Sharing is Caring

Sharing is Caring Sharing Financial Knowledges
How to be a Zero to Hero💸💸💸

ဒီအချက်၈ ချက်ကို တသမတ်တည်းလိုက်နိုင်ကျင့်သုံးမယ်ဆိုရင် ခဗျားအနေနဲ့ နောင်၁၀ နှစ်မှာ ငွေကြေးအတွက်ပူပန်နေစရာမလိုဘူးလို့ ကျွ...
22/04/2026

ဒီအချက်၈ ချက်ကို တသမတ်တည်းလိုက်နိုင်ကျင့်သုံးမယ်ဆိုရင် ခဗျားအနေနဲ့ နောင်၁၀ နှစ်မှာ ငွေကြေးအတွက်ပူပန်နေစရာမလိုဘူးလို့ ကျွန်တော်ရဲရဲကြီးအာမခံပေးမယ်ဗျ


ဒီနေ့မှာတော့ ချမ်းသာတဲ့သူတွေ အသက် ၂၀ မှာတင် သိရှိနားလည်သွားကြပြီး၊ ဆင်းရဲတဲ့သူတွေကတော့ အသက် ၅၀ ကျမှ နောင်တနဲ့ သင်ခန်းစာယူရလေ့ရှိတဲ့ ငွေကြေးဆိုင်ရာ စည်းမျဉ်း ၈ ခု ကို ပြောပြသွားမှာဖြစ်လို့အဆုံးထိဖတ်ဖို့တိုက်တွန်းချင်ပါတယ်

၁။ "အချိန်" သည် ငွေထက် အဖိုးတန်ကြောင်း နားလည်ခြင်း (The Power of Compounding)

ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှုပ်နှံမှုကို အသက် ၂၀ ဝန်းကျင်မှာ စတင်ကြပါတယ်
ငွေပမာဏ နည်းတာများတာထက် "စောစောစတင်ခြင်း" က ရေရှည်မှာ Compound Interest (အတိုးပေါ် အတိုးဆင့်ခြင်း)ကြောင့် မမျှော်မှန်းနိုင်တဲ့ ကြွယ်ဝမှုတွေ ပေးနိုင်တယ်ဆိုတာ သိကြလို့ပဲဖြစ်
ပါတယ်။ (အရင်ကရင်းနှီးမြှုပ်နှံမှုတွေအကြောင်းမသိခဲ့လို့အခုအသက်ကြီးနေပီလို့တွေးနေရင်ဒီနေ့ပဲစဖို့အကြံပေးပါရစေ အကြောင်းရင်းကတော့
ခဗျားရဲ့အသက်အငယ်ဆုံးအရွယ်ကဒီနေ့ပဲဖြစ်လို့ပါ)

၂။ အသုံးစရိတ်ကို အရင်မတွက်ပဲ စုဆောင်းမှုကို အရင်လုပ်ခြင်း (Pay Yourself First)
လူအများစုက ဝင်ငွေရရင် အရင်သုံးပြီးမှ ကျန်တာကို စုဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သူဌေးလောင်းတွေကတော့ ဝင်ငွေရတာနဲ့ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုအတွက် အရင်ဖယ်ထားပြီးမှ ကျန်တဲ့ငွေနဲ့ လောက်အောင် သုံးစွဲတဲ့ အလေ့အကျင့်ကို အသက် ၂၀ ဝန်းကျင်တည်းက မွေးမြူကြပါတယ်
(ကျွန်တော်မနေ့ကတင်ခဲ့Postမှာလိုပဲဒါတွေကိုကျောင်းကနေသင်မပေးကြပါဘူး)

၃။ Liabilities နှင့် Assets ကို ခွဲခြားသိမြင်ခြင်း (Assets vs. Liabilities)
အသက် ၅၀ ကျမှ ဆင်းရဲနေသူတွေဟာ အဖိုးတန်ပစ္စည်း (ကား၊ ဖုန်း၊ အဝတ်အစား) တွေကို ပိုင်ဆိုင်မှု (Assets) လို့ မှားယွင်းယူဆတတ်ကြပါတယ်။ တကယ်တော့ Assets ဆိုတာ သင့်အိတ်ကပ်ထဲကို ငွေပြန်သွင်းပေးတဲ့အရာ (ရှယ်ယာ၊ အိမ်ခြံမြေ၊ရွှေနဲ့ လုပ်ငန်း) ကို ဆိုလိုတာဖြစ်ကြောင်း ချမ်းသာသူတွေက စောစောစီးစီး နားလည်ထားကြပါတယ်။

၄။ ကြွေးမြီတိုင်းသည် မဆိုးကြောင်း သိခြင်း (Good Debt vs. Bad Debt)
ဆင်းရဲတဲ့သူတွေက လူသုံးကုန်ပစ္စည်းတွေဝယ်ဖို့ ကြွေးယူကြပေမဲ့ (Bad Debt)၊ ချမ်းသာတဲ့သူတွေကတော့ အမြတ်အစွန်းပြန်ရမယ့် လုပ်ငန်းတွေ ချဲ့ထွင်ဖို့အတွက် Leverage အဖြစ် ကြွေးမြီကို စနစ်တကျ အသုံးချတတ်ကြပါတယ်။

၅။ ဝင်ငွေလမ်းကြောင်း တစ်ခုထက်မက တည်ဆောက်ခြင်း (Multiple Streams of Income)
အသက် ၅၀ မှာ ရုန်းကန်နေရသူအများစုက လစာတစ်ခုတည်း (Active Income) ပေါ်မှာပဲ မှီခိုခဲ့ကြသူတွေပါ။ ချမ်းသာတဲ့သူတွေကတော့ အသက် ၂၀ ကတည်းက Side Hustle လို့ခေါ်တဲ့အပိုဝင်ငွေရမဲ့
အလုပ်တွေ ဒါမှမဟုတ် Passive Income ရနိုင်မယ့် လမ်းကြောင်းတွေကို စတင် အခြေချလေ့ရှိပါတယ်။
(နောက်ရက်ကျရင်Side Hustle(အပိုဝင်ငွေလမ်းကြောင်း)နဲ့ပတ်သက်ပီး သီးသန့်Postတစ်ခုတင်ပေးပါ့မယ်)

၆။ ငွေကို အလုပ်ခိုင်းခြင်း (Make Money Work for You)
"ငွေရဖို့ အလုပ်လုပ်ရမယ်" ဆိုတာထက် "ငွေက ငါ့အတွက် ဘယ်လိုအလုပ်လုပ်ပေးမလဲ" ဆိုတဲ့ Mindset ကို ပြောင်းလဲတတ်ကြပါတယ်။ ကိုယ်တိုင် ပင်ပင်ပန်းပန်း လုပ်နေရတာထက် စနစ်တစ်ခု ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုက ငွေရှာပေးတာကို သူတို့ ပိုနှစ်သက်ကြပါတယ်။

၇။ အလိုရမ္မက်ကို အောင့်အီးနိုင်ခြင်း (Delayed Gratification)
အခုခေတ်စားနေတဲ့ ပစ္စည်းတွေကို ချက်ချင်းဝယ်
ချက်ချင်းသုံးပြီး ကြွားချင်တဲ့စိတ်ကို ထိန်းချုပ်နိုင်ခြင်းဟာ အဓိကသော့ချက်ပါ။ အသက် ၂၀ မှာ ပင်ပန်းခံပြီး စုဆောင်းရင်းနှီးမြှုပ်နှံထားသူဟာ အသက် ၅၀ မှာ လွတ်လပ်စွာ သုံးဖြုန်းနိုင်မှာပဲဖြစ်ပါတယ်။

၈။ မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်း (Investing in Yourself)
အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဟာ ကိုယ့်ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုမှာ ရင်းနှီးခြင်းဖြစ်တယ်ဆိုတာ သူတို့ သိကြပါတယ်။ စာဖတ်ခြင်း၊ သင်တန်းတက်ခြင်းနဲ့ လူတော်တွေကြားထဲမှာ နေထိုင်ခြင်းက ဘယ်တော့မှ မရှုံးနိမ့်မယ့် ရင်းနှီးမြှုပ်နှံမှုပါပဲ
(ဒီအချက်ဟာ အပေါ်က ၈ ချက် ထဲမှာ အကောင်းဆုံးအချက်ဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်ဗျ)

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့

အသက် ၅၀ ကျမှ "ငါ အသက် ၂၀ တုန်းက ဒါတွေသိခဲ့ရင် ကောင်းမှာပဲ" လို့ နောင်တရတာထက်၊ အခုကတည်းက စတင်ပြီး ဒီစည်းမျဉ်းတွေကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ငွေကြေးလွတ်လပ်မှုဆိုတာ ကံတရားကြောင့်မဟုတ်ဘဲ မှန်ကန်တဲ့ စည်းကမ်းနဲ့ ရွေးချယ်မှုတွေကြောင့်သာ ဖြစ်ပါတယ်။

ဒီအချက် ၈ ချက်ထဲမှာ ခဗျားအတွက် ဘယ်အချက်က အခက်ခဲဆုံးလဲ? ဒါမှမဟုတ် ဘယ်အချက်ကို အခုချက်ချင်း စတင်မယ်စဥ်းစားထားလဲ? ကွန်းမန့်မှာ ပြောသွားကြပါဦးဗျ


ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့
ကျွန်တော့်ရဲ့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ခဗျ

ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအသိပညာတွေကို မေးမြန်းချင်လို့ပဲဖြစ်ဖြစ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Page ရဲ့ Chat Boxကနေတစ်ဆင့် "အခမဲ့" ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်ဗျ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

  ဒီတစ်ခေါက်တော့ ဘယ်ကျောင်းစာအုပ်မှမသင်ပေးတဲ့ ငွေကြေးပညာနဲ့ ကိုယ့်ဘဝအတွက် တကယ်အသုံးဝင်တဲ့ လျှို့ဝှက်ချက်အချို့ကိုပြောပြပ...
21/04/2026


ဒီတစ်ခေါက်တော့ ဘယ်ကျောင်းစာအုပ်မှမသင်ပေးတဲ့ ငွေကြေးပညာနဲ့ ကိုယ့်ဘဝအတွက် တကယ်အသုံးဝင်တဲ့ လျှို့ဝှက်ချက်အချို့ကိုပြောပြပေးချင်ပါတယ်

ကျွန်တော်တို့ ကျောင်းတက်ခဲ့တဲ့အချိန်တွေမှာ သင်္ချာ၊ သိပ္ပံ၊ စာပေစတဲ့ ဘာသာရပ်တွေကို အများကြီး သင်ယူခဲ့ရပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ငွေကြေးကို ဘယ်လိုစီမံမလဲ၊ ဘယ်လိုစုဆောင်းမလဲ၊ ဘယ်လိုတိုးပွားအောင်လုပ်မလဲ ဆိုတဲ့အချက်တွေကိုတော့ ဘယ်သူကမှ စနစ်တကျ သင်ကြားပေးခဲ့တာမျိုး မရှိပါဘူး။ ဒါကြောင့်ပဲ အများစုက ငွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တစ်သက်လုံး ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တကယ်တော့ ငွေကြေးစီမံခန့်ခွဲခြင်းဆိုတာ ခက်ခဲတဲ့အရာမဟုတ်သလို၊ ကြွယ်ဝသူတွေအတွက်သာ သီးသန့်ဖြစ်တဲ့အရာလည်း မဟုတ်ပါဘူး။ ဝင်ငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူတိုင်းလုပ်ဆောင်နိုင်ပြီး မဖြစ်မနေလုပ်ဆောင်သင့်တဲ့​အလေ့အကျင့်တစ်ခုဖြစ်ပါတယ်

လူတော်တော်များများရဲ့ အကြီးမားဆုံးအမှားကတော့ “ကျန်တဲ့ငွေကိုမှ စုမယ်” ဆိုတဲ့ အတွေးပါ
ဒီလိုစဉ်းစားလိုက်တာနဲ့ ဘယ်တော့မှ ငွေမကျန်နိုင်တာကို ကိုယ်တိုင်သိကြမှာပါ
လက်တွေ့မှာ အလုပ်လုပ်တဲ့နည်းလမ်းကတော့ “ဝင်ငွေရတာနဲ့ အရင်ဆုံးစုဖို့ဖယ်ထား၊ ပြီးမှ ကျန်တဲ့ငွေနဲ့ပဲ နေထိုင်ပါ” ဆိုတဲ့ စည်းမျဉ်းပါပဲ။ တစ်လကို ဘယ်လောက်ပဲရရ၊ ၁၀ ရာခိုင်နှုန်းလောက်ကိုဖြစ်ဖြစ်၊ တတ်နိုင်သလောက်ကိုဖြစ်ဖြစ် အရင်ခွဲထားလိုက်ပါ။ ဒီလိုအလေ့အကျင့်လေးကို မှန်မှန်လုပ်လာခဲ့ရင် နှစ်တွေကြာလာတဲ့အခါ သင်မျှော်လင့်မထားတဲ့ ပမာဏကြီးတစ်ခု စုဆောင်းမိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ကျောင်းစာအုပ်ထဲမှာမပါပေမယ့် ဘဝအတွက် အရေးကြီးဆုံး သင်ခန်းစာတစ်ခုပါ။

နောက်ထပ် ကျောင်းမှာမသင်ပေးတဲ့ အချက်ကတော့ ငွေကို ဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်မှာပဲ ကြွယ်ဝမှုနဲ့ ဆင်းရဲမှုက ဆုံးဖြတ်တယ် ဆိုတဲ့အချက်ပါပဲ။ တူညီတဲ့ဝင်ငွေရတဲ့လူနှစ်ယောက်မှာ တစ်ယောက်ကလိုအပ်တဲ့နေရာတွေမှာပဲစစ်စစ်စီစီသုံးပီးစုဆောင်းရင်း နှစ်အနည်းငယ်အတွင်း အခြေခိုင်လာပြီး၊ နောက်တစ်ယောက်ကတော့ရရစားစားလမကုန်ခင်ငွေပြတ်လပ်ပီး ဘာမှမကျန်ဘဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဒါက ဝင်ငွေကွာခြားလို့မဟုတ်ဘူး၊ ဘာကို ဦးစားပေးသုံးစွဲသလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။

ဒီနေရာမှာ Minimalism – ရိုးရှင်းတဲ့ဘဝနေထိုင်ခြင်း ဆိုတဲ့ အတွေးအခေါ်က အရမ်းအထောက်အကူပြုပါတယ်။Minimalistတစ်​ယောက်ဆိုတိုင်းလဲ ပစ္စည်းနည်းနည်းပဲပိုင်ဆိုင်ဖို့ ဆိုလိုတာမဟုတ်ပါဘူးတကယ့်အဓိပ္ပါယ်ကတော့ “ကိုယ်တကယ်လိုအပ်တဲ့အရာ၊ ကိုယ့်ဘဝအတွက် တကယ်တန်ဖိုးရှိတဲ့အရာကိုသာ ရွေးချယ်ပြီး၊ မလိုအပ်တဲ့အရာတွေကို စွန့်လွှတ်တတ်ခြင်း” ကိုဆိုလိုတာပါ
ဥပမာ-ကိုယ့်မှာ နာရီတစ်လုံးရှိပီးသားကိုနောက်ထပ်
ဒီဇိုင်းဆန်းတဲ့ပိုစမတ်ကျတဲ့နာရီတွေ့ရင် ထပ်ဝယ်လိုက်တာ၊ အင်္ကျီ၊ဖိနပ်၊ပိုက်ဆံအိတ် ကုန်ကုန်ပြောရင် Buy 2 Get 1လိုpromotionပေးတဲ့ပစ္စည်းတွေကို မလိုအပ်ပဲ ဝယ်တာတွေမလုပ်တာမျိုးပါ

ကျွန်တော်တို့ဟာ မကြာခဏ “လိုအပ်လို့” မဟုတ်ဘဲ “လှတယ်လို့ထင်လို့”၊ “လူတွေကိုကိုယ်သုံးနိုင်ကြောင်းပြချင်လို့”၊ “ကြော်ငြာတွေက ဆွဲဆောင်လို့” စတဲ့အကြောင်းပြချက်တွေနဲ့ ပိုက်ဆံတွေကို အလဿသုံးစွဲမိတတ်ကြပါတယ်။ ဝယ်ယူပြီးချိန်မှာတော့ ပျော်ရွှင်ရပေမယ့် အချိန်ကြာလာတဲ့အခါ အဲဒီပစ္စည်းတွေက အသုံးမဝင်တော့ဘဲ နေရာယူထားရုံသာ ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်တတ်လာတဲ့အခါ ကိုယ့်ရဲ့အသုံးစရိတ်တွေကို သတိထားမိလာပြီး၊ “ဒါက ငါ့အတွက် တကယ်လိုအပ်လား၊ ဝယ်လိုက်ရင် ငါ့အနာဂတ်ကို ထိခိုက်စေမလား” ဆိုတာတွေကို အရင်ဆုံးတွေးတောဆုံးဖြတ်တတ်လာပါလိမ့်မယ်
ဒါဆိုရင် မလိုအပ်တဲ့အသုံးစရိတ်တွေကို အလိုအလျောက် လျှော့ချမိလာပြီး၊ စုဆောင်းနိုင်တဲ့ငွေပမာဏလည်း ပိုများလာမှာအမှန်ပါပဲ

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ငွေကို အလုပ်လုပ်စေတတ်ခြင်းပါပဲ
လူအများစုကတော့ ကိုယ်တိုင်အလုပ်လုပ်ပြီး ငွေရှာကြပါတယ်ဒါပေမဲ့ ကြွယ်ဝသူတွေရဲ့လျှို့ဝှက်ချက်ကတော့ ကိုယ်စုဆောင်းထားတဲ့ငွေတွေကိုပါ အလုပ်လုပ်စေပြီး၊ ငွေက ငွေကိုပြန်လည်ရှာဖွေပေးတဲ့ပုံစံမျိုး လုပ်ဆောင်တတ်ကြတာပါ။ ဒါကလည်း ကျောင်းစာအုပ်ထဲမှာ သင်ကြားပေးတာမျိုး မဟုတ်ပေမယ့်၊ ငွေကြေးအခြေအနေကို တိုးတက်စေဖို့အတွက် မဖြစ်မနေသိထားသင့်တဲ့အချက်တစ်ခုပါပဲ။
(နောက်ရက်မှာငွေကိုကိုယ့်အတွက် ဘလိုပုံစံနဲ့ပြန်ခိုင်းလို့ရမလဲဆိုတာPostသက်သက်တင်ပေးပါ့မယ်)

ငွေကြေးကိစ္စမှာ စိတ်ရှည်သည်းခံမှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တစ်ရက်နှစ်ရက်အတွင်းမှာတော့ ကြီးမားတဲ့ပြောင်းလဲမှုကို မျှော်လင့်လို့မရပါဘူး သေးငယ်တဲ့အဆင့်လေးတွေကို တစ်ခုပြီးတစ်ခု မှန်မှန်လုပ်ဆောင်သွားရင်း အချိန်တွေကြာလာတဲ့အခါမှာမှ သင့်ရဲ့ကြိုးစားမှုတွေက အကျိုးပြန်လည်ဖြစ်ထွန်းလာတာမျိုးပါ

ခဗျားဒီPostကိုအချိန်ပေးဖတ်ပီးအခုလို ကိုယ့်ဘဝနဲ့ အနာဂတ်အတွက် စဉ်းစားလုပ်ကိုင်ချင်စိတ်ရှိနေပြီဆိုကတည်းက ခဗျားဟာ အောင်မြင်မှုရဲ့တစ်ဝက်ကို ရောက်နေနှင့်ပြီးဖြစ်ပါတယ်
ကဲ...ဒါဆိုရှေ့ဆက်ပြီး ကိုယ့်ဝင်ငွေ၊
ကိုယ့်အသုံးစရိတ်တွေကို ဂရုတစိုက်စီမံပါ၊
တကယ်လိုအပ်တဲ့အရာတွေကိုသာ ရွေးချယ်သုံးစွဲပါ၊ အနာဂတ်အတွက်လည်း စုဆောင်းထားပါ။ ဒီလို​ဆိုရင် ကိုယ့်ဘဝရဲ့ငွေကြေးခရီးစဉ်က လုံခြုံပြီး တောက်ပနေမှာ သေချာပါတယ်။

ကိုယ့်အနာဂတ်ကို ကိုယ့်ထက်ပိုပြီး ဘယ်သူကမှဂရုမစိုက်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်လက်ထဲမှာပဲ ကိုယ့်ဘဝရဲ့အနာဂတ်ကို တည်ဆောက်လိုက်ရအောင်ဗျ💪


#ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု #ကျောင်းကမသင်ပေးလိုက်တဲ့ငွေကြေးပညာ #ငွေစုနည်းလမ်း #ရိုးရှင်းသောဘဝ #တန်ဖိုးရှိစွာအသုံးချခြင်း #အနာဂတ်ကိုတည်ဆောက်ခြင်း #ဘဝတိုးတက်မှု #ကိုယ့်လက်ထဲကအောင်မြင်မှု

ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့
ကျွန်တော့်ရဲ့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ခဗျ

ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအသိပညာတွေကို မေးမြန်းချင်လို့ပဲဖြစ်ဖြစ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Page ရဲ့ Chat Boxကနေတစ်ဆင့် "အခမဲ့" ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်ဗျ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

Rich Vs Wealthခဗျားက ပိုက်ဆံပဲ ရှိတာလား၊ တကယ်ရော ကြွယ်ဝရဲ့လား? အပေါ်ယံကြည့်ရင် တူသလိုလိုနဲ့ ဒီနှစ်ခုက ကောင်းကင်နဲ့ မြေကြ...
20/04/2026

Rich Vs Wealth
ခဗျားက ပိုက်ဆံပဲ ရှိတာလား၊ တကယ်ရော ကြွယ်ဝရဲ့လား?

အပေါ်ယံကြည့်ရင် တူသလိုလိုနဲ့ ဒီနှစ်ခုက ကောင်းကင်နဲ့ မြေကြီးလို ကွာပါတယ်

၁။ Rich က "ငွေရှိခြင်း" ၊ Wealth က "အချိန်ရှိခြင်း"
Rich ဆိုတာ ဝင်ငွေ (Income) အပေါ်မှာပဲ ရပ်တည်တာဖြစ်ပါတယ် တိုက်ကြီးကားကြီးတွေနဲ့ သူများကြည့်ကောင်းဖို့ ပြသနိုင်ပေမဲ့ "ငွေဝင်လမ်း" ရပ်သွားတာနဲ့ အရှိန်အဝါက ချက်ချင်း ပျောက်သွားနိုင်တာမျိုးပါ
Wealth ကတော့ ခဗျားရဲ့ "လွတ်လပ်မှု" ပါ
ခဗျား အိပ်နေရင်တောင် ခဗျားအတွက် ငွေပြန်ရှာပေးမယ့်စနစ် (Assets) ရှိနေတာကို ခေါ်တာပဲဖြစ်ပါတယ်၊ မကြွားဝါဘူး မဖော်ပြဘူး ကိုယ့်မှာရှိတာကိုယ်သာသိစေပီး ဝါသနာပါတဲ့အလုပ်တွေလုပ်ရင်း လွတ်လပ်မှုရဲ့အရသာကိုထိတွေ့ခံစားခွင့်ရနိုင်တာမျိုးပေါ့
(Assetနဲ့Liabilityအကြောင်းကိုတော့ ကျွန်တော်နောက်Postမှာထင်သာမြင်သာရှိအောင်ရှင်းပြပေးပါ့မယ်)

၂။ Rich က မြင်ရတယ်၊ Wealth က မမြင်ရဘူး
ဝင်ငွေလစာတွေရှိနေတဲ့အတွက်
ခ​ဗျားလိုချင်တာတွေဝယ်နိုင်တယ် သုံးနိုင်တယ် ပေးနိုင်ကမ်းနိုင်တယ် ကြွားဝါမယ်ပြိုင်ဆိုင်မယ် နာမည်ကြီးတံဆိပ်တွေဝယ်သုံးမယ်မလိုအပ်ပဲပစ္စည်းတွေအများကြီးဝယ်မယ် ခဗျားချမ်းသာတာကိုလူတွေကမြင်နိုင်အထင်ကြီးလေးစားအားကျနိုင်တဲ့အခြေနေမျိုးပေါ့ ဒါပေမဲ့ဒီအရာဟာ Richဖြစ်ပီး ဝင်ငွေရပ်တဲ့တစ်နေ့အလုပ်လက်မဲ့ဖြစ်တဲ့တစ်နေ့မှာအကုန်ပျောက်ကွယ်သွားနိုင်ပါတယ်
Wealth ဆိုတာကတော့ ခဗျား ချွေတာစုဆောင်းတာတဲ့ပိုက်ဆံတွေ စျေးတက်မဲ့ပိုင်ဆိုင်မှုတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ရှိပါတယ် ပြောရရင် ငွေကိုငွေရှာခိုင်းထားတဲ့သဘောပေါ့ (ဝယ်ထားတဲ့ပစ္စည်းတွေက ကိုယ်ကဘာမှမလုပ်ရပဲ သူ့အလိုလိုစျေးတက်နေမယ် မြှုပ်နှံထားတဲ့ရင်းနှီးမှုတွေကတရိပ်ရိပ်တိုးပွားနေမယ်ဒါကိုဆိုလိုတာပါ)
တကယ့်သူဌေးကြီးတွေက သူတို့ဘယ်လောက်ရှိတယ်ဆိုတာ လူတိုင်းသိအောင် လိုက်မပြပဲ အေးရာအေးကြောင်းသူတို့စိတ်ပျော်ရာအလုပ်တွေနဲ့သက်သောင့်သက်သာရှိနေကြတဲ့သူမျိုးတွေပေါ့ဗျာ

၃။ ၈၀/၂၀ နိယာမနဲ့ Asset ကိုပဲ စုပါ
ခဗျားရဲ့ ဝင်ငွေ ၈၀% ဟာ ခဗျားလုပ်ဆောင်တဲ့ အလုပ် ၂၀% ကနေပဲ လာတာပဲဖြစ်ပါတယ် အကျိုးအမြတ်အများဆုံးပေးတဲ့ အလုပ်ကိုပဲ ဦးစားပေး ရွေးလုပ်ပါ အရေးကြီးဆုံးအချက်ကဝင်ငွေတိုးတိုင်း အသုံးလိုက်မတိုးပါနဲ့ (Lifestyle Inflationအရမ်းကြောက်ဖို့ကောင်းပါတယ်)
တန်ဖိုးတက်လာမယ့် ရှယ်ယာ၊ အိမ်ခြံမြေနဲ့ စီးပွားရေးတွေထဲ ငွေစီးဆင်းပါစေ
တန်ဖိုးကျမယ့် အသုံးအဆောင်ဝယ်တာဟာ ချမ်းသာချင်ရုံပဲဆိုတဲ့သူတွေရဲ့ခေါက်ရိုးကျိုးနေတဲ့လုပ်ရပ်တွေပါ

၄။ စွမ်းအင်စီမံခန့်ခွဲမှုနဲ့ Compound Interest
ဒီCompound Interest (တိုးရင်းပေါင်းအတိုး)ရဲ့အကြောင်းကို ကျွန်တော်အရှေ့Postတွေထဲမှာ
အကျယ်တဝင့်ရှင်းပြခဲ့ပီးဖြစ်ပါတယ်
ခဗျားဘဝရဲ့​အရေးကြီးဆုံးကိစ္စတွေကို
အကောင်းဆုံးစွမ်းအင်တွေရရှိနိုင်တဲ့မနက်ခင်းတွေ
မှာ ဆုံးဖြတ်ပါ
Wealth ဆိုတာက တစ်ညတည်းနဲ့ ဖြစ်လာမှာမဟုတ်ပါဘူး ဒီနေ့ ခဗျားစုလိုက်တဲ့ ငွေအနည်းငယ်က နောင် ၁၀ နှစ်မှာ ခဗျားကို အလုပ်ထွက်ခွင့် (Freedom) ပေးနိုင်တဲ့အထိ စွမ်းဆောင်နိုင်ပါတယ်

အနှစ်ချုပ်ပြောရရင်
Rich ဆိုတာ "ဘယ်လောက်ငွေဝင်နေလဲ" ဆိုတာဖြစ်ပြီး
Wealth ဆိုတာ "ငွေကိုဘလိုစီမံပီးဘယ်လောက်ကျန်အောင်လုပ်နိုင်လဲ" ဆိုတာပါ
Rich ကကိုယ်ချမ်းသာကြောင်းသူများကိုသုံးစွဲပြဖို့ဖြစ်ပြီး
Wealth က ခဗျားမလုပ်ချင်တဲ့အလုပ်ကရုန်းထွက်ပီး ဝါသနာပါရာတွေကိုလုပ်ရင်း မိသားစုကိုအချိန်ပေးနိုင်တဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်

ခဗျားအနေနဲ့အခုလက်ရှိက ချမ်းသာနေတာလား ကြွယ်ဝနေပီလား တကယ်လိုချင်တဲ့ဘဝကဘာလဲဆိုတာမျှဝေခဲ့ပါဦးဗျ



ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့
ကျွန်တော့်ရဲ့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ခဗျ

ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအသိပညာတွေကို မေးမြန်းချင်လို့ပဲဖြစ်ဖြစ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Page ရဲ့ Chat Boxကနေတစ်ဆင့် "အခမဲ့" ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်ဗျ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

 #အသက်၃၀နဲ့အလုပ်နားပြီးဘဝကိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရသွားတဲ့လူတစ်ယောက်အကြောင်းသာမန်လူတွေက အသက် ၆၀ ကျော်၊ လူကလည်းပင်ပန်း စ...
10/04/2026

#အသက်၃၀နဲ့အလုပ်နားပြီးဘဝကိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရသွားတဲ့လူတစ်ယောက်အကြောင်း

သာမန်လူတွေက အသက် ၆၀ ကျော်၊ လူကလည်းပင်ပန်း စိတ်ကလည်းကုန်ခမ်းသွားမှ အနားယူဖို့ စဉ်းစားကြတာများတယ်ဗျ
ဒါပေမဲ့ ဒီနေ့ခေတ်မှာကမ္ဘာတစ်ဝှမ်းက လူငယ်တော်တော်များများ ရူးသွပ်နေကြတဲ့ FIRE (Financial Independence, Retire Early) ဆိုတဲ့ လမ်းကြောင်းတစ်ခုရှိတယ်။

မနေ့က ကျွန်တော် ( FIRE )အကြောင်းက်ို
အကျယ်တဝင့်ပြောပြခဲ့ပီးပီဆိုတော့
ဒီနေ့မှာ အဲဒီလမ်းကြောင်းရဲ့ ဖခင်ကြီးလို့တောင် တင်စားကြတဲ့ Pete Adeney (ခေါ်) Mr. Money Mustache အကြောင်းကို ခင်ဗျားကို ပြောပြချင်ပါတယ်

သူက ဘီလျံနာလည်းမဟုတ်သလို၊ ထီပေါက်ခဲ့တာလည်း မဟုတ်ဘူး။ သာမန် ကနေဒါနိုင်ငံသားတစ်ယောက်ပါ သူဟာ Software Engineer လစာနဲ့တင် အသက် ၃၀ အရွယ်မှာ "ငါ ငွေအတွက် အလုပ်လုပ်စရာ မလိုတော့ဘူး" ဆိုပြီး အလုပ်ကနေ အပြီးအပိုင် အနားယူပြခဲ့တာပါ။

သူ ဘယ်လိုကြောင့် ဒီလောက်စောစော လွတ်မြောက်သွားတာလဲ? သူ့ရဲ့ လျှို့ဝှက်ချက်က ခင်ဗျားရဲ့ ဘဝကိုပါ ပြောင်းလဲသွားစေနိုင်ပါတယ်။

၁။ "လူကြားကောင်းဖို့" ငွေဖြုန်းတာကို သူ ရပ်ပစ်ခဲ့တယ်

လူတော်တော်များများက ဝင်ငွေတိုးလာတာနဲ့အမျှ ကားအသစ်လဲတယ်၊ အသုံးအဖြုန်း မြှင့်ကြတယ်။ ဒါကို Pete က "အဆင့်အတန်း ထောင်ချောက်" လို့ ခေါ်ပါတယ်။ သူကတော့ လစာကောင်းပေမဲ့ သာမန်လူတွေထက် ၅ ဆလောက် လျှော့သုံးခဲ့တယ်။သူများတွေအတွက်ဝင်ငွေများလာတာနဲ့အမျှ Life Style Inflation ဖြစ်လာခဲ့ကြပေမဲ့
သူ့အတွက်တော့ "တခြားလူတွေရှေ့မှာ ကြွားဖို့ ပစ္စည်းအသစ်တွေ ဝယ်ရတာထက်၊ ကိုယ့်ဘဝရဲ့ အချိန်တွေကို ကိုယ်တိုင် ပြန်လည် ပိုင်ဆိုင်ခွင့်ရတာက ပိုပြီး တန်ဖိုးရှိတယ်" လို့ ယုံကြည်ထားခဲ့တာပါ

၂။ ခင်ဗျား ဘယ်လောက်စုနိုင်သလဲ? အဲဒါက ခင်ဗျားရဲ့ လွတ်မြောက်မှုပဲ

သူ့ရဲ့ ဒဿနက ရိုးရိုးလေးပဲ - "ခင်ဗျား ဘယ်လောက်ပဲ ရှာရှာ၊ အဲဒီထဲက ဘယ်လောက် စုနိုင်သလဲဆိုတာကပဲ ခင်ဗျား ဘယ်တော့ အနားယူရမလဲဆိုတာကို ဆုံးဖြတ်ပေးတာ"လို့ဆိုပါတယ်

- ဝင်ငွေရဲ့ ၁၀% ပဲ စုရင် အလုပ်နားဖို့ ၅၁ နှစ် ကြာဦးမယ်။
​
- ဒါပေမဲ့ ဝင်ငွေရဲ့ ၅၀% ကို စုနိုင်ရင်တော့ ၁၇ နှစ် အတွင်း လွတ်မြောက်ပြီ။
သူကတော့ ဝင်ငွေရဲ့ ၇၅% နီးပါးကို စုဆောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ၁၀ နှစ်ဝန်းကျင်နဲ့တင် လွတ်လပ်ခွင့်ကို အရယူနိုင်ခဲ့တာပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်နိုင်စွမ်း (Badassery Lifestyle)

Mr. Money Mustache က အပြင်သွားရင် ကားမစီးဘဲ စက်ဘီးနဲ့ပဲအတတ်နိုင်ဆုံးသွားတယ်
အိမ်မှာပျက်တဲ့အရာတွေပြင်စရာရှိရင် ကိုယ်တိုင်ပြင်တယ် ဒါကို သူက ဆင်းရဲတယ်လို့ မမြင်ဘူး "ငါ့ခန္ဓာကိုယ်ကို ငါ ထိန်းချုပ်နိုင်တယ်၊ ငါ့ငွေကို ငါ စီမံနိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ ဂုဏ်ယူနေတာမျိုးဗျ အဲဒီလို ရိုးရှင်းတဲ့ နေထိုင်မှုက သူ့ကို ပိုပြီး ကျန်းမာစေသလို ငွေတွေကိုလည်း အများကြီး ပိုစုမိစေခဲ့ပါတယ်။

သူဟာဆယ်နှစ်လောက်အသည်းအသန်ကြိုးစားရှာဖွေစုဆောင်းပီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တာ သူ့အသက်၃၀ မှာပဲ အပူပင်ကင်းစွာနဲ့ ပင်စင်ယူနိုင်ခဲ့ပါတယ်

Mr. Money Mustache ဆီက သင်ယူရမယ့် အကြီးမားဆုံး သင်ခန်းစာက - "ပျော်ရွှင်မှုဆိုတာ ခင်ဗျားမှာရှိတဲ့ ပစ္စည်းတွေနဲ့ မဆိုင်ဘူး၊ ခင်ဗျားရဲ့ အချိန်ကို ခင်ဗျား ဘယ်လောက် ထိန်းချုပ်နိုင်သလဲဆိုတာနဲ့ပဲ ဆိုင်တယ်" ဆိုတာပါပဲ။

သူဟာအခု အသက်၅၀ဝန်းကျင်ဖြစ်ပီး သူ့ရဲ့လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံးမှာ ငွေနောက်လိုက်နေရတဲ့ ဘဝကနေ လွတ်မြောက်ခဲ့ပြီး မိသားစုကို အချိန်ပေးရင်း၊ သူတကယ် ဝါသနာပါတဲ့ အလုပ်တွေကိုပဲ အခုချိန်ထိစိတ်ကြိုက် လုပ်ကိုင်ရင်းပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်

Adminက အသက်၃၂ဆိုတော့ နည်းနည်းတောင်နောက်ကျနေပီဗျ ဒါပေမဲ့ မိမိအတွက်အသက်အငယ်ဆုံးနဲ့အစောဆုံးစနိုင်တဲ့နေ့က ဒီနေ့ပဲဆိုတော့
ကျွန်တော်တို့ စိန်ခေါ်မှုတစ်ခု လုပ်ကြရအောင်

ခင်ဗျားကော... နောက်ထပ် အနှစ် ၃၀ လုံးလုံး ငွေနောက်လိုက်ရင်း ဘဝကို ကုန်ဆုံးမလား? ဒါမှမဟုတ် အခုကစပြီး ခင်ဗျားရဲ့ အသုံးအဖြုန်းတွေကို ထိန်းချုပ်ပြီး ၅ နှစ်၊ ၁၀ နှစ်အတွင်း လွတ်လပ်ခွင့်ကို အရယူမလား?

တခြားလူတွေရှေ့မှာ အထင်ကြီးခံရဖို့ ငွေဖြုန်းနေတာထက်၊ ကိုယ့်ဘဝကို ကိုယ်တိုင် စီမံခွင့်ရတာက
ပိုပြီး အဓိပ္ပာယ်ရှိပါတယ်လို့ကျွန်တော်ယုံကြည်တယ်
ဒီတော့ ဒီနေ့ကစပြီး ခင်ဗျားရဲ့ လွတ်လပ်ခွင့်အတွက် မလိုအပ်တဲ့ အသုံးစရိတ်တွေကိုလျှော့ချ
ကြည့်ဖို့ အသင့်ပဲလား?
ကျွန်တော်တို့အတူတူကြိုးစားပီး ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အချိန်တွေကိုပြန်တိုက်ယူလိုက်ကြရအောင်ဗျ💪



ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့
ကျွန်တော့်ရဲ့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ခဗျ

ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအသိပညာတွေကို မေးမြန်းချင်လို့ပဲဖြစ်ဖြစ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Page ရဲ့ Chat Boxကနေတစ်ဆင့် "အခမဲ့" ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်ဗျ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

“ခင်ဗျားဘဝရဲ့ ၂၄ နာရီကို သူများဆီမှာ ဘယ်နှနှစ်အထိ ထပ်ရောင်းစားဦးမှာလဲ?” ⏳ ကျွန်တော်တို့အားလုံးဟာ "အလုပ်လုပ်ဖို့သက်သက် လူ...
09/04/2026

“ခင်ဗျားဘဝရဲ့ ၂၄ နာရီကို သူများဆီမှာ ဘယ်နှနှစ်အထိ ထပ်ရောင်းစားဦးမှာလဲ?” ⏳

ကျွန်တော်တို့အားလုံးဟာ "အလုပ်လုပ်ဖို့သက်သက် လူဖြစ်လာတာမဟုတ်ဘူး၊ ဘဝကို ခံစားဖို့ လူဖြစ်လာတာဗျ။" ဒါပေမဲ့ လက်တွေ့မှာဝမ်းနည်းဖို့ကောင်းတာက လကုန်ရင်ရမယ့် လစာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ အကောင်းဆုံးအရွယ်၊ အကောင်းဆုံးအချိန်တွေကို လုပ်ငန်းခွင်ထဲမှာ ပေးဆပ်နေကြရတယ်

ဒါဆိုကျွန်တော်တို့ဘဝနေဝင်မှအနားယူရတော့မှာလား ?
ကျွန်တော်F.I.R.E (Financial Independence, Retire Early) အကြောင်းကိုပြောပြမယ်
ဒါဟာ ချမ်းသာကြွယ်ဝဖို့ထက် ခင်ဗျားဘဝရဲ့ အချိန်တွေကို ခင်ဗျားကိုယ်တိုင် ပြန်ဝယ်ယူနိုင်ဖို့ကပိုအရေးကြီးတယ်ဆိုတဲ့ကိစ္စတစ်ရပ်ပဲ

အိုမင်းတဲ့ထိအလုပ်လုပ်ပီးမှ
အနားယူရတယ်ဆိုတာအရင်ခေတ်မှာကျန်ခဲ့ပီ
အသက် ၆၀ ကျော်မှ အနားယူရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟောင်းကို ရိုက်ချိုးပစ်လိုက်တော့မလား ပြောတော့လွယ်လိုက်တာလို့မတွေးပါနဲ့ဦး
ကျွန်တော်တို့ကမ္ဘာကြီးမှာ ရှင်သန်စရာနည်းလမ်းကောင်းတွေအများကြီးရှိပါသေးတယ်
ဒါပေမဲ့လွယ်လွယ်နဲ့တော့ဘယ်ဟာမှမရဘူးဗျ စိတ်ဓာတ်ခိုင်မာပီးစည်းကမ်းရှိရှိတစိုက်မတ်မတ်လုပ်နိုင်ရမယ်

ဒီတော့စလိုက်ကြမလား

💡 လွတ်လပ်ခွင့်ဆီ သွားမယ့် လမ်းပြမြေပုံ (The FIRE Roadmap)

တကယ့်လွတ်လပ်မှုဆိုတာ ပိုက်ဆံတွေ အပုံလိုက်ရှိနေတာထက် "ငါ ဒီနေ့ ဘာလုပ်ချင်လဲ" ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးပါ။ ဒါကို ဘယ်လိုပုံဖော်မလဲ?

၁။ "ခင်ဗျားရဲ့ လွတ်လပ်ခွင့် ဂဏန်း" ကို ရှာပါ (The FIRE Number) 🎯
ခင်ဗျား တစ်နှစ်စာ အသုံးစရိတ်ရဲ့ ၂၅ ဆ ကို စုမိရင် ခင်ဗျားဟာ စီးပွားရေးအရ လွတ်လပ်သူ ဖြစ်ပြီ။ ဥပမာ - တစ်လ ၅ သိန်းသုံးရင် တစ်နှစ် ၆၀ သိန်း၊ သူ့ရဲ့ ၂၅ ဆ ဖြစ်တဲ့ သိန်း ၁၅၀၀ ရှိရင် ခင်ဗျား အလုပ်နားလို့ရပြီ။ အဲဒီငွေပုံကြီးထဲကနေ တစ်နှစ်ကို ၄% ပဲ ထုတ်သုံးမယ်ဆိုရင် ခင်ဗျားရဲ့ငွေဟာ တစ်သက်လုံး သုံးသွားလို့ရမယ်။(ဒါပေမဲ့ဒီငွေပမာဏကစီးဆင်းနေတဲ့ငွေ/အလုပ်လုပ်နေတဲ့ငွေဖြစ်ရပါမယ်)

၂။ "အသုံးစရိတ်" ကို သတ်သတ်မှတ်မှတ် ဖြတ်တောက်ပါ ✂️
သူများအမြင်မှာ ခန့်ညားဖို့ ဝယ်ထားတဲ့ အသုံးအဆောင်တွေက ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကို ခိုးယူနေတဲ့ သူခိုးတွေပဲဗျ။ "လိုချင်တာ" ထက် "လိုအပ်တာ" ကိုပဲ အာရုံစိုက်ပါ။ အသုံးစရိတ် နည်းလေလေ၊ လွတ်လပ်ခွင့်နဲ့ နီးလေလေပဲ။

၃။ "ပိုက်ဆံကို အလုပ်ခိုင်းပါ" (Invest Aggressively) 📈ဒါဟာ ပထမအချက်မှာ ကျွန်တော်ပြောတဲ့အလုပ်လုပ်နေတဲ့ငွေဖြစ်ပါတယ်ငွေကိုစုရုံနဲ့ မလုံလောက်ဘူးဗျ။ ခင်ဗျားအိပ်နေတဲ့အချိန်မှာတောင် ခင်ဗျားအတွက် ပိုက်ဆံကအလုပ်လုပ်နေပီး အချိန်နဲ့အမျှထပ်ပွားနေဖို့ လိုတယ်။ ရှယ်ယာ၊ အိမ်ခြံမြေ ဒါမှမဟုတ် ရေရှည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေကို ထည့်ထားပါ။

၄။ "ဝင်ငွေလမ်းကြောင်း" ကို မြှင့်တင်ပါ 🚀
ကိုယ့်ရဲ့ Skill ကို မြှင့်ပြီး ဝင်ငွေပိုရအောင် လုပ်ပါ။ ပြီးတော့ အဲဒီ ပိုရလာတဲ့ ဝင်ငွေကို သုံးမပစ်ပဲ "ရင်းနှီးမြှုပ်နှံမှု" ထဲကိုပဲထပ်ပေါင်းထည့်ပါ
တိုးရင်းပေါင်း(Compounding Power)ရဲ့စွမ်းအားကိုအသုံးပြုတတ်ပါစေ
ဒီcompounding အကြောင်းကိုကျွန်တော့ရဲ့အရှေ့Contentတွေထဲမှာ အကျယ်တဝင့်ရှင်းပြပီးဖြစ်ပါတယ်

✨ နိဂုံးချုပ်အနေနဲ့ပြောရရင်

F.I.R.E ဆိုတာ အလုပ်မလုပ်တော့ဘဲ အပျင်းထူဖို့ မဟုတ်ပါဘူး။ "ပိုက်ဆံကြောင့် အလုပ်လုပ်နေရတဲ့ ဘဝ" ကနေ "ဝါသနာကြောင့် အလုပ်လုပ်ရင်းပိုက်ဆံရှာနိုင်တဲ့ ဘဝ" ကို ကူးပြောင်းဖို့ပါ။

နေဝင်ချိန်ရောက်မှ နောင်တရတာထက်၊ နေထွက်တုန်းက ကြိုးစားခဲ့တာကို ဂုဏ်ယူရတာ ပိုတန်ဖိုးရှိပါတယ်။ ခင်ဗျားရဲ့ အနာဂတ် "မိမိ" က အခုလက်ရှိ "မိမိ" ကို ကျေးဇူးတင်နေစေမယ့် ဆုံးဖြတ်ချက်မျိုး ဒီနေ့ပဲ ချလိုက်ဖို့အကြံပေးပါရစေ

"လွတ်လပ်မှုဆိုတာ အဝေးကြီးမှာမဟုတ်ဘူး၊ ခင်ဗျားရဲ့လက်တစ်ကမ်းက ရွေးချယ်မှုတွေထဲမှာပဲ ရှိနေတာပါ"



ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့
ကျွန်တော့်ရဲ့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ခဗျ

ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအသိပညာတွေကို မေးမြန်းချင်လို့ပဲဖြစ်ဖြစ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Page ရဲ့ Chat Boxကနေတစ်ဆင့် "အခမဲ့" ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်ဗျ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

"ခဗျား ရှာနေတာ ငွေလား... ဒါမှမဟုတ် တကယ့် 'လွတ်လပ်ခွင့်' လား?" မနက်မိုးလင်းလို့ မျက်လုံးပွင့်တာနဲ့ "ဒီနေ့တော့ ဘယ်လောက်ကုန...
08/04/2026

"ခဗျား ရှာနေတာ ငွေလား... ဒါမှမဟုတ် တကယ့် 'လွတ်လပ်ခွင့်' လား?"

မနက်မိုးလင်းလို့ မျက်လုံးပွင့်တာနဲ့ "ဒီနေ့တော့ ဘယ်လောက်ကုန်ဦးမလဲ" ဆိုတဲ့ စိုးရိမ်စိတ်က
ခဗျားကို အရင်ဆုံး နှုတ်ဆက်နေသလား? လကုန်ရက်နီးလာလေလေ၊ ဖုန်းထဲက Banking App ကို ဖွင့်ကြည့်ဖို့တောင် ကြောက်လာပြီး "ငါ ဘာတွေမှားနေတာလဲ" ဆိုတဲ့ မေးခွန်းက ခဗျားခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေပီလား

ကျွန်တော် သိပါတယ်။ ခဗျား အခုလို ပင်ပင်ပန်းပန်း ရုန်းကန်နေရတာဟာ ကိုယ့်မိသားစုကို ကောင်းကောင်းထားချင်လို့၊ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ ရှိလို့ဆိုတာ။ ဒါပေမဲ့ ခက်တာက...
ရှာသမျှငွေတွေက ခဗျားလက်ထဲမှာ ခဏပဲနားပြီး တခြားသူတွေဆီကို ရေလိုစီးထွက်သွားတာပါပဲ။ အိမ်လခ၊ မီးဖိုး၊ရေဖိုး၊ အကြွေး၊ လူမှုရေး... အားလုံးပေးပြီးရင် ခဗျားရဲ့ အနာဂတ်အတွက် ဘာကျန်ခဲ့လဲ?

တကယ်တော့ ငွေကြေးစီမံခန့်ခွဲတယ်ဆိုတာ သင်္ချာတွက်တာထက် "စိတ်ပညာ" ပိုင်းက ပိုများပါတယ် ကျွန်တော်တို့တွေဟာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ပစ္စည်းတွေဝယ်ကြတယ်၊ သူများအမြင်မှာ တင့်တယ်ဖို့ အကြွေးတွေတင်ကြတယ်။ နောက်ဆုံးတော့ အဲဒီ "ပစ္စည်းတွေ" ကပဲ ခဗျားရဲ့ လွတ်လပ်ခွင့်ကို ချည်နှောင်ထားတဲ့ သံကြိုးတွေ ဖြစ်လာတော့တာပဲ

ဒီလိုဆိုခဗျားဘဝကလုံးပါးပါးတော့မှာလား
အဖြေကNo ပါ
ခဗျားရဲ့ဘဝကို ပြန်သိမ်းပိုက်ဖို့ ကျွန်တော်အခုပေးမဲ့
Financial Tipsတွေကိုလိုက်လုပ်ကြည့်ပါ

၁။ ကိုယ့်ကိုယ်ကိုယ် အရင်ပေးချေပါ
ဒီစကားကို လူတွေက တလွဲကောက်တတ်ကြတယ်
အသုံးစရိတ်တွေနဲ့ လစဥ်ပေးချေမှုတွေက ကိုယ့်ကိုကိုယ်အရင်ပေးတာမဟုတ်ဘူးဗျ
လကုန်လို့လစာဝင်လာတာနဲ့10%-20%ကို ခဗျားအတွက်သီးသန့်ဖယ်ပီးမှကျန်တာကို စီမံတာမျိုးပါ
လခရတာနဲ့ အရင်သုံးဖို့ မစဉ်းစားပါနဲ့။ ခဗျားရဲ့ အိုမင်းလာမယ့် အနာဂတ်အတွက် အရင်ဖယ်ထားပါ။ အဲဒါက ခဗျား ကိုယ့်ကိုယ်ကိုယ် လေးစားရာ ရောက်ပါတယ်။

၂။ လိုအပ်ချက်နဲ့ အလိုဆန္ဒကို ခွဲခြားပါ:
"သူများတွေ ရှိလို့ ငါလည်း ရှိရမယ်" ဆိုတဲ့ အတင်းလိုက်မှီချင်စိတ်ကို ခဏဘေးဖယ်ထားပါ။ "မဝယ်နိုင်သေးဘူး" လို့ ပြောရမှာကို မရှက်ပါနဲ့။
ခဗျားရဲ့ စိတ်အေးချမ်းမှုက ပိုအရေးကြီးပါတယ်။

၃။ အသေးအဖွဲလေးတွေကနေ စပါ:
တစ်နေ့ကို မုန့်ဖိုး ငါးရာ၊ တစ်ထောင် စုတာက အရေးမပါဘူးလို့ မထင်ပါနဲ့။ အဲဒါ ခဗျားရဲ့ "စိတ်ဓာတ်ကြံ့ခိုင်မှု" ကို တည်ဆောက်နေတာပါ။ အလေ့အကျင့်က ငွေပမာဏထက် ပိုအရေးကြီးပါတယ်။

ငွေဆိုတာ ကျွန်တော်တို့ဘဝရဲ့ သခင်မဟုတ်ပါဘူး၊ ကျွန်တော်တို့ လိုရာခိုင်းစေနိုင်တဲ့ Toolတစ်ခုလိုမျိုးပဲဖစ်သင့်တယ် ကိုးကွယ်စရာမလိုဘူး ကိုင်တွယ်အသုံးချတတ်ဖို့ပဲလိုတယ်
အတိုးနဲ့ဝယ်ပြီး ခဏတာ ဝါကြွားရတာထက်၊ ကိုယ်ပိုင်တဲ့ငွေနဲ့ အေးအေးဆေးဆေး အိပ်ရတာက ပိုတန်ဖိုးရှိပါတယ်။

ဆိုတော့...ခဗျားအခု ဘယ်လောက်ပဲ နက်တဲ့ကျင်းထဲ ရောက်နေပါစေ၊ ပြန်တက်လို့ ရပါတယ်
ခဗျားအတွက်အရာအားလုံးကိုအသစ်စတင်ဖို့အစောဆုံးနဲ့အကောင်းဆုံးအချိန်က "ဒီနေ့ပဲ"ဗျ
ဒီနေ့ ခဗျား ဆုံးဖြတ်လိုက်တဲ့ သေးငယ်တဲ့ အပြောင်းအလဲတစ်ခုက နောက် ၅ နှစ်၊ ၁၀ နှစ်မှာ ခဗျားကို လွတ်လပ်တဲ့ လူတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။

ခဗျားလုပ်နိုင်မယ်လို့လဲ ကျွန်တော်ယုံကြည်တယ်
Fighting ပါဗျ

#ငွေကြေးစီမံခန့်ခွဲမှု #ဘဝနေထိုင်မှု #လွတ်လပ်ခွင့်

ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့
ကျွန်တော့်ရဲ့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ခဗျ

ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအသိပညာတွေကို မေးမြန်းချင်လို့ပဲဖြစ်ဖြစ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Page ရဲ့ Chat Boxကနေတစ်ဆင့် "အခမဲ့" ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်ဗျ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

07/04/2026

"Debt နဲ့ Liability ဆိုတာ ဘာကွာလဲ?
ခင်ဗျားရဲ့ အိတ်ကပ်ထဲက ပိုက်ဆံတွေကို ဘယ်သူက ခိုးနေတာလဲ"

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ "အကြွေး" ဆိုတဲ့ စကားလုံးကိုပဲ ရေပန်းစားစား သုံးလေ့ရှိကြပေမဲ့ တကယ်တမ်း ငွေကြေး လောကထဲ ရောက်ရင်တော့ Debt နဲ့ Liability ဆိုပြီး ကွဲပြားသွားပါတယ်။ ခင်ဗျားတို့ နားလည်လွယ်အောင် ကျွန်တော် ရှင်းရှင်းလေး ပြောပြမယ်ဗျာ။

Liability ဆိုတာ "တာဝန်" ပါ
Liability ဆိုတာက ခင်ဗျား အသက်ရှူနေသရွေ့၊ လူမှုပတ်ဝန်းကျင်မှာ နေထိုင်နေသရွေ့ ရှိနေမယ့် "ပေးရန်တာဝန်" တွေကို ခေါ်တာပါ။ လကုန်ရင် ပေးရမယ့် အိမ်လခ၊ ရေဖိုးမီးဖိုး၊ ဝန်ထမ်းလစာ ဒါတွေဟာ Liability တွေပေါ့။

- အဆိုး/အကောင်း: Liability က အဆိုးကြီးတော့ မဟုတ်ဘူးဗျ။ ခင်ဗျားမှာ Liability ရှိနေတာဟာ ခင်ဗျား လူမှုပတ်ဝန်းကျင်မှာ အလုပ်လုပ်နေတယ်၊ လည်ပတ်နေတယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ ခင်ဗျားဝင်ငွေထက် ဒီတာဝန်တွေက ပိုများလာရင်တော့ ခင်ဗျား ပခုံးလေးသထက်လေးလာမှာအမှန်ပဲ

Debt ဆိုတာက "အကြွေး"
Debt ကတော့ Liability ထက် ပိုလေးပါတယ်။ ခင်ဗျားက တစ်ခုခုကို လိုချင်လို့ဖြစ်စေ၊ လိုအပ်လို့ဖြစ်စေ သူများဆီကနေ အရင်းအနှီးကို "အတိုး" ပေးပြီး ယူသုံးထားတာပါ။

- အဆိုး/အကောင်း: ဒါဟာ နှစ်ဖက်သွားဓားပဲဗျ။ ခင်ဗျားက စီးပွားရေးလုပ်ဖို့ ချေးတယ်၊ အဲဒီကနေ အမြတ်ပြန်ထွက်တယ်ဆိုရင် ဒါဟာ ခင်ဗျားကို ချမ်းသာစေမယ့် "လှေကား" (Good Debt) ပေါ့။ ဒါပေမဲ့ ဝတ်ချင်စားချင်လို့၊ ကြွားချင်လို့ ချေးယူသုံးစွဲမိတဲ့အကြွေး အတိုးကြီးတဲ့ဆီက ချေးတယ်ဆိုရင်တော့ ဒါဟာ ခင်ဗျားကို နက်သထက်နက်တဲ့ တွင်းထဲ ဆွဲချမယ့် "ကျောက်စိုင်ကျောက်ခဲ" (Bad Debt) ပဲ။

ဘယ်လို ခွဲခြားမလဲ?
မြင်သာအောင် ပြောရရင်... ခင်ဗျား အိမ်ငှားနေလို့ လကုန်ရင် အိမ်လခပေးရမယ်၊ ဒါဟာ ခင်ဗျားရဲ့ Liability (တာဝန်) ပါ။ ဒါပေမဲ့ အဲဒီအိမ်လခပေးဖို့ ပိုက်ဆံမရှိလို့ ခင်ဗျားက သူများဆီက အတိုးနဲ့ ချေးလိုက်ရပြီဆိုရင်တော့ အဲဒါ Debt (အကြွေး) စဖြစ်
တော့တာပါပဲ

ဒီတော့ကျွန်တော်ခင်ဗျားအတွက်အကြံပေးချင်တာက -
Liability ကိုတော့ တာဝန်ကျေအောင် ထမ်းဆောင်ပါ။ ဒါပေမဲ့ Debt ကိုတော့ အပျော်အပါးအတွက် မဖြစ်စေနဲ့။ Debt ကို ပိုက်ဆံပြန်ရှာပေးနိုင်မယ့် နေရာမျိုးမှာပဲ အသုံးချပါ

သေချာတာတစ်ခုကတော့...
Liability က ခင်ဗျားကို ပင်ပန်းခေါင်းခြောက်စေပီး
Debt ကတော့ ခင်ဗျားကို အိပ်ရေးတင်မက ဘဝပါပျက်စေတတ်လို့အသိတရားကြီးစွားကိုင်တွယ်ပါလို့အကြံပေးပါရစေ
အခုရော ခင်ဗျားရဲ့ အိတ်ကပ်ထဲက ပိုက်ဆံတွေ ဘယ်လိုထွက်နေလဲဆိုတာ သေသေချာချာ ပြန်စစ်ကြည့်ကြပါဦး


ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာဖြစ်လို့ Sharing is Caring pageကို Like&Followလုပ်ထားဖို့မမေ့ပါနဲ့ဗျ

Mortgage (အိမ်ရာချေးငွေ) ဆိုတာကို အရပ်စကားနဲ့ အလွယ်ဆုံးပြောရရင် အိမ်ကို အပေါင်ထားပြီး ဘဏ်ဆီက ပိုက်ဆံချေးဝယ်တာမျိုးပေါ့လစ...
06/04/2026

Mortgage (အိမ်ရာချေးငွေ) ဆိုတာကို
အရပ်စကားနဲ့ အလွယ်ဆုံးပြောရရင် အိမ်ကို အပေါင်ထားပြီး ဘဏ်ဆီက ပိုက်ဆံချေးဝယ်တာမျိုးပေါ့
လစဥ်အရစ်ကျငွေပေးချေစနစ်နဲ့အိမ်ပိုင်ဆိုင်ရတာဆိုလဲမမှားပါဘူး

ဒါပေမဲ့ဒီMortgageဆိုတာက ကိုယ့်ဘဝအတွက် အောင်မြင်မှုတေကိုရရှိနိုင်မဲ့"လှေခါးထစ်"လား လွတ်လပ်မှုတွေကိုချုပ်နှောင်လိုက်မဲ့ "သံခြေကျင်း" လားဆိုတာခဗျားတို့တွေးဖူးလား

"ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်တယ်" ဆိုတဲ့ ဆန္ဒက
လူတိုင်းမှာ ရှိကြတယ်။ယနေ့ခေတ်မှာ
ဒီအိမ်မက်ကို အကောင်အထည်ဖော်ဖို့ Mortgage (အိမ်ရာချေးငွေ) ဆိုတာက အလွယ်ကူဆုံး လမ်းကြောင်းတစ်ခုလို ဖြစ်နေပြီ။ ဒါပေမဲ့ ခဗျား သတိမထားမိတာက အဲဒီလမ်းဟာ ပန်းခင်းလမ်းလား၊ ဒါမှမဟုတ် ဆူးခင်းလမ်းလား ဆိုတာပါပဲ။

အရင်ဆုံး... Mortgage က ပေးနိုင်တဲ့ အခွင့်အရေးတွေကို ကြည့်ရအောင်

၁။ ဒီနေ့ပဲ အိမ်သော့ကို ကိုင်ထားနိုင်ခြင်း
ခဗျားမှာ ငွေသိန်းထောင်ချီ အပုံလိုက်မရှိသေးပေမဲ့ Mortgage ကြောင့် ဒီနေ့ပဲ အိမ်ထဲကို ဝင်နေလို့ရပြီ။ ဒါဟာ အကြီးမားဆုံး အားသာချက်ပါ။

၂။ သူများအိတ်ထဲ ပိုက်ဆံထည့်ပေးရတဲ့ ဘဝက လွတ်မြောက်ခြင်း
လစဉ်ပေးနေရတဲ့ အိမ်လခတွေဟာ သူများအိတ်ထဲ ရောက်သွားတာပါ။ Mortgage နဲ့ဆိုရင်တော့ ခဗျားပေးသမျှ အရစ်ကျငွေတွေဟာ အချိန်ကြာလာတာနဲ့အမျှ ခဗျားပိုင်ဆိုင်မယ့် အိမ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။

၃။ ငွေဖောင်းပွမှုကို အနိုင်ယူတဲ့ ရင်းနှီးမြှုပ်နှံမှု
ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်တက်၊ ခဗျားပိုင်တဲ့ အိမ်တန်ဖိုးကလည်း လိုက်တက်နေမှာဆိုတော့ အိမ်ပိုင်ဆိုင်ထားတာဟာ ခဗျားအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ။

ဒါပေမဲ့... အဲဒီအိမ်မက်လှလှလေးရဲ့ နောက်ကွယ်က "ခါးသီးတဲ့ အမှန်တရား" ကိုကော ခဗျား မြင်ရဲ့လား?

၁။ ခဗျားဟာ "အကြွေးကျေးကျွန်" ဖြစ်သွားတယ်

ဟုတ်ပါတယ် ခဗျားမှာMortgage ရှိနေသရွေ့
ခဗျားရဲ့ လွတ်လပ်ခွင့်တွေကို ဘဏ်မှာ ပေါင်နှံထားရသလိုပါပဲ။ "ငါ အလုပ်ထွက်ချင်တယ်" "ငါ ခရီးသွားချင်တယ်" လို့ စိတ်ကူးယဉ်ဖို့တောင် ခက်သွားပြီ။ ၁၀ နှစ်၊ အနှစ် ၂၀ လုံးလုံး လစဉ်အရစ်ကျငွေက ခဗျားလည်ပင်းကို အမြဲညှစ်ထားသလို ခံစားရလိမ့်မယ်။

၂။ အတိုးဆိုတာ သွေးစုပ်ဖုတ်ကောင်ပဲ
ခဗျား ပြန်ဆပ်ရမယ့် အတိုးစုစုပေါင်းကို တွက်ကြည့်ဖူးလား? အနှစ် ၂၀ ကြာတဲ့အခါ ခဗျားဟာ အိမ်တစ်လုံးစာ မဟုတ်ဘဲ အိမ်နှစ်လုံးစာလောက် ပေးလိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။
ခဗျားရဲ့ ချွေးနည်းစာ အတော်များများကဘဏ်(သို့မဟုတ်)ကန်ထရိုက်တာကို ကြွယ်ဝစေဖို့ ဖြစ်သွားတာပါ

၃။ သူတို့ရဲ့ဝင်ငွေထိခိုက်ရင် ညှာမှာမဟုတ်ဘူး
ခါးသီးတဲ့အမှန်တရားပါ ဘာကိုမှကြိုမမြင်ရတဲ့လောကကြီးမှ ဘယ်နေ့ဘယ်ရွေ့အလုပ်ပြုတ်မယ် ဝင်ငွေရပ်မယ်ဆိုတာကြိုမသိနိုင်ဘူးလေ
ဘဏ်တေ ကန်ထရိုက်တာတေဆိုတာ ခဗျားဆီကပိုက်ဆံရဖို့ အတွက်အလုပ်လုပ်နေတာဖြစ်လို့
သူတို့ကဘာနဲ့တူလဲဆိုရင်
နေသာတဲ့အချိန် ထီးငှားပေးပြီး၊
မိုးရွာတဲ့အခါ ထီးပြန်သိမ်းတဲ့သူတွေလိုပဲ အလုပ်ပြုတ်သွားလို့ ဒါမှမဟုတ် ဝင်ငွေနည်းသွားလို့ အရစ်ကျ မဆပ်နိုင်ရင် ခဗျားရဲ့ အိမ်ကို သူတို့ သိမ်းသွားဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ ခဗျား လမ်းဘေးရောက်သွားမှာကို သူတို့ ဂရုမစိုက်ဘူး။

နိဂုံချူပ်အနေနဲ့ပြောရရင်

Mortgage ဆိုတာ ဓားသွားနဲ့တူပါတယ်။ အကောင်းဘက်က အသုံးချတတ်ရင် ခဗျားအတွက် လှေကားထစ် ဖြစ်ပေမဲ့၊ မကိုင်တတ်ရင်တော့ ခဗျားဘဝကို ချည်နှောင်မယ့် သံခြေချင်း ဖြစ်သွားနိုင်ပါတယ်။

အိမ်ဆိုတာ သုခဘုံပဲဖြစ်သင့်တယ်၊ ငရဲခန်းမဖြစ်သင့်ဘူး။ ခဗျားရဲ့ ဝင်ငွေ တည်ငြိမ်မှုနဲ့ အနှစ် ၃၀ စာလောက် တာဝန်ယူနိုင်တဲ့ စိတ်ဓာတ်ခိုင်မာမှုကို သေချာပြန်ဆန်းစစ်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်

ခဗျားအနေနဲ့ရော တည်ငြိမ်တဲ့ဝင်ငွေနဲ့အကြွေးဆပ်ရင်းအိမ်ပိုင်ရအောင်လုပ်မလား
လွတ်လပ်ပေါ့ပါးတဲ့ဘဝမှာနေပီးပိုက်ဆံစုဆောင်းရင်းအိမ်ပိုင်ဝယ်ဖို့ကြိုးစားမလား

ကွန်းမန့်မှ ဝင်ဆွေးနွေးပေးသွားပါဥိီးဗျ

#အိမ်ရာချေးငွေ #အိမ်ဝယ်မယ် #ကိုယ်ပိုင်အိမ် #အကြွေးကင်းချင်သူများ

ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေက်ုနေ့စဥ်နဲ့အမျှSharingလုပ်ပေးနေတာမို့လို့Sharing is Caring pageလေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့ဦးနော်

လကုန်ရင် ပိုက်ဆံဘယ်ရောက်ကုန်မှန်း မသိသူများအတွက်... 💸 "လစာက လက်ထဲတောင်မရောက်သေးဘူး သရေကွင်းပဲကျန်တော့တယ်" ဆိုတဲ့ ခံစားချ...
04/04/2026

လကုန်ရင် ပိုက်ဆံဘယ်ရောက်ကုန်မှန်း မသိသူများအတွက်... 💸

"လစာက လက်ထဲတောင်မရောက်သေးဘူး သရေကွင်းပဲကျန်တော့တယ်" ဆိုတဲ့ ခံစားချက်မျိုး ခဗျား ကြုံဖူးတယ်မလား? ဒီလိုဆိုရင် ကျွန်တော်တို့ဆီမှာ သတိမထားမိဘဲ ဖြစ်နေတဲ့ "ငွေယိုပေါက်" လေးတွေ ရှိနေပီဆိုတာ​သေချာနေပီဗျ
ဒါဆိုကျွန်တော်တို့ ယိုပေါက်တွေကို ဘလိုပိတ်ပြီး ပိုက်ဆံကို စမတ်ကျကျ ဘယ်လိုစုမလဲဆိုတာ ကြည့်ရအောင်

၁။ "သုည" နဲ့ အိပ်စက်ခြင်း (The Zero-Out Technique)

ညအိပ်ခါနီးတိုင်း ကိုယ့်ရဲ့ Mobile Wallet (သို့) အိတ်ကပ်ထဲမှာ ရှိတဲ့ အကြွေလေးတွေနဲ့ ရာဂဏန်း​ထောင်ဂဏန်းပိုက်ဆံလေးတွေကို သီးသန့် ဘဏ်အကောင့် (သို့) စုဘူးထဲ ပြောင်းထည့်လိုက်ပါ။ အသေးအဖွဲလေးတွေကနေ လကုန်ရင် သိသိသာသာ စုမိလာတာကို တွေ့ရပါလိမ့်မယ်။

၂။ "နာရီ" နဲ့ တွက်ချက်ခြင်း (Time Value of Money)

ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် ဈေးနှုန်းကို ငွေနဲ့မတွက်ပါနဲ့၊ "လုပ်အားခ နာရီ" နဲ့ တွက်ကြည့်ပါ။ ဥပမာ - ဒီဖိနပ်က ၅ သောင်းပေးရမယ်၊ သင်က တစ်နေ့ကို ၁ သောင်းပဲ ရတယ်ဆိုရင် ဒီဖိနပ်အတွက် သင့်ဘဝရဲ့ အလုပ်လုပ်ချိန် ၅ ရက်စာ ကို ပေးဆပ်ရမှာပါ။ "ဒီပစ္စည်းက ငါ့ဘဝရဲ့ ၅ ရက်စာနဲ့ တန်ရဲ့လား?" လို့ တွေးကြည့်ရင် မလိုအပ်တာတွေ ဝယ်မိတော့မှာ မဟုတ်ပါဘူး။

၃။ Subscription တွေကို ဖျက်သိမ်းပါ (The Ghost Drain)ဒါတေက လတိုင်းမသိမသာနဲ့ခ​ဗျားရဲ့ပိုင်ဆိုင်မှုတွေကိုနည်းနည်းချင်းနှုတ်ယူနေတာမျိုးပါ

Netflix, Spotify, စတဲ့အရာတေက စိတ်အပန်းဖြေမှုပေးနိုင်တယ်ထင်ရပေမဲ့တကယ်တမ်းကျွန်တော်တို့နေ့တိုင်းအသုံးမပြုဖြစ်ပါဘူး
မသွားဖြစ်တာကြာတဲ့Gym,Saloon,Massage Membership ဒါမှမဟုတ် မေ့နေတဲ့ App Subscription တွေက ​ခဗျားဆီကနေ ပိုက်ဆံကို တိတ်တဆိတ် ခိုးယူနေတာပါ။
တစ်လတစ်ခါ ဒါတွေကို စစ်ဆေးပြီး မသုံးဖြစ်တာတွေကို ချက်ချင်း Cancel လုပ်လိုက်ပါ။

၄။ ဈေးဝယ်ထွက်တဲ့အခါ "ဗိုက်ပြည့်" နေပါစေ

ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ထွက်ရင် မလိုအပ်တဲ့ စားချင်စဖွယ် မုန့်တွေ၊ အစားအသောက်တွေကို ပိုဝယ်မိတတ်ပါတယ်။ List စနစ်တကျ လုပ်ပြီး ဗိုက်ပြည့်နေတဲ့အချိန်မှာပဲ ဈေးဝယ်ပါ။

၅။ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့စနစ် (Reward System)

ငွေစုတယ်ဆိုတာ ပျော်စရာဖြစ်ဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ ပန်းတိုင်တစ်ခု (ဥပမာ - ၁ သိန်းစုမိရင်) ရောက်သွားတဲ့အခါ ကိုယ်တကယ် ကြိုက်တဲ့ မုန့်လေးတစ်ခွက် ပြန်ဝယ်သောက်တာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် Motivation ပေးပါ။ စည်းကမ်းတင်းကျပ်လွန်းရင် ရေရှည်မှာ လက်လျှော့သွားတတ်လို့ပါ။


အနှစ်ချုပ်ရရင်- ပိုက်ဆံအများကြီး ရှာနိုင်ဖို့ထက် ရှာထားတဲ့ ပိုက်ဆံကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာက ပိုအရေးကြီးပါတယ်။ဒါကိုကျွန်တော်မနေ့ကPostမှာလဲတင်ခဲ့ပီးသားဖြစ်ပါတယ်

ဒါဆိုဒီPostကိုမြင်အပီးမှာ
ခ​ဗျားသတိရပီး အလျင်အ​​မြန်​ပိတ်လိုက်တဲ့ ငွေယိုပေါက်လေးက ဘာဖြစ်မလဲ? မန့်ခဲ့ပါဦး​ဗျ👇

#ငွေစုနည်းလမ်းများ
ဒီPageလေးကနေ ငွေကြေးပိုင်းဆိုင်ရာအသိပညာဗဟုသုတတေကိုနေ့စဥ်မပြတ်Shareပေးနေတာမို့လို့Pageကို Like & Follow လုပ်ထားဖို့မမေ့နဲ့ဦးနော်

Address

Mandalay
1411994777

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00

Telephone

959968412277

Website

Alerts

Be the first to know and let us send you an email when Sharing is Caring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sharing is Caring:

Share