစွပ်မိပဲ ကိုယ့်ဘာသာကိုယ် ပြန်စွပ်မိတတ်ပါတယ်။

အားလုံး အခက်အခဲ​တွေကြားက ​ကျော်ဖြတ်နိုင်ကြပါ​စေ။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (15/10/2026)**************************************အစိုးရက ဗဟိုဘဏ်ထံမှ ငွေချေးယူတယ်ဆိုတာ ပုံမှန်ဘဏ်ချ...
15/10/2026

The Executive Brief (15/10/2026)
**************************************

အစိုးရက ဗဟိုဘဏ်ထံမှ ငွေချေးယူတယ်ဆိုတာ ပုံမှန်ဘဏ်ချေးငွေယူတာနဲ့ မတူပါဘူး။ ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) နဲ့ ငွေကြေးမူဝါဒ (Monetary Policy) နှစ်ခု ဆက်စပ်နေတဲ့ကိစ္စဖြစ်ပါတယ်။

အထူးသဖြင့် အစိုးရအသုံးစရိတ်က အခွန်အကောက်နဲ့ အခြားဝင်ငွေတွေထက် များနေတဲ့အခါ Budget Deficit Financing အတွက် အစိုးရက ဗဟိုဘဏ်ကို ပိုပြီး အားကိုးလာရပါ​တော့တယ်။

အဓိက သိထားရမှာက—
ဗဟိုဘဏ်က အစိုးရကို ငွေချေးတိုင်း ငွေစက္ကူအသစ်ရိုက်ထုတ်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် မလုပ်ဘူးလို့လည်း မ​ပြောနိုင်ပါဘူး။ ဗဟိုဘဏ်က ငွေကြေးအသစ်ဖန်တီးပြီး ချေးပေးနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုနဲ့ ကျပ်ငွေတန်ဖိုးအပေါ် အန္တရာယ်ရှိနိုင်ပါတယ်။

1️⃣ အစိုးရက ဘာကြောင့် ဗဟိုဘဏ်ထံမှ ချေးယူသလဲ?
ဥပမာ အစိုးရမှာ တစ်နှစ်အတွက်— အခွန်နှင့် အခြားအစိုးရဝင်ငွေ 8,000 ရှိပြီး စုစုပေါင်းအစိုးရအသုံးစရိတ် 10,100 သာဖြစ်ရင် ဘတ်ဂျက်လိုငွေ (Fiscal Deficit) 2100 ဖြစ်​ပေါ်လာပါတယ်။

ဒီလိုဖြစ်တဲ့အခါ ကျပ်ဘီလီယံ ၂,၁၀၀ ကို ဘယ်ကနေ ရှာမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။
အစိုးရမှာ အဓိကရွေးချယ်စရာတွေက
➡️အခွန်ဝင်ငွေတိုးမြှင့်ခြင်း၊
➡️အသုံးစရိတ်လျှော့ချခြင်း၊
➡️အစိုးရငွေတိုက်စာချုပ်ထုတ်ရောင်းခြင်း၊
➡️ပြည်တွင်း/ပြည်ပချေးငွေရယူခြင်းနဲ့
➡️ဗဟိုဘဏ်ထံမှ ချေးယူခြင်းတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးနည်းလမ်းက ဗဟိုဘဏ်ရဲ့ Balance Sheet ကို တိုက်ရိုက်ထိခိုက်နိုင်တာကြောင့် အထူးသတိထားရပါတယ်။

2️⃣ အောက်တိုဘာ ၁၄ ရက်နေ့ လွှတ်တော်မှာ ဘာ​တွေဆုံးဖြတ်ချက်ချခဲ့သလဲ?

မ​နေ့တစ်​နေ့က လွှတ်တော်အတည်ပြုချက်မှာ ဘာတွေပါခဲ့သလဲ?
ကျပ်ဘီလီယံ - ၂,၁၀၀
Treasury Bill အတိုးနှုန်း - 4% p.a.
အသုံးပြုမည့်ရည်ရွယ်ချက် - Budget Deficit
ချေးငွေအမျိုးအစား - Net Borrowing Estimate
ငွေချေးသူ - Union Government

အဓိကအချက်က အစိုးရဟာ ပထမဆုံး လစဉ် Treasury Bill နဲ့ Treasury Bond Auction တွေကနေ ငွေရှာမယ်။ အဲဒီနောက် လကုန်မှာ ဘဏ္ဍာရေးလိုငွေကျန်နေသေးရင် ဗဟိုဘဏ်ထံမှ ချေးယူမယ်လို့ ရှင်းပြထားတာပါ။

ကျပ် ၂.၁ ထရီလီယံဟာ အများဆုံးခွင့်ပြုထားတဲ့ Net Borrowing Estimate ဖြစ်ပြီး ပမာဏအားလုံးကို ချက်ချင်းထုတ်ယူပြီးပြီလို့ မဆိုလိုပါဘူး။ ထုတ်ပြန်ချက်အရ ၂၀၂၆ ဇွန်လအထိ အဲဒီဘဏ္ဍာရေးနှစ်အတွက် ဗဟိုဘဏ်ထံမှ ချေးငွေမယူရသေးကြောင်းလည်း ပြောကြားထားပါတယ်။

၃။ ဗဟိုဘဏ်က အစိုးရကို ဘယ်လိုနည်းလမ်းတွေနဲ့ ငွေချေးပေးနိုင်သလဲ?

ဒီအပိုင်းက စိတ်ဝင်စားစရာအ​ကောင်းဆုံးပါ။ အများ​ပြော​နေသလို ​ငွေစက္ကူ ရိုက်မှာလား ?

နည်းလမ်း (၁) — Direct Central Bank Financing
အစိုးရက Treasury Bill ထုတ်ပေးပြီး ဗဟိုဘဏ်က တိုက်ရိုက်ဝယ်ယူတဲ့နည်းလမ်းပါ။ ဒီအခါ ဗဟိုဘဏ်က အစိုးရအကောင့်ကို ငွေစာရင်းသွင်းပေးနိုင်ပါတယ်။ ဗဟိုဘဏ်ရဲ့ Assets မှာ Government Securities တိုးပြီး Liabilities မှာ Government Deposit တိုးလာပါတယ်။

နည်းလမ်း (၂) — Commercial Bank Financing
အစိုးရက Treasury Bills/Bonds တွေကို လေလံတင်ရောင်းချပြီး Commercial Banks တွေက ဝယ်ယူပါတယ်။ ဒါဟာ ပုံမှန်အားဖြင့် ရှိပြီးသားငွေကြေးကို အစိုးရထံ ရွှေ့ပြောင်းပေးတာဖြစ်လို့ ဗဟိုဘဏ်က တိုက်ရိုက်ငွေကြေးအသစ်ဖန်တီးတာနဲ့ မတူပါဘူး။

နည်းလမ်း (၃) — Secondary Market Purchase
ဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကိုင်ထားတဲ့ Government Securities တွေကို ဗဟိုဘဏ်က ပြန်ဝယ်ယူနိုင်ပါတယ်။ ဒီလိုဝယ်ယူခြင်းက ဘဏ်စနစ်ထဲ Reserve Money တိုးစေနိုင်ပြီး Liquidity Injection ဖြစ်စေပါတယ်။

နည်းလမ်း (၄) — Debt Rollover / Refinancing
သက်တမ်းပြည့်တဲ့ Treasury Bill ကို အစိုးရက ငွေသားနဲ့ ပြန်မဆပ်နိုင်ရင် စာချုပ်အသစ်ထုတ်ပြီး အဟောင်းကို ပြန်ဆပ်တဲ့နည်းလမ်းပါ။ ဒါဟာ အကြွေးသက်တမ်းကို ရွှေ့ဆိုင်းတာဖြစ်ပြီး အကြွေးအရင်းကို အလိုအလျောက် လျှော့ချတာမဟုတ်ပါဘူး။

3️⃣လွှတ်​တော်က ဘာကို အတည်ပြုခဲ့တာလဲ?

ဒီလေးမျိုးအနက် ၂၀၂၆ အောက်တိုဘာမှာ အတည်ပြုချက်နဲ့ တိုက်ရိုက်သက်ဆိုင်တာက နည်းလမ်း (၁) ဖြစ်ပါတယ်။ နည်းလမ်း (၂) ကို ဦးစွာအသုံးပြုမယ်လို့လည်း အစိုးရဘက်က ဖော်ပြထားပါတယ်။
ဒီနည်းလမ်းရဲ့ အဓိကအားသာချက်က ဗဟိုဘဏ်က ငွေကြေးအသစ် တိုက်ရိုက်ဖန်တီးပေးစရာမလိုဘဲ အစိုးရက ငွေချေးယူနိုင်ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ ဆိုးကျိုးတစ်ခုလည်း ရှိ​နေပြန်ပါတယ်။ အဲဒါက Crowding-Out Effect ပါ။

ဘဏ်တစ်ခုမှာ ချေးငွေထုတ်ပေးနိုင်တဲ့ ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ ရှိတယ်ဆိုပါစို့။
အစိုးရက Treasury Bonds ထုတ်ရောင်းတဲ့အခါ ဘဏ်က ကျပ်ဘီလီယံ ၇၀ ဖိုး ဝယ်ယူလိုက်တယ်။
ဒါဆို ပုဂ္ဂလိကလုပ်ငန်းတွေကို ချေးငွေထုတ်ပေးဖို့ ကျန်တဲ့ရန်ပုံငွေက ကျပ်ဘီလီယံ ၃၀ ပဲ ရှိတော့တယ်လို့ ရိုးရှင်းစွာ ယူဆနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ—
❌️SME တွေ ချေးငွေရဖို့ ပိုခက်ခဲလာနိုင်တယ်။
❌️ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု လျော့နည်းနိုင်တယ်။
❌️ ချေးငွေအတိုးနှုန်းအပေါ် ဖိအားတက်နိုင်တယ်။
❌စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့ အခက်အခဲရှိလာနိုင်တယ်။
❌ဘဏ်တွေရဲ့ Assets တွေမှာ Government Securities အချိုးအစား များလာပြီး Sovereign Concentration Risk တိုးလာနိုင်တယ်။

ဒါပေမယ့် ဘဏ်တွေမှာ ချေးငွေထုတ်မပေးနိုင်တဲ့ ပိုလျှံ Liquidity ရှိနေပြီး အစိုးရက အဲဒီငွေကို ထိရောက်တဲ့ အခြေခံအဆောက်အအုံနဲ့ ထုတ်လုပ်မှုမြှင့်တင်ရေးမှာ သုံးစွဲတယ်ဆိုရင် စီးပွားရေးအပေါ် အပြုသဘောသက်ရောက်မှုလည်း ရှိနိုင်ပါတယ်။

စာရှည်သွားလို့ ဒီမှာ တစ်ခန်းရပ်ပါရ​စေ။

ဗဟိုဘဏ်ချေးငွေကြောင့် ဒေါ်လာဈေး တက်နိုင်သလား ? ဆိုတာ .......

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

Address

Yangon
11171

Alerts

Be the first to know and let us send you an email when Myo Hein - MES posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share