Nyi Ko Ko Lwin-Insurance Advisor

Nyi Ko Ko Lwin-Insurance Advisor Warm care. Honest support.

မြန်မာ့နှစ်သစ်ကူး နှစ်ဦး အလှူတော်
28/04/2026

မြန်မာ့နှစ်သစ်ကူး နှစ်ဦး အလှူတော်

အတူတူလျှောက်လှမ်းနိုင်ဖို့ဆိုတာက ဆွဲခေါ်နိုင်သူရှိမှအကောင်းဆုံး ခြေလှမ်းကို လှမ်းနိုင်မှာပါ 🤝🤝🤝ဘာကြောင့်ဖြစ်ဖြစ် ကျွန်တေ...
10/03/2026

အတူတူလျှောက်လှမ်းနိုင်ဖို့ဆိုတာက ဆွဲခေါ်နိုင်သူရှိမှအကောင်းဆုံး ခြေလှမ်းကို လှမ်းနိုင်မှာပါ 🤝🤝🤝
ဘာကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့ အတူတူအရှေ့ကို
တိုးပြီး သွားကြည့်‌ရအောင် 🤝🤝🤝

အခက်အခဲဆိုတာ လူတိုင်းအတွက် တန်းတူလာတတ်ပေမယ့် မတူတာက စိတ်ထားပါ။အချို့က “မဖြစ်နိုင်ဘူး” လို့ ထိုင်ကြည့်နေချိန်မှာအချို့က “...
02/03/2026

အခက်အခဲဆိုတာ လူတိုင်းအတွက် တန်းတူလာတတ်ပေမယ့် မတူတာက စိတ်ထားပါ။
အချို့က “မဖြစ်နိုင်ဘူး” လို့ ထိုင်ကြည့်နေချိန်မှာ
အချို့က “ဘယ်လိုဖြစ်နိုင်မလဲ” ဆိုပြီး လှုပ်ရှားနေကြပါ
တယ်။

မနက်ဖြန်ကို ကြောက်ပြီး ဒီနေ့ကို မလွတ်မိပါနဲ့။
အခြေအနေမကောင်းတဲ့အချိန်မှာတောင်
မရပ်ဘဲ ဆက်လှမ်းနိုင်တဲ့သူကပဲ
နောက်တစ်ဆင့်ကို ရောက်နိုင်ပါတယ်။

**မကြောက်ပါနဲ့ — ပြောင်းလဲလိုက်ပါ။
မတွန်းလှန်ပါနဲ့ — တည်ဆောက်လိုက်ပါ။
ဒီအချိန်က သင့်အချိန် ဖြစ်နိုင်ပါတယ်။

🩵 မိသားစုအပေါ်ထားတဲ့ မေတ္တာဆိုတာ အနားမှာ ရှိနေပေးရုံတင်မဟုတ်ဘဲ... ကိုယ်တိုင် အဝေးတစ်နေရာ ရောက်နေချိန် ဒါမှမဟုတ် မရှိတော့...
28/02/2026

🩵 မိသားစုအပေါ်ထားတဲ့ မေတ္တာဆိုတာ အနားမှာ ရှိနေပေးရုံတင်မဟုတ်ဘဲ... ကိုယ်တိုင် အဝေးတစ်နေရာ ရောက်နေချိန် ဒါမှမဟုတ် မရှိတော့တဲ့ အချိန်မျိုးမှာတောင် သူတို့လေးတွေ အဆင်ပြေနေအောင် ကြိုတင်တွေးပေးတာမျိုးပါ။

ပင်ပင်ပန်းပန်း စုဆောင်းထားတဲ့ ငွေကြေးတွေကို ဒီအတိုင်း သိမ်းထားမယ့်အစား မိသားစုရဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲလိုက်တာက အကောင်းဆုံး ဂရုစိုက်မှုပါပဲ။

ဒါကြောင့် စုငွေလည်းတိုး၊ အကာအကွယ်လည်း အပြည့်ရမယ့် CB Life ရဲ့ Smart Saving Plus 5/3 အကြောင်းကို မျှဝေပေးချင်ပါတယ်။

🔳 Smart Saving Plus 5/3 ရဲ့ ဟာဆိုရင်...

◾ မမျှော်လင့်ထားတဲ့အခြေအနေတရပ်ရပ်နဲ့ ကြုံလာခဲ့ရင်လည်း ကနဦးအာမခံထား‌တဲ့ငွေရဲ့ (၅၀၀%)ကို အများဆုံးရရှိမယ့်အပြင် နှစ်စေ့အကျိုးခံစားခွင့်အနေနဲ့ ကနဦးအာမခံထား‌တဲ့ငွေရဲ့အများဆုံး (၃၂၃%)အထိကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။

◾ ဒါ့အပြင် နှစ်စဉ်အကျိုးခံစားခွင့်အနေနဲ့ Annual Cash Back (coupon) ကို အာမခံထားငွေရဲ့ (၅%) မှ (၁၅%) အထိ အကျိုးခံစားခွင့်ကိုရရှိမှာဖြစ်တယ်။

◾ Smart Saving Plus 5/3ဟာဆိုရင် အသက်အရွယ်မရွေး၊ ကျန်းမာရေးစစ်ဆေးစရာမလိုဘဲ ထားလို့ရတာကြောင့် ချစ်ရသူတွေအတွက် အခုပဲ စတင်ပြင်ဆင်ပေးလို့ ရပါတယ်။

"စုငွေလည်းတိုး၊ အကာအကွယ်လည်းရ" တဲ့ Smart Saving Plus 5/3 နဲ့ မိသားစုအနာဂတ်ကို ဒီနေ့ပဲ စိတ်ချလက်ချ ပုံဖော်လိုက်ပါ။




#စု‌ငွေလည်းတိုးအကာအကွယ်လည်းရ
#အသက်အာမခံ

ကျွန်တော့်တို့ဘဝတွေကို ကျွန်တော်တို့ကိုယ်တိုင် ပုံဖော်နိုင်ဖို့သင်ဟာ အမှီခိုကင်းကာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားနေသော ...
26/02/2026

ကျွန်တော့်တို့ဘဝတွေကို ကျွန်တော်တို့ကိုယ်တိုင် ပုံဖော်နိုင်ဖို့

သင်ဟာ အမှီခိုကင်းကာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားနေသော သူ တစ်ယောက် ဆိုရင်…..

💡 အနာဂတ်မှာ ဘာအခက်အခဲကြုံလာလာ မဖြစ်နိုင်ဘူးဆိုတာမရှိရလေအောင်....
✔️ စိတ်ချယုံကြည်စွာ ဘဝနောက်ပိုင်းအတွက် အားထားနိုင်သော စီမံချက် ဖြစ်တဲ့ Retirement Plan တစ်ခု
✔️မမျှော်လင့်ထားသော ဝင်ငွေပြတ်တောက်မှုများ အတွက် ပြင်ဆင်ထားခြင်း
✔️ အသက်ငယ်စဉ်ကတည်းက စတင်ထားခြင်းဖြင့် ပိုမိုကောင်းမွန်သော အခွင့်အရေးများ
✔️ ကျန်းမာရေးကောင်းစွာနေထိုင်နိုင်ရန် အကောင်းဆုံး အာမခံအကာအကွယ်

ဘဝကြီးမှာ "အနာဂတ်ရဲ့လုံခြုံမှု" ကို ယုံကြည်မှုရှိရှိ ကြိုတင်ထည့်သွင်းစဉ်းစားထားခြင်းကသာ စိတ်ချလုံခြုံမှု ကိုပေးနိုင်ပါသည်။ အခုပဲ ခိုင်မာတဲ့ Plan တစ်ခု ကို ယုံကြည်စွာစတင်လိုက်ပါ။

ဘဝထဲက ကျွန်တော့်အလုပ်အခက်အခဲကြားက အောင်မြင်မှု (အပိုင်း-၃) အလုပ်ဝင်ပြီး ၈ လ‌လောက်ရှိတဲ့ အချိန်မှာပဲ ကမ္ဘာကြီးမှာ လူတွေကိ...
24/02/2026

ဘဝထဲက ကျွန်တော့်အလုပ်

အခက်အခဲကြားက အောင်မြင်မှု (အပိုင်း-၃)

အလုပ်ဝင်ပြီး ၈ လ‌လောက်ရှိတဲ့ အချိန်မှာပဲ ကမ္ဘာကြီးမှာ လူတွေကိုလျော့ပါးအောင်လုပ်တော့မယ့် ကိုဗစ် ကပ်ဘေးကြီး ဆိုက်ရောက်လာခဲ့တယ်။

သွားပြီပေါ့ဗျာ မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေ ပျက်စီးသွားသလိုပဲ တွေးထားတဲ့ အတိုင်းဖြစ်မလာတော့ လူတိုင်းအဲ့ချိန်မှာ အားလျော့ကြတာပါပဲ
အလုပ်တွေပိတ်ထား၊ ‌လူတွေလျော့၊ လစာတွေလျော့နဲ့ အခက်အခဲတွေ အမျိုးမျိုး ရှိနေကြတာ သူတွေကိုကြည့်ပြီး ကိုယ့်ထက်ပိုဆိုးတဲ့ သူတွေ အများကြီးပဲဆိုတဲ့ အ‌တွေးနဲ့ ရှေ့ဆက်ရင်

တော်သေးတာက ကျွန်တော်တို့ Life Insurance Consultant အလုပ်က online appointment နဲ့ တွေ့လို့ရတာကတစ်ကြောင်း အရှေ့မှာ ပျိုးခဲ့တဲ့ အပင်တွေက ကိုဗစ်ကာလမှာ အသီးတွေခူးလို့ရတဲ့ အချိန်နဲ့ ကွက်တိဖြစ်သွားပြီး ၂၀၂၀ခုနစ် ၆ လပိုင်းလောက်မှာ Group တစ်ခုကထားဖို့ဆက်သွယ်လာတယ် ဝန်ထမ်းက‌လည်း ၁၄၀ ကျော်ရှိတဲ့ Group တစ်ခုဆိုတော့ အတော်လေးလည်းပျော်မိတယ် နောက်ပြီး Cover ပေးတဲ့ ပမာဏကလည်း များတော့ ကိုဗစ် ကာလမှာ အခက်အခဲကြားက အောင်မြင်မှုတစ်ခုဖြစ်ခဲ့တာပေါ့ဗျာ

ကိုယ်ချင်းစာတရားကိုအရင်းခံသည်။

#ကိုယ်ချင်စာတရား #အသက်အာမခံ

ဒီနေ့ခေတ်မှာ ရှင်သန်နိုင်ဖို့ဆိုတာ မလွယ်ပေမယ့် ကိုယ့်အနာဂတ်အတွက် ဒီနေ့ ချမှတ်ထားတဲ့ ခြေလှမ်းလေးတွေက မနက်ဖြန်အတွက် အကောင်...
23/02/2026

ဒီနေ့ခေတ်မှာ ရှင်သန်နိုင်ဖို့ဆိုတာ မလွယ်ပေမယ့် ကိုယ့်အနာဂတ်အတွက် ဒီနေ့ ချမှတ်ထားတဲ့ ခြေလှမ်းလေးတွေက မနက်ဖြန်အတွက် အကောင်းဆုံး အကာအကွယ်ပါပဲ။ 💪

ဘဝမှာ မသေချာတာတွေ အမြဲရှိပေမယ့် ကိုယ်ချစ်ရတဲ့သူတွေအတွက် ပြင်ဆင်ထားနိုင်တဲ့စိတ်ကမှ တကယ့်ခွန်အားပါ။ ❤️

ကိုယ့်ဘဝရဲ့ဇာတ်ဆောင်ကောင်းဖြစ်ဖို့ ဒီနေ့ကတည်းက စတင်လိုက်ပါ။ 🌱

ကိုယ်တိုင်တွေ့ကြုံ Claim အစုံစုံ 🧾✍️🧾✍️ မှတ်မိသေးတယ်ဗျာ ဒီ Claim ကလည်း customer ကမတင်ချင်ပါဘူးဆိုတာကို ကျွန်တော်က အတင်းအ...
22/02/2026

ကိုယ်တိုင်တွေ့ကြုံ Claim အစုံစုံ 🧾✍️🧾✍️

မှတ်မိသေးတယ်ဗျာ ဒီ Claim ကလည်း customer ကမတင်ချင်ပါဘူးဆိုတာကို ကျွန်တော်က အတင်းအရ Claim တင်ခိုင်းခဲ့ရတာပေါ့

ရေချိုးခန်းထဲ ချော်လဲပြီး ညာဘက် ဒူးခေါင်း ညိုမဲဆွဲသွားတဲ့ Claim လေးပါ

အဲ့အမဆို Claim ရင် အလုပ်ရှုပ်မယ်ဆိုပြီးထင်ခဲ့တာတဲ့လေဗျာ ကျွန်တော်ကလည်း အမရယ် အလုပ်မရှုပ်ပါဘူး

Claim တင်ဖို့ လိုအပ်တာလေးတွေ ပြောပြလိုက်တယ် ဒဏ်ရာ‌ဓာတ်ပုံ၊ ဆေးခန်းပြထားတဲ့ ဆေးစာ၊ လျှော်ကြေးငွေပြန်လွှဲ ပေးရမယ့် Bank account အဲ့ဒါလေးတွေ ပို့‌ပေးပြီးတာနဲ့

နောက်နှစ်ရက်လောက်ကျတော့ Claim ထားတာ ပြန်ရတော့လည်း အဲ့လောက်ရမှန်းသူမထင်ထားတော့ တော်တော်အံ့ဩသွားတယ် "အဲ့လောက်ရတာလားတဲ့"
ဒါပေါ့ အမရယ် ........

အကြောက်တရားလူပီသတဲ့လူတိုင်း ကြောက်ကြပါတယ် " ကိုယ်ချစ်ရတဲ့ မိသားစုတွေ အချိန်မတိုင်ခင် ခွဲခွာရမှာ" “မနက်ဖြန် မရှိတော့ရင်… ...
20/02/2026

အကြောက်တရား

လူပီသတဲ့လူတိုင်း ကြောက်ကြပါတယ်

" ကိုယ်ချစ်ရတဲ့ မိသားစုတွေ အချိန်မတိုင်ခင် ခွဲခွာရမှာ" “မနက်ဖြန် မရှိတော့ရင်… ကိုယ်ချစ်တဲ့သူတွေ ဘာကျန်မလဲ?” အဲ့လို လူပီသသူ ထဲမှာမှ ကိုဇေထက် တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။

ကိုဇေထက် က မိသားစုအတွက် အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပါ
“ငါပင်ပန်းတာက အရေးမကြီးဘူး ငါမိသားစု‌စိတ်ချမ်းသာအောင်နေနိုင်ဖို့" လို့ သူ အမြဲပြောတတ်တဲ့ လူမျိုးပါ။
ဒါပေမယ့် ဘဝမှာ အန္တရာယ်ဆိုတာ သတိပေးစာမပို့ပဲ ရောက်လာခဲ့တယ်

တစ်နေ့… မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုက
သူ့မိသားစုရဲ့ မနက်ဖြန်ကို မေးခွန်းထုတ်လိုက်တယ်။
အဲ့ဒီအချိန်မှာ သူနားလည်သွားတာက —

ချစ်ခြင်းဆိုတာ အတူရှိနေရင်ပဲ မဟုတ်ဘူး။
ကိုယ်မရှိတဲ့အချိန်ထိပါ
သူတို့ရဲ့ ဘဝကို ဆက်လက်တည်ငြိမ်စေဖို့ စီစဉ်ထားနိုင်ဖို့ကရေးကြီးပါတယ်။

ဒါမှသာ တကယ့်တာဝန်ယူမှုပါ။
ဘဝရဲ့ အကြောင်းတရားတွေကို မတားနိုင်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေအတွက် ငွေကြေးတွေကို
“အဆင်သင့်” ဖြစ်‌အောင် ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။
တချို့ဆုံးဖြတ်ချက်တွေဟာ
ကိုယ်အတွက် မဟုတ်ပါဘူး…
ကိုယ်ချစ်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ 🤍

#အသက်အာမခံ

လူတိုင်းမှာ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးအိပ်မက်ကိုယ်စီ ရှိကြပါတယ်။ဒီအိပ်မက်တွေထဲမှာ လုပ်ငန်းသစ်စဖို့၊ ဝင်ငွေခိုင်မာဖို့...
19/02/2026

လူတိုင်းမှာ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးအိပ်မက်ကိုယ်စီ ရှိကြပါတယ်။

ဒီအိပ်မက်တွေထဲမှာ လုပ်ငန်းသစ်စဖို့၊ ဝင်ငွေခိုင်မာဖို့၊ ကိုယ်ချစ်ရသူတွေနဲ့ ကျန်းမာပျော်ရွှင်စွာနေဖို့၊ မိသားစုဘဝတခု ခမ်းနားပြည့်စုံစွာတည်ဆောက်ဖို့စတဲ့ အရာတွေပါဝင်ပါတယ်။

ဒီလို ရည်မှန်းချက်နဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် နေ့ရက်တိုင်းကြိုးစားခဲ့တဲ့ ကိုယ်ရဲ့ကြိုးစားမှုတိုင်းက အရာထင်ဖို့ လိုအပ်သလို၊ ဒီအိပ်မက်တွေ ဘာကြောင့်နဲ့မှ မပျက်စီးစေအောင် လုံခြုံကာကွယ်ပေးမယ့် အကာကွယ်ကောင်းအရာတခုရှိနေဖို့လည်း လိုအပ်ပါတယ်။

CB Life Insurance နဲ့ဆို ဘဝမှာမမျှော်လင့်ထားတဲ့ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ.. ကိုယ့်ရည်မှန်းချက်အိပ်မက်တွေနဲ့ ချစ်ရတဲ့မိသားစုကို ကြိုတင်ကာကွယ်မှုကောင်းပေးနိုင်တာမို့ စိတ်အေးချမ်းမှုနဲ့အတူ ပြည့်စုံလုံခြုံစေမယ့် အနာဂတ်တခုကို အမြဲပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

Address

Thanlyin
Yangon
11163

Website

Alerts

Be the first to know and let us send you an email when Nyi Ko Ko Lwin-Insurance Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share