Khun Tun Oo - Insurance & Financial Consultant

Khun Tun Oo - Insurance & Financial Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khun Tun Oo - Insurance & Financial Consultant, Financial Consultant, Taunggyi.

အာမခံဆိုတာကြိုတင်ခန့်မှန်း၍မရနိုင်သောအခြေအနေများကြောင့် ကြုံတွေ့လာနိုင်ခြေရှိတဲ့ ငွေကြေးဆုံးရှုံးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သောစီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေများအနေဖြင့် မိမိမိသားစုရဲ့အနာဂတ်အတွက်ကြိုတင်စီမံလိုပါကအချိန်မရွေးဆက်သွယ်လိုက်ပါ။

 #အာမခံလောကသို့_ဘာကြောင့်_ဝင်ရောက်ခဲ့ရတာလဲ⁉️❇️ ကျွန်တော့်ကို အာမခံအလုပ်လုပ်တယ်၊ အာမခံရောင်းတယ်လို့ပဲမြင်ကြတာများပါတယ်။ကျ...
18/05/2026

#အာမခံလောကသို့_ဘာကြောင့်_ဝင်ရောက်ခဲ့ရတာလဲ⁉️
❇️ ကျွန်တော့်ကို အာမခံအလုပ်လုပ်တယ်၊ အာမခံရောင်းတယ်လို့ပဲမြင်ကြတာများပါတယ်။ကျွန်တော် Insurance Advisor လုပ်ရတဲ့ အကြောင်းရင်းရည်ရွယ်ချက်ကို တော်တော်များများကလည်း မသိရှိကြပါဘူး။
❇️ ဒီလုပ်ငန်းနယ်ပယ်ကို မဝင်ခင် ရှေ့(၂)နှစ်မှာ ကျွန်တော် အာမခံနဲ့ပတ်သက်ပြီး တော်တော်များများလေ့လာဖြစ်ပါတယ်။ လေ့လာရင်းနဲ့ အာမခံအကျိုးတရားဆိုတာ လူတိုင်းအတွက် လိုအပ်ပါလားဆိုတာ မြင်မိပါတယ်။
❇️ ဒီအလုပ်ကိုမလုပ်ခင်မှာလဲ တော်တော်လေး တွေဝေခဲ့ဘူးတယ်။ ကိုယ့်မှာ တခြားသောလုပ်ငန်းတွေရှိရဲ့သားနဲ့ ဒီအလုပ်ကိုလုပ်ရင် လူတွေ ကိုယ့်ကို ဘယ်လိုထင်ကြမလဲ၊ မြင်ကြမလဲ၊ ဝေဖန်ကြမလဲဆိုပြီးတော့ တော်တော်လေးစဉ်းစားခဲ့မိဘူးပါတယ်။
❇️ ဒါပေမယ့် ဘယ်လိုဘဲထင်ကြပါစေ လူသားအကျိုးပြုလုပ်ငန်း ၊ လူတွေအတွက် အကျိုးရှိမယ့်ကိစ္စဖြစ်လို့ ကြိုးစားပြီး လုပ်ကြည့်မယ်ဆိုပြီး လုပ်ဖြစ်လာတာ ခုဆို (၂)နှစ်တောင်ရှိသွားပါပြီ။
❇️ တချို့သူတွေဆိုလည်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ဖြစ်စေ အာမခံရောင်းလို့ အထင်သေး နှိမ့်ချသလို ပြောဆိုဆက်ဆံတာမျိုးလည်း ကြုံရဖူးပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းမဖြစ်ခဲ့ပါဘူး။ သူတို့မှ အာမခံအကျိုးတရားကို သေချာမသိတာလို့ပဲ တွေးမိပါတယ်။ မိမိအနေနဲ့ အာမခံရဲ့ သဘောတရားတွေကို မိတ်ဆွေတွေ ပိုမိုသိရှိလာအောင် ကြိုးစားရမှာပါ။
❇️ အာမခံလုပ်သက် (၂)နှစ်အတွင်းမှာ ရာနဲ့ချီတဲ့မိတ်ဆွေတွေကို ကျန်းမာရေးအာမခံ၊ အသက်အာမခံအကာအကွယ် ရရှိအောင် ကြိုတင်စီမံ ထားရှိပေးနိုင်ခဲ့သလို၊ မိမိကို ယုံကြည်ပြီး အာမခံထားရှိတဲ့ မိတ်ဆွေတွေများစွာကိုလည်း (အလျော်) Claims တွေရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်လည်း ကျေနပ်မိပါတယ်။ ကိုယ့်ကိုယုံကြည်ပြီးတိုင်ပင်လာကြတဲ့ မိတ်ဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်။
❇️ လူသားအကျိုးပြုလုပ်ငန်း တနည်းအားဖြစ် မိတ်ဆွေတွေရဲ့ မိသားစုဘဝ “ လုံခြုံမှု ”ကို အာမခံအကာအကွယ် ရရှိနိုင်စေရန် အကျိုးဆောင်ပေးရတဲ့လုပ်ငန်းဖြစ်လို့ ကျွန်တော့်ရဲ့စေတနာ၊ ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်ဖြစ်လို့ ကျွန်တော်စွမ်းသလောက် အာမခံလောကမှာ ဆက်လက်လုပ်ကိုင်နေဦးမှာပါ။

⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

Khun Tun Oo
IA(N)LI - 15939
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team





➡️Together, Let’s build a better future for our community!
👉 AIA Company ဟာ လွန်ခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်❤️

"လူငယ်တစ်ယောက်ရဲ့ ဘဝတန်ဖိုး" ဆိုတာဟာ သူပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ဒါမှမဟုတ် အောင်မြင်မှု အဆောင်အယောင်တွေနဲ့ တိုင်...
08/05/2026

"လူငယ်တစ်ယောက်ရဲ့ ဘဝတန်ဖိုး" ဆိုတာဟာ
သူပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ဒါမှမဟုတ် အောင်မြင်မှု အဆောင်အယောင်တွေနဲ့ တိုင်းတာရတာမျိုး မဟုတ်ပါဘူး။

အားမာန်အပြည့်ရှိတဲ့ အရွယ်မှာ မိမိကိုယ်ကိုယ် ဘယ်လိုတည်ဆောက်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

​လူငယ်တစ်ယောက်အတွက် တန်ဖိုးရှိတဲ့ ဘဝတစ်ခု ဖြစ်လာစေဖို့ အောက်ပါအချက်တွေက အဓိကကျတယ်လို့ မြင်မိပါတယ်...

​၁။ အချိန်ကို စီမံခန့်ခွဲနိုင်စွမ်း
​လူငယ်ဘဝရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဟာ "အချိန်" ဖြစ်ပါတယ်။ အချိန်ကို အလဟဿ
မကုန်ဆုံးစေဘဲ မိမိရဲ့ အရည်အချင်း တိုးတက်ဖို့အတွက် စနစ်တကျ အသုံးချနိုင်ခြင်းဟာ ဘဝတန်ဖိုးကို မြှင့်တင်ရာရောက်ပါတယ်။

"ဒီနေ့ လုပ်နိုင်တာကို မနက်ဖြန်အတွက် ချန်မထားခြင်း" ဟာ တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက်ရဲ့ အလေ့အထပါ။

​၂။ အမှားကို သင်ခန်းစာယူဝံ့တဲ့ သတ္တိ

​လူငယ်ဆိုတာ မှားပိုင်ခွင့်ရှိသလို၊ ပြင်ဆင်ပိုင်ခွင့်လည်း ရှိပါတယ်။ အမှားတစ်ခုလုပ်မိလို့ စိတ်ဓာတ်ကျနေမယ့်အစား အဲဒီအမှားကနေ ဘာသင်ခန်းစာရလဲဆိုတာကို ရှာဖွေနိုင်ခြင်းက ပိုအရေးကြီးပါတယ်။ ကျရှုံးမှုကို ရင်ဆိုင်ရဲတဲ့ သတ္တိဟာ လူငယ်တစ်ယောက်ရဲ့ ရင့်ကျက်မှုနဲ့ တန်ဖိုးကို ပေါ်လွင်စေပါတယ်။

​၃။ ကိုယ်ကျင့်တရားနဲ့ စာနာစိတ်

​ပညာတွေ ဘယ်လောက်တတ်ပါစေ၊ ငွေကြေးတွေ ဘယ်လောက်ချမ်းသာပါစေ... ကိုယ်ကျင့်တရား မရှိရင် အဲဒီလူငယ်ဟာ တန်ဖိုးမဲ့ပါတယ်။ မိမိထက် နိမ့်ပါးသူကို စာနာတတ်ခြင်း၊ အမှန်တရားဘက်က ရပ်တည်ခြင်းနဲ့ အများအကျိုးကို တတ်နိုင်သလောက် ကူညီခြင်းက လူငယ်တစ်ယောက်ကို လူ့အဖွဲ့အစည်းကြားမှာ လေးစားစရာ ဖြစ်စေပါတယ်။

​၄။ အမြဲမပြတ် လေ့လာသင်ယူလိုစိတ်

​လောကကြီးဟာ အမြဲပြောင်းလဲနေပါတယ်။
အဲဒီအပြောင်းအလဲနဲ့အညီ အသစ်သစ်သော
နည်းပညာနဲ့ ဗဟုသုတတွေကို စူးစမ်းလေ့လာနေတဲ့ လူငယ်ဟာ ဘယ်တော့မှ နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး။ "ငါအားလုံးသိပြီးပြီ" ဆိုတဲ့ မာန်မာနကို ဘေးဖယ်ထားနိုင်ခြင်းက တိုးတက်မှုရဲ့ သော့ချက်ပါ။


လူငယ်တစ်ယောက်ရဲ့ ဘဝတန်ဖိုးဆိုတာ "မိမိကြောင့် သူတစ်ပါး ပျော်ရွှင်ရခြင်း" နဲ့ "မိမိကိုယ်ကိုယ် ယမန်နေ့ကထက် ပိုကောင်းအောင် ထုဆစ်နိုင်ခြင်း" တို့မှာ ကိန်းအောင်းနေပါတယ်။

ငွေကြေးဆိုတာ ရှာရင်ရနိုင်ပေမဲ့၊ တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ဖြစ်ဖို့ကတော့ အစဉ်တစိုက် ကြိုးစားတည်ဆောက်ယူရမှာ ဖြစ်ပါတယ်။
​မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်လှမ်းပါ၊ သင်ဟာ တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာမှာပါ။


#သုတပဒေသာမှတ်စု


#စာပေမှတ်စု

 #နမော_တဿ_ဘဂဝတော_အရဟတော_သမ္မာသမ္ဗုဒ္ဓဿ (၃ကြိမ်) 🙏🙏🙏✳️ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ✳️ ဓမ္မံ သရဏံ ဂစ္ဆာမိ✳️ သံဃံ သရဏံ ဂစ္ဆာမိ✳️ ဒုတ...
17/04/2026

#နမော_တဿ_ဘဂဝတော_အရဟတော_သမ္မာသမ္ဗုဒ္ဓဿ (၃ကြိမ်) 🙏🙏🙏
✳️ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
✳️ ဓမ္မံ သရဏံ ဂစ္ဆာမိ
✳️ သံဃံ သရဏံ ဂစ္ဆာမိ

✳️ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
✳️ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
✳️ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ

✳️ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
✳️ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
✳️ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
သာဓု သာဓု သာဓု ပါဘုရား 🙏🙏🙏

“ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
🙏 ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
🙏 ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
🙏 ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ “
❇️ ဤမှန်သော သစ္စာ စကားကြောင့်
မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလမှစ၍
- မိမိတို့မိသားစုနဲ့အတူ (၇)ရက်သားသမီးများအားလုံး
- မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး၊ ၃၁-ဘုံ တွင်ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ အားလုံး ....
- ဘေးအမျိုးမျိုး၊ ရန်အမျိုးမျိုး၊ ရောဂါအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။
- ပူပင်သောက အပေါင်းမှ ကင်းဝေးကြပါစေ။
- စိုးရိမ်ကြောင့်ကြ ဗျာပါဒများလည်း ကင်းဝေးကြပါစေ။
- စိတ္တ သုခ နှင့် ကာယသုခ တို့ ပြည့်စုံကြပါစေ။ 🙏🙏🙏

✡️ သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ။ (၃)ကြိမ်
✡️ မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ။ (၃)ကြိမ်
✡️ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။ (၃)ကြိမ်
🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
( သာဓု သာဓု သာဓု ပါအရှင်ဘုရား )🙏🙏🙏

🙏 #မြန်မာနှစ်သစ်ဆုတောင်း🙏
❇️ ဘဝ အဆက်ဆက်မှ ယနေ့ယခုအချိန်ထိ
- သီလ သမာဓိ ပညာ ကြီးမားသောသူတို့အားလည်းကောင်း
- ကျေးဇူးရှိသော သူတို့အားလည်းကောင်း
- သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
- ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ
- မှတ်မိ၍ဖြစ်စေ မမှတ်မိ၍ဖြစ်စေ
- ကာယကံ ဝစီကံ မနောကံ နှင့် ပြစ်မှားမိခဲ့သမျှကို
- ယနေ့ နှစ်သစ်ကူးသည့် သင်္ကြန်ကာလအတွင်း၌
- ဝန်ချတောင်းပန် ရှီခိုးကန်တော့အပ်ပါသည်။ “
🙏🙏🙏
#ခွန်ထွန်းဦး
#င်္သကြန်နှစ်သစ်ကူးဆုတောင်း
၁၇.၀၄.၂၀၂၆(သောကြာနေ့)

ပြင်းထန်ရောဂါနဲ့ကြုံတွေ့လာတဲ့အခါ တစ်လုံးတည်းပေးငွေ အကျိုးခံစားခွင့်က ဘာကြောင့်အရေးကြီးလဲဆိုတာ စဥ်းစားဖူးပါသလား။ပြင်းထန်ရ...
10/04/2026

ပြင်းထန်ရောဂါနဲ့ကြုံတွေ့လာတဲ့အခါ တစ်လုံးတည်းပေးငွေ အကျိုးခံစားခွင့်က ဘာကြောင့်အရေးကြီးလဲဆိုတာ စဥ်းစားဖူးပါသလား။

ပြင်းထန်ရောဂါဖြစ်လာတဲ့အခါမှာ များပြားလှတဲ့ ဆေးကုသမှုကုန်ကျစရိတ်တွေအပြင် နေ့စဉ်အသုံးစရိတ်တွေကြောင့် အချိန်တိုအတွင်း ဝင်ငွေဆုံးရှုံးမှုဖြစ်လာနိုင်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ အလုပ်မလုပ်နိုင်တဲ့အခါ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်လုံးတည်းပေးငွေရရှိခြင်းက များစွာအထောက်အကူဖြစ်စေပါတယ်။

AIA Critical Illness Care နဲ့သာဆိုရင် အကာအကွယ်ပေးထားတဲ့ ပြင်းထန်ရောဂါတစ်မျိုးမျိုးဖြစ်လာတဲ့အခါ တစ်လုံးတည်းပေးငွေအကျိုးခံစားခွင့်ကို တိုက်ရိုက်ရရှိနိုင်တာကြောင့် ငွေကြေးဆိုင်ရာ စိတ်သက်သာမှုရှိစေပြီး ရေရှည်ဆေးကုသမှု ခံယူတဲ့အခါမှာပဲဖြစ်ဖြစ်၊ မိသားစုအနာဂတ်ကို ကြိုတင်ကာကွယ်တဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ကြိုက် စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

AIA Critical Illness Care နဲ့အတူ မခန့်မှန်းနိုင်တဲ့ ဘဝအလှည့်အပြောင်းတွေအတွက် အခုပဲ ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oO5PiA မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Have you ever wondered why a lump sum payout for critical illness matters?

When a critical illness is diagnosed, life can take an unexpected turn. Beyond medical treatment, daily living expenses and the potential loss of regular income can place significant financial strain on individuals. In such circumstances, a lump‑sum payout can provide vital support.

AIA Critical Illness Care provides a lump‑sum payout directly to you upon diagnosis of a covered critical illness. This allows greater flexibility in managing what matters most, whether it is immediate financial relief, long‑term treatment, safeguarding a family’s future, or addressing other priority needs.

When uncertainty arises, having the right protection can make a meaningful difference. Being prepared for life’s uncertainties starts with thoughtful planning through AIA Critical Illness Care.

Learn more about AIA Critical Illness Care here: https://bit.ly/4oJJliJ

🛑 "ဘာလို့ နိုင်ငံခြားမှာ လူတိုင်းနီးပါး အာမခံထားကြတာလဲ? သူတို့ဘာတွေ အဓိကစိုးရိမ်ကြတာလဲ?" လူတော်တော်များများသိချင်နေကြတဲ့...
07/04/2026

🛑 "ဘာလို့ နိုင်ငံခြားမှာ လူတိုင်းနီးပါး အာမခံထားကြတာလဲ? သူတို့ဘာတွေ အဓိကစိုးရိမ်ကြတာလဲ?"

လူတော်တော်များများသိချင်နေကြတဲ့ မေးခွန်းပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အာမခံဆိုတာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ အာမခံရှိနေခြင်းက သူတို့ကို စိတ်အေးအေးထားပြီး ဘဝကို ရှေ့ဆက်နိုင်စေတဲ့ "စိတ်လုံခြုံမှု" ကို ပေးတာကြောင့်ပဲ ဖြစ်ပါတယ်။

သူတို့တွေ ဘာကြောင့် အာမခံကို ဒီလောက် အလေးထားကြတာလဲဆို -
၁။ "ဒုက္ခရောက်ရင် ဘယ်သူ့ကိုမှ အပူမပေးချင်တာ"
နိုင်ငံခြားသား အများစုဟာ မိမိကြောင့် သူတစ်ပါး (ဒါမှမဟုတ် မိသားစုဝင်တွေ) စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ကြပါဘူး။ မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်လည်း တခြားသူဆီမှာ အကူအညီ လိုက်မတောင်းချင်ကြဘူး။ သူတို့ တကယ်စိုးရိမ်တာက "သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာ" ကိုပါ။

၂။ "ခက်ခက်ခဲခဲ ရှာထားတဲ့ စုဆောင်းငွေကို ကာကွယ်တာ"
နှစ်ပေါင်းများစွာ ကြိုးစားရှာဖွေထားတဲ့ ငွေကြေးတွေဟာ ကျန်းမာရေးပြဿနာတစ်ခုတည်းနဲ့တင် တစ်ပတ်အတွင်း ကုန်ဆုံးသွားနိုင်တယ်ဆိုတာ သူတို့သိထားကြပါတယ်။
ဥပမာ- ခွဲစိတ်မှုတစ်ခုရဲ့ ကုန်ကျစရိတ်က သူတို့ စု‌ဆောင်းထားတဲ့ ငွေနဲ့ ညီမျှနေနိုင်ပါတယ်။ အာမခံထားထားတဲ့အတွက် ဒီစုဆောင်းငွေတွေကို မထိခိုက်တော့ဘဲ အာမခံကုမ္ပဏီက တာဝန်ယူပေးတဲ့စနစ်ကို အသုံးချကြတာပါ။

၃။ "မရေရာတဲ့ အနာဂတ်ကို ငွေနဲ့ ဝယ်ယူပြီး စိတ်အေးအေးထားတာ"
"ဘာဖြစ်မလဲ" ဆိုတဲ့ စိုးရိမ်စိတ်ဟာ လူကို စိတ်ဖိစီးစေပါတယ်။ အာမခံရှိထားတဲ့အခါ "တစ်ခုခုဖြစ်ခဲ့ရင်တောင် ငါ့မှာ အကာအကွယ်ရှိတယ်" ဆိုတဲ့ စိတ်လုံခြုံမှုကို ရရှိသွားပါတယ်။ ဒါဟာ အာမခံကြေး ပေးရတာထက် ပိုတန်ဖိုးရှိတယ်လို့ သူတို့ ယူဆကြပါတယ်။

💡 သူတို့ဘာကို စိုးရိမ်တာလဲ?
တကယ်တော့ သူတို့က "မမျှော်လင့်ဘဲ အသက်ဆုံးရှုံးသွားမှာ" ဒါမှမဟုတ် "မတော်တဆဖြစ်မှာ" ကိုပဲ စိုးရိမ်နေတာ မဟုတ်ပါဘူး။ ငွေကြေး အကျပ်အတည်းဖြစ်ပြီး မိသားစု အဆင်မ‌ပြေဖြစ်မှာကို စိုးရိမ်ကြတာပါ ။

တကယ်တော့ အာမခံဆိုတာ "မရေရာတဲ့ အနာဂတ်အတွက် စိတ်အေးချမ်းမှုကို ဝယ်ယူတာ" ပဲ ဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ခြင်းက ကြောက်ရွံ့ခြင်းကို အနိုင်ယူနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️095215573
☎️ 09785215573
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

Khun Tun Oo(A11532)
Financial Service Associate Manager
AIA - Golden Life Team







Credit; GoldenLife
➡️Let’s build a better future community!
👉 AIA Company ဟာ လွန်ခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်❤️

03/04/2026
လူတိုင်းဘာကြောင့် အာမခံတစ်ခု လိုအပ်သလဲ?"အာမခံဆိုတာ ထီးတစ်လက်နဲ့ တူပါတယ်။" ☂️နေပူနေတုန်းမှာ အပိုလို့ ထင်ရပေမယ့် မိုးရွာလာ...
26/03/2026

လူတိုင်းဘာကြောင့် အာမခံတစ်ခု လိုအပ်သလဲ?

"အာမခံဆိုတာ ထီးတစ်လက်နဲ့ တူပါတယ်။" ☂️
နေပူနေတုန်းမှာ အပိုလို့ ထင်ရပေမယ့် မိုးရွာလာတဲ့အခါမှာတော့ သင့်ကို စိုရွှဲမသွားအောင် အကာအကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ မိုးမရွာခင် ထီးပြင်ထားသလိုမျိုးပဲ၊ ဘဝမှာ အခက်အခဲမကြုံခင် အာမခံထားရှိခြင်းက အမြော်အမြင်အရှိဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။

၁။ မမျှော်လင့်ထားတဲ့ ကျန်းမာရေးစရိတ်တွေကို ရင်ဆိုင်နိုင်ဖို့

ဆေးဝါးနဲ့ ကုသစရိတ်တွေဟာ တစ်နေ့ထက် တစ်နေ့ မြင့်တက်နေပါတယ်။ ရုတ်တရက် ဖျားနာတာ ဒါမှမဟုတ် ခွဲစိတ်ကုသမှု ခံယူရတာမျိုး ကြုံလာတဲ့အခါ မိသားစုရဲ့ စုဆောင်းငွေတွေကို မထိခိုက်စေဘဲ အကောင်းဆုံး ကုသမှုရရှိဖို့အတွက် ကျန်းမာရေးအာမခံက အဓိက အထောက်အပံ့ဖြစ်စေမှာပါ။

၂။ ချစ်ခင်ရသူတွေရဲ့ ရှေ့ရေးအတွက် စိတ်ချရဖို့

မိသားစုမှာ အဓိကဝင်ငွေ ရှာဖွေပေးနေသူ တစ်ယောက်ယောက် မမျှော်လင့်ဘဲ ထိခိုက်နစ်နာမှု ကြုံရတဲ့အခါ ကျန်ရစ်သူ မိသားစုဝင်တွေဟာ ငွေကြေးအခက်အခဲကြောင့် ဘဝပျက်သွားတာမျိုး မဖြစ်စေဖို့ အသက်အာမခံက အကာအကွယ် ပေးထားပါတယ်။ "ကိုယ်မရှိတော့ရင်တောင် ကိုယ့်မိသားစုရဲ့ အနာဂတ်ကတော့ လုံခြုံနေရမယ်" ဆိုတဲ့ စိတ်အေးချမ်းမှုကို ပေးနိုင်ပါတယ်။

၃။ စုဆောင်းငွေတွေကို ကာကွယ်ပေးနိုင်ဖို့

ကျွန်တော်တို့ တစ်သက်လုံး ရုန်းကန်ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေဟာ အရေးပေါ်ကိစ္စ တစ်ခုခု (ဥပမာ- မတော်တဆမှု၊ နာရေး၊ ကျန်းမာရေး) ပေါ်လာရင် တစ်ခဏချင်း ကုန်သွားတတ်ပါတယ်။ အာမခံထားရှိခြင်းက ဒီလိုအရေးပေါ်အခြေအနေတွေမှာ ငွေကြေးဒိုင်းလွှားတစ်ခုအနေနဲ့ ရှိနေပေးမှာ ဖြစ်ပါတယ်။

၄။ ပိုမိုကောင်းမွန်တဲ့ စုဆောင်းမှုအလေ့အထ

အာမခံဆိုတာ အကာအကွယ်ပေးရုံတင်မကဘဲ ရေရှည်မှာ ငွေစုဆောင်းရာလည်း ရောက်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် ကလေးတွေရဲ့ ပညာရေးအတွက် လိုအပ်တဲ့အချိန်မှာ အဆင်သင့် အသုံးပြုနိုင်မယ့် ငွေလုံးငွေရင်းကို ရရှိစေမှာပါ။

အာမခံဆိုတာဘာမှမဖြစ်ခင်မှာ ကြိုတင်ပြင်ဆင်ထားရတဲ့ အရာပါ"။ တစ်ခုခု ဖြစ်သွားပြီးမှ ရှာဖွေလို့မရနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို စိတ်အေးလက်အေး နေထိုင်နိုင်စေဖို့ အာမခံထားရှိဖို့ တိုက်တွန်းချင်ပါတယ်။

"ယနေ့ သင်ဝယ်ယူလိုက်တဲ့ အာမခံဟာ မနက်ဖြန်မှာ သင့်မိသားစုအတွက် အကောင်းဆုံး လက်ဆောင်ဖြစ်လာပါလိမ့်မယ်။"

⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

Khun Tun Oo(A11532)
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team




;
➡️Together, Let’s build a better future for our community!
👉 AIA Company ဟာ လွန်ခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်❤️
#ကျန်းမာရေးအာမခံ

 #အာမခံထားရှိပြီးသူတိုင်း_ဘဝမှာ_အမြဲတမ်း_လုံခြုံစိတ်ချမ်းသာမှုကို_ခံစားရစေပါတယ်!❇️ ဘဝမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ လူ...
06/03/2026

#အာမခံထားရှိပြီးသူတိုင်း_ဘဝမှာ_အမြဲတမ်း_လုံခြုံစိတ်ချမ်းသာမှုကို_ခံစားရစေပါတယ်!
❇️ ဘဝမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ လူတိုင်းကြုံတွေ့ လာနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်အတွက်သာမက မိသားစုအတွက်ပါ အာမခံဖြင့် ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်။
👉 ဥပမာ- (အသက်အာမခံ၊ ကျန်းမာရေးအာမခံ ၊ ပြင်းထန်ရောဂါအာမခံ )ဆိုတာ အထူးလိုအပ်ပါတယ်။
🔹 အသက်အာမခံ – ကိုယ်မရှိတော့တဲ့အချိန်မှာ ကျန်ခဲ့တဲ့ မိသားစုအတွက် ငွေကြေးအကာအကွယ် ချန်ထားပေးနိုင်ပါတယ်။
🔹 ကျန်းမာရေးအာမခံ – ဆေးရုံစရိတ်၊ ခွဲစိတ်ကုသမှုစရိတ်တွေကို ကူညီပေးနိုင် ပါတယ်။
🔹 ပြင်းထန်ရောဂါအာမခံ – ကင်ဆာ၊ နှလုံးရောဂါ စတဲ့ ပြင်းထန်ရောဂါတွေဖြစ်လာရင် ငွေကြေးထောက်ပံ့မှုရရှိနိုင် ပါတယ်။
👉 အာမခံဆိုတာ မဖြစ်မနေသုံးဖို့ မဟုတ်ပေမယ့်
လိုအပ်လာတဲ့အချိန်မှာ အကူအညီအကြီးမားဆုံး ဖြစ်စေနိုင်ပါတယ်။

⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

Khun Tun Oo(A11532)
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team







➡️Together, Let’s build a better future for our community!
👉 AIA Company ဟာ လွန်ခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်❤️

 #မိမိဘဝတစ်လျှောက်လုံးမှာ စိတ်ချလက်ချနောက်ဆံတင်းစရာမလို၊ ပူပန်စရာမလိုဘဲ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသက်အ...
22/02/2026

#မိမိဘဝတစ်လျှောက်လုံးမှာ စိတ်ချလက်ချနောက်ဆံတင်းစရာမလို၊ ပူပန်စရာမလိုဘဲ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသက်အာမခံထားရှိရင်းလည်း ငွေစုဆောင်းနိုင်တယ်ဆိုတာ မိတ်ဆွေ သိပါသလား❓
❇️ AIA ရဲ့ Universal Life ဘဝတစ်သက်သာအသက်အာမခံ ဟာဆိုရင် ငွေစုဆောင်းဖို့ ပြင်ဆင်နေကြသူတွေအတွက် ငွေစုဆောင်းနေစဉ်ကာလတစ်လျှောက်လုံးမှာ မိမိရဲ့ စုငွေကို လုံခြုံမှုပေးတဲ့အပြင် အသက်အာမခံအကာအကွယ်ကိုပါ တစ်ပါတည်းရရှိမယ့် အာမခံအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
❇️ အသက်အာမခံထားငွေ (၂၀၀) သိန်းကျပ်ကနေစလို့ ကျပ်သိန်း (၁၅၀၀၀) အထိ အာမခံထားနိုင်ပြီး သက်တမ်းပြည့်တဲ့အခါ စုဆောင်းငွေထက်ပိုတဲ့ပမာဏကို ရရှိနိုင်သလို စုဆောင်းနေစဉ် ကာလအတွင်း ကင်ဆာအတွက် အသက်အာမခံထားရှိငွေရဲ့ ၂၅% ထုတ်ပေးတဲ့အပြင် ထာဝစဉ်မသန်စွမ်း အကျိုးခံစားနိုင်ခွင့်နဲ့ အသက်ဆုံးရှုံးမှုတို့ အတွက်ပါ အကျိုးခံစားခွင့်ရရှိမှာပါ။🤗
❇️ အသက်အာမခံ အကာအကွယ်ယူရင်း စုဆောင်းငွေ တိုးပွားလာစေတဲ့ AIA ရဲ့ Universal Life ဘဝတစ်သက်သာ အသက်အာမခံကိုစိတ််ဝင်စားတဲ့မိတ်ဆွေများ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Khun Tun Oo(A11532)
MDRT - 2026 🏆
Financial Service Associate Manager
AIA - Golden Life Team ( AIA Myanmar )
Ph; 095215573 ( WhatsApp/ Viber/ Telegram )




❇️ ကျွန်တော်နဲ့အတူ Insurance fananical Advisor Carrier Jobs တစ်ခုအနေနဲ့ လုပ်ကိုင်ကြမည့် ညီလေး၊ညီမလေးတွေကို AIA insurance...
07/02/2026

❇️ ကျွန်တော်နဲ့အတူ Insurance fananical Advisor Carrier Jobs တစ်ခုအနေနဲ့ လုပ်ကိုင်ကြမည့် ညီလေး၊ညီမလေးတွေကို AIA insurance company မှ သင်ကြားပေးတဲ့ COP သင်တန်းတက်ရောက်နိုင်အောင်ကူညီပေးဖြစ်ခဲ့ပါတယ်။
❇️ သင်တန်းတက်ရောက်ခဲ့ကြတဲ့ ညီလေး၊ညီမလေးတို့ကြိုးစားသင်ယူမှုကြောင့် Financial Advisor Carrier ပထမအဆင့်အနေနဲ့ AIA ရဲ့ MOCK Exam ကိုအောင်မြင်သွားကြပါပြီ။
👉 congratulations to you all! 👏👏👏
❇️ မကြာမီ ရက်ပိုင်းအတွင်းမှာ ရန်ကုန်/မန္တလေးသို့ သွားရောက်ပြီး အစိုးရမှ ကျင်းပတဲ့ Insurance Financial Advisor တွေ မဖြစ်မနေဖြေဆိုရမည့် Nills Exam ကို သွားရောက်ဖြေဆိုကြပါမည်။
❇️ Nills Exam အောင်မြင်သွားပြီးပြီဆိုရင် သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစု/မိတ်ဆွေ/သူငယ်ချင်းတွေကို life insurance အာမခံနဲ့ပတ်သက်ပြီး အသိပညာတွေ မျှဝေပေးရင်း လူတွေကို အာမခံအကာအကွယ်ရရှိနိုင်အောင် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သော အများအကျိုးပြု လူငယ်လေးများ ဖြစ်လာကြပါမည် ။
👉 ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး ( Financial Services Consultant) ငွေကြေးအတိုင်ပင်ခံကောင်းတစ်ဦးအနေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်ချင်တဲ့ မိတ်ဆွေများ သူငယ်ချင်းများကို နွေးထွေးစွာကြိုဆိုပါတယ်။

Khun Tun Oo(A11532)
MDRT - 2026 🏆
Financial Service Associate Manager
AIA - Golden Life Team ( AIA Myanmar )
Ph- (+95) 9 521 5573 ( WhatsApp/ Viber/ Telegram )




04/02/2026

❇️ အောင်မြင်တဲ့ Insurance Advisor အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေတွေရရှိနိုင်ပြီး မိမိဘဝပိုမိုတိုးတက်စေရန် နဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ် ။
❇️ စေတနာကိုအရင်းခံ၍ ဝါသနာပါတဲ့ အများအကျိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် ဆက်လက်ပြီးလေ့လာသင်ယူမှုများနှင့်အတူ ချစ်ရတဲ့မိတ်ဆွေတွေကို Life Insurance နှင့်ပတ်သက်ပြီး အကောင်းဆုံးကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှိအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားပါမည်။ 💪💪💪

Khun Tun Oo(A11532)
MDRT - 2026 🏆
Financial Service Associate Manager
AIA - MOM Team ( AIA Myanmar )
Ph; 095215573 ( WhatsApp/ Viber/ Telegram )




Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Khun Tun Oo - Insurance & Financial Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share