Level Up - ACCA Training & Consultancy

Level Up - ACCA Training & Consultancy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Level Up - ACCA Training & Consultancy, Accountant, Thingangyun Township, Yangon.

Master Accounting & Financial Management through practical, career-driven training either online or in-person classes, led by experts with 12+ years of experience.

More to come 😇
08/06/2026

More to come 😇



24/05/2026

ကချင်ပြည်နယ်အတွက် MSF နဲ့ DRC မှ ခေါ်ထားတဲ့ အလုပ်ခေါ်စာများဖြစ်တယ်၊

▪️Medical Doctor - 1 post
▪️Protection Assistant - 1 post
▪️Economic Recovery Officer - 1 post

ကချင် local များကို ပိုပြီး ဦးစားပေးနိုင်တာမို့ ဒေသခံများ လျှောက်ဖို့ တင်ပေးလိုက်ပါတယ်၊

Experience ကလည်း ၁နှစ်ကနေ ၂နှစ် အထိပဲ တောင်းထားတာမို့ Good Luck with Application Process ပါ၊

Remark - sharing vacancies for more job opportunities and Level Up isn’t associated with any orgs.

For details, pls check the original vacancies announcements.

chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/KC_26051301_Medical_Doctor_26-05-2026.pdf

chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/Kachin-VA-DRC-ProtectionAssistant-12May2026.pdf

chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/Kachin-VA-DRC-EcoRecOfficer-12May2026.pdf

24/05/2026

🧠 Decision Making Process တွေမှာ လူတွေ ဘယ်လိုစဉ်းစားလေ့ရှိကြသလဲ?

ဒီနေ့ခေတ်မှ မဟုတ်ပါဘူး။ ရှေးအစဉ်အဆက်ကတည်းက လူတွေဟာ “Follow the Crowd” လုပ်တတ်ကြပါတယ်။

✅ တစ်နည်းအားဖြင့် လူအများဘာလုပ်နေကြလဲဆိုတာကြည့်ပြီး ဆုံးဖြတ်ချက်ချတတ်ကြတာပါ၊
အထူးသဖြင့် မသေချာတဲ့ အချိန်၊ ဇဝေဇဝါဖြစ်နေချိန်မှာ

📌 “လူအများရွေးထားတာဆိုရင် မှန်မှာပဲ” ၊
📌 “သူများတွေဒီလိုလုပ်နေကြတာဆို ပိုသေချာမယ် ထင်တယ်” လို့ မသိစိတ် ကယူဆတတ်ပါတယ်။

ဒါကို “Social Proof” (သို့) “Social Validation” လို့ခေါ်ပါတယ်။

I. ဒီ concept ကို ပညာရေးနယ်ပယ် ထဲမှာအရမ်းရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

▪️ဥပမာ ကျောင်းသားတစ်ယောက် သင်တန်းရွေးမယ်ဆိုပါစို့။

Ø Training Provider A က quality ကောင်းပေမယ့် online presence နည်းတယ်။ Success တွေပြလေ့ပြထမရှိဘူး၊ Branding and Promotion ကိုစာသင်တာလောက်စိတ်မ၀င်စားဘူး၊

Ø ဒါပေမယ့် Training Provider B ကတော့ Facebook reviews များတယ်၊ success stories တွေရှိတယ်၊ လူအများ join နေကြတယ်ဆိုတဲ့ အရာတွေကို ပုံမှန်ချပြတယ်။ စာသင်တာကော branding and digital marketing ကို တစ်ပြိုင်နက် အားစိုက်တယ်၊

ဒီနေ့ခေတ်လိုမျိုး Digital Era ခေတ်မှာ အဲ့ဒီအချိန်မှာ လူအများစုက Provider B ကိုပိုယုံကြည်သွားတတ်ကြပါတယ်။

🔓 အကြောင်းကတော့ “လူအများရွေးထားတာဆိုတော့ ကောင်းမှာပဲ” ဆိုတဲ့ မြင်သာစေလို့ဖြစ်တယ်။

II. Finance နဲ့ Accounting field ထဲမှာလည်း ဒီ effect ကအားကောင်းပါတယ်။

ဥပမာ
🔖 audit meeting တစ်ခုမှာ senior တွေအားလုံးက “ဒီ risk က minor ပဲ” လို့ပြောနေကြတယ်။

🔖 Junior accountant က ပြဿနာ ရှိတယ်လို့ခံစားမိပေမယ့် “Senior တွေအားလုံးဒီလိုပြောနေကြတာဆိုတော့ ငါမှားနေတာဖြစ်မယ်” ဆိုပြီး silence လုပ်သွားတတ်ပါတယ်။

📌ဒီလို group conformity ဟာ hirechary တွေမှာ အများဆုံးတွေ့ရတတ်ပြီး အငယ်တွေ၊ အားနည်းတဲ့သူတွေ၊ Power မရှိတဲ့သူတွေကို မပါ၀င်လာစေတော့ပါဘူး၊

III. Consumer behavior မှာလည်း လူတွေဟာ branded products တွေကို

“လူအများသုံးနေကြလို့” ၊ “Trend ဖြစ်နေလို့” follow လုပ်တတ်ကြပါတယ်။ တစ်ခါတလေ တကယ် ဝယ်ချင်တဲ့ စိတ်ထက် social pressure ကပို လွှမ်းမိုးသွားတာကြောင့် လိုတာရော မလိုတာရော ဝယ်မိတဲ့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

📍တကယ်တော့ ဒီ Social Validation က မကောင်းတဲ့အရာ မဟုတ်ပါဘူး။

📍ဒါပေမယ့် အရေးကြီးတဲ့ Concept က

“ဒီအရာက quality ကောင်းလို့ popular ဖြစ်တာလား?”

ဒါမှမဟုတ်

Popular ဖြစ်နေလို့ quality ကောင်းတယ်လို့ထင်နေတာလား?” ဆိုတာပါ။

🔗 လူတွေအသုံးများတာက လူသိများလို့လား? လူကြိုက်များလို့လား?

ဒီနေ့ digital world မှာ Likes, Shares, Followers, Reviews နဲ့ Viral Trends တွေက လူတွေရဲ့ decision-making ကိုအရမ်းသက်ရောက်နေပါတယ်။

ဒါကြောင့် critical thinking ဆိုတာ “လူအများယုံကြည်နေလို့” follow လုပ်တာမဟုတ်ဘဲ ကိုယ်တိုင် analysis လုပ်နိုင်ခြင်းဖြစ်ပါတယ်။

MEAL Positions - (I)NGOs Vacancy Sharing - Deadline within 3 Days**********************************************✔️MEAL ဆိ...
21/05/2026

MEAL Positions - (I)NGOs Vacancy Sharing - Deadline within 3 Days
**********************************************

✔️MEAL ဆိုတာ NGO sector ထဲမှာ အရေးကြီးတဲ့ Deparment တစ်ခုဖြစ်တယ်၊ Org တိုင်းမှာ ရှိတဲ့ အတွက် အလုပ်အကိုင် အရမ်းမရှားတဲ့ ထဲမှာပါတယ်၊
✔️ လုပ်သက် ကလည်း အများဆုံး၃-၄ နှစ်လောက်ထိ အတော်အသင့်ရှိထားပြီး၊
✔️Reputation ကောင်းတဲ့ Plan International တို့လို့ INGO ထဲမှာcareer ဆက်သွားချင်တယ်
✔️Deadline အမှီလေးလည်း ပြင်ဆင်ချင်တယ်ဆိုတဲ့ သူတွေအတွက် MIMU က ခေါ်တဲ့ အလုပ်ခေါ်စာ ၃ ခု တင်ပေးလိုက်ပါတယ်

အသေးစိတ်ကိုတော့ ဒီ အောက်က links တွေမှာ သွားရောက်ဖတ်ကြည့်ဖို့လိုပါတယ်၊

📌 chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/044-MEAL_Officer.pdf

📌 chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/PIM_JA_Database_Officer_Sittwe.pdf

📌 chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/PIM_JA_Accountability_Assistat_Sittwe.pdf

📌 chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://themimu.info/sites/themimu.info/files/jobs/Vacancy_Announcement_MEAL_Officer_based_in_Yangon.pdf

မှတ်ချက် - အလုပ်ခေါ်စာ share ပေးရုံသက်သက်ဖြစ်ပြီး agency မဟုတ်သလို ခေါ်သည့် အဖွဲ့များနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိပါ၊

Finance, Accounting and Audit Jobs - Vacancy Announcement - Deadline within 3 Days**************************************...
20/05/2026

Finance, Accounting and Audit Jobs - Vacancy Announcement - Deadline within 3 Days
************************************************

✔️Experience အများကြီးလဲ ပြစရာမရှိဘူး၊ လုပ်သက် ကလည်း အများဆုံး၂နှစ်လောက်ပဲရှိတယ်၊
✔️ဒါပေမယ့် Finance and Accounting Field ထဲမှာ Professional တစ်ယောက်အနေနဲ့ career ဆက်သွားချင်တယ်
✔️Deadline အမှီလေးလည်း ပြင်ဆင်ချင်တယ်ဆိုတဲ့ သူတွေအတွက် MIMU က ခေါ်တဲ့ အလုပ်ခေါ်စာ ၃ ခု တင်ပေးလိုက်ပါတယ်

အသေးစိတ်ကိုတော့ ဒီ အောက်က links တွေမှာ သွားရောက်ဖတ်ကြည့်ဖို့လိုပါတယ်၊

📌https://www.themimu.info/sites/themimu.info/files/jobs/Vacancy_Announcement_Finance_Assistant_Maternity_Cover.pdf

📌https://www.themimu.info/sites/themimu.info/files/jobs/Assistant_Finance_Officer_Mandalay_0.pdf

📌 https://www.themimu.info/sites/themimu.info/files/jobs/Admin_Finance_Coordinator_1.docx

မှတ်ချက် - အလုပ်ခေါ်စာ share ပေးရုံသက်သက်ဖြစ်ပြီး agency မဟုတ်သလို ခေါ်သည့် အဖွဲ့များနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိပါ၊

တဝဲလည်လည် ဘဝတွေကြား ဘာတွေကများ အရေးကြီးဦးမှာလဲ? ဒီမနက် Maslow’s Hierarchy of Needs အကြောင်းဖတ်ရင်းနဲ့ အတွေးလေး ဝင်လာလို့...
16/05/2026

တဝဲလည်လည် ဘဝတွေကြား ဘာတွေကများ အရေးကြီးဦးမှာလဲ?

ဒီမနက် Maslow’s Hierarchy of Needs အကြောင်းဖတ်ရင်းနဲ့ အတွေးလေး ဝင်လာလို့ share ပေးချင်တာပါ၊ အကုန်လုံးကတော့ သူ့ Theory အကြောင်း သိပြီးသားဖြစ်မှာပါ၊

တကယ်လည်းမှန်နေတာက လူတစ်ယောက်က စားဝတ်နေရေးနဲ့ ဘဝလုံခြုံမှုတွေ အဆင်ပြေမှပဲ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်နိုင်တယ်ဆိုတဲ့ အတွေးပေါ့။

နေ့တိုင်း တက်နေတဲ့ ကုန်ဈေးနှုန်းတွေကို အမီလိုက်ဖို့ ရုန်းကန်နေရတာ၊
အနာဂတ်အတွက် ဘာတစ်ခုမှ ကြိုတွက်လို့မရဘဲ စိုးရိမ်နေရတာတွေနဲ့တင်... ကျွန်တော်တို့ဟာ အောက်ခြေက "ရှင်သန်ရပ်တည်ရေး" ထဲမှာတင် အားအင်တွေ အကုန်ကုန်ခမ်းသွားကြရတယ်။ အဲဒီသံသရာထဲမှာတင် မောမောပန်းပန်းနဲ့ လည်ထွက်နေပြီး အပေါ်ကို တက်ဖို့ နေနေသာသာ စဉ်းစားဖို့တောင် အချိန်မရှိကြတော့ဘူး။

‼️တစ်နည်းအားဖြင့်တော့ Physiological and safety needs တွေဖြည့်ရင်း ဖြည့်ရင်း self esteem and self actualizationတွေဆီ အလှမ်းဝေးနေတာပေါ့၊ ‼️

"ဒီနေ့တစ်နေ့ အဆင်ပြေဖို့တောင် မနည်းရုန်းနေရတာ... အနာဂတ်အိပ်မက်တွေအကြောင်း ဘယ်လိုလုပ်ပြီး တွေးနိုင်ဦးမှာလဲ" ဆိုတဲ့ စိတ်ပျက်စရာ သက်ပြင်းချသံတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ကို ပြည့်နှက်နေတာပါ။

ဒါဆို ကျွန်တော်တို့က အောက်ခြေက အရာအားလုံး အဆင်ပြေသွားမယ့်နေ့ကိုပဲ ထိုင်စောင့်ရင်း ဒီသံသရာထဲမှာပဲ ပိတ်မိနေကြတော့မှာလား❓❓❓

ကျွန်တော့်အမြင်အရဆိုရင်တော့ ဒီနေရာမှာ ဖြတ်လမ်းတွေရှိတယ်ဆိုတာပဲ၊ ဖြတ်လမ်းဆိုလို့ popular ဖြစ်အောင် ဘာအနှစ်သာရမှမရှိပဲ ပေါက်ကရလျှောက်လုပ်တာကို ဆိုလိုတာမဟုတ်ဘူး၊

အခြေခံတွေအတွက် ရုန်းကန်နေရတဲ့ ကြားထဲကနေပဲ ပိရမစ်ရဲ့ အထက်ဆုံးအဆင့်ဖြစ်တဲ့ "လေ့လာသင်ယူမှု" “Unlock your potential ကို တပြိုင်နက် Invest လုပ်ဖို့လိုတယ်၊

အချိန်လည်းမရှိ၊ လူလည်းပင်ပန်းနေတာ သိတယ်။ ဒါပေမဲ့ အဲဒီကြားထဲကနေပဲ ကိုယ့်အတွက် တကယ်တန်ဖိုးရှိမယ့် အရည်အချင်းတစ်ခုခုကို ဇောက်ချလေ့လာပြီး အပေါ်ယံမဟုတ်ဘဲ in depth တတ်မြောက်သွားအောင် လုပ်ဖို့လိုတယ်၊

ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ ဒီခေတ်ကြီးမှာ ဘာ skill မှ မရှိရင် နောက်ကျကျန်ခဲ့မှာပဲ၊ အပြင်လောကကြီးက အလုပ်အကိုင်တွေ၊ လမ်းစတွေဆိုတာ ကိုယ့်ဆီ အလိုလို ရောက်လာမှာ မဟုတ်ဘူးဆိုတာ အားလုံးအသိပဲလေ။

Physiological needs တွေကို ဖြည့်တာကလည်း တစ်ပိုင်းပေါ့၊ self actualization အားကောင်းလာအောင်
▪️လေ့လာသင်ယူပြီး personal growth and experiences များအောင်လုပ်မယ်၊
▪️ဖောက်ထွက်မယ်၊ creativity အားကောင်းအောင် လုပ်မယ်၊
▪️Consistent ရှိရှိ ကိုယ့်ကိုယ်ကို train မယ်၊
▪️ကိုယ်လုပ်နေတဲ့ အရာတွေကို စစ်မှန်ဖို့ စိတ်ပါဖို့ရဲ့
▪️ဇွဲရှိဖို့ ဆိုတဲ့ ပေးဆပ်မှုတွေသာ တစ်ပြိုင်နက်ထားလိုက်ရင်

ကိုယ့်မျက်စိရှေ့မှာ ဘဝအတွက် လမ်းစအသစ်တွေ၊ အခွင့်အလမ်းကောင်းတွေဆီ ဦးတည်မယ့် တံခါးချပ်တွေ တစ်ဆင့်ချင်း ပွင့်လာမှာ ဖြစ်ပါတယ်။

အဲဒီလို ခက်ခက်ခဲခဲနဲ့ ကိုယ်တိုင်လမ်းစရှာပြီး ဖောက်ထွက်နိုင်မှပဲ ဝင်ငွေနဲ့ ဘဝလုံခြုံမှုကို ကိုယ့်လက်ထဲ ပြန်ထိန်းချုပ်နိုင်မှာဖြစ်လို့ အောက်ခြေက စားဝတ်နေရေး သံသရာဟာလည်း တဖြည်းဖြည်း ငြိမ်းအေးသွားပါလိမ့်မယ်။



Finance and Accounting သမားတွေက တကယ်ပဲ စာအုပ်ကြီးတွေလား?ကျွန်တော် NGO field ထဲမှာ လုပ်ခဲ့တုန်းကလည်း ကျွန်တော့်ကိုဆို တခြ...
14/05/2026

Finance and Accounting သမားတွေက တကယ်ပဲ စာအုပ်ကြီးတွေလား?

ကျွန်တော် NGO field ထဲမှာ လုပ်ခဲ့တုန်းကလည်း ကျွန်တော့်ကိုဆို တခြား department က လုပ်ဖော်ကိုင်ဖက်တွေက ဟာ စာအုပ်ကြီး လာနေပြီ ဆိုပြီး စ လေ့ရှိကြတယ်ဗျ၊

အစကတော့ ဘာစာအုပ်ကြီးလဲဆိုပြီး နည်းနည်းတော့ စိတ်တိုတတ်တယ်၊ အချင်းချင်းကြားထဲမှာဆိုတော့ ခင်ခင်မင်မင်ပဲ ဖြစ်ချင်တာကိုး၊

ဒါပေမယ့် ကျွန်တော်တို့ကို အများစုက အဲ့လိုထင်ကြတာ မှားလားဆိုတော့လည်း မမှားပြန်ဘူး၊

နံပတ် ၁။ ကျွန်တော်တို့ အလုပ်က လူကိုခင်ပြီး မူကို ပြင်လို့မရဘူးဗျ၊ ဥပမာဗျာ finance department က advance ၇သိန်း ထုတ်သွားတယ်ဆိုပါစို့၊ Org ရဲ့ procedure အရ within 5 working days အတွင်း advance resettlement ပြန်လုပ်ရမယ်ဆို ဟာ ဒီလူတော့ ငါနဲ့ခင်လို့ ၂ပတ်ထားပေးလိုက်မယ်၊ ဒီလူကတော့ ငါနဲ့ မတည့်တော့ ၃ရက်နဲ့ ပြန်အပ် အဲ့လိုလုပ်လို့မရတာပဲ၊

နံပတ်မှာ ၂။ vouchers တွေ စစ်တယ်ဆိုပါဆို့ဗျာ၊ voucher ပါ amount က ၆၉၉၀၀၀ ဆိုရင် ပြန်အပ်တဲ့ အချိန် ၇၀၀၀၀၀ ထားလိုက် လုပ်လို့မရဘူး၊ ၅၀၀-၁၀၀၀ မပြောနဲ့ ပြားစွန်း ကျပ်စွန်းကအစ တိတိကျကျကပဲ၊

နံပတ်မှာ ၃။ finance တွေရဲ့ မူဘောင်က double entry system ပဲ၊ အဲ့တာက အခြေခံအကျဆုံး အဲ့တာကပဲ အရေးအကြီးဆုံးဆိုတော့ ဘောင်ချော်ရင် အောင်ကျော် မကြိုက်ပါဗျာ၊

နံပတ်မှာ ၄။ ငွေကြေးဆိုင်ရာဆိုတော့ risk management တွေက အသက်ပဲဗျ၊ ဥပမာထားဗျာ ဘဏ်ကို org ရဲ့ cash သွားထုတ်မယ်ဆိုပါစို့၊ ကိုယ့်လူ အဆင်ပြေသလို taxi လေးနဲ့ ရွှတ်ခနဲ သွားလို့မရဘူး၊ org policy အရ ရုံးကားနဲ့ သွားရမယ်၊ လူဘယ်နှစ်ယောက် ပါရမယ်၊ ဘယ်သူတွေက cheque ကို လက်မှတ်ထိုးပြီးမှ ထုတ်လို့ရမယ် စတဲ့ Protocol တွေရှိသဗျ၊

အဲ့တော့ စာအုပ်ကြီးတွေ မဟုတ်လို့လည်းမရပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ bookအုပ်ကြီးတွေပါဗျာ



Vacancy တစ်စောင်ကို အထာကျကျ ဘယ်လိုဖတ်မလဲ?📎ဒီပို့စ်က အလုပ်မလျှောက်ရဲသူများ၊ လျှောက်ရမှာ confidence မရှိသူများနဲ့ အတွေ့အကြ...
11/05/2026

Vacancy တစ်စောင်ကို အထာကျကျ ဘယ်လိုဖတ်မလဲ?

📎ဒီပို့စ်က အလုပ်မလျှောက်ရဲသူများ၊ လျှောက်ရမှာ confidence မရှိသူများနဲ့ အတွေ့အကြုံနုနယ်သေးသူများအတွက်သာ ရည်ရွယ်ပါသည်📎

လုံးဝ ထိမိတဲ့ technique နဲ့ ဘယ်လိုသေချာဖတ်သင့်လဲ လိုတိုရှင်းပြောပြမယ်၊ 4 ဆင့်ပဲရှိတယ်၊

🔖 Step 1: General Information Section
အလုပ်ခေါ်စာတိုင်းမှာ General Information ကို vacancy ရဲ့ အပေါ်ဆုံးနားမှာရေးထားလေ့ရှိတယ်၊

အဲ့အပိုင်းကို ခပ်မြန်မြန်လေး ကြည့်ဖို့လိုတယ်၊ အဓိကက

📌 ကိုယ်လျှောက်ချင်တဲ့ ရာထူးဟုတ် မဟုတ် (e.g manager လား officer လား assistant လား)

📌 ကိုယ်နဲ့ ကိုက်ညီတဲ့ field or function ဟုတ်မဟုတ် (e.g finance လား admin လား M&E လား - များသောအားဖြင့် department တို့ function တို့မှာ ရေးထားတတ်တယ်)

📌 contract type က short term လား 1 year contract type လား - တချို့ကကျ duration ကို start date - end date (1 Jan 2026 - 31 Dec 2026) နဲ့ ခေါ်ပြီး တချို့ကကျ months/years နဲ့ တစ်ခါထဲပြထားတယ် (6 months, 1 year) စသည်ဖြင့်

📌 location ကရော က်ိုယ်သွားချင်တဲ့ နေရာ ဟုတ်မဟုတ်

🔖 Step 2: Requirement Section
အခုမှ NGO အလုပ်စလုပ်ချင်တဲ့ သူတွေကျ အပေါ် ၄ချက်လောက် အကြမ်းဖျဉ်းသိရရင် vacancy ကို အစအဆုံး အချိန်ကုန်ခံပြီး မဖတ်နေနဲ့၊ Requirement section သာ တန်းသွား၊

အဲ့မှာ academic requirment (ပညာအရည်အချင်း) နဲ့ professional working experience (လုပ်သက်) က်ို အရင်ကြည့်

❌ NGO လုပ်သက်မရှိသေးတဲ့ သူတွေအဖို့ vacancy မှာ requirement က ၃နှစ်နဲ့ အထက် တောင်းထားတယ်ဆို မလျှောက်နဲ့တော့၊ မိတ်ဆွေဘက်ကလည်း အချိန်ကုန်သလို long list ထဲတောင်ပါမှာမဟုတ်ဘူး၊

ဘယ်လိုမျိုးဆို grey line ဖြစ်နေပြီး လျှောက်ဖို့ try သင့်လဲ?

💡 Master ကတော့ တော်တော်များများ တောင်းတယ်၊ ကိုယ်က bachelor ပြီးသွားပြီး master မရှိရင်တောင် try လို့ရ

💡လုပ်သက် ၁ -၂ နှစ်တောင်းထားပေမယ့် ကိုယ်က volunteer experience ရှိထားတယ်ဆို try လို့ရ၊

💡ဘာ experience မှတော့ မရှိဘူး၊ ဒါပေမယ့် ကိုယ့်ကို recommend ပေးနိုင်တဲ့ သူ အဲ့အဖွဲ့ထဲရှိနေတယ်၊ လုပ်သက်ကလည်း ၁နှစ်လောက်ပဲတောင်းထားရင်လည်း try လို့ရ

💡တချို့ကျတော့ assistant လိုမျိုး field based position လိုမျိုး working experience ၁-၂နှစ်တောင်းထားပြီး ခေါ်ရင် ကိုယ်ကလည်း လျှောက်ချင်၊ ဘာ experience မှလည်းရှိမနေဘူး၊ ဒါပေမယ့် ကိုယ်က အဲ့နယ်မှာ နေဖူးတယ် သွားဖူးတယ် အဲ့နယ် (ဥပမာ ကချင်၊ ဘားအံ) နဲ့ရင်းနှီးတယ်၊ အဲ့နယ်ခံဖြစ်တယ်၊ ဒေသခံစကားတတ်တယ်ဆိုလည်း try လို့ရ

တခြား requirement တွေကတော့ ဖတ်ကြည့်ပြီး ကိုယ်ဘယ်လောက် experience ရှိလည်း ပြန်ချိန်၊

❗️❗️❗️Requirment section က long listing ရဲ့ scoring criteria ဖြစ်တော့ အဲ့မှာ ကိုက်ညီမှ interview ဆက်ပါမှာဖြစ်တယ်၊ ဒါကြောင့် ဒီ step က အရေးကြီးတယ်၊

🔖 Step 3: Job Description
ဆိုတော့ step 2 ထိ ဖြစ်နိုင်တယ်ဆိုမှ step 3 ကို ဆက်ဖတ်၊

📌 လုပ်ရမယ့် အလုပ်တွေ အကြောင်းရေးထားတယ်၊ လုပ်နိုင်လား မလုပ်နိုင်လား စဉ်းစားတွက်ဆပါ၊

ဒီနေရာမှာ တစ်ခုမှာလိုတာက ChatGPT တို့ တခြား AI tools တွေ အရမ်းအားကိုးပြီး JD မဖတ်ပါနဲ့၊ မိမိကိုယ်တိုင် အရင်ဖတ်ကြည့်ပြီး နားမလည်တဲ့ စာလုံးရှိမှ ဘာသာပြန်ဖို့အတွက်သုံးပါ၊

အလုပ်လျှောက်တဲ့ process က effort ထုတ်ရတဲ့ process ဖြစ်တဲ့ အတွက် အထိုက်အလျောက်တော့ အားစိုက်ထုတ်ရပါမယ် 😇

🔖 Step 4: Application Process

📌 အဆုံးသတ်မှာတော့ ဘယ်လိုလျှောက်ရမယ်ဆိုတဲ့ process ကိုဖတ်ကြည့်ပါ၊ တော်တော်များများကတော့ Email နဲ့ပဲ တင်ခိုင်းတာမို့ Email account ဖွင့်ထားဖို့လိုတယ်၊

‼️ Deadline အချိန် သတိပြုရန် ‼️
ကိုယ့်ကို recommend ပေးနိုင်မယ့် Reference Person ၂-၃ ယောက်ရဲ့ personal information လိုတယ်၊

စာလည်းရှည်သွားပီမို့ Good luck ပါဗျ



04/05/2026

3 minutes အတွင်း Corporate life မှာ အလုပ် ဘယ်လိုရှာမလဲ?

Corporate life မှာ My Jobဆိုတာ အလုပ်ခေါ်စာတွေတင်တဲ့ Job Search Engine အကြီးကြီးတစ်ခုဖြစ်တယ်၊

ကဲ step by step ကြည့်ရအောင်

၁။ website ထဲကို ဝင်

https://myjobs.com.mm/

၂။ ပုံ (၂) မှာလို main page ထဲရောက်လိမ့်မယ်၊

၃။ Job Title or Keywords ထဲမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ထည့်လိုက်၊ ဥပမာ - finance or accounting၊ ဒါဆို သူနဲ့ပဲ ဆိုင်တဲ့ vacancy တွေကျလာလိမ့်မယ်

သတိပြုရမှာက တချို့ ပို့စ်တွေက deadline ကျော်သွားပြီမို့

၄။ ပုံ (၃) ကလို filter ထဲမှာ newest ကိုနှိပ်၊ ဒါဆို လောလောလတ်လတ် ခေါ်ထားတဲ့ ပို့စ်တွေဆို အပေါ်ဆုံးကနေပြလိမ့််မယ် (ပုံ ၄ - total 150 jobs)

၅။ ပုံ (၅) မှာလို ဟိုးအောက်ဆုံးမှာ page 2 ကို ဆက်ကြည့်လို့ရ၊ စိတ်ကြိုက်မတွေ့မချင်း page 3-4-5 စတာတွေ ဆက်ရှာလို့ရ၊

၆။ စိတ်ကြိုက် vacancy တွေ့ရင် detail ကြည့်ဖို့ အဲ့ post ထဲကို ဝင် (ပုံ -၆)

ကဲ အဲ့မှာ အစအဆုံးဖတ်ကြည့်ပြီး ကိုယ်နဲ့ ကိုက်မကိုက်ချိန်လို့ရပါတယ်၊

တချို့က ကိုယ်သဘောကျတဲ့ company ရှိရင်လည်း featured company ထဲကနေဝင်ရှာလည်းရ၊

ကဲ ကံကောင်းကြပါစေဗျာ၊ အခက်အခဲရှိရင် DM 😇😇😇



Accounting concept နဲ့ ဆိုင်တဲ့ knowledge လေးတွေကို TikTok page လေးမှာလည်း ဝေမျှပေးနေပြီနော် 😇😇😇
03/05/2026

Accounting concept နဲ့ ဆိုင်တဲ့ knowledge လေးတွေကို TikTok page လေးမှာလည်း ဝေမျှပေးနေပြီနော် 😇😇😇

Check out Level Up-Mentoring & Coaching’s video.

Address

Thingangyun Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Level Up - ACCA Training & Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category